Saturday, October 30, 2010

လေရပြီ/6လ၇ပြည်

စလိုက်ပြီ ဆိုကတည်းက ဆုံးဖို့ ဖြစ်လာတယ် ၊ ဆုံးလိုက်ကတည်းက ပြန်စရမယ်ပေါ့ ၊
အနက်အဓိပ္ပာယ်ကို ကျော်လွှားဖို့  အစ၊အဆုံး ကိုမေ့ ထားရတော့ မယ် ၊
 ကြီးကြပ်သည် ၊ ကြီး၍ကြပ်သည် ၊ ကျွန်တော် ကိုယ့်စိတ်ကိုယ် ရသလောက် ပြန်ရှာမိတာပဲ ၊
 ရှာဖွေမှု ၊ မှားယွင်းမှု ၊ စဉ်းစားဥာဏ်ရှိရှိ မှားယွင်းမှု ကို အရသာ တွေ့ ခဲ့ ပုံပါ ၊
 တွေးခေါ်မှုရှိရှိ ၊ ငါ့လိင်အင်္ဂါတဝိုက်က အမွှေးအမြှင်တွေ မွေးရာပါအားနည်းမှု ၊
လူတန်းစားမဲ့ ဖြစ်တည်မှု ၊ ကဗျာရေးခြင်းအမှုမှာ ကိုယ်တိုင်နားမလည်မိအောင်
 ကြိုးစားကြည့်သည် ၊ ရိုးသားစွာကိုယ်ရည်သွေးခွင့် အမှုမှာဘာတွေလိုအပ်ပုံ ၊
သနားလို့ စောင်ပေးခြုံတာ သေးပေါက်မချနဲ့ ကွယ် ၊
မှု မှု မှု မှု မှု ၊ ဘာမှုစရာလိုလဲ ၊ အသိအမှတ်ပြု ဂရုစိုက် က လာတဲ့  မှု က
ရှေ့ နေတွေ့ ရမယ့်  အမှုတစ်ရာကို ဂရုမစိုက်မှု ၊ သူများထမင်းစားနေတာမြင်ရင်
ဗိုက်အရမ်းဆာတာပဲဗျာ ၊ ကျွန်တော့်ခါးကို တို့ လိုက်လို့  ထွက်လာတဲ့  အာမေဋိတ်ကို အရမ်းကြိုက်တာ ၊
ခလုတ်ထိတာတောင် အဲဒါလေးကိုပဲ တ တ နေရတာ ၊
ဖုံးအုပ်ထားတဲ့  ဘာသာဗေဒကို ဖယ်ချလိုက်ရင်
ဟစိလေးကို ကြိုက်၏ ၊ ဟစိ ၊ ဟလိုက် စိလိုက် ကြိုက်အိ ၊
အိသီမယွေး ကျိုက်အိ ၊ ဟစိလေးက ဒြပ်ထုအနေနဲ့  မလေးပေမယ့်  ၊
အရသာအရတော့  လေးပင် ၊ မြတ်နိုးစွာသုံးတဲ့  လေး က အရသာကိုပါ ညွှန်းဆိုပုံ ၊
ခွချက်တာမဟုတ်ပဲ နှစ်ကျပ်ကွက်ရိုက်(ထည့်)တာပါပဲ ၊
ကွင်းထဲက ထည့် ကိုရွတ်ရာမှာ လိုက် ကို လျစ်လျူပြုပြီး အသံရှည်စွဲ ၊
ကျွန်တော်ပြောသလို ရေးဖို့ ကြိုးစားဆဲ ၊
စကားနောက် ပါချင်တာ ပါလို့ မရလို့  တရားပါကြည့်လိုက်ပုံပါ ။  ။

နေမြဲ(၂၉၊၁၀၊၂၀၁၀)

Friday, October 29, 2010

နာဂစ်အလွန်

လက်ထဲမှာကိုင်ထားတဲ့  ဓားဟာ အဖိုနဲ့ အမ အထိအတွေ့ လိုမနူးညံ့ဘူး
ဝေးကွာခြင်းတွေ၊ ပုဝင်သွားသလိုမျိုး Bonsai ပင်လိုမလှပဘူး
I m sorry.really (တကယ်ပါ)
နင်ပြောသလို ငါဟာ နင့်ရဲ့ ထာဝရ soul mate တဲ့ လား
မိစ္ဆာမ နင့်အတ္တနဲ့ ထုဆစ်ထားတဲ့ ကြေးသွန်းရုပ်မဟုတ်ဘူး
(သား)အမေစာရေးလိုက်တယ်၊ နေကောင်းကျန်းမာ ငွေအမြန်ပို့  (ချစ်တဲ့ အမေ)
နင့်ရဲ့ ဖောက်ပြန်မှုဟာ ငါ့နောက်ကျောကိုဓါးနဲ့ ထိုးတယ်
i wanna hate u !_! u Fuck me. F*U*C*K you 4ever
ညီမလေးရေ...ဘဝ၊ငွေကြေး၊အတ္တ၊မိသားစု ဘယ်သင်းဟာ ' ဟာသ ' အမြောက်ဆုံးလဲ
အမေဟာ တော်..တော့် ကို ' စောက်သုံးမကျ  ' တဲ့ အမေပဲ.
ကိုကြီး အခုလောလောဆယ် အလုပ်အဆင်မပြေသေးဘူးညီလေး
' သား ' ဆိုတာ    ' ကျား ' တဲ့ လား၊ ကျွန်တော် ဆပ်ကပ်ထဲက ' ကျား ' မဟုတ်ဘူးအမေ
ဓါးကိုကိုင်ထားတဲ့  လက်ဟာ အရှိန်နဲ့ ဗိုက်ထဲကို အတင်းတိုးဝင်သွားတယ်
အဖေပြောတာတော့ မမေ့ ဘူး  ဧရာဝတီရဲ့ သားဟာ လှော်ရင်း မနစ်ဘူးဆိုတာကို
ညီမလေးရေ...တို့ နှစ်ယောက် လူငွေ့ ရိုက်နေတဲ့ အခန်းထဲမှာ နေခဲ့ဘူးတယ်နော်
သေနတ်ထက် ထွက်လာတဲ့ ကျည်ဆန်က ပိုစိတ်ဝင်စားဖို့ ကောင်းတယ်
ဒုက္ခကို ရင်ဆိုင်တွေ့ တဲ့ အခါမှ ကိုးကွယ်သည့်ဘာသာ ပြောင်းမလို့ လား
အခုတော့လည်း ရှေ့ တိုးနောက်ငင် အဖိအဖေါ့တွေကို လွမ်းသလိုလိုရှိသား
မင်းအဖေဟာ နိုင်ငံခြားကပြန်ရောက်ကတည်းက အမေနဲ့ အတူတူမအိပ်တော့တာလေ
စာချုပ်ပေါ်လက်မှတ်ထိုးတဲ့  လက်ဟာ မိသားစု ကို ခွဲတယ်
လျှာဟာ အက်ကွဲကြောင်းလေးအတိုင်း တစ်လစ်၊တစ်လစ် ယိမ်းထိုးနေတယ်၊တစ်လစ်တစ်လစ်နဲ့ 
Ko gyi Grandmother die twar be. yesterday 12:15 am ga.
ဘုရားစင်ပေါ်က ပန်းအိုး slow motion နဲ့ ကျကွဲသွားတယ်
လက်ထဲမှာ ကိုင်ထားတဲ့ ဓားဟာ အရှိန်နဲ့ ဆင့်ကာဆင့်ကာ
(၁)နာရီ ၈၀၀ Yen (၁)ပတ် ၆ရက် ၊ တနင်္ဂနွေနေ့ နား၊ ရထားခမပေးဘူး (ရဖို့ မသေချာ)
(အမေ)စိတ်မရှိပါနဲ့ ၊ အဲဒီနေ့ က ဘာရယ်၊ညာရယ် မဟုတ်ဘူး
သားဗိုက်ကို သားလက်က ဓါးနဲ့ ဖွင့်ကြည့်မိလိုက်တယ်။

