Wednesday, December 29, 2010

ဝင်ရောက်မွှေနှောက်ခံရခြင်း ၊ ပျက်သွားသောအပျိုရည် ၊ ဇယားသခင်နှင့်တကွ ပြည့်တန်ဆာအပေါင်း သူမခေဂ(ါ)င်းတို့ နှင့် (သည်) သုတ် စစ် (စ) တမ်(း)

ဘုရားသခင် ဟာ ဒီဂျေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဘဝလေးတွေ(ဟာ)
ကပွဲ ကြမ်းပြင်လေးတွေ ဖြစ်သွားမှာ ၊၊ ၊၊ (ဆို - ပင့်ခ်)
ဟော! ကဗျာဆရာ ဟာ ဘုရားသခင်ကို ထည့်(မိ)လိုက်ပြန်ပြီ ၊၊
ငါ နတ်သမီးကို ဖိ လိုက်တယ် ၊၊ ငါ ဘာသာစကားကို ဖိ လိုက်တယ် ၊၊
အကြောက်တရား
အေးခဲနေတဲ့ခေါင်းထိပ်မှာ
ဦးထုပ်ကိုဆွဲချွတ်လိုက်ဖို့
မေ့နေခဲ့တယ် ၊၊ ၊၊
တော် . . တော် . . စောက်ကောင်မ . . . ငါလိင်ပြောင်းရင် နင်ဘယ်လိုဆက်ဆံမလဲ
( အထက်စီး .. အောက်စီး .. ကလပ်စည်း .. စိ ဆီ စည်း )
သစ္စာရှိကြေး ၊ ရယ်ရတယ် ကောင်းမြတ် သီချင်းလိုပါပဲ ၊ L/R ၊ လီး! အော်လဂျင်နယ်ဝယ်လဲ
ထစ် ထစ် ထစ် ထစ်တာပဲ ၊၊
နင့်စောက်ခွက်ပေါ် ငါ့ စော်ရဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ရိုက်ပါ
တရားရုံး မှ သွားရောက် စစ်ဆေးပါ ၊၊ ဘုရားသခင်ကို ထပ်(ထပ်)ထပ်(ထပ်)ထည့်လိုက် ၊
Slow 1 – Slow – 2 Sssslow 33333
နာဇီကောင်တွေကို ပြန်ခေါ်ပြီး ဟစ်တလာ့ ကို ဘာဂျာမှုတ်ခိုင်းပါ
Caution !
Your XP is L-o-W Low Low Low Lo(w?)
သားဘာပြောလိုက်တာလဲ သိလား? ဟီဟိ
စောက်ကောင်မွကြီး စောက်မွှေးတွေ ရှည်ထွက်လာပါစေ
အဟီဟိ အူးတို့ သိဖို့ တားတားအမွှေးက ကိုးပေကိုး
Sssslow 4 Oh Oh . . . Sssslow Off Off oFFFF
ကျွန်တော် အကြောင်းအရာ (၂) ခု ရလိုက်တယ်
(၁)ခုက အချစ်ကဗျာရေးဖို့
(၁)ခုက
ဟုတ်! အချစ်ကဗျာရေးဖို့
ဖော့ ပြန်ဖိချ ဖော့ ပြန်ဖိချ ဖော့ပြန်ဖိချ
အားး အားးး အားးးး ရော မန္တိက ရော မန္တိက ရော့ . . မ န္တိ က
Fx4 ကျလူကျလူကျလူကျလူကျလူ
seXPart – Sex Art – Ex-Art –
Window ကနေ ဝင်လာခဲ့တဲ့ ပူချီလေး ဂူချီလေး အူတီလေး
တစ်နေ့တစ်ခါ(နှိုက်) ပတ္တမြားရည်ရွဲနေသော နေ့လည်ကြောင်တောင်ဝယ် မျောက်မွေးသူ လျှော်တီလေး တစ်ယောက်သည် ပူစီအကြည့် နှင့် ရှုတည်တည်ကြည့်နေလတ္တံ့ . . . ၊၊
စောက်မျောက်မလေး မျောက်မွေးဌာနီ ဆီ . . .
မျောက်မျိုး မျောက်နွယ် မျောက် - ကမ္ဘာ့ - အလယ် - မှာ
ကြီးပြင်းလာသလား မမ မျောက်ကြီးရယ် . . ရယ် Yeah ကီမိုချိ
တွံတွေးမျောက်တံ Flow နဲ့ Slang တွေရွတ် Sperm တွေ လွှတ်
Backward x20 ဘက်ကွက် နှစ်ဆယ်လီ
ဟစ်တလာကြီးကို ပုလွေမှုတ်ခိုင်းပါ
ပုလွေ = မြန်မာတူရိယာတစ်မျိုး
နောက်တစ်မျိုးကလည်း အချစ်ကဗျာရေးဖို့ပါ
ရော့ ရော့ ရော့ ရော့ ရော့ ရော့ Mr.မန္တိက ဦးပုံကြီး
ယတြာ - နို့သီးခေါင်းကို အရင်စချေပါ ၊၊
အို! ဇယားသခင် ရယ် ကျွန်မ ထွက်ကုန်ပြီရှင့်
ဤတွင် ယနေ့ကဗျာပိုင်း အစီအစဉ်ကို ဒီ တင်(ဘူတီ) ရပ်နားလိုက်ပါသည် ရှမ်!
Oh! ဖယာ့ ဿ ဂေါ့ဒ် ဓား မ နောက် ပိတ် ခွေး
ကဗျာဆရာတို့သည်ကား ဘုရားသခင်ကို မမေ့မလျော့ ထည့်ခဲ့ပါတယ် ၊၊
အမှာစာ ၊၊ ၊၊ ဘုရားသခင် ဖျက်သိမ်းသွားပြီ
ခင်ဗျားတို့ပဲ ကြည့်ကျက်ဟိုဟာပြုတော့ ၊၊ နော် ၊၊ နော် ၊၊ နော်
အမျိုးအစား ၊၊ ၊၊ နိဗ္ဗာန်ရောက်အောင် ဆော်ပါစေသော်ဝ် ၊၊ ၊

ဓားခွေး & ဒေးခွား Brox.

Saturday, December 18, 2010

သောင်သာသဲ့ သဲ့ 

ဘ၀င်မြင့်တက်လာတယ် စိတ်မဆိုးဘူး

သဲ့သဲ့လေးဘဲကြားနေချင်တယ် ရှက်တယ်

အရမ်းတီးခတ်တယ် မပီမသအသံကြားရတယ်

ဆိုပေမင့် အစားကြီးတယ် အသောက်နှေးသွားတယ်

ပေါင်သားကိုကုတ်ခြစ်ပြီး ရေလိုသယ်ဆောင်

လာတယ် အပြင်မှာဖြစ်နေတာနဲ့ အပေါ်မှာ

ဖြစ်နေတာတွေအားလုံးက အချင်းချင်းထောက်ကန်

နေရရှာ သာယာကြည်လင်စေတယ် စိတ်လှုပ်ရှား

မှုတွေ ယှက်ဖြာကစားနေရင်း အကောင်းဆုံး

ဆိုတာတွေချည်း ရှာဖွေတွေ့ရှိသွားတော့တယ်


ပန်းချီ

1 flarf

သားကြီး ကိုယ့်ကဗျာတွေ အိပ်ရာဝင်တိုင်း

ဖတ်ဖြစ်ရဲ့လားလို့ ကဗျာဆရာကမေးလိုက်တာနဲ့

တပြိုင်နက် ကဗျာဘီးက စလည်ပါပြီ

ကဗျာကို ၀တ်လစ်စလစ်ဖြစ်ခိုင်းထားပြီး

အတွင်းပိုင်း အနှစ်သာရနဲ့ အပြင်ပိုင်း

ပြသနာတွေပေါ်အခြေခံပြီး

ကဗျာနဲ့ကဗျာဆရာက သဘောထားကွဲလွဲကြတယ်

ဒီကဗျာရဲ့တန်ဖိုးက ဒေါ်လာသန်းနှစ်ဆယ်ပါလို့

လက်ညှိုးထိုး ပြောဆိုတဲ့နေ့မှာ ကဗျာမှာ

တည်ရှိနေတဲ့ အစ်ရှုး တက္ကနိ

ဘာသာဗေဒနဲ့ နားလည်ခံစားသိရှိရပုံချင်း

ကွာခြား ကဗျာရဲ့ အစောပိုင်းသင်္ကေတက

" လူ " ဆိုတာနဲ့စတင်ပြီး နှောင်းပိုင်းမှာ

ယောင်္ကျား မိန်းမ ခမည်းခမက်ဆန်လာ

အိုင်ဒီယော်လိုဂျီထဲမှာ မီးရှုးမီးပန်းဖောက်ခွင့်

ကြုံလာခဲ့ပြီး ကဗျာဟာ ဘာမှမဟုတ်တဲ့

ဟုတ်ချင်ယောင်ဆောင်တဲ့ ဟုတ်လည်းဟုတ်တတ်တဲ့

ဘ၀သရုပ်ဖော် မှတ်ညဏ်မြင်ကွင်း ဒဏ်ရာဗရပွ

ဖော်ပြခွင့်ရလာ ကဗျာ့သမိုင်းကို ပြန်လှန်

ကြည့်ရင် ဗုံးဆံ အမှိုက်သရိုက် ထီးရိုး နန်းရိုး

လူတန်းစား ပရိ“ပက္ခ နဲ့ အနုပညာစံတွေ ဗုန်းဘော

လအော သုံးစွဲခွင့်ရလာ ကဗျာနဲ့ခေါင်းကို

တစ်ချက်နှစ်ချက်ထုကြည့်ပါ ကဗျာကိုယ်နှိုက်က

ရှုတ်ထွေးလွန်းပြီး ရိုးစင်းလွန်းပြီး ကဗျာဆရာက

တောင်တောင်အီအီတွေးရ

ညဏ်နီညဏ်နက်များရ ပါဝါထုတ်သုံးရ

ကဗျာကို လော်လီကားနဲ့တင်ဆောင်လာသောအခါ

လူထုကြားမှာ ကဗျာဟာခေတ်စားလာတယ်

ဘေဘုတ်ပေါ်မှာ ကဗျာဆရာပုံတွေတင်လာတယ်

LED အပြားပေါ်မှာ ကဗျာတွေပြေးနေတယ်

အမြှောက်ထဲမှာ ကဗျာကိုထည့်ပစ်တဲ့

နိုင်ငံမှာ အိမ်သာသုံးစက္ကူတွေပေါ် ကဗျာတွေ

ရိုက်နှိပ်အသုံးပြုကြ ကဗျာကိုလိုက်ရှာစရာ

မလိုတော့ဘူး အခွန်တော့ဆောင်ရမယ် ဒီအင်ဒတ်စထရီမှာ

ဒီကဗျာဆရာဟာ လခကောင်းကောင်းရ ဂင်းနစ်စံချိန်တင်

ပုဂ္ဂိုလ်ဖြစ်သွား သမီးရေ ကဗျာရွတ်ပြီးမှ

အိပ်ကြရအောင်နော်

JAKE

Friday, December 10, 2010

သရုပ်မှန် အက်ဆေး

သရုပ်မှန် အက်ဆေး

(I)
တစ်ယောက်တည်း ဝင်ကြည့်ဖြစ်တဲ့ရုပ်ရှင်
သူ့ဘာသာပြီးသွားတော့မှ ထထွက်လာခဲ့တယ် ၊၊ ၊၊

(II)
            နောက်ဆုံးတော့လေ ၊၊ အားကိုးဆုပ်ကိုင်စရာမဲ့နေတဲ့ ငွေကြေးချမ်းသာသော အဘွားအိုကြီးရဲ့ ရင်ခွင်မှာ မှေးစက် ဖို့ ကျွန်တော့်စိတ်တွေ အလိုမတူပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ဟာ အိမ်ထောင်ပြုခြင်းထဲကိုတွန်းအချခံလိုက်ရတယ်၊၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အချစ်ဦး ရယ်၊၊ အချစ်ဦး သီချင်းဟာ ကြေကွဲစွာ ကွဲကြေပြီးအငွေ့ပျံသွားပြီ ၊၊ ကျွန်တော့်ရဲ့ ဘာမှ မတတ်နိုင်ခြင်းတွေဟာ ဘာမှ မတတ်နိုင်တော့ပါပြီ ၊၊ မုန်းတီးခြင်းနဲ့သာ ခွင့်လွှတ်ပေးပါတော့ … ၊၊ အချစ် ရယ် … ၊၊ ၊၊