E TOO ( 9.10.2010A.D)

နေရေးထိုင်ရေး ကိစ္စ

ဒါတွေပြောရင် ဒေါတွေပါမယ်။သံကြိုးနဲ့  ဆွဲ ဆွဲ တင်ထားတဲ့
အံဆွဲထဲမှ နေထိုင်မှုများ
အများသုံးလေကို ရှူရတဲ့ အခါတိုင်း
ကျွန်တော်၏ သားဖြစ်သူ မောင်နေမြဲ
နေမကောင်းပါသဖြင့်....
စသည်....စသည်ဖြင့်...
အုပ်ထိန်းချင်ဟန်ဆောင်ပေးသူ မိတ်ဆွေ အပေါင်းအပါများ
စသည်....စသည်ဖြင့်...
ငယ်ငယ်ကဆို
အိမ်ပြန်နောက်ကျတိုင်း
အဖေက ဘောလုံးပွဲကြည့်ချင်ဟန်ဆောင်ပေးတယ်။
သော့အတုတွေ ရေပန်းစားမှုမှာ ဖျားနာ......
ထိလွယ်ရှလွယ် လောကဓံ နဲ့  ဒူးတင်ပေါင်တင်နေထိုင်ခြင်းမှာ
မနိုင်လို့  နှစ်ခါခွဲသယ်မိ....
ဒါကိုလီ....ဒီကိုလာ....
ဒါမျိုးကြီးတွေ ရောင်းနေတာ...
ဒါပဲဗျာ...
သူမ ပြောသလို ဟိုမိန်းမကြီးဆီလည်း
ဘုရားစူး....မသွားခဲ့ဖူးပါ...
ဒါမျိုးမကြောက်လို့  ရွာရိုးလျှောက်တယ် ဆိုပေမယ့်
အိပ်မက်က အိပ်မက်ကို အဓမ္မကျင့်တဲ့  ညတွေတိုင်း
လော်ဂရစ်သမ်ကြီး
ကျ.....ကျ.......ကွဲ....။ ။


Tuesday, October 26, 2010

အင်္ဂါထဲကနေ့ အင်္ဂါနေ့ ကဘာပေါ်မှာ မဖြေရှင်းခင် ရှုပ်ထွေးခဲ့စဉ်က

လောကကြီးက သိပ်ချစ်စရာမကောင်းတဲ့အခါdon't delete နော် မမစိမ့်ဆိတ်ကွယ်ရာမရှိတဲ့အခါလေထဲကကျေးငှက်သံတွေ မကြားရတဲ့အခါပူလောင်နေတဲ့စိတ်ဓာတ်တွေနဲ့ မကြာခင် don't delete နော်မမစိမ့်ရင်ထဲမှာ ခင်သဲလို့ခေါ်လိုက်တိုင်းအိုးကလေးဒိန်ချဉ် တစ်ခွက်သောက်မယ်လုပ်တိုင်းသိပ်ကောင်းတယ် စိတ်မကောင်းမဖြစ်နဲ့ပြီးတော့ don't delete နော်မမစိမ့်မကြာခင် ပြန်လာပြောမှာ အစိုးမရတဲ့ကိစ္စတွေတိုင်း မမစိမ့် ဘူတာမှာလေနှင်ရာထွက်သွားတုန်းကဘလာ ဘလာ ဘလာ ဖုန်းနံပါတ်ကိုနှိပ်ပြီး၁၅ မိနစ်လောက်အခေါ် အကြံအစည်ထမြောက်မယ်ထင်တိုင်းတစ်ချို့အရာတွေ ပွဲတော်မသိမ်းဆည်းသေးခင်တစ်ချို့ရည်ရွယ်ရာ ခင်တွယ်ရာ မှီတွယ်ရာမဖွယ်မရာ အိတ်ကိုဖွင့်ရှာမိတဲ့အခါတိုင်း ခါတိုင်းထက် don't delete နော် မမစိမ့်အရင်ကလို ခါတိုင်းထက် ပိုကြာမလားလို့စိတ်ကူးတည့်ရာ နိုင်ငံတကာပြပွဲသွားကြည့်ဖို့အလည်အပတ်ခရီးထွက်ဖို့ ပြန်မလာဘူးလို့မပြောပါနဲ့ မမစိမ့် အတွေးထဲမှာ ဘာမှကြိုတင်ကြောင့်ကျမှုတွေ "don't delete" လုပ်မပစ်နဲ့  မှန်းဆတွေးခေါ်ချက်တွေက ရုပ်ရည်တွေပျက်အရွယ်တွေအိုမင်းသွားခဲ့သလိုဘဲ စိတ်တိုင်းကျမကျ လိုအင်တောင့်တတာတွေနဲ့ ပြည့်စုံပါစေမမစိမ့်နဲ့ ကိစ္စနဲ့ သွားရောက်တဲ့နေရာ အခန်းကြိုတင်ဘွတ်ကင် မထင်မှတ်သားမှုတွေနဲ့ ပြန်မဆုံခင် ကြိုစဉ်းစားရတာပေါ့ မနက်ဖြန်တွေကို don't delete စာတန်းကပ်ထားပြီး people don't smileမနေနဲ့ / ခဲ့ရင်  အရင်လိုတိတ်တဆိတ် please don't remember me ပြတ်ပြတ်သားသားရှင်းလင်းရေးသားခဲ့ပါ မမစိမ့်ပျော်အောင်သာနေ

ပန်းချီ

ကဗျာသည် ဆေးလိပ်ဖြစ်သွားသည် ဆိုပါစို့

ဆေးလိပ်တွေ ဘာလို့ သောက်သောက်(နေတာ)လဲ
ထွက်နေတာလဲ တစ်ခုပြီးတစ်ခု
( တစ်လိပ်ပြီးတစ်လိပ်လို့ မသုံးသွားတာ ဘာလို့ ?? )
တစ်ဖွာနဲ့တစ်ဖွာ အရသာကွဲပြားမှု ရှိသင့်တယ်
လို့ မထင်ဘူး လား
( မရှင်းတာက ဘာလို့ တစ်ဖွာပြီးတစ်ဖွာလို့ မသုံးတာ? )
ဆေးလိပ်ကို ဘယ်သူစတင်တွေ့ရှိတယ် တို့
ဟိုဆေးလိပ်က လွဲပြီး ဆေးလိပ် မထင်ဘူး တို့
ဘယ်ဆေးလိပ်မှ ကဗျာမထင်ဘူး တို့
မင်းတို့သောက်နေတဲ့ ဆေးလိပ်တွေ
တို့အရင်သောက်ခဲ့တဲ့ ဆေးလိပ်တွေလောက်
ဆေးလိပ်စဉ် မမီဘူး တို့
ငါသောက်တဲ့ဆေးလိပ်မှ ဆေးလိပ်ကွ တို့
ကျွန်မ ရှင်သောက်နေတဲ့ ဆေးလိပ်တွေကို နားမလည်ဘူး တို့
ဆေးလိပ်ခေတ်အသစ်ရောက်ပြီလို့ ကြွေးကြော်
နေကြတဲ့အသံတွေကို ဘယ်လိုမြင်လဲဆရာ တို့
သူတို့ဘာသာ(နဲ့)သူတို့ ကျန်းမာရေးကို
ဆိုးရွားစွာထိခိုက်သွားပါလိမ့်မယ် တို့
ဆေးလိပ်ကို ခံစားချက်နဲ့ သောက်သင့်တယ် မထင်ဘူးလား တို့
ရှင်ကျွန်မနဲ့ဆေးလိပ် တစ်ခုခုကို ရွေးပါ တို့
ဒါတွေနဲ့ တစ်ခုမှ မဆိုင်ဘူး (လား?)
လူတွေဟာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ပုံ
တစ်ယောက်နဲ့ တစ်ယောက် ‘ဆင်’ နေကြတယ်
(လာပြန်ပြီ ! တစ်ယောက်ပြီးတစ်ယောက်လို့ မသုံးချင်ဘူးလား)
ဒါကတော့ ဘယ်သူ သောက်ပုံ
ဒါကတော့ ဘယ်သူ ဆေးလိပ်ခဲ ပုံ
ဒီဟာက ဘယ်သူ ဆေးလိပ် လက်ကြားညှပ်ပုံ
ကွဲပြားမှု ရှိသင့်တယ် မထင်ဘူးလား
ဆေးလိပ်
မီးခိုး
တွေအ
ရမ်းမွှန်
တာပဲ ၊၊ ၊၊
အိုခေ ကျွန်တော် မီးသတ်လိုက်မယ်
(ဆိုရင် နောက်ထပ်သောက်စရာ)
ဆေးလိပ် ကုန်ပြီ ၊၊ ဗျာ ၊၊
တစ်ကယ်က ဆေးလိပ်မရှိတော့တာပြောချင်လို့
ဒီလိုင်းအထိခေါ်လာတာပါ ၊၊ ၊၊
(မှတ်ချက် ၊၊ ၊၊ ခေါင်းစဉ်အားကန့်ကွက်ပါသည်
ဆေးလိပ်သည် ကဗျာမဟုတ်ပါ ၊၊ )