(III)
            အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ညည့်ငှက်တစ်ကောင် ဖြစ်ခဲ့တာလေ ၊၊ ကျွန်တော်ရည်မှန်းထားတဲ့ ကဗျာဆရာ ဖြစ်ခွင့် ဟာ အရမ်းကို ဘဝဆန်ခဲ့ပါတယ်၊၊ ငယ်စဉ်ဘဝထဲက မတ်စောက်ခဲ့တဲ့ လှေကားတွေ ခုချိန်ထိလဲ မတ်စောက်နေဆဲပါ၊၊ ကျွန်တော့်လက်ရှိဘဝဟာ ကျွန်တော့်ဘဝမှာ ကျွန်တော်မလိုချင်ဆုံးဘဝပါပဲ ၊၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိင်မှုရေးရာ ကို အဲ့ဒီ မိန်းမတွေဟာ ခူးဆွတ်ကြတယ် ၊၊ ကျွန်တော့်တစ်ကိုယ်တော် ရပ်တည်မှု အခက်အခဲကို အဲ့ဒီမိန်းမတွေဟာ ငွေကြေးနဲ့ လဲလှယ်ပြီး ကျွန်တော့်ဆီမှာလိင်မှုခရီးထွက်ကြတယ် ၊၊ ကိုယ့်ကိုကိုယ် အရည်ပျော်ပစ်ပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ် ပစ်လိုက်ချင်တယ် မေမေရယ် ၊၊ ကျွန်တော် ညဥ့်ငှက်တစ်ကောင်မဖြစ်ချင်တော့ဘူး၊၊ ညဥ့်ငှက်တစ်ကောင် ကျွန်တော် မဖြစ်ချင်တော့ဘူး ၊၊ ကျွန်တော်စာရွက်တွေပေါ်မှာ ကဗျာတွေရေးပြီး ကောင်းကင်ပေါ် ဝေ့ဝဲပစ်တင်ပစ်လေ့ရှိတယ် ၊၊ တမလွန်က မေမေ ဖတ်ဖို့ပါ၊၊ ဗီးနပ်စ် ကို ဂြိုလ်တစ်ခုလို့ မသုံးပဲ နတ်သမီးလို့ပဲ သုံးရအောင် ၊၊
            ဒီစာရွက်ထဲက ကဗျာတွေ က မင်းရေးတာတွေလား ၊၊
            ဘာလို့ လွှင့်ပစ်တာလဲ ၊၊
မမဟာ ကျွန်တော့်ဆီကို သန့်သန့်ရှင်းရှင်း ရောက်လာခဲ့တယ် ၊၊ သန့်သန့်ရှင်းရှင်းဆိုတာ ဘာမှ ပေကျံနေခြင်းမရှိဘူးလို့ ဆိုလိုတာပါ ၊၊ အလိုဆန္ဒ၊လောဘ၊ရာဂ ၊၊
            တို့ အရမ်းသဘောကျတယ် ၊၊ လွှင့်ပစ်တာကိုတော့နားမလည်ဘူး ၊၊
            ရှင်းပြခိုင်းတယ်ဆိုတဲ့သဘောလဲမဟုတ်ဘူး။
            ဘာအဓိပ္ပါယ်လဲဆိုပြီးရန်လိုတဲ့သဘောလဲမဟုတ်ဘူး။
            လူကိုယ်တိုင်လိုက်ပို့ခိုင်းတာမဟုတ်ဘဲ လမ်းညွှန်ပေးခိုင်းတဲ့သဘော။
            အဲဒီလိုမေးလို့ရမလား။
            တမလွန်က မေမေ့အတွက်ပါ မမရယ်။
တကယ့်ကိုသန့်သန့်ရှင်းရှင်းတွေ့ဆုံခဲ့တာပါ။ မမဟာ ကံကောင်းတဲ့ ပန်းပင်လေးပဲ။ ကျွန်တော်ဘယ်လိုကြည့်ရှုစောင့် ရှောက်မလဲ။ ငေးရုံလေးသာ ငေးဖို့တောင်တတ်နိုင်ပါ့မလား။ ကျွန်တော်ဘယ်လိုဘဝမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာ မမသိသွားရင် ကျွန်တော့်ကိုရွံသွားမှာပါ။ မမနဲ့ တွေ့ဆုံရခြင်းဟာ ပျော်ရွှင်မှုတွေ ရောထွေးပါဝင်လာတဲ့ ကြောက်ရွံ့မှု တစ်ခုပဲ။
            မင်းကဗျာတွေကိုပုံနှိပ်ဖော်ပြခံရရင်ပျော်မိမလားလို့ တွေးဖူးသလား။
            တွေးဖူးတယ်။ စိတ်ကူးအကြီးကြီးယဉ်ကြည့်ဖူးတယ်။
ကဗျာဆရာနဲ့ညဥ့်ငှက်တစ်ကောင်။ ဘယ်အလင်္ကာနဲ့တွဲရေးရမလဲ မမရယ်။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ ကျွန်တော် အလေးစားဆုံးက ကဗျာဆရာတွေ။ ဟုတ်တယ် မမ။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ မမ။ မမ။ မမက အကောင်းမြင်ဝါဒီ။ ကျွန်တော့်စိတ်တွေအားပြည့်လာတယ်။ မမပြုံးလိုက်ရင် လျှပ်စီးလက်လိုက်သလိုပဲ။ ရင်ခုန်ကြောက်ရွံ့မိ။ အခိုက်အတန့် ပျော်ရွှင်မှုကို တစ်ဘဝလုံးနဲ့လဲရဲသလား။ ကျွန်တော်လဲချင်တယ်။ မမကို ကဗျာတစ်ပုဒ်ပေးလိုက်တယ်။ မမနဲ့ တွေ့ဆုံပြီးချိန် တိုင်းဖြစ်ရတဲ့ ညဥ့်ငှက်ဘဝ။ အဲဒီပျံသန်းမှုမှာ ကျွန်တော်မောနေပြီ။ လေဒီကြီးတစ်ယောက် ကားတိုက်မလိုဖြစ်တယ်။ ဝင်ကူလိုက်တာ လက်ဖဝါးကွဲသွားတယ်။ လေဒီကြီးက ဆေးဖိုးဆိုပြီး ပိုက်ဆံတစ်အုပ်ပေးတာယူပြီး အိမ်ပြန်အိပ်တယ်။ ညဥ့်ငှက်ဘဝရဲ့ အားလပ်ရက်။ လကို ကဗျာဆရာတွေ ဘာလို့ခဏခဏစာဖွဲ့လဲသိလိုက်တယ်။ အဲဒီအရာဟာ အလွမ်းလား မမ။ မမက ကစားကွင်းကိုခေါ်သွားတယ်။
            မင်းမနေ့က ပေးတဲ့ကဗျာ အလွတ်ရရင်မင်းပါးစပ်နဲ့ခုရွတ်ပြ။
ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုရှေ့မှာထားပြီး ကဗျာရွတ်ပြခွင့်ရတာ ဘယ်လို မင်္ဂလာလို့ခေါ်မလဲ။
            မင်းကိုလဲ တို့ချစ်တယ်။
            မင်းဘဝကဘယ်လိုဖြစ်နေတာလဲဆိုတာလဲ တို့သိတယ်။
            ဒါပေမယ့် အဲဒါကတို့အချစ်နဲ့မဆိုင်ဘူး။ ဒါပေမယ့်လည်း တို့မနာလိုဘူး။
            မင်းအဲဒီဘဝကရုန်းထွက်ပါ။ ရုန်းထွက်ဖို့ကြိုးစားပါ။
            တို့အချစ်နဲ့ဘာကိုမှမရောထွေးဘူး။ ဘဝဆိုတာကတော့ လာရောထွေးလိမ့်မယ်။
            မင်း တို့အနားရောက်ဖို့တာဝန်ယူရင် တို့က မင်းဘေးနားမှာရှိနေဖို့တာဝန်ယူတယ်။
ကလေးကစားကွင်းက ကလေးဘဝ ဇာတ်ဝင်ခန်းတွေကို ပြန်မြင်ယောင်စေတယ် မေမေရေ …။ မေမေရေ …။ ဘဝက တစ်ခါတလေကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံနေရရင်ပဲ အဓိပ္ပါယ်ရှိတတ်တာပဲ။ များသောအားဖြင့်အတိုင်း ပေါ့။ လေပြည်ထဲက အောက်စီဂျင်တွေမီးလောင်ခဲ့ပြီ။ နောက်ဆုံးလို့မပြောပေမယ့် မမကသဘောပေါက်ပုံရတယ်။ မျက်လုံး ချင်းဆုံနေကြတယ်။ အချိန်တွေကုန်ဆုံးမသွားပါစေနဲ့ရယ်လို့ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ဘုရားဆုတောင်း တယ်။ ညနေခင်းဟာ လေပြည်တွေကိုယူခဲ့ပြီ။ လေပြည်တွေဟာ ပူအိုက်ခြောက်ကပ်မှုကို ယူခဲ့ပြီ။ မမက ကျွန်တော့် လက်ခုံမှာ စာကြောင်းလေးတစ်ခု ရေးပေးခဲ့တယ်။ Eyes Bye! မျက်လုံးတွေရဲ့ နှုတ်ဆက်မှုပေါ့။
မင်းအဲဒီဘဝက ရုန်းထွက်ဖို့ကြိုးစားပါ ကောင်လေးရယ်။

(IV)
            အိမ်မရှိဘူးကွယ်။  ။ (မောင်သိန်းဇော်)
            ကိုယ်ဘယ်ရောက်နေလဲ မသိတဲ့လူတစ်ယောက်ကို
            သူ့ရဲ့မွေးနေ့မှာ ဘုရားဆုတောင်းပေးတယ်။
            အဖေဆိုတဲ့အသံကို
            ပါးစပ်ကထွက်ဖို့ခက်နေတာကြာပြီ။
            ဖခင်အမည်ဆိုတဲ့ မေးခွန်းမှာ
            ကိုယ့်နှုတ်ခမ်းတွေ ခွမ်းကနဲ ကွဲသွားတယ်။
            အဖေ …
            ကျွန်တော်တို့ အမြစ်တွေ တိုတောင်းခဲ့ …။

(V)
            အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကျွန်တော့်ရဲ့ မိထွေးဆိုတာရောက်လာတာပါပဲ။ ကျွန်တော့်ထက်ရှစ်နှစ်လောက် ပဲကြီးတဲ့ မိထွေးဟာ ကျွန်တော့်ကိုမြင်ကတည်းက စီးပိုးစွာဆက်ဆံတယ်။ အခွင့်အရေးတွေယူဖို့ သူ့မှာလက်တံတွေ အများကြီးပါလာတယ်။ အဖေ့ကိုလည်း အရမ်းနိုင်တယ်။ ကျွန်တော့်ရဲ့ လူငယ်ဘဝဆီကို ငရဲဟာမြေကြီးထဲက ထိုးထွက်လာတယ်။ ဘယ်ဘဝဟောင်းက လွှတ်လိုက်တဲ့ငရဲလဲ။ မေမေရေ …။ အသက်ရှင်ခြင်းမှာ တံခါးပေါက်တွေ ပိတ်ဆို့ခဲ့ပေါ့။ တစ်နေ့ အဖေခရီးထွက်သွားရတယ်။ အားကိုးစရာမရှိတဲ့အခါမှာ မိုးသက်လေပြင်းဟာ အရင်ရောက်လာ တော့တာပဲ။ ၁၈နှစ်သားလေးဟာ မိုးခြိမ်းသံတွေကိုကြောက်တယ်လို့ပြောရင် အဆန်းတကြယ်ဖြစ်သွားမလား။ မိသားစု ကောင်းကင်ဟာ ဘယ်ဆီမှာ။ ကျွန်တော်ကြောက်လိုက်တာ။ ကျွန်တော့်မိထွေးဟာ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ …။ ကျွန်တော့်လူပျိုရည်ကို ပေါက်တူးတစ်လက်နဲ့ တူးဆွခဲ့။ ကျွန်တော့်လိင်မှုအစုအဝေးကို ကျွန်တော့်မိထွေး အပိုင်စီးခဲ့တယ်။ ကျွန်တော့်အလိုမတူမှုဟာ အသံထွက်ခွင့်မရခဲ့ဘူး။ ကျွန်တော့်လိင်မှုအဖွဲ့အစည်းမှာ သူပျော်ပွဲစားထွက်ခဲ့ တယ်။ ကျွန်တော့်အလိုမတူမှုဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်လူပျိုရည်ဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်မျက်ရည်တွေ စီးကျခဲ့ပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အဝေးကြီးချလိုက်တယ်။ အိမ်ဆိုတဲ့ကြိုးကိုဖြတ်ခဲ့တယ်။

(VI)
            မေမေမရှိတော့ဘူးဆိုတဲ့ စာရွက်တွေ
            ကျွန်တော်ဆုတ်ဖြဲခဲ့ …။
            မေမေ့အသံနဲ့ …။
            မေမေ ဘယ်ကိုထွက်သွားတာလဲ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကြေကွဲစရာလှပမှုတစ်ခုပဲ။
            မေမေ့အနီးမှာ ပန်းတွေနဲ့ဝေ … လို့။    ။

(VII)
            မိသားစုတွေဆိုတာ
            ချမ်းမြေ့စရာ အမှုန်အမွှားတွေပဲ။
            အဖေက မေမေ့လက်ကိုတွဲ …။ မေမေက အဖေ့လက်ကိုတွဲ။
            ကျွန်တော်က မေမေ့လက်ကိုတွဲ။ ကျွန်တော်က ဖေဖေ့လက်ကိုတွဲ။

(VIII)
            ငယ်ငယ်က
            မိဘကို အသိမပေးဘဲ
            တစ်ယောက်ထဲ ဝင်ကြည့်ဖြစ်တဲ့ ရုပ်ရှင် …။      ။
ဇာတိ ( ကဗျာရေးသည် )

တရုတ်ဂူဂယ်ဖြင့် ရှာဖွေထားသော မြန်မာဖှလာ့ဖ်တုတု

ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာ ဖှလာကြိတ်လိုက်ပီ ကသြွာာာာ ပလပ် ပလပ် 
ချဉ်းကပ်ကြည့်ခြင်း ပလက် ပက်လက် ပပ်လပ် ပက်လပ် အိပ်မက်ပေါ်တက်မယ်ဆိုရင် 
လက်ပတ်နာရီအပ်ရန်၊ အလှူငွေ၊ ကတောက်.. အကြွေးစေ့ကလေး ဟေးဟေး 
သောင်တင်လင်းပိုင်တို့နား သို့မဟုတ် `နား´ [အီးယားကွယ် ကြာတယ်] 
မြည်သံစွဲအလင်္ကာလေးအား နားအပြားလိုက်ကြီး ကြမ်းရှရှဖြင့် မရွံမရှာ 
ကော်ပတ်စားပစ်လိုက်တယ် ကွယ်လွန်ရော ကျွံရော အပေါက် အစ အဆုံး 
ဖားတစ်ပိုင်းငါးတစ်ပိုင်း ကျွန်တော် ဘ၀က မထွေးအသား ခခါခါးးးးးး ခအအို 
နာကောက်ကွေ့ ဆံပင်ခြည်တွေ ခြေသလုံးပေါ်တင်ပဲ ကဲ........... ဟျူးးး နှစ်ဆယ့်ငါး 
နှစ်တစ်ခါ မိနစ်အစိတ် စိတ် အမွှာ မွှာ ဆုံဖူးသူ;( , X( , XS, :V , T_T ''' အီမို ၁ ကွန်တို့ဖြင့် 
စိတ်ကောက်ရန် လုံလောက်/မလောက်လေးမလောက် စားနေ ပြန်ပြီ ပုဒ်မချမည် ၊ ၊ ၊ ၊ ၊ ၊
ဘာဖြစ်လဲ ဂျန်းဒါးခွဲခြားခြင်းသည် စက်ရုပ်မပီသသော ညွတ်ပြောင်း သံပတ်မြည်သံ 
တိုသံဇတွေဝယ် ဒီရေ.............. လှိုင်း ဖွေးးးး ၊မြစ်ကလေးတွေ 
တန်းစီ၊
ထန်းလျှက်တစ်ယောက်တစ်ခဲဇီ၊မြေးကလေးက မြည်းကလေးလေ၊၊ မြည်နေတဲ့ 
ခေါင်းလောင်းသံလွင်လွင်လေးနဲ့ မြည်းဖို့ ဘယ်လိုပိတ်ရမှာတုံး ဒကာရဲ့ အဟက်                
ချောကလက်အား မြန်မာစာအဘိဓါန်တွင်မည်သို့မျှအဓိပ္ပါယ်ဖွင့်ဆို သည်ကတုံးကြီး၏ 
ရှက်ပြုံးမှာ အစွယ်ငေါငေါနဲ့ကိုယ်သိပ်ချစ်တယ် အစောရယ်. လက်ဝှေ့သမလေးအား 
မြှူဆွယ်ရန် ဟာကွက်လှတပတလေး တစ်ဒါဇင်အား ဦးခေါင်းတွင် စွပ်ကြည့်လို့မှ 
မတော်တဆ၊ မတော်တရော်၊ မတော် မတရားမှုမှာ ကြားနေတယ်ဆိုရင် ဂျိုင်းမွှေး ပေါက်စ 
က စိတ်ခံစားမှုမျိုး သမာဓိအား ထူထောင်ပါ ကိုးရိုးကားယား ဆက်ဆံရေးအား ပရင့်စကင်နဲ့ 
ဖမ်းထားတယ် ဘာမှတ်လဲ အဟဲ ရဲခဏ အား ယူဇနာဖွဲ့၊ ဟဲ့ မေးခွန်းကြီးက 
နောက်ကလိုက်လာတော့ ငါလည်း လန့်သွားတာပေါ့ဟယ် အဲဒါနဲ့ ကွိကွ သောက်တလွဲ 
နောက်တစ်ကြောင်းကို ခုန်ဆင်းရပြန်ပြီ။           
လှေ                
     ကား                     
           အ       
               တိုင်း               
                      ဒ                       
                        လိမ့်              
                            ခေါက်              
                                  ကွေး
အမ် မြေညီထပ်ရောက်သွားပြီလား
ထပ်ဆင်းတယ်ကွာ ဘာဖြစ်လဲ ကဲ
ဘာဖြစ်လဲ
ကဲ၊
ကဲ
ကဲ
ဘယ်
မှာ
လဲ

ရဲ
ကဲ
ဟဲဟဲ
ဖြစ်ချင် ရာဖြစ် ကောင်မရေ့

အန်းတားခေါက်ခြင်းနှင့်ဝမ်းယားမှောက်ခြင်းအား တစ်နေ့ (၁၀) ကြိမ်တိတိ၊ ထပ်ပြောမယ် 
တိတိ၊ လိုက်ဆိုပါဆို ဟိုကောင်လေး ဘာဖြစ်လို့ ပါးစပ်ကြီးပိတ်ထားတာလဲ 
`ဇစ်ပြုတ်နေလို့ပါ ဆရာမ´ ထောင်းချင်လို့ကို အ အကို လျှောက်ခိုင်းချင်ရာခိုင်းပါ ခိုင် 
ကျွန်တော့်ဘ၀လေး လော့ခ်ကျသွားလို့၊ အခင်းဖြစ်ပွားသည့်အချိန်က 
ကျွန်တော့်အမှုသည်ဟာ ဆယ်မာဟေးယက်နှင့် အတူရှိနေ/ အတူအိပ်နေ 
/အိပ်မက်ထဲတွင်အတူ မင်းမညစ်နဲ့ကွာ အစိုးရရှေ့နေကြီး။   ။ အလီဘိုင်ပြရင် 
အိပ်မက်မပါကြေးလို့ ပြောပြီးစလစ်နံပါတ် (၉)ဘာကာရန်မညီဘူးလဲ လာပြန်ပြီ 
လက်ရမ်းမပါသော လူကူးမျဉ်းကြားများ ၂၁ ရာစုခန့်က ရှိခဲ့ကြောင်း၊ ကိုးကား ပထမတန်းစား 
ညစ်ညမ်းစိတ်ပြခန်း ဂိုးစကိုးတက်ပြီဆို ပေါင်မုန့်ကြက်ဥကြော်.... ရော်.... 
အင်းကျိုး/အင်းပေါက်/ အင်းသောက်ကျိုးနည်း ရေလှောင်တမံလေးနဲ့ 
ပိုးလောက်လန်းလေးတွေ အလှမွေးချင်တယ် ဖေဖေ။စကြာဝဠာခွက်ထဲက ဘုရားလေးတွေ 
ဝတ်ကျေတန်းကျေ ပွင့် လင်းမြင်သာမှုဟာ ၀ီကီလိခ်လို တစိမ့်စိမ့်ယိုကျတုန်း 
မင်းသောက်(ရေ)ခွက်ကြီးနဲ့ ခံထားရတာတွေလည်း မနည်းတော့ဘူး အမှတ်မရှိဘူး စင်း 
လုံးချော ပါခင်ဗျာ... ဒေါင် ဒေါင် (အဲကိုး ကုဒ် လေး ကျွန်တော်မေ့နေတယ် ပရိုဂရမ်မာတွေ 
အော် မရှိသေးတာလား ကျွန်တော်ကလည်း မေ့နေတယ်လို့ ပြောတာလေ ဟင် 
မေ့ဖို့အရေးကို ရှိဖို့လိုသေးလို့လား ကျွန်တော်တစ်ခုခုကို သတိရနေချင်တယ်ဗျာာာ 
ကွင်းပိတ်ကိုမမျှော်တော့နဲ့ ကျွန်တော်မချတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးမှ ... ) ချ မိ လို က် 
သည်။ ဘ၀ဆိုသည်မှာ ပူစီပေါင်းတစ်လုံးကျကွဲတာထက် ဘာမှမပိုပါဘူးလို့ ကဗျာဆရာက 
စိတ်ထဲကနေ ညှောင်နာနာပြောမယ်။ အသံတိတ်ခေတ်လေကွယ်။ ဘာသာစကားမပါလည်း 
ကဗျာကတော့ စိတ်တုံးလုံးကြီးပဲ နေ လို့ ရသေးတာပဲ။ သူလုံးချေထားတဲ့ Notebook များ 
အခန်းအနှံ့အပြား အဖတ်လိုက် ဖလပ်ဖလပ် ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာဖှလာ။ 
တရုတ်ဂူဂယ်ကြီးနဲ့ မြန်မာဖှလာ့ဖ်ကို အနောက်တိုင်းစံမီအောင် ရေးဦးမယ်တဲ့... အဲ့လဲ့.... 
ဖှလာကြီး အမေရယ်။ ထို့နောက်သူက ထမင်းချိုင့်လေးကိုပြန်ယူလိုက်ပြီး ကျေးဇူးပဲနော်ဟု 
အပြုံးကလေးဖြင့်ပြောကာ (၀ါ) အပြောကလေးဖြင့်ပြုံးကာ နောက်ကျောအလှအား 
မသိမသာ သို့တိုင် ထင်သာမြင်သာ လှစ်ပြ၍ ဘတ်စ်ကားပေါ်မှ ညင်သာစွာ 
နောက်ဂျွမ်းထိုးချသွားလေတော့သတည်း။ အို.. ခုမှသတိရတယ် ဟိုရှေးရှေးတုန်းက... 
မအွ............ဘိုင့်ယောင်းမ... တအာာာာာ။