ဇာတိ

Sunday, October 24, 2010

ဘာသာစကားနဲ့  အာရုံနောက်စရာဝါကျများ ဆင်ယင်မထုံးဖွဲ့ မီ

အင်္ကျီကိုချွတ်ပြီး ပြန်ဝတ်လိုက် ချွတ်လိုက်

လိုင်းကို ဖြတ်တောက် ပြန်ဆက်လိုက် ချွတ်လိုက်

ပုံမှန်အတိုင်းဆို စကပ်အောက်က

စွဲစွဲလမ်းလမ်း လမ်းပေါ်လျှောက်သွားစဉ်
ပစ္စည်းအကောင်းစား

စိတ်ကမတင်မကျနဲ့မျက်မှောင်ကြုတ်လိုက်
ပြန်ကြည့်လိုက်

ချုပ်လိုက် လမ်းကြောင်းကို အပီချုပ်လိုက် အမှီ

ဒေါသတွေလျှံတက်လာတယ် ကဗျာမှာလာ

ဒေါသသင့်တယ်လို့ပြောချင်နေတာ
သူမက

တစ်ဆိတ်မိုက်လွန်းတယ် အဲ့ဒီဖက်ရှင်က

ကြည့်တဲ့မျက်စိရယ် ရှည်လျားတဲ့အကြည့် မျက်စိရယ်

ဖြည်းဖြည်းချင်းပဲ ရွဲလာတယ် နေရာဒေသ

တစ်ကိုယ်လုံးကို ပေါ်တင်ရှိုးထားတော့ နေရာပြောင်းတယ်

ဘော်ဒီကို တစ်စောင်းကြည့်တယ် ပြန်ကြည့်လိုက်

အလုပ်လုပ်ခြင်း အဆက်အသွယ်ကောင်းကောင်း စေ့စပ်

ညှိနှိုင်းမှု အပိုင်းအစတွေက သိမ်းဖို့ခက်လွန်းလို့

နေရတာက အဆင်မပြေ လေတယ် ချွတ်တွတ်တွတ်နဲ့
ပြန်ဝတ်လိုက်။ ။



ပန်းချီ

ပြောမလား ၊ ပြေးမလား


ဒီနေ့ - ဟာ
ကဗျာရှည်ကြီးတစ်ပုဒ် ရေးဖို့ စီမံကိန်းနဲ့ 
အခန်းတစ်ခါးကို ဆွဲပြီးတောင်ပိတ်လိုက်တယ်
ပတ်တိတ်လို့ ပိန်း ပိတ်လို့  ပိန်းလို့ 
ပတ်မနိုင် တိတ်မနိုင် ငါ့ အာရုံဝိသေသတွေ
လွန်ခဲ့တဲ့ကိုးလလွယ်ဆယ်လဖွား ကတည်းက
လက်နက်ခဲယမ်းမဲ့ ဖြစ်ခဲ့ရတာ
လက်တွေရော ခြေတွေနဲ့ ပါ လမ်းပေါ်လူးရင်းလှိမ့်ရင်းက
ပြောင်းလဲပစ်လို့ မရတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ 
လေပေါ်တိုက်တွေ ဆောက်လုပ်နေခဲ့တယ်
ငါတို့ အိမ်တွေ လေပေါ်မျောလွင့်
လေလေချင်းရိုက်သံတွေ ပွက်လောညံလို့ 
လေပူဖောင်း အိမ်ကလေးတွေပေါ့
လွတ်လပ်မှုကိုတမ်းတ လွတ်တစ်မျိုးလပ်တစ်ဖုံ
ငါ့ကိုယ်ငါ အကောင်းဆုံးတွေပဲ ပေးချင်ခဲ့တာ
ငါက ဘယ်သူ ဘယ်ဝါ ဘယ်ဟာ
ငါ့ပွိုင့်မှာနီတဲ့မီးဆိုမှတော့ မိနီပေါ့
သူက အော် (or) လား .... မသေချာဘူး
အရောင်တွေရဲ့ စီမံကိန်းကြီးတစ်ခုထဲက
မုန်တိုင်းအဆင့် သတ်မှတ်ချက်တစ်ခု
လိမ္မော် အညို အနီ အဖြူ အနက် အရောင်ပဲ
ငါတကယ် စိတ်မကောင်းဖြစ်ခဲ့ရတာပါ
မင်းဖျားနာနေတယ် လို့  ကြားကြားချင်းပေါ့
ငါ့ကို စိတ်ကောင်းစေတာတစ်ခုက
ငါမပါပဲ မင်းတစ်ယောက်တည်းသွားတော့မှာ
ကောင်းပါတယ် အမျှ အမျှ အမျှ
ငါပေးဝေပါတယ် .....
မင်းနဲ့ ပက်သက်သမျှ အစုတ်အပြတ်တွေအကုန်လုံးပေါ့
လုပ်လက်စလေးတွေလည်း ရှိနေသေးတယ်
စကားဖို စကားမတွေ ထိုးမနေတော့ဘူး
အာဖာ ဘီတာ ဂါမ်မာ အစဉ်တကျစီ
ငါဖောက်ခွဲပစ်လိုက်ရမလားပဲ ပြော
စကားမြုပ်ဗုံးတွေ တက်မနင်းခင်ထိ
ဒါ အသံအိုးကတဆင့် လည်ချောင်းရဲ့ ထွက်သံ
အိုးအနက် ထွက်လာတဲ့ စကားသံ စကားတူ
ဖြတ်ထုတ်မှုအဆုံး အာလိုက်တဲ့စကားဒွိတွေ
အက်ထလာတဲ့ စကားလုံးတွေရဲ့ ဒွိသံ ဟသံ
နောက်ဆုံး လေပူဖောင်း နှစ်ဆယ့်ကိုး လုံး
ဟာလာဟင်းလင်းထဲ တင်ခြင်းခံလိုက်ရတဲ့ မေးခွန်းတွေ
အစာမကြေဘူး အစာမကြေဘူးပဲ အော်နေတယ်
ရော့ ဒီမှာ ဒိုင်ဂျက်စ်ဖြစ်စေဖို့  ဒိုင်ယာလော့ခ်တွေ
သရုပ်ပြ သူတွေလည်း ရှိနေမယ်
ဆာလောင်မွတ်သိပ်နေတဲ့ ဗိုက်တွေထဲ
ခင်ဗျား လက်တစ်ဖက်ဖြစ်ဖြစ် ထိုးထည့်လိုက်စမ်း
ဘ၀ ဘ၀ သီချင်းသံတွေ ကြားရလိမ့်မယ်
အဲ့ဒီ သတ်မှတ်စံလွဲ
ဘ၀ဆိုတာ ခွေ့ ပွဲ
အားလုံးခွေ့ ကြ နွားရိုင်းသတ်ပွဲတွေလို ခွေ့ ကြ
နိုင်တာ မနိုင်တာ အပ ထားပြီး ခွေ့ ကြ
ခွေ့ တာကို ခွေ့ တာမှန်းသိသွားအောင် ခွေ့ ကြ
အမှန်က / လောလောဆယ်
ဒီခေါင်းထဲဖြစ်နေတဲ့ စစ်ကြီးရပ်ဖို့ 
သူမရဲ့ပန်းနုရောင် နှုတ်ခမ်းသားဖူးဖူး
နေရာတကျ ပြည့်တင်းပြီးသား ခန္ဓာကိုယ်
သူမရဲ့ စိတ်ကျေနပ်မှု ပေးနိုင်တဲ့ ဆက်ဆံမှု
ဘာတစ်ခုမှမလိုဘူး ဟုတ်တယ် / မဟုတ်လား
အချိန်ကန့် သတ်မှုတစ်ခု လိုပါပဲ အမြဲလှုပ်ရွနေမယ်
နာရီလက်တံတွေထဲမှာ အဲ့ဒီဘ၀က ရွကလိစိန်နေတာ
ဒီအတံကလေးတွေကို မယုံကြည်တော့ဘူးလို့ ပြောတယ်
စက္ကန့် ခြောက်ဆယ်ပြည့်တဲ့အခါ သတ်မှတ်ချက်တစ်ခုရတယ်
တစ်မိနစ် (သို့ ) မိနှစ်ဝက် နှစ်ကြိမ်
(သို့ ) ဟုတ် ........... ဆယ့်ငါးစက္ကန့် လေးကြိမ်
(သို့ ) လော (သို့ ) လော
ငါ့မှာ ပြောစရာတွေက မကုန်ခမ်းနိုင်သေးဘူး
နာရီလက်တံတွေ ငါ့ကို လာလာချောင်းနေကြတယ်
သူတို့ ချောင်းမြောင်းလုပ်ကြံဖို့ အချိန်မရအောင်လို့ 
ငါမြစ်တွေဆီထွက်သွား (အဲ) မဟုတ်ဘူး
အားလုံးကိုငါကျော ခိုင်းလိုက်တယ်
မျက်နှာမူ လျက်သားကြီးနဲ့ .................။

ဖျာ

ဖျာလေ...ဖျာပဲလေ ...ဖျာပဲပေါ့
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့
သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ
လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။
လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ်
ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ
လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ
ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။
အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလို ဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊ သံဃာတော်တွေထိုင်တဲ့ဖျာ ၊ အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။


(ရင်ခွင်ရှိန်း)

Saturday, October 23, 2010

ကျွန်တော် ဆရာဝန်တစ်ယောက်ပါ

သီလ သမာဓိ ပညာ ကြီးမြတ်တော်မူခြင်း ဂုဏဝုဒ္ဓိဂုဏ်တို့နှင့် ပြည့်စုံသော သက်တော်ရှည် ဝှေးစေ့ ("လဥ" သို့ "ဂွေးဥ" ဟူ၍လည်း အရပ်ခေါ်ရှိသည်) သည် သတ္တဝါ တို့၏ အဖို ဂုဏ်သတ္တိ ၊ အား ၊ သည် အဖို…….အဖို…ချင်းထိကြည့်ပါလား……ဘာမှမလာဘူး။ဘာမှမလာတော့…..ဘာမှမဖြစ်ဘူးပေါ့ကွာ အမအမချင်း ထားရင် ပြဿနာမဖြစ်ပေမဲ့ အဖို နဲ့ အမ ထိတွေ့ တဲ့ အခါမှာ လျှော့ပ် ဖြစ်တာတို့ ဝှေးစေ့တင်းလာသည် ဝှေးစေ့ အပေါ်ကပ်လာသည် Scrotum အရေပြား ထူအမ်းလာသည် ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ အင်္ဂါဂြိုဟ်ခုံ(အဖို)ရဲ့ အစွမ်းသတ္တိကတော့ အနုပညာဗီဇနဲ့ သက်ဆိုင်ပါတယ်။ သုတ်ကောင်များကို ဝှေးစေ့မှ ထုတ်ပြီး ... လူပျို ဖော်စဝင် သောအခါ တစ်ယောက် ဘော (ဝှေးစေ့) ကို တစ်ယောက် က ကန်မယ် အမြန်ပြန်ထနိုင်တဲ့သူ လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး ပိုမို မြင့်မားသည်။ “အမျိုးသား လိင်အင်္ဂါ” သည် အမျိုးသမီးများအတွက် အရေးကြီးသည်ဆိုသော သက်ဝင်ယုံကြည်မှုမှ လူငယ်များအတွက် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် အခြားအသိပညာ အတတ်ပညာဆိုင်ရာ ချိတ်ကလေးများ ပါဝင်ပြီး အမျိုးသမီး၏ လိင်အင်္ဂါ အတွင်း ထည့်သွင်း ပူးပေါင်းလိုက်ခြင်းဖြင့် အမဓာတ်၊ ဆွဲငင်အား ၊ တွန်းကန်အား ၊ အခံဓာတ်၊ အတိုက်ဓာတ်၊ အပြုဓာတ် လို့ သတ်မှတ်ထားတဲ့ လိင်အင်္ဂါ အစိတ်အပိုင်းတွေဟာ အရွယ်အစားပေါ် မူတည်ပြီး စိတ်ဓာတ်ရေးရာ ပိုင်းဆိုင်ရာ အချို့နေရာများမှာ လိင်ဆက်ဆံခြင်းအရသာကို ကောင်းမွန်စေတဲ့ အဖိုဓာတ် နှင့် အမဓာတ် ကို ကိုယ်စားပြုသော အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်တို့၏ သင်္ကေတ အပေါင်းဓာတ်ကို ရပါတယ်။ electron မှာ အနှုတ်ဓာတ် (အမဓာတ်) ရှိလို့ပါ။ ထို့ပြင် လမ်းညွှန်ချက်အရ 'လိင်အင်္ဂါ နှင့် လွန်ခဲ့သည့် မတ်လက ဖြန့်ချိခဲ့သည့် လိင်အင်္ဂါ အခြား အမျိုးအစား တွေဟာ “မ-ကို ကျား” အဖြစ်၎င်း လိင်အင်္ဂါ ပြောင်းလဲ Tran sexual နိုင်ပြီ ဖြစ်သည်။ လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင်လုပ်နိုင်တယ်။ အိုနာဆစ်က ၎င်း၏ရွက်လှေကြီးရှိ ထိုင်ခုံများတွင် ဝေလငါး လိင်အင်္ဂါ အရေပြားကို တီထွင်နိုင်ရန် ကြိုးစားခဲ့သော်လည်း သူအသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူ့ဟာက ခွဲစိတ်ထားတယ်လဲပြောသေးတယ် နည်းပညာကျကျပြောရလျှင် အပြင်ထွက် လိင်အင်္ဂါ (Intromittent Organ) ဖြစ်ပြီး မွေးဖွားစဉ်အချိန်မှာ လိင်အင်္ဂါ ၂ မျိုးစလုံး ပါဝင်လာခဲ့ တာပါ။ Sildenafil ဆေးသောက်လိုက်ရင် အလိုလို လိင်အင်္ဂါ တင်းမာလာနိုင်ပါ သလားဆရာ။ ကျစ်လစ်သွယ် လျတဲ့ ပေါင်တံ တွေက မြင်ကွင်းထဲမှာ ထင်းကနဲဆိုတော့ ?? ယင်းသို့ ဖြစ်ရခြင်းမှာ တစ်ရက်ကို အကြိမ်ပေါင်း ၃ဝဝ လောက် လိင်ဆက်ဆံ လိုတဲ့စိတ်ဖြစ်ပေါ်တဲ့ (Persistent Sexual Arousal Syndrome)PSAS တဲ့ ၊၊ ကိုယ်ကြိုက်နှစ်သက်လို့ လိင်ဆက်ဆံ ပတ်သက်တာပဲဖြစ်ဖြစ် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုသာ အသုံးပြုကြ ရမယ် ဆိုရင် လိင်ဆက်ဆံ ခြင်းဖြင့် ဂုဏ်ယူနိုင်ပါကြောင်း F.E.P.B
တရားရုံးက သောကြာနေ့က ပြောကြားခဲ့သည်။
 ဇာတိ
 