တေဇာ (လရောင်လမ်း)
Label: စမ်းသပ်

Wednesday, December 1, 2010

ညနေခင်းမှာ ပြန်လဲကျ

ညနေခင်းမှာ တွေ့ရတာ အရမ်းဝမ်းသာပါတယ်ကွာ

ထပ်ပြသပါဦး ရှုခွင် ရှုကွက်တွေ ရှင်းလင်း

ပြတ်သားအောင် ဖြတ်လျှောက်ပါဦး ဒီတင်

ကိုယ့်စိတ်နှလုံးတွေ အေးချမ်းပြီး ကိုယ်မှာထား

တဲ့ ဟင်းပွဲဟင်းလျာတွေ မရောက်သေးခင်

ဇစ်ကိုဖွင့်ပြပါဦး ဦးနှောက်ထဲမှာ အစိုင်

အခဲဖြစ်နေတဲ့ ရုပ်ပြဇာတ်လမ်း ဖြည်းဖြည်းညင်းညင်း

လေသဟတ်ခံပြီး သွေးတောင့်သွားတဲ့

အထိ မင်းနဲ့ကိုယ်နဲ့ လုပ်ကြပါဦး စိတ်မဆိုး
ကြေးနော်

ပန်းချီ
ဒီဇင် ဘာလ1 2010

Tuesday, November 30, 2010

၂၀၁၀ ၊ မော်ရင်ညို နဲ့  ဒီကဗျာပဲ ဆိုပါတော့

သေမင်းဟာ ပေတရာလမ်းမှာ ရပ်စောင့်နေတဲ့  ဖာသယ်တစ်ယောက်လိုပဲပေါ့ ၊
အရေးသာသာ ဖြစ်သွားတဲ့  အရာသေးသေးများ
(၁) သောက် (၂) သုံး (၃) မ (၄) ကျ (၅) မှု (၆) များ
ငါတို့ မျိုးဆက်ရဲ့  အလှပဆုံး အပြင်းထန်ဆုံး ဒုက္ခများ
နယ်ခြားမျဉ်းတစ်ခုလို ရုတ်ချည်းပြောင်းလဲသွားလို့ မှ မရတာ
ဆင့်ကဲပြောင်းလဲမှု မျိုးဗီဇအရ အတောက်ပဆုံး စိတ္တဇတွေ
နောင်တခေတ်မှာ ဟာသတစ်ပုဒ်လို ဖတ်လို့် ကောင်းနိုင်လား ကောင်းရဲ့ 
အဟားးးးးးးးးး ရယ်...ရ...တယ် ။
လူတွင်ပါဝင်သော ပစ္စည်းများမှာ...ခြေ ၊ လက် ၊ နဖူး ၊ တံတောင် ၊ ဒူး
ခုပေါ်လာတဲ့  စကားလုံးတွေ ချရေးတာပါ ၊
ကျွန်တော့် ကဗျာကို ဘယ်တော့မှ ထိန်းချုပ်ဖို့  မစဉ်းစားပါရစေနဲ့ 
ဖြတ်ရိုက်လိုက်လို့  လိုင်စင်ပုံတွေ ထွက်လာမယ် ၊ ခိစ်
အတည်ပေါက် ရေးမလို့ ၊ ရေးကြီးခွင်ကျယ်ပြောရအောင်လည်း စိတ်နဲ့ ကိုယ်နဲ့  မကပ် ၊
တခါတလေ....ကျွန်တော်တို့ တတွေ လူဖြစ်ရကျိုး မနပ်သလို ခံစားမိတာပဲ
မိဘဆိုတာ သားသမီးကို နေ့ ပြန်တိုးပေးထားသလို မွေးခဲ့ တာလား
ကျွန်တော် ကံဆိုးစွာ အမွေးခံလိုက်ရပါတယ်
လူအဖြစ် အသက်ရှင်ခွင့် ရရှာလိုက်ရတဲ့ အတွက် လူဖြစ်ရှုံးခွင့် ပျော်ပျော်ကြီး ရခဲ့ တာပေါ့ ..၊
ပျော်စရာပါ ။
လက်ထဲမှာ ကိုင်ထားတဲ့  ရေခဲမုန့် တစ်ခုလို ငါတို့ ပျော်ခဲ့ ကြတာပေါ့ ...၊
ဟိုတစ်ယောက်က ဟိုလိုလေ ....ဒီဘဲကြီးက စောက်ပေါပါကွာ ၊
ဟုတ်ကဲ့  ၊ (၂၁) ရာစု ယောက်ျားကောင်းတွေပဲ အတင်းပြောရဲကြတာပါ
တည့်(ဒဲ့ ) ပြောတယ်ဆိုတာ ဘယ်လူမိုက်မဆို ပြောရဲပါတယ် ...။
ကဗျာဆရာဆိုတာ ဘာသာတရားကိုးကွယ်မှုရဲ့  လွှမ်းမိုးခြင်း ကင်းရမပေါ့
I am SPECIAL ONE (မော်ရင်ညို)
ကြွားဝါမှုဟာ အဲဒီအတိုင်းတထပ်တည်းဖြစ်လာခဲ့ ရင် ကြွားဝါမှုဟာ ကြွားဝါမှုကို တိုက်ရိုက်ငြင်းဆန်နိုင်တယ်
ရွေးချယ်စရာမရှိတော့လို့  ကဗျာဆရာလုပ်တာတော့ မဟုတ်ဘူးဗျ
အဲ.....ဘာဆက်ပြောရမလဲ မသိတော့ဘူး.....ဗျစ်..ဗျစ်..ဗျ

င်း..ဗျင်း...ခေါင်းကုတ်လိုက်တဲ့  အသံပါ ၊
အားငယ်တဲ့ အသံတွေ သိမ်ငယ်တဲ့ စိတ္တဇတွေ ရေးရင်း ပေါ်ပေါ်လာလို့  အဆုံးသတ်လိုက်ရရင် ကောင်းမလား ၊
အော်..ဒါမှမဟုတ်..သြော် ..အရင်ကရေးဖူးတယ်
ငါ အတိတ်တွေကို ဘာမှန်းမသိပဲ -ed ပေါင်းလိုက်တဲ့ အကြောင်း
အတိတ်ကို အတိတ်အတိုင်းအတိတ်မှာ ထားခဲ့ ချင်မှု မှာ ကျွန်တော် မအောင်မြင်စွာ လက်လျော့ကျရှုံးလိုက်ပါပြီ
အတိတ်ကို လက်ခံလိုက်ပါပြီ...ကျွန်တော်သား
လိမ္မာ မဖြစ်ချင်ပေမယ့်လည်း အကြွေးတွေ ဆပ်ပါတော့မယ်
ဘဝပေးပါပဲ ၊ ပျော်စရာပါပဲ
ဒီကဗျာတစ်ပုဒ်လုံးက ကျုပ် အတ္တအလုံးစုံကို
မဖော်ပြနိုင်သေးတာကတော့ ဝမ်းနည်းနေသရွေ့ 
လက်ရှိ အရေးကြီးနေတာက ဘာကာ-ရီးရဲလ် မှာ မော်ရင်ညို အနိုင်ရရှိဖို့ ပါပဲ
ဘဝရဲ့  စောက်ရေးမပါမှုက ဒီလောက်ပါပဲ
လှလှလေး အဆုံးသတ်လိုက်ပါပြီ ၊
ဝါဆိုမိုးနဲ့  ပြန်ခဲ့ ပါတော့မယ်********************
************။   
နေမြဲ(၃၀၊၁၁၊၂၀၁၀)

Sunday, November 28, 2010

သင်သည် အသဲကွဲနေသူဖြစ်ပါက ဝင်ခွင့်ပြုမည်မဟုတ်

...................အသဲ................................အသဲ..................
................အသဲကွဲသူများ.................အသဲကွဲသူများ............
.............အသဲကွဲသူများမဝင်ရ.......အသဲကွဲသူများမဝင်ရ.........
...........အသဲကွဲမည့်သူများမဝင်ရ.အသဲကွဲမည့်သူများမဝင်ရ......
...........အသဲကွဲမည်ထင်ရသောသူများမည်သူမဆိုဝင်မလာရ......
.............အသဲကွဲသူများသည်ဤနေရာသို့လုံးဝဝင်မလာရ.........
..................မည့်သည့်အကြောင်းပြချက်ဖြင့်ပင်မဝင်ရ.............
.......................အသဲမကွဲသူများကိုသာဝင်ခွင့်ပြု၏................
...........................အသဲကွဲသူများဝင်ခွင့်မပြုပါ.....................
.................................အသဲကွဲခွင့်မပြုပါ...........................
......................................လုံးဝအသဲ...............................
..........................................မကွဲ..................................
................................................................................


မင်းယွန်းသစ်

ကဗျာရေးသည်

နိမိတ်ပုံ၊ စွန့်ပစ်ပစ္စည်းများ၊ ဆီသည်မလက်သုတ်ပုဝါ၊ တနင်္ဂနွေ၊ နွေရာသီ၊ ဘုရားသခင်၊ နတ်သမီး၊ မှတ်တိုင်၊ ဘူတာရုံ၊ လက်သည်းခွံ၊ နာရီ၊ ဆံနွယ်ဖွဖွလေးများ၊ နှင်းဆီ၊ မာရ်နတ်၊ ဓာတ်ကြိုး၊ တံခါးပေါက်၊ သော့၊ လက်အိတ်၊ အစိမ်းလွန်ရောင်ခြည်၊ ခေါက်ထီးမှိန်မှိန်လေး၊ သောကြာနေ့၊ ဝတ်မှုန်၊ ပါးကွက်လေးနှစ်ဖက်၊ ခရမ်းဖျော့နှုတ်ခမ်း၊ သုည၊ လက်ဖဝါး၊ စံပါယ်ရုံ၊ ပွဲတော်၊ လပြည့်နေ့၊ လမိုက်ည၊ ငါးရာတန်တစ်ရွက်၊ မီးပွိုင့်၊ တံတား၊ ကမ္ဘာ၊ ပျားရည်၊ မုန်တိုင်း၊ ပေတံ၊ လေပြေ၊ အိမ်၊ အဝေးပြေးကားဂိတ်၊ လေယာဉ်ပျံ၊ ရထား၊ ကျမ်းစာ၊ တောင်ကုန်း၊ ဥသြငှက်၊ မိုးတိမ်၊ စိန်လက်စွပ်၊ အမှိုက်ပုံ၊ ကော်ဖီခွက်၊ ရေဒီယို၊ အိပ်မက်များ၊ လရောင်၊ သစ်ရွက်၊ မြေနီလမ်း၊ ပန်းခင်း၊ ပင်လယ်၊ ငွေစက္ကူ၊ ကွန်ပျူတာ၊ ဗလာ၊ လေဟာနယ်၊ ဘဝ၊ ရန်ကုန်၊ ချောက်ကမ်းပါး၊ မီးလျှံများ၊ ကောင်းကင်၊ တယ်လီဖုန်း၊ ညီမလေး၊ နင်၊ မမ၊ အသံ၊ သီချင်း၊ အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်း၊ နံနက်ခင်း၊ ညနေ၊ လမင်း၊ နေရောင်ခြည်၊ နွားနို့၊ နှင်း၊ ငါကိုယ်တိုင်၊ သူတစ်ပါး၊ တယော၊ စောင်းကြိုး၊ တွင်း၊ ဝပ်ကျင်း၊ အကျဉ်းသား၊ စက္ကန့်၊ လက်တံ၊ ချိန်သီး၊ နာရေး၊ စစ်ပွဲ၊ ငြိမ်းချမ်းရေး၊ မြို့ပျက်၊ အတောင်ပံ၊ ကျေးလက်၊ မြို့ပြ၊ မျက်ရည်၊ ဟာသ၊ လူငယ်၊ ဘုရင်မ၊ စစ်တုရင်၊ ကြယ်၊ ကိတ်မုန့်၊ ရေဒါ၊ စက်ကွင်း၊ မျက်လုံး၊ နောင်တ၊ ဆောင်း၊ ငရဲ၊ အဝေး၊ ရာဇဝင်၊ လက္ခဏာ၊ ကမ်းခြေ၊ ရေခဲမုန့်၊ မျက်တောင်၊ အနမ်း၊ မြေနီလမ်း၊ ဝါဒ၊ ကံကြမ္မာ၊ အပုပ်ကောင်၊ မစင်၊ ဆေးပြား၊ ကဗျာ။
ချစ်သည်။ လွမ်းသည်။ ယုံကြည်သည်။ စွန့်လွှတ်သည်။ အထီးကျန်သည်။ ဆုပ်ကိုင်သည်။ ကယ်တင်သည်။ နာကျင်သည်။ ဆုံရှုံးသည်။ ဥပုသ်စောင့်သည်။ ယုတ်မာသည်။ မုန်းသည်။ ခိုနားရာမဲ့သည်။ ပျော်သည်။ ခံစားသည်။ ကြေကွဲသည်။ စောင့်စားသည်။ ညံ့သည်။ တော်သည်။ နောက်ကျသည်။ လွှတ်ချသည်။ ဆုံးဖြတ်သည်။ ဝေခွဲရခက်သည်။ နာကျည်းသည်။ ပြတ်သားသည်။ ဝေဝါးသည်။ ရှုံ့ချသည်။ ဝေဖန်သည်။ ချီးမွမ်းသည်။ ကိုးကွယ်သည်။ ကွဲလွဲသည်။ ထင်ရှားသည်။ ထပ်တူညီသည်။ ပေါက်ကွဲသည်။ ဖောက်ခွဲသည်။ ပြန့်ကျဲသည်။ ညီညာသည်။ အချိတ်အဆက်မိသည်။ အဓိပ္ပါယ်ရှိသည်။ သဘာဝကျသည်။ လက်ခံသည်။ ငြင်းသည်။ ပြန်စီသည်။ စဉ်းစားသည်။ ကုန်သွားသည်။ ဖြည့်သည်။ ပြန်စီသည်။ ဖြန့်ချဲသည်။ ဤအရာသည်။ ကဗျာရေးသည်။
“ ဟမ် … ဘာ … ဘယ်လို … ဘာပြောတယ်”
က ဗျာ ရေးသည်။ ။


ဇာတိ

Animation ({အ}အန်နီမေးရှင်း)

သုံးဆယ့်တစ်ဘုံ ထဲ အာရုံခံစားမှုတွေ ဖြစ်ပျက်မှုတစ်ခုတစ်စုံမရှိစေရ
ငါက ငါ့အာရုံကြောမျှင်များထဲ လှည့်လည်ဝင်ရောက် လျှောက်ပတ်လို့ 
ငါမှငါသို့  အကြောင်းပြန်တော့ ငါသည် မကောင်းမှုများကိုကြူးလွန်ရန်
အဆင်သင့်ရှိပြီး ငါ၏ ထိမ်းချုပ်မှုခလုတ်များ ယို့ ယွင်းလျှက်ရှိပါသည်။
အထူးသဖြင့်…စသည်ဖြင့် စကားပြောချင်းဖြင့်
ဖြစ်ပျက်မှုများဖြင့် လူတွေ ငါတကောတကော လက်ညိုးတစ်ငေါက်ငေါက်
ထိုမှစ၍ …. တစ်ကမ်းဝင် တစ်ကမ်းထွက် ကပ်ခဲ့ပြီး
ငါ့ ၀ိညာဉ်က ငါ့ကို မပူးကပ်မချင်း
ငါက ငါ့နောက်လိုက်ဖို့ ငါ့ကိုယ်ငါ မငြင်းဆန်မချင်း
ငါ့ လှေငါမလှော်မချင်း ။ ။ ။ ။ ။
သူတို့ က တပ်မကို ဘယ်ညာဆီပို့ ပစ်လိုက်ကြတယ်။
ဘုရားကိုပါးစပ်ထဲထည့်ပြီး ဆင်ခြေရာခွက်ထဲ ၀င်အောင်းချင်နေလို့ 
ဆင်တူယိုးမှားများ တရားစွဲဆိုမှုမှာ ဆင်တွေထူးခတ်ခံထားရမှု
ငါ့ပေါ်အတက်အဆင်းများများလုပ် နေသူတွေ
သူတို့ ကန်သွင်းတဲ့အပေါက်မှာ ဂိုးသမားဖြစ်လို့ ဖြစ်နဲ့ 
ဘော က လူသတ်သမားမျက်မှန်ကိုတပ်လို့ မြို့ ထဲလျှောက်လည်
ငါကတော့ သက်လုံကောင်းဖို့ ကျင့်စဉ်အဖုံဖုံ ကြားကရုံးမထွက်နိုင်
ရေကြည်ရာမြက်နု ဆိုသလို ရေမကြည်မြက်ရင့်သွားသူလို
မြက်မကြည်ရေရင့်ခဲ့ပြီး ရေးနေကြစာကြောင်းဟာတစ်ခုက
ဘာသာစကားလိုလို သစ်ပင်လိုလို စာအုပ်လိုလို ဖောင်တိန်တစ်ချောင်းလိုလို
ဘာလိုလိုနဲ့ လိုလိုတွေအိတ်ထဲထည့် ငါကခရီးထွက်ရာမှာ စကားပြောနည်းသူ
ဘ၀နဲ့ ငါက ဦးရာလူစနစ်နဲ့  စံနက်တံမီးရှို့ ဖောက်ခွဲဖို့ အဆင်သင့်
ပျက်အစဉ်ပြင်ခဏ ဆိုတာနဲ့ မပြင်တော့ဘူးပြောလို့ ပြော ဖြစ်လို့ ဖြစ်
ပျက်လို့ ပျက်ကနေ ပြင်ဆင်ဖြုတ်တပ်မှုတွေနဲ့ လက်နှစ်ဖက်ကိုဆန့် ကျင်ရာပို့ 
အကြည့်တစ်ချက်နဲ့ ပျက်သွားကြသူများ ကမ္ဘာမှာရှိကြကုန်လော
အစားတစ်ချက်နဲ့ ။ ။ ။ ။
အသောက်တစ်ချက်နဲ့ ။ ။ ။ ။
အသွား တော်ရင်တစ်လှမ်းနဲ့ ရောက် အစားတော်တော့တစ်လုပ်နဲ့ ဗိုက်ဝသူလို
မင်းက ဆရာကြီး…ဖောက်လွှဲဖောက်ပြန် နေ့ ဇယားကပ်လို့  ညဇယားကတော့
မင်းအစီစဉ်နဲ့ မင်း ဇောက်ထိုးဆွဲ လူ့ တစ်ဖက်သားစိတ်ကို ဘီးတွေတပ်လို့ တပ်
မင်းဟာ ငယ်ငယ်ကလို စိန်ပြေးလိုက်တမ်းကစားချင်နေတာလား?
ဒါက ဒါလင်…ဒါလင်က
နားဝင်ချိုစိမ့် ရင်အဖိန့် ဖိန့် တုန်လောက်အောင်
မင်းမျက်နှာကြီးပျားရည်စမ်းခရီးထွက်သလို လှုပ်ရမ်းခါနေတယ်
တစ်စုံတစ်ခုမှ မရှိပါပဲနဲ့  ရှိပါရဲ့နဲ့  မင်းကိုငါက ငါ့စာမျက်နှာကနေ ဘန်းချလိုက်ပြီ
သူတို့ ထံကို/က တစ်ခုတစ်စုံ လာဘ်မထိုး/စား ပါဘဲနဲ့  ငါက အားနာလို့ 
အချိန်တန်တော့ အမှတ်စဉ်တွေရွေးကြ အဆင့်တွေသတ်မှတ်ကြနဲ့ 
ငါ့လမ်းငါသွားခြင်းမှာ မင်းတို့ အတွက် စပေ့ တစ်ခုစာလောက်တောင်မခြားခဲ့ဘူး


ဗျည်း (၃၃) လုံးအတွင်း ထိန်းသိမ်းခံထားရခြင်း

ဘာသာစကားကိုတော့
ကျွန်တော် တော်တော်စိတ်ကုန်နေပြီ။

ဆိုပါစို့
ပျော်ရွှင်စွာ ငိုကြွေးတယ်
(ပထွေးရဲ့ အသုဘမှာ)
ပူဆွေးစွာ ပြုံးရယ်တယ်
(သူဌေးပြောပြတဲ့ သိပြီးသားဟာသ အဆုံးမှာ)
ယောက်ျားပီသသော ကြောက်ရွံ့တုန်လှုပ်မှု
(ငွေရေးကြေးရေး)
စသည်ဖြင့်..
ဆန့်ကျင်ဘက်ပုဒ်တွေနဲ့ အရောင်ခြယ်လည်း
ညှို့အားပြင်းအလှကို မရတော့ဘူး။

ဒွန်တွဲဆန့်ကျင်ဘက်တွေဟာ
နေ့စဉ်ဘ၀တွေမှာ အထာကျခဲ့ကြပြီကိုး..
ရိုးအီခဲ့ကြပြီကိုး..။

တကယ်လို့ ကျွန်တော်က
ကျွန်တော့်ရဲ့ ပေါ့ပါးတဲ့ လှောင်ပြောင်သရော်မှုတွေမှာ
နင့်သီးတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊
အပြင်းစား ဝေဒနာတွေ ပါဝင်နေကြောင်းပြောရင်
ခင်ဗျားက အံ့သြတော့မှာ မဟုတ်ဘူး။

ကျွန်တော့်ကို ဂရုတစိုက်၊
ဒါမှမဟုတ် ကိုယ်ချင်းစာနာစွာ
လွယ်လင့်တကူ ဥပေက္ခာပြုလိုက်မှာပဲ မဟုတ်လား။

ဒါကြောင့်ပြောတာ
ဘာသာစကားအကြောင်း ကျွန်တော်မပြောချင်ပါဘူးလို့။

တေဇာ (လရောင်လမ်း)

Saturday, November 27, 2010

ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ

ငါမအိုသေးဘူး၊အိုးမသေ သေဘူး။

ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်

လူပျိုဖြစ်လာပြီ

စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး

အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်

ဒီကားနစ်ကားစဉ်းစားထားတယ်။ု

စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။

ငါးဖယ်ကို သုံးထပ်က

မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်

လှေခါးနားက ဝယ်တယ်။

လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်

ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ

ကိုယ့်ခြေရာနဲ့ ကိုယ်

revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်

Subliminal Message ကို သုံးပြီး ပြောတာ များတယ်

ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး

ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်

နိဒါန်းဆိုရင် အစ

နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ

ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ

(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)

တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။



ညီဇံလှ

ကျုပ်ကိုယ်ကျုပ် ဇာတ်လိုက်မှတ်နေတာ

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!





[ ကြက်သွန်(PEM SkoOL) ]

ဟုတ်လား




ဝေဝါးမှုမှာ ငြီးငွေ့ ခြင်းများ
တဝါးဝါးနဲ့  ဝေ....
ဘယ်သူက၊ဘယ်သူ့ ကို
ဘယ်နေရာမှာ၊ဘယ်လို
ဘယ်ပုံ၊ဘယ်ချမ်းသာ၊ဘယ်ဆင်းရဲ၊ဘယ်..ညာ..
ကောက်ရိုးခြေထောက်၊မြက်ခြေထောက်
မေးခွန်းများ၊အဖြေများ၊
မေးသူများ၊ဖြေသူများ
ပါနီထဲကလာရင် ပါနီထဲပြန်သွားသလိုမျိုး
ဒီမေးခွန်းလာရင်
ဒီမေးခွန်းထဲပဲပြန်သွား
ကရော်ကမယ် အဖြေမရှိခဲ့..
ဟုတ်လား.....
ဟုတ်လား...
သနားကမား ရွံစရာမေးခွန်းများ
ဆက်မဖြေတော့ဘူးဆိုရင်
ဟယ်လို...ဟုတ်ကဲ့ 
ဆယ်သိန်းပါတဲ့.....
မရဘူး ဆက်မဖြေတော့ဘူး
ဆက်မေးမယ်။
တကယ်တော့
ငြီးငွေ့ ခြင်းဆိုတာ
မေးခွန်းနဲ့ အဖြေကြားက
အက်(အပ်)တစ်ထောက်စာခြားနားယုံ
ဟုတ်လား..
ဟုတ်လား...
ကိုယ့်ခန္ဓာကိုယ် ဂရုတစိုက်သုံးစွဲနေရပြီ..
ဝေ...ဝါး...မှု.....မှာ
တ..ဝါး...ဝါး...နဲ့ ...ဝေ...။

အိမ်ဖော်

ဝေဝါးနေတဲ့  အနာဂတ်ကို ကိုင်
ဧည့်ခန်းရှေ့ 
ထမီ တပတ်နွမ်းလေး
ဖြတ် ဖြတ် လျှောက်တိုင်း
ကိလေသာကြီးက
ဆေးလိပ်မီးကို
ဖိ.....ဖိ
သတ်တယ်။ ။

Saturday, November 20, 2010

ဒါလီ ဆယ်မှု

ဘဝဟာ ဆောင်းလိုပဲ ချမ်းအေးလာတယ်
မိုးတွေ သည်းနေပေမယ့် ကျောချစရာ ဖျာစုတ်တစ်ချပ်
ဘယ်မှာလဲ နေရာအဟောင်းတစ်ခု ဖြစ်ဖြစ်
ဘယ်သူ့ က ဘယ်သူကို ကန့် သတ်ချက်မျိုးမှာ
ဒီလိုပဲ သားလဲထည့်ရေးလိုက်တာပဲ…. မသိဘူး
ဦးနှောက်တွေပူနွေး ဆူပွက်လုဆဲဆဲ ဘယ်လိုလဲ
ပူပူနွေးနွေး တစ်ယောက်ချင်းဆဲ
ပူပူနွေးနွေး လုလုဆဲ
ဆူဆူပူပူ နွေက ပွက်ခနဲ နွေထဲကို လာစင်တယ်
နွေဟာသူ့ ဘာသာ သူပြန်စင်တယ် ပြန်ဆဲတယ်
ဒီကောင် အာရုံ လာလာနောက်နေတာပဲ
သီးခြားအဓိပ္ပါယ်ထွက်ပြီး နောက်နေ့ လာတယ်
သူ့ အိမ်မှာ အိမ်သူမရှိ သူ အိမ်မရှိဘူး
ဖျာတစ်ချပ် ဝါးများများ နှီးနည်းနည်း ရှိတယ်
သွားကြားထိုးတံတွေ ချောင်းကြည့်နေပြီ
မင်းဟာ သတ်မှတ်ခံရခြင်း မရှိခဲ့ဖူးတဲ့ မျိုးဆက်ပဲ
ကဗျာဆရာလို သမုတ်ရမယ်ဆိုရင်
မင်းဟာ အမျိုးယုတ်ပဲ
အမျိုးဟာ မင်းကိုယုတ်နေတယ်
မင်းကို ယုတ်မာနေတယ်
မင်းအမျိုးဟာ သူ့ အမျိုးသူပြန်လည်ယုတ်မာနေတာပဲ
မင်းရုပ်က တော်တော် မာတယ် ဒါပေမယ့်
ပျော်အောင်နေပါကွာ
ကဗျာဆရာဆိုတာ သူ့ စိတ္တဇနဲ့ သူပျော်ပြီးသားသူတွေ
သူ့ ဂုဏ်နဲ့ သူရှိပြီးသား နေနဲ့ လကလဲ
တစ်ယောက်တစ်လှည့် အဆင်းအတက်လုပ်တယ်
သူတို့ တစ်ယောက်တစ်လှည်း ဆင်းတက်နေတယ်
သူတို့ ဟာ ဆင်တပ်
သူတို့  တပ်ဆင်နေတဲ့ဟာက လိင်တူဆက်ဆံမှုပဲ
သူတို့ ဟာ တိုက်ပိတ် အလင်းပေါက်လေးကို တိုး/ထိုးနေကြတယ်
အလင်းပေါက်လေးဟာ လည်းသူတို့ ကို ပြန်ထိုးလို့ 
မနက်ဖြန် ကောင်းကင်ကိုမြင်လျှင်မြင်ချင်းပဲ
ကဗျာရွတ်ဖတ် သရဇ္ဖယ်မှုကို အမှတ်ရကြမယ်
သူတို့ ခေါင်းမှာ အိမ်ဆိုတာပဲ တွေးကြမယ်
သူတို့ အိမ်မမြင်ဖူးဘူး
အိမ်တွေကျွတ်ထွက်သွားပြီဆိုတာ သူတို့ မမြင်လိုက်ဖူး
သူတို့ ဂြိုဟ်သားတစ်ချို့ နဲ့ ရင်းနှီးခဲ့ဘူးကြောင်း ပြောပြတယ်
လူတွေနဲ့ ရင်နှီးရမယ်ဆိုတာတော့ မတွေးချင်ကြဘူး
လူကြောက်တွေ
လူဟာလူကို ပြန်ကြောက်လို့ 
လူဟာလူကို ပြန်ချလို့ 
လူဟာလူကို ပြန်မွေးလို့ 
လူဟာလူကို ကျောက်ချမွေးလို့ 
ဓာတုဗေဒ ဓာတ်မတည့်မှုလို ထပေါက်ကွဲမယ်
မြေမြုပ်ဗုံးနင်းမိရက်တန်းလန်းကြီး ငါ့ကိုစပ်ဖြဲဖြဲကြည့်လို့ 
မျက်ရည်တွေပိုးပိုးပေါက်ပေါက် ပါးစပ်ကနားရွက်ကိုချိတ်မတတ်
တစ်ဝူးဝူး တစ်ဝါးဝါးလည်း သူနှုတ်ဆိတ်နေတတ်တယ်

လူလိုဖြစ်တော့မယ့်သူ
သူဟာလူတွေနည်းတူ လူထဲကိုလူပြန်ဖြစ်တော့မယ်
လောကရဲ့လက်တွေသူ့ ကိုကမ်းလို့  တစ်ချို့ လည်း
တစ်ရွှီးရွှီး တစ်ဖြောင်းဖြောင်းနဲ့  လက်ခုပ်တီးလို့ 
တချို့ ဟာလည်း သူ့ နည်းတူ မီးသားနဲ့ ထုဆစ်ခံထားတယ်
တချို့ ရွှေသား တစ်ချို့ ငွေသား တစ်ချို့ က ငါသား
အပူခံလူသား မီးသားခပ်ရဲရဲနဲ့ ကိုယ်ထည်
ထုလက်စ ပန်းပဲဖိုက ဓားတစ်လက်လိုပဲ
ရေးဆေးခံရရင် တစ်ရှဲရှဲအော်မြည်လို့ 
ခင်ဗျားရော ဝင်အော်မှာလား




လောကကိုသဘောကျလျက် ဇာတိ (ကဗျာရေးသည်)