 အညွှန်း - www.google.com

Thursday, October 21, 2010

ဖွတ်

ဖွတ်လောက်တော့  ဖွတ်တိုင်းဖွတ်နိုင်ကြပါတယ်၊
ဖွတ်သတ္တဝါ ၊ ဖွတ်ကျား ၊ ဖွတ်စအိုနာ ၊ ဖွတ်ချေးမြေ ၊
ဖွတ်ဥကျည် ၊ ဖွတ်သိုနာ ၊ ဖွတ်မြီးထိုး ၊ ဖွတ်ဖွတ်ကြေ ၊
နေမြဲလည်း ဖွတ်ပဲ ၊ ဇာတိ ၊ ပန်းချီ ၊ ဇောင်းလူ ၊ ရင်ခွင်ရှိန်း
ဒီငတိတွေလည်း ဖွတ်ပဲ ၊ အပေါ်မှာပါတဲ့  ဖွတ်တွေထဲက တစ်ဖွတ်ပဲ ၊
လူကုံထံ ၊ လူကြုံပါး ၊ လူခြေတိတ် ၊ လူစေ့တက်စေ့ ၊ လူစဉ်မီ ၊ လူစိမ်းလူရွမ်း ၊
လူစွမ်းကောင်း ၊ လူစွမ်းလူစ ၊ လူဆိုးလူသွမ်း ၊ လူညွန့် တုံး ၊ လူတန်းစေ့  ၊ လူနံ့ ၊
လူပါးလူနပ် ၊ လူပေါသော ၊ လူပေါက်သောက် ၊ လူပေါင်းဆံ့ ၊ လူပျက် ၊ လူပြက် ၊
လူပြန်တော် ၊ လူပြိန်း ၊ လူဖလံ ၊ လူတော် ၊ လူမမည် ၊ လူယောင်ပြ ၊ လူရတက် ၊
လူရည်ချွန် ၊ လူရည်လူသွေး ၊ လူရည်လည် ၊ လူရိပ်လူရောင် ၊ လူရှုပ်လူပွေ ၊ လူလည်လုပ် ၊
လူဝါးဝ ၊ လူဝံ ၊ လူအဝုန့်  ၊ လူကန့် လန့် ၊ လူဂွစာ
တွေထက် ဖွတ်နိုင်တဲ့  ဖွတ် ၊ လက်နှိတ်ဓာတ်မီးထိုးပြရုံနဲ့  ငုတ်တုတ်မေ့ နိုင်တဲ့ ဖွတ်ပဲ ၊
တောင်ပို့ မှန်း သိအောင် စေတနာ ဗရပွ နဲ့  ဗရုတ်သုတ်ခ ထွက်ပြတဲ့ ဖွတ်ပဲ ၊ အင်္ဂလိပ်ကြက်ဖ
ဘိုကြက်ဖထက် ငြိတဲ့  ဖွတ်ပဲ ၊ ပုဆိုးကြမ်းဆို အမဲဝမ်းတွင်းသားလောက်ပဲ သိတဲ့ ဖွတ်ပဲ ၊
စတော်ဘယ်ရီနဲ့  နွားနို့ ဆိုတာ ကျောထောက်နောက်ခံကောင်းမှ စိတ်ချလက်ချ မွှေလို့ ရတဲ့ 
ကစားစရာတစ်မျိုးမှန်းသိတဲ့  ဖွတ်ပဲ ၊ ဖွတ်တက်မွဲတွေ ရန် ဝိုင်းဝန်းဘေးတီးဆိုပြီး ပေါ်ပေါက်လာတဲ့ 
ဖွတ်ပဲ ၊ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာမယ့် ဖွတ်ပဲ ၊ ဖွတ်တွေရဲ့  ဘဝပေးဟာလုံးဝမကောင်းခဲ့ရှာဘူး ၊
သူတို့ ဟာ ဘလိုင်းကြီးကို မျက်နှာမွဲ ဖြစ်ရတယ် ၊ ရှေးစာဆို ဘဘကြီးတစ်ပွေဟာ ဖွတ်ကို မျက်နှာမွဲ နဲ့ 
နှိုင်းခဲ့ တော့  သူတို့ ဘဝပေးဟာ ငမွဲဖြစ်သွားရရှာတာ ၊ အသံထွက်ကိုတောင် ညစ်ညမ်းတယ်ပြောလိမ့်မယ်၊
ခင်ဗျားကို....ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ်
အိုဘာတဲ့ .......ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် အဲဒါလည်း ဖွတ်ပဲ ၊
ဖွတ်ကို ဖွတာလေးကိုတော့ သဘောကျတယ် ဖွတ်ပဲ ၊ ဒီနေရာနဲ့ ဆုံးတာကိုတော့ မကြိုက်ဘူး ဖွတ်ပဲ ၊
ဘုရားမှတ်လို့  ရှိခိုးကိုးကွယ် ပြောတဲ့ အဒေါ်ကြီးလည်း ဖွတ်ပဲ ၊ ဖွတ်လောက်တောင် အသုံးမကျတဲ့ 
ဖွတ်စကားပုံလည်း ဖွတ်ပဲ ၊ ယူချင်တာယူ ကျွန်မဘဝကိုတော့ မယူပါနဲ့ ဆိုတဲ့  ဒိုင်ယာလော့ခ်လည်း ဖွတ်ပဲ ၊
ပုတက်ရှေ့ မှာ ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့်  ပါတဲ့  ဖွတ်ပဲ ၊
ဆက်ရေးလိုက်ရင် အနက်မရှိတဲ့  ဆီသွားမယ့် ဒီကဗျာကို
ခင်ဗျားလည်း ကမ္ဘာပတ်စရာမလို ကဗျာဖတ်နေတဲ့  ဖွတ်ပဲ ။           ။