တည်နေရာ          - မောင်ဇာတိ
အကျယ်အဝန်း     - အသက်နှစ်ဆယ်ကျော်
နယ်နိမိတ်           - ဗလာ
ပါဝင်သည့် ပစ္စည်များ         - မအောင်မြင်သော ဒုက္ခများ
                                      စိတ္တဇနာမ်
                                      အပုပ်နံ့
                                      အပေါစား ချဉ်ဆီများ
                                      လူငယ်စိတ်
                                      ဆဲရေး တိုင်းထွာချက်များ
                                      အဝတ်အစား လေးငါးထည်
                                      လုံအောင်ဖုံးထားတဲ့ ရမ္မက်များ
                                      ပါဝင်သည့် ပစ္စည်းများ
ထင်ရှားသည့် အမှတ်အသား            - လက်ခလယ်
ထုတ်ဝေသည့် နေ့စွဲ           - ၂၄.၇.၁၉၈၆
အရည်အချင်း       - ကဗျာရေးသည်
မာတိကာ            - အသက် ဝ မှ ၅ အထိ
                          ကလေး
                          အသက် ၅ မှ ၁ဝ အထိ
                          ကလေး
                          အသက် ၁ဝ မှ ၂၄ အထိ
                          နှာဘူး
အလုပ်အကိုင်       - ပြည်သူ
                          ပရိသတ်
                          သား
                          အစ်ကို
                          မောင်
                          ရန်သူ
                          ချစ်သူ
                          ဆရာ
အသုံးပြုပုံ           - မျက်စိမှိတ်ထားပါ ၊၊
                          အရောမဝင်ပါနှင့် ၊၊
စီစဉ်သူ               - ဘုရားသခင်
ထုတ်ဝေသူ          - အဖေနဲ့အမေ
သတိပြုရန်          - အသက်(၁၈)နှစ်မပြည့်သေးသူများ
                          မဆဲရ ၊၊
အသုံးဝင်ပုံ          - စနစ်တကျလွှင့်ပစ်ပါ ၊၊
အကြောင်းအရာ    - ကဗျာ

ဇာတိ (ကဗျာရေးသည်)

Friday, November 19, 2010

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (ဝဝ၁)

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (၀၀၁)
(Working Monkeys Monthly Newspaper, No 001)

မျောက်ခေါင်းကြီး (Monkey Editor’s Note)

လုပ်သားမျောက်ထုလစဉ်သတင်းစာ၏ မူဝါဒများ၊ မဒမတိုင် (Backbone) များအား နောက်များမှ ၀ါးတားတား ချမှတ်ပါမည်။ ရေးချင်ရာရေးပြီးသော် မူဝါဒတစ်ရပ် တဖြည်းဖြည်းနှင့်အလိုလို ပေါ်ထွက်လာလိမ့်မည်ဟု ကျွန်ုပ် မြေကြီးခေါင်းစိုက်မလွဲ ယုံကြည်ယူဆသည်။ မပြောင်းလဲနိုင်သော အခြေခံသဘောတရားမှာ လုပ်သားမျောက်ထုလစဉ်သည် အခြေခံမျောက်တန်းစား၊ မျောက်ထုကြီးဘက်မှသာ ရပ်တည်မည် ဖြစ်သည်။ သို့မှသာ ရောင်းအားလည်း တက်မည် မဟုတ်ပါလား။ ယခုအခါ အယ်ဒီတာအလုပ်မှ ပြာတာအလုပ်အထိ ကျွန်ုပ်တစ်ကောင်ထဲ တာဝန်ယူသောက်စားမူးလဲ နေရသောကြောင့် အချိန်နှင့်တစ်ပြေးညီ လစဉ်သာ ထွက်ရှိနိုင်မည်ဖြစ်သည်။ `အလုပ်သင်,သတင်းမျောက်´ (Apprentice Monkey) [အရာမျောက်အောင် အင်္ဂလိပ်လိုလေးပါ အဘိဓာန်ထဲက တပင်တပန်းရှာပြီး ထည့်ထားတာ၊ အမှန်က ဇာတ်ကြောဖြေခိုင်းမလို့ ] ရာထူးအတွက် ဂျနီဖှာလိုပက်ဇ်ဆန်သော မျောက်မလေးများ မဟားဒယား ဆက်သွယ်နိုင်သည်။ ဦးနှောက်ပါစရာ လုံးဝ (လုံးဝ) မလိုပါ။ နောင်အခါ ကျွန်ုပ်သတင်းစာ၏ အနာဂတ် ဦးမော့လာခဲ့သော် တစ်နာရီခြားလည်း ထွက်ချင်ထွက်လာနိုင်သည်။ အေဘီစီဒီ အစအဆုံး အလွတ်ရပြီးလျှင် အင်္ဂလိရှ်ဘာသာဖြင့်ပါ ထုတ်ဝေလိုသည်။ ကြော်ငြာရှင်များ လုံးဝ မျောက်နှာချိုလာသွေးစရာ မလို။ ပထမဦးဆုံး ထုတ်ဝေသော ပရီအိုးဓာတ်ခဲ (Periodical) [သတိ။ Period နှင့် မရွေးထွေးစေချင်] ဖြစ်သဖြင့် ကွာလတီသိပ်မြင့်နေလျှင် ခွင့်လွှတ်ကြစေချင်သည်။ ခြေကုပ်ရပြီးသော် မသိမသာ (သို့) သိသိသာသာ ရေသာခိုသွားပါမည်။ ကျေးဇူးတင်ပါ၏။

(စာတည်းမူးလဲ)



နေရင်းထိုင်ရင်း ကျေးဇူးတင် ၀မ်းမျောက်ခြင်း (Auto Gratitude)

လက်ဖ၀ါးအရွယ် မြန်မာ-အင်္ဂလိပ်၊ အဘိဓာန်ငယ်တစ်အုပ် ဘုတ်ခနဲ ပြုတ်ကျလာ၍ လက်ခံရရှိပါသည်။ မျက်နှာကြက်သို့ မော့ကြည့်သော်လည်း အိမ်မြောင်တစ်ကောင် ဇောက်ထိုးလဲနေသည်မှအပ မည်သည်မျှ မမြင်ရပါ။ အကြောင်းအရင်းအား ခေါင်းရှင်းရှင်းထားကာ စဉ်းစားလည်းမရပါ။ ထို့ကြောင့် ဘုရားသခင်အားပင် ကပြာကယာ ကျေးဇူးတင်လိုက်ရပါသည်။ နောင်တွင်လည်း မကြာမကြာ စွန့်ကြဲလိမ့်ဦးမည်ဟု တိတ်တခိုးအငမ်းမရ မျှော်လင့်မိပါသည်။ (ရုပ်ကြီးကြည့်ရတာ သဘောကောင်းမယ့်ပုံ) ဘုရားသခင် မိမိဘာသာ စောင့်ရှောက်တော်မူပါ။

(သိုးမည်းအသစ်ကလေး)

မျောက်တကာ ရေးရာ (International Monkey News)

ယခု (၂၀၁၀) ခုနှစ်အတွင်း မျောက်ထုအတွင်း မိမိကိုယ်ကိုယ် သတ်သေသည့်နှုန်းထားမှာ အဆမတန် မြင့်မားလာကြောင်း လေ့လာမှုများအရ သိရှိရသည်။ မျောက်ထီးများမှာ ဘိုင်ကျမှုပြဿနာနှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများကြောင့်လည်းကောင်း၊ မျောက်မများမှာ လင်ကွဲနာနှင့် နှလုံးသားရေးရာ ခံစားချက်များကြောင့်လည်းကောင်း၊ မျောက်ကလေးများမှာ စာသင်ကျောင်းများ၏ ကျင်စက်တို့ ပညာရေးစနစ်ကြောင့်လည်းကောင်း မိမိတို့၏ ဆန္ဒအလျောက် ဘေးလွတ်ရာသို့ ရှောင်ပြေးကြခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရသည်။ သို့နှင့်တိုင် (မျောက်ဆရာတစ်ဦး၏ စကားလုံးအား ပေါ်တင်ကူးချသည်) အဆမတန်ဖောင်းပွလာနေသော ကမ္ဘာ့မျောက်ဦးရေနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း တမလွန်ဗီဇာရ မျောက်ဦးရေမှာ ဆင့်ပါးစပ်နှမ်းပက်သလောက်သာ ရှိသဖြင့် မျောက်တစ်ကောင်လျှင် ဆယ်ပေထက်ပိုမခုန်ရဟူသော စည်းမျဉ်းအား မျောက်ကမ္ဘာအစိုးရက လျှော့ချပေးနိုင်ဦးမည် မဟုတ်ဟု သိရသည်။

စာတည်းမူးလဲသို့ မှတ်ချက်။    ဤသတင်းအား ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲမချမသေမီ နောက်ဆုံးရေးသားခဲ့ပါသည်။ စာမူခအား မျောက်မလေး၏ ဘန့်ခ်အခေါင့်အတွင်းသို့ လွှဲပေးပါရန်။ မျောက်မကြီး မသိခဲ့သော် ပိုကောင်းပါသည်။ သိခဲ့သော်လည်း ကိစ္စမရှိပါ။ တမလွန်ရှိ ဖှိုက်စတားတစ်ခုတွင် ရီဆာဗေးရှင်းရပါပြီ၊ အင်ဂျလီနာဂျိုလီလည်း ဘရက်ပစ်ဒ်ကို ချန်ထားပြီး ကလေးတစ်ဒါဇင်နှင့်အတူ ရောက်နှင့်နေပါပြီ။ Mr.,Mrs Smith ထဲကလို ပျော်ရွှင်စွာ သေနတ်ပစ်တမ်းကစား ကြပါမည်။ ဒိုင်းညှောင့်…။

(အတင်းသမား မျောက်တစ်ကောင်)

တောတွင်းဝန်းကျင် (Local Monkey News)

ဒေလီမြို့တော်စည်ပင်သာယာရေးကော်မတီ (Municipal Corporation of Delhi) သည် မြို့တော်အတွင်း သောင်းကျန်းနေသော မျောက်ရိုင်းများအား ဖမ်းဆီးထိမ်းသိမ်းနိုင်ရန် မျောက်ဖမ်းသူ (Monkey Catcher) များ တပူတပြင်း စုဆောင်းရှာဖွေနေကြောင်း သိရှိရသည်။ ဒေလီမြို့တောင်ဘက်တွင် မျောက်အုပ်တစ်စု၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်ဟု မျက်မြင်မျောက်သေ တစ်ကောင်က ဆိုသည်။ မက်ထရိုလိုင်းများပေါ်တွင်လည်း ငယ်ရွယ်သူ မျောက်မလေးများ မဖွယ်မရာ အပြုအမူများ မကြာခဏ ရင်ဆိုင်ရလေ့ရှိကြောင်း မက်ထရိုတစ်စင်းကိုယ်တိုင်၏ ပြောကြားအချက်အရ သိရှိရသည်။ ဖမ်းဆီးရမိသော ဆိုးသွမ်းမျောက်ရိုင်းများအား မျောက်ငယ်ပြုပြင်ရေးကျောင်းသို့ ပို့ဆောင်ပြီး၊ အပိုးကျိုးလာသော မျောက်များကို ဟိမ၀န္တာတောတွင်းတစ်နေရာတွင် သစ်ကိုင်းတစ်ကိုင်းစီ ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။ (သို့ရာတွင် အခြေအမြစ်လုံးဝ မရှိပါ) သောင်းကျန်းမျောက်ရိုင်းအများစုမှာ ဒေလီမြို့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ဆိုမာလီမှ မဟူရာမျောက်များ၊ အာဖှဂန်မှ ကျည်ဆန်မျောက်များ ဖြစ်ပြီး ရွှေနိုင်ငံမှ ရွှေဝါမျောက်ကလေးများမှာမူ ဌာနေမျောက်ကုလားမဲများနှင့် သင့်တင့်စွာ ကပ်ရပ်စားသောက် နေထိုင်ကြလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ ဤသို့မျောက်များ သောင်းကျန်းနေမှုကြောင့် အိမ်မွေးတိရိစ္ဆာန်ဈေးကွက်တွင် လူများ အလွန်မျက်နှာပန်းလှကာ ရောင်းအားတက်လာနေကြောင်း သိရသည်။

သတင်းပေးပို့သူ ။ မျောက်ပွေလိမ်

မျောက်ထုအော်သံ (Shouts from Monkey People)

သို့ စာတည်းမူးလဲ ရှမ့်…

သမီးတို့နေထိုင်ရာ ကုက္ကိုပင်အောက်တွင် လိုင်စင်မဲ့ အရက်ပုန်းဆိုင်တစ်ခု လာရောက် ဖွင့်လှစ်ထားပါသည် ရှမ့်။ ထိုဆိုင်မှ မူးရစ်းရမ်းကား မျောက်ကလေက၀များမှာ ရုံးပြန်လာသော မျောက်ပျိုမလေးများအား နှမချင်းမစာနာ ရိုင်းစိုင်းစွာ နောက်ပြောင်ခြင်း၊ ရည်းစားစကား လိုက်ပြောခြင်း၊ (သမီးကြိုက်တဲ့မျောက် မဟုတ်ဘူး..ဟင့် T_T) ငှက်ပျောသီး တောင်းစားခြင်း၊ အလိုမတူဘဲ မိတ်လိုက်ရန်ကြိုးစားခြင်းများကို အရှက်နည်းစွာ ပြုလုပ်ကြပါသည်။ သို့ပါသောကြောင့် အဆိုပါ အရက်ပုန်းဆိုင်အား သက်ဆိုင်ရာမျောက်မင်းကြီးများမှ စိစစ်၊ ငေါက်ငမ်း၊ ငွေတောင်းရမ်းပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်ရှမ့်…။

စာကြွင်း။   သမီးက စာရိုက်နေကျမဟုတ်လို့ အမှားပါခဲ့လျှင် သာမီးရဲ့ လက်ရေးလှလှလေးနဲ့ ချေပြီး ခွင့်လွှတ်ပေးပါရှင့်… ခွစ်ခွစ်။ စာတည်းမူးလဲကြီး ပျော်ရွှင်စေဖို့ ရေမွှေးနံ့ပါသော အော်ဒီကလုံးအီးမေးလ်လေးနဲ့ ပို့လိုက်ပါတယ်ရှမ့်။ သာမီးရဲ့စာကို ထည့်ဖြစ်အောင်ထည့်ပေးပါနော် ..နော်.. [5] …။ အိပ်မက်လှလှလေးတွေ မက်ပါစေ။

မျောက်နီမလေး
(ကုက္ကိုပင် မျောက်မတစ်သိုက်ကိုယ်စား)

သာရေး,နာရေး မျောက် (Social Monkey News)

ယနေ့တွင် မျောက်သေစာရင်း မရှိပါ။ မွေးဖွားစာရင်းအား www.ဖွားသေ/လုပ်သားမျောက်ထုလစဉ်.earth တွင် အပြည့်အစုံဒေါင်းလုတ်နိုင်သည်။ (သတိ။ ကော်နက်ရှင် ဒေါင်းဒေါင်းပြေးပြီး၊ စိတ်ရှည်ရှည်ထားရန်မူ လိုအပ်သည်)

မိုးလေ၀သသတင်း (Whether Monkey News)

မနေ့ကလည်း ပြောပြီးပြီ။ နေသာမယ်။ မိုးလည်းရွာချင်ရွာမယ် ဒါက ပြောလို့ရတာမဟုတ်ဘူး။ အပူချိန်က သာမိုမီတာနဲ့ ကိုယ့်ဟာကိုယ်တိုင်း။ အမြင့်ဆုံးအပူချိန်အတွက် နှာခေါင်းထဲ ထည့်တိုင်းနော်။ ချိုင်းကြားထဲသွားမညှပ်နဲ့။ မိုးရေချိန်လက်မက ဒေလီမှာ လက်မနဲ့ပြလို့မရတော့ဘူး။ စင်တီမီတာနဲ့ ပြောင်းပြောရမယ်။ ဂင်္ဂါမြစ်ရေက စိုးရိမ်ရေအမှတ်ရောက်ဖို့ ယူဇနာတစ်ရာတိတိ လိုတယ်။ အပြစ်ကျေအောင် ရေသွားချိုးတဲ့ မျောက်ကုလားမဲကြီးတွေတောင် ကမ်းပေါ်ပြန်တက်လာလို့ မရတော့လို့ သပိတ်သွပ်လိုက်ရပြီ။ ဒီတော့ ကိုယ့်ဟာကိုယ် ပျော်ပျော်နေ။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်က ဒီနေ့လိုပဲ နေထွက်လာဖို့ ၉၉.၉၉ % သေချာတယ်။ တကထဲ ခင်ဗျားတို့ အဘိုးကြီးတွေကလည်း အားအားရှိ ဒါပဲ သိချင်နေကြတာပဲ။

(မျောက်သတင်းစဉ်)

တေဇာ (လရောင်လမ်း)