အညွှန်း - http://www.ayinepan.com/literature/spelling  

               ကဗျာဆရာ ရင်ခွင်ရှိန်း

Wednesday, October 20, 2010

ကမ္ဘာ့ ကဗျာ ချစ်စရာ့လက်များ လတ်လတ်ထ FEPB ကမ်းခြေဟာ လှလို့  / ပလို့ 

Click  >>>>> to Friday Endings Poetry Beach ?
Access Denied (policy_denied)
212.93.193.90 ------------ 443
Enter ဖုန်း .......... Endings >>>> ဖုန်း
ကျွန်တော် login လိုက်တယ် dashboard ဖုန်တွေအလိမ်းလိမ်းတက်လို့ 
Refresh လိုက်တဲ့အချိန် Friday Ending ဟာ သန့် စင်သွားတယ်
ကျွန်တော် ကဗျာရေးဖို့  New Post လိုက်တယ် ။ တကယ်က ကျွန်တော် ကဗျာဆရာမဟုတ်ဘူး။
ကဗျာဆရာ ဖြစ်ရင်ပိုကောင်းမယ်လို့ ထင်လို့  ဒါပေမယ့် မဟုတ်ဘူး ။
ကဲ ကျွန်တော်တို့  ကဗျာစရေးကြစို့ ......
ကဗျာ ဟာ ကဗျာဖြစ်သွားတယ် မဖြစ်ချင်ဖြစ်ချင်နဲ့ ကို ဖြစ်သွားခဲ့တာ
Lable မှာ ကျွန်တော့်နာမည်ကို ရေးရတာ သတ်မှတ်ချက်တစ်ခုလို့ မသတ်မှတ်ပဲ
အများနည်းတူ ကွဲပြားသွားအောင်လို့  ဘာပဲဖြစ်ဖြစ် ရေးလိုက်တယ်
စက္ကန့် ပိုင်းလောက် ကြာတော့ နေမြဲ က လက်ခုပ်ထတီးတယ် (သူတီးနေကြအသံမျိုးနဲ့ )
အဲ့ဒါက ဒီကဗျာ့ အရင်က ကဗျာတွေကို ဆိုလို တာပါ
ဒီကဗျာမှာ အပြီးမှာနားစွင့်တယ် သူ တီး မ တီး ပေါ့ .....
ဘာလို့ လည်းဆိုတော့ ဒီကဗျာမှာ Friday Endings Poetry Beach ဆိုတာပါ နေတယ်။
ကျွန်တော် logout လိုက်တယ် ။
Next Teb မှာ Conceptual တွေအကြောင်းကို ဘာရယ်မဟုတ်ပဲ ဖွင့်ထားမိတယ်
ကျွန်တော်သတိမထားမိလိုက်ဘူး ဘာလို့ လည်းဆိုတော့ ကျွန်တော် ပညာမတတ်ဘူး
ကျွန်တော် ယုတ္တိတွေ အကြောင်း လူ့ ယဉ်ကျေးမှုတွေအကြောင်း မဖတ်ဖူးဘူး
ဟုတ်ပါ့ .... ကျွန်တော်က မရင့်ကျက်သေးတဲ့ကောင်ပဲ ။ နောက်တော့
ကျွန်တော် ဖတ်လက်စ Anne Boyer ကိုပြန်ထောက်တယ် အဲ့ဒီနေရာမှာ
ပြည်ကြီးငါးဝှေးစေ့ နဲ့ လင်းပိုင်စောက်ဖုတ် ဆိုတာရယ်ကပဲ ကျွန်တော့်ကိုဆွဲဆောင်တာ
ခဏနေတော့ ကဗျာဖတ်ချင်ယောင် ဆောင်လိုက်တယ်
အမှန်က ကိုယ့်အနာကိုယ်ဆေးနေတာ ပုတ်ပွနေတဲ့ အတ္တကိုချွတ်နေတာ
မြို့ တော်ရဲ့လက်တွေထဲက ပြည်သူတွေရဲ့ ခံစားချက်အမှန်တွေကို ကဗျာအဖြစ်နဲ့ 
Publish ပစ်တင်ဖို့ ကျွန်တော်တို့ လက်တွေမှာပဲ ခလုတ်တွေ ရှိနေခဲ့တယ်
ဟော ဟိုမှာ FEPB ဟာ ပင်လယ်ဂဏာန်းတွေ ကြား ပျော်မြူးလို့ 
ဒုစရိုက်ကောင်တွေအတွက်လည်း သူ့ မှာ လေနီကြမ်းတွေ ရှိနေတယ်လေ
ကဗျာတွေဟာ ရှင်သန်ဖို့  သူ့ ကမ်းခြေလေးကိုပဲ ပွတ်တိုက်သွားနေကြတယ်
ကျွန်တော် ပြန် login လိုက်တယ် ။ Friday Endings Poetry Beach ရှိနေတုန်းပဲ ။
တစ်နေ့ ကမ္ဘာ့ ကဗျာ သမိုင်းထဲမှာ Friday Endings ကိုတွေ့ လိုက်ရတယ်။
" ကမ္ဘာ့ ကဗျာ ချစ်စရာ့လက်များ လတ်လတ်ထ FEPB ကမ်းခြေဟာ လှလို့  / ပလို့ " ဆိုတဲ့ခေါင်းစဉ်နဲ့ ။


မှီး = ကြိုက်လွန်းသွားတဲ့ Anne Boyer ၏ "Why I Am Not A Flarfist" ကဗျာ၏ကျောရိုးနှင့် အချို့ 
သောစကားလုံးများ အားပြန်လည်မွေးစား ၍ (မတုတစ်တူ) ကော်ပီရိုက်သည်။
Link = http://artvoice.com/issues/v7n12/introducing_flarf