ကင်ဆာ

           သေသွားဖို့ လေးလလောက်တောင် ကြာလား ၊၊ အခု အသက်ရှုရတာ ပျော်ဖို့ မကောင်းတော့ဘူး ၊၊ သူတို့ ပြောလို့သာ ငါ့ခန္ဓာကိုယ်ထဲ သွေးတွေ ရှိနေမှန်း သိရတာ ၊၊ ငါမယုံဘူး ၊၊ ဘာလို့ငါဟာ နောက်ထပ် သွေးတွေ သွေးတွေ လိုအပ် နေ ၊၊ ရုပ်ရှင်တွေထဲကလိုတော့ ငါဟာ သွေးစုပ်ဖုတ်ကောင်မို့လို့လား မေးဖို့ ဆန္ဒမရှိဘူး၊၊ ဝတ္ထုတွေထဲကလို ဆိုပြီး မသုံးခဲ့တာ ငါဟာ ဝတ္ထုဖတ်ဖို့ ဆန္ဒမရှိခဲ့လို့ ၊၊ ရှိနေတဲ့ ဆန္ဒကတော့ ငါ မိန်းကလေးတစ်ယောက်ရဲ့ မျက်တောင်မွှေးလေးတွေကို သတိလက်လွတ် ငေးကြည့်ချင်တာပါပဲ ၊၊ သတိလက်လွတ် ဆိုတာ အချိန်ဘယ်လောက် ကြာမှာလဲ ငါလဲ မသိဘူး အေမီသန့် ၊၊ အဲ့ဒီအခိုက်အတန့်လေး အတွက် ငါ့ဘဝ ရဲ့ တစ်ခုတည်းသော ဆန္ဒက တန်လား ဆိုတော့ အဲ့ဒါကိုလဲ ငါမသိပါဘူး ၊၊ သူ့နာမည်ကို ငါ ရေရွတ်တဲ့အခါ ငါ့အသံတွေ ဘာလို့ တိမ်ဝင်သွားသလဲ ငါ မသိသလိုပေါ့ ၊၊ စိတ်ပျက်ပါတယ် ၊၊ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့အခါ ခေါင်းကုတ်ဖို့တောင် ငါ့မှာ ဆံပင်တွေ ရှိသေးလား ၊၊ ငါ့မှာ လက်တွေ ရှိသေးလား ၊၊ စီးကရက် တစ်လိပ်လောက် ဖွာရှိုက်လိုက်ဖို့ ငါ့မှာ နှုတ်ခမ်းတွေ ရှိသေးလား ၊၊ သေချာတာက ငါ့မှာ အသံတွေ မရှိတော့ဘူး ထင်တာပါပဲ ၊၊ နင့်ကို သတိရတဲ့အခါ နဲ့ သူ့ကို တွေ့ချင်တဲ့အခါ ၊၊ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သွားတဲ့ ဖြတ်သွားတဲ့ သီချင်းတိုင်းမှာ ရေဒီယိုလေးတစ်လုံးကို တွေ့တယ် ၊၊ သနပ်ခါး လူးထားတဲ့ နှင်းဆီပန်း လေးတွေ ၊၊ လမ်းမီးတိုင်တွေမှာ အလင်းရောင်မတွေ့လို့ သေသွားတဲ့ ပိုးဖလံတွေ ၊၊ သူတောင်းစားငယ်လေး တစ်ယောက်ရဲ့ ဟမ်ဘာဂါ အိပ်မက် ၊၊ ဆေးပေါ့လိပ်မီးခိုးငွေ့တွေရဲ့ အနှေးပြကွက်ဟာ အရမ်း အနုပညာဆန်တယ်၊၊ သူတို့ဟာ ဘာကိုမှ ဆိုးရွားစွာ မထိခိုက်နေသလိုပေါ့ ၊၊ အနုပညာဆိုတာ ဘာမို့လို့လဲ ဆိုတဲ့ မေးခွန်း နင်ရောသူရော ဘာလို့ မေးကြတာလဲ ငါနားမလည်ဘူး ၊၊ နင်တို့ အနုပညာကို နားမလည်သလိုမျိုး နားမလည်ဘူး ၊၊ ဒါပေမယ့် ငါ့နားထဲ ရောက်လာတဲ့အသံတိုင်းကိုတော့ ငါချစ်တယ် ၊၊ နားထောင်ကြည့် ၊၊ အဲ့ဒီ ပန်းခြံလေးဟာ လူစည်ကားနေသေးလား ၊၊ အဲ့ဒီ ရေတံခွန်လေးဟာ စီးဆင်းနေသေးလား ၊၊ အဲ့ဒီ င်္သချိုင်းကုန်းလေး ဟာ ရှုပ်ထွေးတိတ်ဆိတ်နေသေးလား ၊၊ အဲ့ဒီ ဘတ်(စ်)ကားလေးဟာ လူပြည့်နေသေးလား ၊၊ အဲ့ဒီ ရုပ်ရှင်ရုံလေးဟာ ရယ်ကြမောကြ ဖြစ်နေသေးလား ၊၊ အဲ့ဒီ ကားမှတ်တိုင်လေးဟာ ၊၊ လာမယ့် လေးလ အတွင်း ငါသူ့ကို ကားမှတ်တိုင်လေးမှာ ပြန်တွေ့ရင်ကောင်းမယ်နော် ၊၊ အင်းကောင်းမယ်ထင်တယ် ၊၊ နောက်ကြောင်းပြန်တဲ့ အဖြူအမည်းဇာတ်ဝင်ခန်းတွေ တစ်မိနစ်စာတောင် မရှိဘူး ၊၊ ငါ့မျက်လုံးတွေ ပြာလာတယ်၊၊ နီလာတယ် ၊၊ စိမ်းလာတယ် ၊၊ ခုနက သီချင်း ၊၊ ခုနက ရေဒီယို ၊၊ ခုနက သနပ်ခါး ၊၊ ခုနက နှင်းဆီပန်း ၊၊ ခုနက လမ်းမီးတိုင် ၊၊ ခုနက အလင်းရောင် ၊၊ ခုနက ပိုးဖလံ ၊၊ ခုနက သူတောင်းစားငယ် ၊၊ ခုနက ဟမ်ဘာဂါ ၊၊ ခုနက အိပ်မက် ၊၊ ငါ့မှာ အသံတွေ တောင် မရှိတော့ ဘူး ၊၊ ဒါပေမယ့် နင် အသံတွေကို ချစ်ပါ အေမီသန့် ၊၊ ငါ့မျက်လုံးတွေထဲမှာ ….
………..လေး……………
…………လ……………..
………….ခန့်…………….
………….ကြာ……………
………..သော်……………၊၊   ၊၊

ဇာတိ

ညွှန်း - Kill Paradise - Katie and I

၂၀၁၁ နှင့် သူမဧ။်နောက်ပိုင်း တစ်စိတ်တစ်ပိုင်း သို့ အမျှော်

ပင်လယ်ကြီး တစ်ပင်လယ် လည်း လိုချင်ရင်ရမယ်

မလိုလည်းဖြစ်တယ်၊နေပူချင်ပူ။…..။မိုးရွာချင်ရွာ။
ကိုယ်ကြိုက်တဲ့ ခုနှစ်ကို ကိုယ်တိုင်မျှားလို့ ရမယ်၊

ငါးမျှားချိတ်
သတ္တုမရွေးဘူး၊

ဟုတ်တယ် မရွေးဘူး..။လုံးဝ။

ငါးမျှားချိတ်
ထိပ်မှာ

(အစာအတွက် နှစ်သက်ရာ မော်ဒယ်ဂဲ
အားတပ်ထားနိုင်သည်)

ရေငုံ့ ပြီး ၀ါသနာပါလျှင်ပြန်မတက်လာလည်း
တရားမစွဲံပါ

တည်းခိုးခန်းများ ၂၄ နာ၇ီ၊ရေ၊မီး၊ဂီတ

ကော်ဇီခါးခါး၊အရက်များများ၊၊ရှင်မတောင်
သနပ်ခါးနဲ့ ဂျင်သီး

ရာသီဥတု အဆိုးဆုံး ခံတပ်ပြို။ပူလာ..ပိုပူလာ…

အကြောင်းပြချက်ရပြီးနောက်
မျက်စိသေသေရှင်ထားရမည်

အရပ်ဆယ့်ခြောက်မျက်နှာမှ

မသန်မစွမ်းမှ သည် သန်သန်စွမ်းစွမ်းသို့ 

ဟယ်…………………………………..ဟယ်
…………………ဟယ်……………………….
ဟယ်…………………………………..ဟယ်။

မီနီစကပ်မှသည် မိုက်ခရိုစကပ်သို့ 

အပေးအယူအချိန်အဆက်မိမိနဲ့ 
လိမ၊်ခေါက်၊ဆွဲ၊ပြေး

အချိန်ပိုင်းဆေးပေးမီးယူဆိုတာ ငရုတ်သီးစပ်စပ်နဲ့ 

လူကျွံဘောများ ခွဲစိတ်ကုသရန်
ဆရာဝန်များအတွက် ကျောင်းမဖွင့်သေး

ရှေ့ မြင်နောက်မြင်များထက် ကျွန်တော်တို့ အမြင်
ပိုကျယ်လာနိုင်

မှတ်ချက်။ ။ သန်းခေါင်ကျော် ရောက်သောအခါ
ကြက်မ များသည်
ကြက်ဖများ ဖြစ်သွားလိမ့်သည်။

ညီဇံလှ

Wednesday, November 17, 2010

လက်ကျန်

အမည် မှတ်ပုံတင်နဲ့
အခြေခံလစာ ရက်မှန်တဲ့အတွက် ရက်မှန်ကြေး
အစားအသောက် အဖိအဖော့ လိုဖြစ်ရပ်မျိုးအတွက်
ခရီးစရိတ် သပိတ်ဝင်အိတ်ထဲဝင် ချိန်ပိုကြေး၊ ရက်
နှစ်အလ ကာလများရေးရာအတွက် အခြား
၊ ၁၆ ရက် စုစုပေါင်းကို လက်နဲ့ချိန်ဆကြည့်မိတာက
အား တွင် ထုတ်ပေးမည်ဖြစ်ပါသည်
ခွင့်အနားယူရက်လေးများရရင် ကမ်းခြေသွားပြီး
နောက်ကျမယ် နောက်ကျချိန် / မိနစ် လ၀က်
လ ကိုထက်ခြမ်းဝက် ကြိုတင်ငွေထုတ် အကြွေးဆပ်
ချေးငွေကို တစ်စဆီပြန်ဆက် ဟိုရောက်သွားလိုက်
ဒီရောက်သွားလိုက် အပြားလိုက်သွားကပ်
ဆက်ကပ်ကြေး အချိန်ပိုတာကို နှုတ်လိုက်
ပီးတော့ ဒဏ်ရာရတဲ့ ငွေကြေး
လည်းရှိသေးတယ် စုစုပေါင်း
ပြန်နှုတ်ကြည့်ပါဦး
အသားတင်ကျန်ငွေရှိသေးလား
မှတ်ချက် အောက်တိုဘာ
၁၀ ကောကျန်ပါသေးလား


ပန်းချီ

ဆက်တင်

နောက်ခံအသံအကူးအပြောင်းအရ
ဝမ်းနည်းကြေကွဲ mood ကို တစ်ဆက်တည်း
သိရှိရ အရုပ်ကလည်း တစ်နေ့ပြီးတစ်နေ့ ကို
လိုက်ပါပြောင်းလဲရတယ် တစ်ဆစ်ချိုး
ခံစားသိရှိ ဘ၀,ပေါင်းများစွာ လှုပ်ရှားမှု
ပေါင်းများစွာကို အရင်းထက်နှစ်ဆတိုင်း
ဘ၀,ရပြီး စိတ်အားထက်သန် စိတ်အားပျက်
ကျန်းမာရေးအယူအဆတွေ ရောပြွန်းထွန်းကားကာ,
လာချင်လျက်သားနဲ့ စိတ်,ကိုယ် ပါ ၀င်စားလာ
ချင်ပါပါလို့ ဒီဒိုင်ယာလော့ဂ်တွေကဆိုတယ်
ဇာတ်ထုပ်ကိုကြိုသိ မှတ်မိနေလျက်နဲ့ မေ့ပစ်
အယောင်ဆောင် ကိုယ့်အိုက်တင်ကိုယ် ကြိုးစား
ပြန်ကြည့် ရှိမှု သိမှု ချီးမှု ပေါ့ဆ
ပေါ့ပျက် ခပ်ချာချာ CD ကြီး ခပ်မွတ်မွတ်လည်နေတယ်
ဒါက လက်လှည့်ပညာတစ်မျိုး အရယ်
အပြုံး အငို အသော အပြော အဆို အချဉ်
ဖောက် ဇာတ်ထုပ်ကို လျက်,ရက်ကြည့်ခြင်း
တစ်မျိုး


ပန်းချီ

Tuesday, November 16, 2010

ပြောပြန်ရင်လည်း ပြန်ပြောရဦးမယ်

ဘာရေးရမှန်းမသိလို့  ရေးလိုက်တယ်
ဆိုပေမယ့်လည်း အဲဒါကိုက ဘာမှန်းမသိတာ
ဆိုတာမျိုး / ဆိုတော့ကာ / ဆိုပြန်တော့ /
သံသရာ တုံးတိ (ဝါ) ဒုံးတိကြီးမှာ လူဖြစ်ရှုံးသွားချင်
ခေတ်စားလာပြီဖြစ်တဲ့ အပျိုတွေပြော အကြောပိုကိရိယာကြီးက
လေးစက္ကန့်  ငါးစက္ကန့်  ထက် ပိုကောင်းပုံရ
လူ့ သက်တမ်းက လိင်ဆက်ဆံမှုနဲ့ ဖြစ်တည်မှုတူညီပုံရ
ဘာမှမရှိပေမယ့် ကျွန်တော်တို့  အကြီးအကျယ်လိမ် / လိင် မိပုံရ
လျှောက်ပြောမနေနဲ့  ကျောက်ကျောမှာ အရိုးမပါဘူး စလမ်း ပုံရ
သေခြင်းတရားဟာ သုတ်လွှတ်သွားတာနဲ့  တူပုံရ
..............သတိ.............

.........................
အမှိုက်မပုံရ...................
.........................
..........................ပုံ / ............................
..............................
.ဥက္ကဌ....................
..............................
............................
ဆိုတာမျိုးလို ဖြစ်ပုံရ
အဟက်..........
ဘာမှမရှိတဲ့  လောကကြီးမှာ ကိုယ့်ကိုကိုယ် ထည်ထည်ဝါဝါ
ပြန်လိမ်ကြတာမျိုးကို ကျွန်တော်တို့ က အနုပညာလို့ ခေါ်ပါတယ် ။
ကုန်သွားတဲ့  ကော်ဖီတစ်ခွက်မှာတောင် အဓိပ္ပာယ်တွေ ကျန်သေးတာပါ ။
ဒီအတွေးအခေါ်တွေက ရှေ့ နောက်မညီနိုင်ဘူးဆိုရင်တောင်
သဘာဝမှာ သဘာ က ဝ ဝ ပြီး စကားပြောလိုက်သလို
ရယ်စရာရသကို ရာဇဝတ်ဘေးကလွတ်စေရန် ရာသီထိမ်ခြင်းအား
ရေးခြစ်ရာတွင် ရေးရေးရိပ်ရိပ်မြင်အောင် ရိတ်သိမ်းသွားမိလိုက်သလားမသိ။
ကဗျာထဲမှာလည်း အမှာစာထည့်ပြီးပါပြီ ။ ဟန်ပုံစံတော့ ခင်စပ်စပ်လေး
ဖြစ်အောင် ခပ်ဆင်ဆင်လေး သမ ထည့်တာ ၊ ဒေါင်ဆိုင်မှာ ကိုနေမြဲတစ်ခွက်
လို့  မှာသလိုမျိုး ဒီကဗျာကို မှာလိုက်ပါပြီ ။
မဖြစ်နိုင်တာ လောကမှာ မရှိ......ဆို
မပျက်နိုင်တာ လောကမှာ မရှိ....ပေါ့ ၊ ဖြစ်ပျက်တာတွေကို ဖြတ်ပစ်ချင်တာ
ကြာနွယ်ရိုးလေး ချိုးကြည့်တာ မဟုတ်ပေမယ့် မဖြစ်နိုင်တဲ့
တုံးတိ (ဝါ) ဒုံးတိ ကြီးကို ဖြတ်ချင်တာ ၊
အညွှန်းအတွက်ကတော့ " ရကောက်  "  ၊  " ရ "  ကို Ya မဟုတ်ပဲ
Ra အသံမျိုး (ပါဠိသံခေါ်မလား) နဲ့  ပြန်ဖတ်ကြည့်ပါ ။
အားလုံးကို ခြုံကြည့်ရင် ဂုန်နီအိတ်က အနွေးဆုံး ဆိုတာကလည်း
လိမ်လိုက်တာ..........လိမ်လိုက်
တာ........။              ။
နေမြဲ(၁၆၊၁၁၊၂၀၁၀)