(s) ပြဿနာပဲ ! ပျော်တယ်

အရာအားလုံးလဲလှပနေပါပြီ. အရမ်းပျော်နေပါလားညီမလေး... hee ...
16 Sep 2009 ... တန်ဖိုးမ ဖြတ်နိုင်တဲ့ ခင်မင်မှုကို ရရှိမိ တဲ့အတွက် ပျော်တယ်။
:P ပြီးတော့ EAST ...မေ့ ပျောက်မှု အဝိဇ္ဇာကြောင့်ကာရာအိုကေ ဆိုမယ့်အစား
ရည်းစားလေးနဲ့ စကားပြောရတာ ပျော်တယ်။ ...
24 Sep 2009 ... ပျော်တယ်ကွာ။ရေလည်ပျော်တယ်။
ငါ့ဘာသာလည်း ပျော်တယ် ... ငါကြောင့် သူများတွေဇာတ်လမ်းတွေ ကြည့်တဲ့အခါ ပျော်တယ် ...
ပျော်မှတော့ ပျော်ကြောင်းပြောတော့မလားကွယ် ..ကြည့်ကြပ်လည်းပျော်ပါဦး...
ပျော်တယ် လူတင်မကဘူး နှာခေါင်းထဲကလဲ ပျော်တယ်
ကျနော်တို့ မြန်မာ ပြည်သားတွေက အလှူဆို အားလုံးက တက်ညီလက်ညီပဲ၊
မပြန်ချင်ဘူး။ ပျော်တယ် ပျော်တယ်.. ဒို့ လဲ ပျော်တယ်..း))
လမ်းဘေးနားက ၀က်မကြီး အိမ်ပေါ်ခေါ်ကာတက်ခွစီး.... တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ… ငါ ပျော်တယ်…
ပျော်တယ် ဟေ့ ပျော်တယ် ဟေ့ :P တိတ်မလိုချင်ရှာဝူးးးး ထင်ဘ...... :geek:
တရားထိုင်နေတယ်။ တရားထိုင်နေရတာကိုပဲ ပျော်တယ်။ ဒါကို ရှေးတုန်းက ခံ့တယ်လို့ဆိုတာ။ ...
ကွမ်းသီးပင်တွေကို ကြည့်ရင်း ပျော်တယ်။ သားသား ပျော်တယ်
မိုးကောင်းကင်ကို ကြည့်ရင်း ကြယ်တွေကို အသံထွက်ပြီး ရေတွက်ရတာကို ပျော်တယ်
လက်ဆောင်လေး တွေရရင် ပျော်တယ်၊
နောက်ပိုင်း လုပ်ပေးခွင့်လေး ရနေသေးတဲ့အတွက် ပျော်တယ်။
နောက်ငါးတကောင်က စင်ကာပူက Bird Park ရောက်တိုင်း ငှက်ပုံလေးတွေ ချွေးတလုံးလုံးနဲ့ လိုက်ရိုက်ရတာ ပျော်တယ်
ဒါပေမဲ့ကလေးတွေက စစ်တိုက်တမ်း ကစားရတာ ပျော်တယ်၊
ကျွန်မကဘာမှန်းမသိဘဲ အော်ရယ်နေမိ ပျော်တယ်….ဒါပဲသိတယ်လေ……….ပျော်တယ်… ...
အေ့ အေ့. . ဒီနှစ် ကမ္ဘာဖလားပွဲမှာ အညစ်ပတ်ဆုံး အသင်း ရှုံးသွားတာ ...
ပျော်တယ်၊ ဒါပေမယ့် စာမေးပွဲလို့ဆိုလိုက်တာနဲ့ စာဖတ်မရတော့ဘူး၊ ..
စီးရီးအေ အတွက် ဂုဏ်တစ်ခုပေါ့ဗျာ.. ပျော်တယ် ပျော်တယ်.. Drogba လည်းရဦးမှာပဲ
ပျော်တယ်။ သဇင်က မင်္ဂလာပွဲသွားရတာ အရမ်းစိတ်ဝင်တယ်။ သူများတွေ ပျော်နေလို့ ...
ကျန်ရစ်သူ ဇနီးသည် အမျိုးသမီးထဲမှ တစ်ဦးဖြစ်သူ ခါးမိုက " ကျမအရမ်းကို ပျော်တယ်၊ ...
နာလည်း အပျော်မောင်လုပ်မယ်ကွ... ဟေးး ပျော်တယ် ပျော်တယ်.
ဒါပေမယ့် အရမ်းပျော်တယ် ၆ ၇မ်း ပျော်တယ် ၇ ရမ်း ပျော်တယ် ကဲဗျာ ၁ဝဝရမ်း ...

သီချင်းဆိုရတာကိုလဲ ပျော်တယ်.. အားပေးကြတဲ့ ကွန်မန့်လေးတွေကိုဖတ်ရတာလဲ ပျော်တယ်. ...

ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက် .... ကျွန်မ ပျော်လည်း ပျော်တယ်

ဂုဏ်လည်း ဂုဏ်ယူမိတယ်။

ပျော်တယ်။ ဥာဏ်လည်း ပိုကောင်းတယ်။ ... လေ့လာခွင့် ရရင်လည်း ပျော်တယ်

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက်လက်ဆောင်တွေ ဖလှယ် ကြတယ် ဆိုတော့ အရမ်း ပျော်တယ်။

ပျော်တယ် ဆိုတာလည်း တဒင်္ဂဖြစ်ရပ်တွေဆိုတော့ အဲဒီလူရဲ့ ဘဝကြီး တစ်ခုလုံးအပေါ်

မှတ်သားစရာပါ

ဒါပေမယ့် ကျနော်ကတော့ တွေးရတာ ပျော်တယ်။

ငယ်ငယ်တုန်းက မိုးရွာရင် ပျော်တယ်၊

သီလဆောက်တည်တယ်။ သီလဆောက်တည်ရတာကိုပဲ ပျော်တယ်

ငှက်တွေက လေ ထဲမှာ ပျံနေရ တာကို ပျော်တယ် ထင်လား

ပုံမှန်အားဖြင့်တော့ ယတြာပါ ပစ္စည်းတွေ လိုက်စုရတာ ပျော်တယ်။

ဧည့်သည်တွေ ပြန်သွားရင် ဘယ်လိုခံစားရလဲ ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ် ကိုယ့် အကြောင်း မကောင်းတာ ပြောတာ ကြားရရင် အရမ်း ပျော်တယ်။တစ်ချို့က ဘုရားကျောင်းမှာ ပျော်တယ်။ တစ်ချို့က သာပေါင်း ညာစားတာကို ပျော်တယ် တစ်ချို့ကလမ်းဟောင်းကနေ ဖောက်ထွက်ပြီး လမ်းသစ်ထွင်ရတာကို ပျော်တယ်။ ကဗျာရေးဖွဲ့ရတာ ပျော်တယ်၊မီးလာတဲ့နေ့မှာ ပျော်တယ်ကိုယ်တိုင်ပါဝင်စီစဉ်တဲ့ အရူးလုပ်ခြင်း အစီအစဉ်လေး ပေါက်သွားတာတော့ ပျော်တယ်။

မမက အဲဒီဘဝမှာ အ သားကျနေပြီ။ ပျော်တယ်။ .... ဒါ ကို လုပ်နေရရင် ပျော်တယ်။ နောက် ငရဲသားတွေ ငရဲမှာ နေရတာ ပျော်တယ်။ အရမ်းကို ပျော်တယ် ဦးရယ်။ ကလည်း ကပြတယ်။ သီချင်းလည်း ဆိုပြကြတယ်၊သူဘေးမှာနေပြီး နွေးနေတဲ့ သူဗိုက်ကို ခေါင်းအုံးအမှတ်နဲ့ အိပ်ရာတာကို ပျော်တယ်။ တားတား ပျော်တယ်။ ပေါ့နော်. ... ပျော်တယ်…. မပြောပြတတ်ဘူး.. ဘာညာဆိုပီး.. ခပ်တည်တည်နဲ့ ကို ပျော်တယ် ပျော်တယ် ဒို့ပျော်တယ်.. ခွိခွိ.. အူယားလာပီနော်.. ဟီးဟီး ၊၊ ပျော်တာတော့ ပျော်တယ် .. ဒါပေမဲ့ ဒါဏ်ကြေဆေးလိမ်းပြီးအိပ်နေရတယ်ဗျ .... အီးဟီးဟီး ၊၊

အကြွေးမှတ်ထားနော်........ ပျော်တယ် ပျော်တယ် .....တူနယ်တူနယ် နေ့တိုင်း ပျော်တယ် ၊၊

အတိုက်အခံရှိရင် ပျော်တယ်။

စာအုပ်တွေ မြင်နေရရင် ပျော်တယ်။ ... တသသ လုပ်နေရရင် ပျော်တယ်။ အလိုလို ပျော်တာ။

အစ်မကြီး မိသားစု အတွက် ပျော်တယ်။ခရီးသွားရတာ ပျော်တယ်၊ တခါတလေ ကိုယ် မသိတဲ့ ဟာတွေကို သိရတာ အရမ်း ပျော်တယ်ဥပမာ။ ။မနက် ၆း၀၀ ထတယ်။ (ပျော်တယ် ၈မှတ်) ၆း၃၀ လမ်းသွားလျှောက်တယ်။နီးနီးကို ဆိုက္ကားစီးကြသေးတယ် ဘာလို့ လဲ မသိ ဆိုက္ကားစီးရတာ ပျော်တယ်။