ကွန်းစတန့် အီးကွဲတူ ဇီးရိုး




မနေ့ က စပ်စလူးထခဲ့သော မျက်နှာပေါ် သွေးနုရောင်ခပ်လွှမ်းလွှမ်း
အဲ့ဒါက ဒီကနေ့ ဖြစ်ရပ်တစ်ခု မြစ်ရေ ဒီရေ တက်လာချိန်အတွင်း
စက်ကရိယာချို့ ယွင်းသံ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်း အလျှံငြီးငြီး
ဦးခေါင်းခွံတွင်းမှီတင်းနေထိုင်ကုန်သော အလှမွေးငါးများအတွက်
ဦးနှောက်အတွင်းသား နံရံများ သွေးကြောများ တစ်လှပ်လှပ်ကျမ်းမာစေဖို့ 
အရှေ့အရပ်၌ရှိသော Infinity ကဗျာများ ဘေးရန်ခပ်သိမ်းကင်းကြပါစေ
အနောက်အရပ်၌ရှိသော Infinity ဘာသာစကားများ ဘေးရန်ခပ်သိမ်းကင်းကြပါစေ
အရက် အရပ်၌ရှိသော Infinity ငါတို့ အမြဲမူး ကြပါစေ ဘလူးလေဘယ်လ်လေးနဲ့ ဆို
နတ်ပါးစပ်ကခွေးစကားမထွက် ငါတို့ တစ်စို့ စို့  တစ်ပို့ ပို့ 
ခွေးပါးစပ်ကလျှာတန်းလန်းနဲ့  အဲသည်လိုမောဟိုက် ငတ်မွတ်ဆာလောင်မှုမှာ
ချီးယားစ်
…….ချိစ် နဲ့ ဆိုလည်းကောင်း အဆီတစ်ထပ် အသားတစ်ထပ်
အရေချုံစက္ကူတွေပေါ် မှင်စက် တို့ တစ်ချက် ပျက်တစ်စက်
တစ်ချို့ ကစက်လက် ဆက်လက်၍ အိုမင်းကုန်သော စကားဗဒေသာခင်းကျင်းပြပွဲ
ငါတို့ ၏အသံတိတ် ဒဏ်ငါးချက်ခံ
ငါတို့ သည် မတော်တဆ ကဗျာတိုက်မှု ကဗျာတိမ်းမှောက်မှုလုံးဝမရှိစေရန်
ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာပါမည်။
ငါတို့ သည် အရေးအသားကောင်းမွန်စွာဖြင့် ကဗျာလာ ကဗျာသွား
ကဗျာဖတ်သည်(ယ်)များအားယဉ်ကျေးပျူငှာ ၀န်ဆောင်မှုပြုပါမည်။
ငါတို့ သည် ကဗျာလုပ်ငန်းစဉ်တိုးတက်စေပြီး ကဗျာလာ/သွား များအား
ထမင်းရှင်များအဖြစ် စောင့်ရှောက်ပါမည်။
ငါတို့ သည် နိုင်ငံတော်၏ ကဗျာထမ်းစဉ်အရ စာပေစိစစ်ချက်နှင့်အညီ
ကောင်းမွန်စွာရေးသားသမှုပြုပါမည်
ငါတို့ သည် စာပေလောက၏ ဂုဏ်သိက္ခာနှင့် ကဗျာရပ်ဝန်းအသိုက်အမြုံ၏ ကျေးဇူးတရားကို
အစဉ်စောင့်သိ ရိုသေပါမည်
ပလတ် ပလတ် ပလတ် ကောင်းလိုက်တဲ့အပေါက်
ဘယ့်နှယ့် ရှိစ / နေလည်း / ဟုတ်ပေ့ / ငုတ်တုတ် / ထထိုင် / ရိုက်သွား
ဂိုးပေါင်းများစွာ သွင်းသွင်းခံနေရတဲ့ဘ၀ သွင်းနေရတဲ့ဘ၀ ၀င်လိုက် ထွက်လိုက်
ဖမ်းတစ်ချီ ဆုပ်/စုပ်တစ်လှည့် လျက်တစ်မျိုး ငုံတစ်ခါ လည်ပင်းလေးတစ်လိမ်လိမ်
ဖုတ်လိုက် ဖက်လိုက် ဖုတ်ဖက်ခါလိုက် ထသွားလိုက် ပြေးလာလိုက်
အပေါ်မှာ မထသ လမ်းစဉ်ငါးချက် အမှန်မှား သံဓိဋ္ဌာန်ထံ ငါးချက်
အိမ်မိုးသွပ် တစ်ချက် အုတ်ရိုက်သံ တစ်ချောင်း သစ်ရိုက်သံ တစ်တံ
စပယ်ယာရိုက်သံ မိန်းမငယ်၏ ကွပ်လပ်အား တစ်ဖျောင်းဖျောင်း ဖြည့်လိုက်ပုံ
တစ်ဖတ်တစ်ချက် တစ်ချက်တစ်ချက် အသွက်အလတ် ခုန်ချ ခုန်ကူး ခုန်ခု
ဘယ့်နှယ့် အိုသလား အောင်သလား အသံရပ်တည်သွင်းရှုမှုတ်ထုတ်သံ
သြော် လူတွေ လူတွေ ကာမ ကိုတယ်လည်းခင်တွယ်တတ်ကြသကိုး
စိတ်ကိုငြိမ်လိုက်တော့ ဟေ့ကောင် .
သားကြီး
ငါပြောသလိုလုပ်လိုက်စမ်းပါကွာ
မင်းရုပ်ဒြပ် နာမ်ဒြပ်တွေထဲက ထွက်တော့လကွယ် သေတော့
အင်္ဂါကိုကိုင်ထား တနလာင်္သားလည်း ဘာဖြစ်သတုန်းဟ ရမ်းမနေစေနဲ့  သတိ
မနှဲလေး အသံနဲ့ လည်းနှာခဏခဏ မမှုတ်နဲ့ ဦး ချေချင်လည်း အောင့်ထား
ချေလျင်တောင်တက် ဖာအောက်မှာ ဖားနေတာပြဿနာမရှိဘူး
မင်းနဲ့ ဘာမှလည်းမဆိုင်သလို ဘာမှလည်းမဆီဘူး ဂလိုင်ခေါက် ဂိန်
ငါကလည်း မနေ့ ကမှ အသားထဲကလောက်ထွက်ခဲ့တာ ဘာဖြစ်သတုန်းဒီဟာ
အဲ့ဒါလည်း အကျောမပြေသေးတော့ အနှိပ်သည်မ တွေရှိရာ
မာဆပ် ဆိုလားဘာလား အဲ့ကိုသွား
အသက်ကိုဖြည်းဖြည်းမှန်မှန် မှုတ်စုတ်ရှုထုတ်လုပ်ခိုင်းတော့
စကားလုံးချက်ပုံက အစာအိမ်လမ်းကြောင်း အူမကြီး သွေးပြန်ကြော
အို
ပေါက်ကရကြော အားလုံးဟာ ရုန်းကန်ထလာတယ်မဟုတ်လားဟ
အဲ့လိုနဲ့ ဒီနေ့ လည်းစပ်စလူးကြောလေး ထလိုက်သေးတယ်လေ။
သွေးလွှတ်ကြော သွေးပြန်ကြောတွေကြားထဲ
ရင်းလိုက်ရသော အရင်းများအားလုံး ရင်းသွား ယဉ်သွား။


ဇောင်းလူ

မျက်လုံးပြာပြာမြို့ 




ဟာ………..
မျက်သားတွေတက်လာပြီး ခဏနေငိုချလိုက်တယ်
တစ်တောက်တောက်မျက်ရည်လုံးကြီးတွေနဲ့ ငိုတာ
နှုတ်ခမ်းဆိုးဆေးနဲ့ နီမြန်းနေတဲ့မျက်နှာပေါ်
လျှပ်စီးတွေမလတ်တော့ဘူး နှုတ်ခမ်းတွေတုန်လို့ 
သဘာဝမဟုတ်တဲ့လျှပ်စစ်စီးတွေ
ဟင့်အင်း
ရေခဲသေတ္တာထဲ ခဏ အပျင်းကြောသွားဆန့် လိုက်တာ
ရေခဲတုန်းကသူ့ ကိုယ်သူ အရည်တောင်မပျော်တတ်ဘူး
တစ်ဘ၀လုံးစာ ထောက်ခံမယ့်သူမရှိ ဘာမရှိ (အဲ့ဒီ့တုန်းကဆို)
အိမ်သာသုံးစက္ကူတစ်ရွက်လိုတောင် နေရာမရခဲ့တာ
မြို့ စိမ်းစိမ်းကြီးပေါ့
မြို့ ခံလူတွေရဲ့ မျက်နှာတွေကလည်း စိမ်းကြတယ်
ငါကလည်း ဆံပင်ဖားလျားနဲ့ စိမ်းတိန်းတိန်းကြီး
နောက်တော့ .... ရေချိုးပျင်းတဲ့ ငါ့အပေါ်ကိုပဲ
မကြာခဏ ဆိုသလို တံတွေးနဲ့ အထွေးခံရတယ်
ထွီခနဲ .... ထွမ်ခနဲ ကွိုင်အစစ်ကြီး
အပေါက်အပြဲအာမခံ ရောဂါပိုးကင်းအာမခံ
( အာ ) မခံမှု ကို အာမခံ
2012 အတွင်းကမ္ဘာပျက်ဖွယ် သတင်းဂယက်ကြီးကြောင့်
မဟုတ်ဘူး မဟုတ်ဘူး …… မဟုတ်သေးဘူး
မြို့ ခံလူတစ်ယောက်လမ်းကြားကအော်ရင်းပြေးရင်းထွက်လာတယ်
မြို့ ကိုငါပြန်မချတာ ငါက မြို့ ခံလူဖြစ်နေလို့ ပဲကွတဲ့
ဒီအမှုမှာ အဲ့ဒီ့ကဗျာဆရာက တရားခံလား ...... ?
ဆော်ပလော်ဝိုင်းတီးပေးရမလိုလို
သက်ဆိုင်ရာကိုပဲ မီးဖြတ်ခိုင်းရမလိုလို
ကိုရီးယားဇာတ်လမ်းတွဲတွေလိုပဲ အပိုင်းပိုင်းခွဲပေးရမလို
အိမ်း .. တကယ်တမ်းတော့လည်း မှန်းစမ်း
အဲ့ဒါက ဘယ်လောက်ကဗျာဆန်သလဲဆိုတာကို ပြတာ
သူ့ ရင်ဘတ်မှာထိုးထားတဲ့ ဖဲပြားလေးတဲ့
နေပူဒဏ်ခံရလွန်းလို့ တဆစ်ဆစ်ကိုက်နေတယ်တဲ့
အဲ့ဒီ့နေ့ တွေက ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာ
လက်ရှိနေ့ တွေကလည်း အပြိုင်အဆိုင် ယောင်ကိုင်းကြတယ်
ဒီနေ့ ဟာ သိပ်ကို မလိမ္မာတဲ့ နေ့ တစ်နေ့ ပဲဖြစ်တယ်...။
ဟုတ်တယ် အဲ့ဒါက နေ့ ဆိုးပဲ
လမ်းထိပ်ဓာတ်တိုင်က မာကျူရီမီးအလင်းကြောင့်
ငါက အိပ်ယာပေါ်လူလိမ့်ရင်းနဲ့  မျက်လုံးတွေကြောင်လို့ 
(ငါ့ကို မုသားနည်းနည်းဆန်ခွင့်တော့ပြုကြပါ။)
အလန့် တစ်ကြားနဲ့ ငုံ့ ကြည့်လိုက်တဲ့အချိန်မှာ
မီးရောင်နဲ့ ပြောင်ထနေတဲ့ ကတ္တရာလမ်းမကြီးတစ်ခုထဲ
ငါ့ခြေသည်းခွံတွေ လတ်ခနဲ သွေးဆုံးသွားတယ်
သေချာနားဆိုက်ထောင်ကြည့်တယ်
အဲ့ဒါက .....
မျက်လုံးပြာပြာမြို့ ကြီးထဲက
မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေးတွေ

ဇောင်းလူ

Friday, November 12, 2010

ဟောဒီကဗျာထဲမှာ သေနတ်ကြီးယူပြီး ပစ်ချလိုက်

နံရံမှာချိတ်ထားတဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုယူပြီး
ဟောဒီကဗျာ/ ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချလိုက်တယ်
ပြန်တွေးကြည့်တော့ လွမ်းစရာကိစ္စတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့ပြီ
ကျွန်တော် တကယ်ပဲ ပစ်ထည့်လိုက်တယ် ကျွန်တော် ပစ်ချလိုက်မှရမှာ
အစစ်အမှန် အာ့သ်တွေထည့်ရေးနေတာ
စိတ်ထဲ ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသမျှ ဘာသာဗေဒ ရေးထားတာ
ကမ္ဘာပေါ်မှာ လူသားသန်းပေါင်းများစွာ အ အာ အာ့ အား ဘုရားတ တရားကိုတ ဂွ ဂွ ဂွ ဂွ
ချက်ကော့ဗ်ရဲ့ သေနတ်ကြီးယူပြီး ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချင်သလိုပစ်ချလိုက်
သီအိုရီအရ ချိတ်ပေးထားတဲ့ သေနတ်ဟာ ပစ်ဖို့ပဲ အဲဒီသေနတ်ကိုင်ပြီး လုပ်ချင်ရာလုပ်ဖို့ပဲ
အဓိကအရေးကြီးတာက ဖန်တရာမတေတဲ့ Text တွေဖြစ်ဖို့ပဲ ဒါက ကဗျာပဲ
အဲဒီ အ အာ အာ့ အား အဓိပ္ပါယ်တော့ ကျွန်တော်လည်း မသိဘူးဆိုတာပဲ
အဲဒီ သေနတ်ကြီးနဲ့ အခုဖတ်နေတဲ့သူတွေရဲ့ ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်
သူတို့သေသွားလိမ့်မယ် အခုရေးနေပါတယ်ဆိုတဲ့ အေဖိုးစက္ကူစာရွက်ထဲက ကွန်ပျူတာစာစီထားတဲ့
မြန်မာခေတ်ပြိုင်ကဗျာအသစ်ဟာ ဘုရားသခင်ကိုတောင် ပြန်ပြီးသတ်ပစ်လို့/ ဖန်တီးလို့ရတဲ့ လက်နက်ပဲ
ကဗျာလောကဆိုတာ မောင်ချောနွယ်မဟုတ်ဘူး၊ ဇေယျာလင်းမဟုတ်ဘူး၊ ကဗျာလောကဆိုတာ
သေနတ်ကြီးတကားကားပဲ ဟိုချိန်ဒီချိန်ပဲ
ပြန်တွေးကြည့်ရင် လွမ်းစရာ သွားလာစားသောက်မှုတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ရစ်ခဲ့ပြီ
ဟိုလူတွေ ဒီလူတွေ သီအိုရီအဟောင်းကြီးကို သီအိုရီအပျက်ကြီးဖြစ်အောင် လုပ်လို့ရတာတွေ
မကျေနပ်ရင် ဒီကဗျာကို ပစ်ချလိုက်ပါ နံရံမှာ ချိတ်ထားတဲ့ (ထပ်ခါထပ်ခါ သုံးစွဲထားတဲ့) သေနတ်ကြီးနဲ့
ပစ်ထည့်လိုက်ပါ အာ့သ်တွေ တပုံတခေါင်းကြီးပါနေတဲ့ အခုကဗျာလိုလို စကားပြေလိုလို စာပိုဒ်ကြီးကို
ဟော … အခုလှမ်းကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ သေနတ်ကြီးကို ချက်ကော့ဗ်ပြောခဲ့သလို
မတွေ့တော့ဘူး ဘာပဲဖြစ်ဖြစ်
ဟောဒီကဗျာကြီးတစ်ပုဒ်လုံးရဲ့ တစ်နေရာရာထဲ (ချောင်ကြိုချောင်ကြားပဲဖြစ်ဖြစ်)
နံရံမှာ မရှိတော့ဘူးလို့ ခုနကပြောခဲ့တဲ့ သေနတ်ကြီးကို မရရအောင်ရှာပြီး
ကျွန်တော့်ကိုရော၊ ခင်ဗျားကိုယ်ခင်ဗျားရော၊ ဝန်ကြီးပဒေသရာဇာရော၊ နတ်ရှင်နောင်ရော၊
ရှင်မဟာရဌသာရရော (မဲဇာတောင်ခြေတွေ၊ နှမလက်လျှော့နေလေတော့တွေထဲအထိ လိမ့်ကျသွားအောင်)
အားလုံးကို ထိထိမိမိ ပစ်ချလိုက် ။ ။


သူရဿဝါ
နိုဝင်ဘာလ ၁၂ ရက် ၊ ၂၀၁၀ ခုနှစ်

ချိန်သီးနှင့် မြစ်ဝကျွန်းပေါ်က ငါး (ကဗျာခံစားမှု)

အိပ်ယာကနိုးနိုးချင်း ဘ၀ရဲ့ မလုပ်မဖြစ် အရေးကြီး လုပ်စရာတာဝန်တွေကို တရစပ်တန်းစီပြီး လုပ်ပစ် လိုက်တယ်။ မျက်နှာသစ် သွားတိုက်ရတယ်၊ မျက်စိရှေ့ရောက်နေတဲ့ ထမင်းပန်းကန်ကြီး ကိုလည်း မဖြစ်မနေ စားပစ်ရသေးတယ်။ နစ်ကိုတင်း ဓာတ်နည်းနည်း သွားဝယ်ရတယ်။ ဒါတွေအားလုံး ပြီးတော့လည်း မထိုင်ရသေးဘူး။ ဓာတ်ဗူးထဲ ရေဖြည့်၊ ခလုပ်ကို On ၊ ခွက်နှစ်ခွက်ထဲ သကြားနဲ့ နို့မှုန့်ထည့်၊ ပြီးတော့ လက်ဖက်ရည်ထုတ်လေး စိမ်ပြီး အဖေ့အတွက် တစ်ခွက် ကိုယ့်အတွက်တစ်ခွက်...။ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ အကုန်ပြီးတော့ စိတ်ထဲနည်းနည်း ပေါ့သွားသလိုပဲ။ တစ်နေကုန် အိပ်ထားလို့လည်း တစ်ညလုံးနိုးထဖို့ အဆင်သင့်ဖြစ်နေသလို ခံစားရတယ်။ ဖွင့်ပြီးသား ကွန်ပြူတာရှေ့မှာ အကျအနထိုင်၊ စားပွဲပေါ်တင်ထားတဲ့ စာအုပ်အဖုံးတစ်ခုပေါ်က ဒါဝင်က မျောက်ကလေးပွေ့ချီပြီး ကျွန်တော့်ကို ရီဝေေ၀ကြည့်နေတယ်။ အဲဒီမျောက်ကလေးကလည်း သူကိုယ်တိုင်ရဲ့မျက်နှာနဲ့ပဲ။ ထားပါတော့ ညာဘက်ခြမ်းမှာ လက်ဖက်ရည်ခွက်ရှိတယ်။ နီကိုတင်းနည်းနည်း ပါးစပ်ထဲထည့်လိုက်တယ်။ ကဲ...စမယ်...။

ခက်တာက ဘာကိုစရမှန်းမသိတာပဲ။ တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာသာ ထိုင်နေတယ် ဘာအလုပ်မှရှိတာ မဟုတ်ဘူး။ ကျောင်းသားဘ၀က တစ်ခါမှ မရေးခဲ့တဲ့ အက်ဆေးတွေ အမှတ်ပေးမယ့်သူ မရှိတဲ့အချိန်ကျမှ လျှောက်ရေးကြည့်တယ်။ ကိုယ်ကိုယ်တိုင် နားမလည်နိုင်လောက်အောင် နက်နဲတဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ချရေးကြည့်တယ်။ ဟုတ်သယောင်ယောင်ထင်ရတဲ့ အင်္ဂလိပ်ဆောင်းပါးတွေ ဘာသာပြန်တယ်။ တောင်စဉ်ရေမရ Link တွေ တစ်ခုပြီးတစ်ခု မျောက်လွှဲကျော်လိုခုန်ပြီး ဖတ်ချင်တာလျှောက်ဖတ်တယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်ပိုင်ခွင့်တွေ များလွန်းတော့ ဘာကိုရွေးရမှန်း မသိတော့ဘူး။ ဘာကိုပဲလုပ်နေလုပ်နေ ပိုက်ဆံမရမှာကတော့ သေချာတယ်။ ဒါကအရေးမကြီးဘူးပဲ ထားပါတော့။ ဘာကြောင့်လုပ်နေရတာလဲဆိုတဲ့ မေးခွန်းက တစ်ခါတစ်ခါ ပေါ်လာတယ်။ ပိုက်ဆံမရလို့ ပညာရလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အရင်ကထက် နည်းနည်းပို ဘ၀င်မြင့်လာတာကလွဲပြီး ဘာမှ မယ်မယ်ရရမရှိဘူး။ လခစားဝန်ထမ်းဘ၀က အလုပ်လုပ်ရမှာပျင်းလာရင် တန်ရာတန်ကြေး ဆိုတာကို ထည့်စဉ်းစားလို့ရတယ်။ ငါ့ကို ပိုက်ဆံပေးထားတာပဲ၊ ငါက အလုပ်လုပ်ရမယ် ဆိုတဲ့ ယုတ္တိနဲ့ ကိုယ့်ကိုယ်ကိုယ် မောင်းနိုင်တယ်။ ဒါနဲ့ပဲ ၀င်လေ့ဝင်ထသိပ်မရှိတဲ့ Bookmark (၀င်လေ့မရှိခြင်းကို Bookmark ဟုခေါ်ပါသည်) အထဲက မြန်မာကဗျာများဆိုတဲ့ Link ကိုနှိပ်လိုက်မိတယ်။

§ § § § § § § 




လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက ဖတ်ခဲ့တဲ့ ဆရာ သစ္စာနီရဲ့ “ချိန်သီး” ဆိုတဲ့ ကြေးစည်ပုံ ကဗျာလေးကို အဦးဆုံး ကလစ်လိုက်မိတယ်။ တကယ်တော့ လှုပ်ရှားနေတဲ့ အနေအထားနဲ့ကြည့်ရင် ချိန်သီးလွှဲ နေတဲ့ ပုံပါ။ စက္ကန့်သံတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေ ရောစွက်နေတယ် ဆိုတဲ့အချက်ကို တိုက်ရိုက်ကျကျ ပြထားတာပဲ။ ဒါပေမဲ့ အဲဒီလို ဒုစရိုက်တွေကို သံဝေဂရခြင်း အကြောင်း အသာထားလို့ ကိုယ်တွေးချင်တဲ့ အရာကိုသာ ဦးနှောက်က ဆက်တွေးနေတယ်။

“ချက်၊ ချက်၊ ချက်....” ဆိုတဲ့ စက္ကန့်သံတိုင်းဟာ အချိန် ဖြစ်တယ်။ အချိန်ဟာ “ဘ၀” ဖြစ်တယ်။ ရာရှင်ရတဲ့အချိန်ခွဲတမ်း ကုန်သွားတဲ့အခိုက်မှာ ဘ၀ဟာ အဆုံးသတ်ရလိမ့်မယ်။ အချိန်ဖြုန်းတာဟာ ဘ၀ကို ဖြုန်းတီးခြင်းသာဖြစ်တယ်။ တကယ်တော့ ဒီလိုမျိုးအချက်အလက်တွေဟာ အချိန်ဆိုတဲ့အရာကို ကျွန်တော်တို့ ရယူပိုင်ဆိုင်ခဲ့တဲ့ အစောပိုင်း ကာလများ (ကလေးဘ၀/လူငယ်ဘ၀) တည်းက မကြားချင်လောက်အောင် နောကျေနေခဲ့ ပြီးသားပါ။ ဒါပေမဲ့ အချက်အလက်တွေဟာ အချက်အလက်တွေသာ ဖြစ်ပါတယ်။ အသိပညာမဟုတ်ပါဘူး။ ဒီထက်ရှုပ်အောင် ထပ်ပြောရရင် အသိပညာသည်လည်း အသိပညာသာဖြစ်ပါတယ်။ “အလုပ်” မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဘ၀ဟာ အဲဒီ “ချက်၊ ချက်၊ ချက်...” လေးတွေအတွင်းမှာ လုပ်ကိုင်ခဲ့တဲ့ “အလုပ်အစုအဝေး” သာလျှင် ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်က “ယန်းပေါဆာ့ထ်” စာအုပ်ဖတ်ပြီး “ကြက်တူရွေးနှုတ်တိုက်” တွေးနေမိခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို နားမဆန့်အောင်ကြားခဲ့ရတဲ့ ပုံစံကျ ဆုံးမစကားတွေဟာလည်း တန်ဖိုးတစ်စုံတစ်ရာ ရှိနေကြောင်း ၀န်ခံရမှာပါ။ အဲဒီလို တွေးမိပြီးတဲ့နောက် ဒီစာကို ရေးဖြစ်သွားလို့ပါပဲ။ ကဗျာဟာ ကျွန်တော့်ထက် အသက်ခုနစ်နှစ်ကြီးပါတယ်။ အဲဒီကဗျာထဲက “ချက်၊ ချက်၊ ချက်...” တွေဟာ ကျွန်တော့်ရဲ့ စက္ကန့်သံတွေ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ အချိန်တွေဟာ အခုမြင်နေရတဲ့ စကားလုံးလေးတွေအပေါ်မှာပဲရှိသလို ဘယ်သူ့ရဲ့ဘ၀ကရော ဘယ်မှာပါလဲ...။ အချိန်ဖြုန်းရဲသူများဟာ အလုပ်လုပ်ဖို့အတွက်လည်း သတ္တိရှိကြရ လိမ့်မယ်ထင်တယ်။

§ § § § § § §

အဲဒီနောက်တော့ “မောင်ချောနွယ်” ဆိုတဲ့ နာမည်လေး တွေ့တဲ့အချိန်မှာ လက်က အလိုလိုကလစ်မိရက်သား ဖြစ်သွားခဲ့တယ်။ ဆရာချောက သူ့ကိုယ်သူ (ငါးမမိတဲ့) ခပ်ညံ့ညံ့ တံငါသည်ပါလို့ ပြောတယ်။ ဟုတ်တယ်။ တံငါသည်ဖြစ်မှတော့ ငါးမရဘူးဆိုရင် ခပ်ညံ့ညံ့ဖြစ်မှာ အမှန်ပဲ။ ခရီးသည် ဖြစ်လို့မှ ခရီးမရောက်ရင်လည်း ခပ်ညံ့ညံ့ဖြစ်မှာပဲ။ ဆရာချောဟာ “ကဗျာဆရာ” တစ်ယောက်ဖြစ်ပြီး ကဗျာတွေ အများကြီးရေးစပ် သွားခဲ့တယ်။ ပြီးတော့ အဲဒီကဗျာတွေကိုလည်း အများသူငါအတွက် ချန်ထားနိုင်ခဲ့တယ်။ ကဗျာထဲ မှာတော့ သူက တံငါသည်တစ်ယောက် ဖြစ်နေတော့ ထားပါတော့။ သူတစ်ဘ၀လုံးလိုလိုမျှားနေခဲ့တာ ရမယ့်ရတော့ စကြ၀ဠာကြီးဖြစ်နေတယ်။ သူ သုတ်လို့မနိုင်ဘူး။ သုတ်လိုက်တဲ့အချိန်မှာ သူဟာ တံငါဘ၀ကနေ ငါးဘ၀ ပြောင်းသွားရတယ်။

ကျွန်တော်တို့ရဲ့ ဘ၀ရည်မှန်းချက်က ဘာပါလဲ။ ရည်မှန်းချက်ဟာ ငါးဆိုရင် ကျွန်တော်တို့ဟာ တံငါသည်တစ်ယောက်၊ ရည်မှန်းချက်ဟာ ကျားဆိုရင်တော့ မုဆိုးတစ်ယောက်ပေါ့။ သားကောင်အပေါ် မူတည်ပြီး ကျွန်တော်တို့ဘ၀တွေ အရောင်ပြောင်းနေတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ မုဆိုးဟာ သားကောင်ရဲ့အစာ၊ တံငါဟာလည်း ငါးပါးစပ်ထဲကို ရောက်သွားနိုင်တယ်။ ရည်မှန်းချက်တွေနောက် ဘ၀တစ်ခုလုံးရင်းပြီး အမဲလိုက်သလို တကောက်ကောက်လိုက်နေရခြင်းဟာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆုံးမှာ ကိုယ်ကိုယ်တိုင်ဟာ ရည်မှန်းချက်ရဲ့ သားကောင်ပြန်ဖြစ်နေခြင်းကို သဘောပေါက်မိတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဥပမာနဲ့ဆိုရရင် “နွားကိုငါပိုင်တယ်ဆိုပြီး ကြိုးစတစ်ဖက်ကိုဖမ်းထားရင်၊ အဲဒီနွားကလည်း ကိုယ့်ကို ပြန်ပိုင်နေတာပါပဲ၊ ကြိုးစကို လွှတ်လို့မှမရဘဲကိုး၊ တစ်ဘက်မှာ နွားမိနေသလို တစ်ဘက်မှာလည်း ကိုယ်ကပြန်မိနေတဲ့သဘောပါပဲ”။ (ဆရာကြီးရွှေဥဒေါင်းက တရားသဘောကို ဥပမာပေးတာပါ။ ကျွန်တော်က လောကီကိစ္စကိုပြောတာပါ။ သဘောတရားချင်း တူညီတဲ့အကြောင်းကိုသာ ပြလိုတာပါ)

ဆရာချောအနေနဲ့က ကဗျာ (စကြ၀ဠာကြီး) အပေါ် ဖက်တွယ်ထားတဲ့ သူ့ရဲ့သစ္စာဟာ သူ့ကို ပြန်မျှားသွားတဲ့သရုပ်ကို လှလှပပ နိမိတ်ပုံဆောင်သွားတယ်လို့ တွေးမိပါတယ်။ (ကျွန်တော်တွေးမိတာ ကျွန်တော်ပြောခြင်းဖြစ်လို့ ဟုတ်ချင်မှလည်း ဟုတ်ပါမည်) ငါးမမိတဲ့ကိစ္စကတော့ သာမန်လူတစ်ယောက် အနေနဲ့ (စီးပွားရေး/ ဂုဏ်သိက္ခာစသည်) အောင်မြင်မှုမရခြင်းကို ရည်ညွှန်းချင်ဟန်တူတယ်။ ဘာပဲဖြစ်ဖြစ် ဆရာချောရဲ့အဖြစ်ဟာ သက်တံ့လို လှပနေခဲ့ပါတယ်။

§ § § § § § §

နောက်တစ်ပုဒ်က ဆရာမိုးဝေးရဲ့ မြစ်ဝကျွန်းပေါ်ပါ။ ဒီကဗျာနဲ့ ရှင်းလင်းချက်ကို ငယ်စဉ်ကတည်းက စတိုင်သစ်အဟောင်းတစ်အုပ်မှာ ကျွန်တော် ဖတ်ခဲ့ဖူး ပါတယ်။ အဲဒီဆောင်းပါးပါ ရှင်းလင်းချက်တွေကို ကျွန်တော် ၀ိုးတ၀ါးဖြစ်သွားပါပြီ။ ကဗျာကိုဖတ်ပြီး တဲ့နောက် ပြန်သတိရမိတာက ခေတ်ရေစီးကြောင်း အကြောင်းပါပဲ။ ရေစီးနဲ့အတူ ချောင်းထဲ မျောပါသွားတဲ့ သရက်သီးတွေကို လိုက်ဆယ်ရင်း အိမ်ကိုတောင် မပြန်နိုင်ကြတော့တဲ့ ကလေးငယ်တွေ အကြောင်း...။ မြစ်ဝကျွန်းပေါ် ဒါမှမဟုတ် အထက်အညာ ဆီကနေ အနုပညာအတွက်၊ ရည်မှန်းချက်အတွက် ရေကြည်ရာမြက်နုရာရှာရင်း ရေစီးသန်လွန်းလှတဲ့ မြို့ပြချောင်းရိုးမှာ ကစဥ့်ကလျား မျောပါသွားကြသော လူငယ်များ။ ဒီထက်ပိုပြီးတော့ ချဲ့ထွင်လိုက်ရင် တစ်ရပ်တစ်ကျေး၊ အခြားသောနိုင်ငံဒေသတစ်ခုခုကနေ ရေစီးကြောင်းကို ဆန်တက်ပြီး အိမ်ပြန်မရောက်နိုင်ကြတော့သူများ။ “ရေစီး” ဆိုတဲ့ နိမိတ်ပုံဟာ “ခေတ်ရေစီး” ဖြစ်နိုင်သလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး...စသည်ဖြင့် ချဲ့နိုင်သလောက် ကျယ်အောင် တွေးလို့ရခဲ့တယ်။ ကဗျာဆရာဟာ အတိတ်ကိုငဲ့စောင်းကြည့်ရင်း ပစ္စုပ္ပန်တစ်နေရာကနေ အိမ်မပြန်နိုင်တဲ့အကြောင်း ရိုးရိုးလေးပြောခဲ့ပါတယ်။ ရိုးရိုးလေးပြောပေမဲ့ ဆတ်ဆတ်ခါ နာကျည်းမိရတယ်။ သူဟာ တအားသန်တဲ့ရေစီးထဲမှာ ကျွမ်းထိုးမှောက်ခုံ ရုန်းကန်ရင်း ညည်းတွားနေခဲ့ရတာကိုး။ တအားသန်တဲ့ရေစီးမှာ ကျွန်တော်လည်း အိမ်မပြန်နိုင် (သေး/တော့) ဘူး.... ။

မှတ်ချက်။   ကဗျာများကို စကားပြေပြန်၍ ရ၏၊ မရ၏ ကျွန်တော်မသိပါ။ ထိုသို့သော အကြောင်းအရာများကိုလည်း ဘာမျှ မပြောလိုပါ။ (တစ်သီးပုဂ္ဂလရှုထောင့်မှ) ခံစားမိသည့် အရာတချို့ကို ခံစားရသလို၊ နားလည်သလို “လျှောက်ရေး” ထားခြင်းမျှသာ ဖြစ်ပါသည်။ ဤပို့စ်ပါ ကဗျာများကို ဒီနေရာက ကူးယူပါသည်။

◄ တေဇာ ► ဒီဇင်ဘာ (၁၇) ၂၀၀၉