ဒါကိုသိတော့ သစ်ပင်ကလဲ ပျော်တယ်

ရှင်မပျော်လဲ ကျမတို့ ပျော်တယ်။ ကဗျာဆရာ ဆက်ပြောပါ။

ဖြည်းဖြည်းပဲ ရေးခဲ့ပေမယ့် အားလုံးရေးလို့ ပြီးသွားတော့

စောက်ပြဿနာ ပဲ ! ပျော်တယ်။

ဇာတိ ၊ နေမြဲ

Source : www.google.com


Tuesday, October 19, 2010

အ / အန် မရပ် သေးဘူး

ဝါးနေတယ်ဟာ မမြင်ရ အနည်းငယ်မြင်ရ ထက် အသံတွေနည်းနည်းတော့ဆူတယ်
အဲ့ဒီနေရာမှာ အပေါက်ကြီးတစ်ခု အထဲ ခုန်ချသွားတဲ့ အရာတွေ အထဲ ခုန်တက်လာ
မျက်လုံးကိုမဖွင့်ချင်တော့လောက်အောင် မှိတ်ထားချင်နေတယ်
မျက်လုံး ဟာ မျက်လုံးကို ပြန်မွေးစားထား ပြီး မြင်နေရတာဟာ မျက်လုံးကိုပိတ်ထားလို့ 
မျက်လုံးပြင်ပကို ထွက်မသွားပဲ မျက်ခွံအတွင်းသားဟာ အာရုံရဲ့သိမှုနဲ့  မိတ်လိုက်နေတယ်
အိမ်မက် မက်နေတယ်လို့  ထင်ရအောင် အိမ်မက်ထဲက ရုန်းထွက်လို့ မရသေးဘူး
အိမ်မက် ဟာ အိမ်မက် နဲ့ နှစ်ပူးတွဲတွဲ ဖြစ်နေတယ် ခွာမရ ခွပ်မရ ချွတ်မရ သေး
ဒါ အိမ်မက်နဲ့ ရေးတဲ့ ကဗျာ ( ပြောင်ချော်ပစ်ချွဲမလုပ်ရ )
မျက်ခွံဟာ မျက်စိနဲ့  စီးချင်းတွေ့ တဲ့အချိန်မှာ အသံတစ်ချို့ ထက်ပိုပြီး ကြားတယ်
ဝရုန်းသုန်းကား ရေးရမယ်ဆိုရင် အောက်ဖော်ပြပါဆိုပြီး ရေးချင်လာတယ်
အပေါ်မှာမဖော်ပြချင်လို့  တိတ်တိတ်ပုန်းချင်လို့ 
အို ကျွန်မ ပစ္စည်းတော့ ကွဲ ပါ ပြီ ....... (ကြားသံ/နာသံ)
ဒီနေရာမှာ လွပ်လပ်ခွင့်ရှိတယ် ခင်ဗျားစိတ်နဲ့ သာ နှိုင်းဆတွေးဖို့ ပြောချင်တယ်ဗျာ
ပြီး နောက်တစ်ကြောင်း အိမ်မက်ကို ပြန်ရောက်သွားတယ်
မြို့ ပေါ်မှာရှိတယ် ကျွန်တော် ကျွန်မ သက်ရှိ သက်မဲ့ အို ဟင် ဟယ် တော့
လမ်းပေါ်မှာရှိတယ် ဒက် ဒက် နှစ်ချက် ပစ်သံ
ဒုတိယ စာကြောင်းရဲ့ အပေါက်ကြီးထဲ ခုန်ချလိုက်တော့ မီးဆလိုက်တွေကိုယ်ပေါ်ကျလာ
ရန်ကုန်မြို့ ပေါ်လမ်းတွေလိုပဲ အဲ့မှာလည်း လမ်းဘေးဈေးသည် နဲ့ ဘာနဲ့ စည်လို့  ကားလို့ 
ခပ်ချောချောမိန်းမတစ်ယောက် ကျွန်တော့်ကိုပြေးဖက်တော့မှ ကင်မရာမန်းတစ်ချို့ ဟာ
လက်နက်ကိုယ်စီနဲ့ ကျွန်တော့်ကို ၀ိုင်းရိုက်ကြတယ်
ဓာတ်ပုံတောင် အရိုက်မခံဘူးတဲ့ကောင်ကို ရှက်တာ ပေါ့ လို့  (မုသားရော)
ဒါနဲ့ ဒစ်စကိုလိုက် တွေထပ်ဖွင့်ချလိုက်တော့ ကျွန်တော်က လကမ္ဘာ ပေါ်ကိုရောက်နှင့်နေပြီ
ကောင်းတာက လူနံ့ တွေ မရှိဘူး ၀ိလစ်စလစ်တွေ မရှိဘူး တိရိစ္ဆာန်မျက်လုံးတွေနဲ့  ကင်းတယ်
ဆိုးတာက လေမရှိဘူး ။ ခဏနေတော့ကျွန်တော် အန်ချပစ်လိုက်တယ်
လေနုကြမ်းတွေပွတ်အဆွဲမှာ အရက်တွေမူးလို့ 
ဒီလောက်အလုပ်နဲ့ လက်မပြတ်တာတောင် ဘယ်အချိန်ကအရက်သောက်မိတာလည်း စဉ်းစားတော့
မနေ့ ညက တေလေ လည်းပါတယ် ကျွန်တော် အန် နေတုန်း
ကျွန်တော့် ညီမလေးတံခါးခေါက်သံ မကြားရ ကြားရ အချိန်ထိ ကျွန်တော် အ အန်မရပ် သေးဘူး
အိမ်မက်တွေထဲ အန် ကဗျာတွေထဲ အန် ကျွန်တော်လည်း အန် ငါလည်း အန်
ခင်ဗျားဖတ်နေတာလည်း အန် ဖတ်တွေပဲ။

Monday, October 18, 2010

ပရော်ဖက်ရှင်နယ် ဒိန်ခဲ

အပျော့အပြဲ နမူနာပုံစံနဲ့ ပရော်ဖက်ရှင်နယ်ဒိန်ခဲကို

စူးစမ်းမိလျက်သား ခင်ဗျားနှုန်းကို လျှော့ချပါ ဆိုလာ

တွေးတွေးအိပ်အိပ် ဇယားချ နေ့စဉ်စားသုံးရေး ပိုလာ

ဝက်ဝံတွေလို ဒိန်ခဲလျက် အဆာဖြည့် အစာရေစာ

ပြည့်တင်းဗိုက်ကားကြီးကို ရိုးမြေကျထက်ပိုဆန်ကာ

ရာသီဥတု ရေအတက်အကျနဲ့ အဖိုးအခပေးရပုံချင်း

ပိုပရော်ဖက်ရှင်နယ် ဗိုက်သားလှ အဆီချ ရွေးစားသုံး

တာ အမြီးလေး အမြည်းလေး စားပြီး ဒိန်ခဲကို လက်မှတ်နဲ့

ဝယ် လေးငါးကျပ်ခွံ့ပေးရတယ် သမားရိုးကျ အပန်းဖြေ

အပန်းပြေ စိတ္တဇဥယျာဉ်မှာ ဘီယာလေးမှာပြီး ဒိန်ခဲ

စား ဒိန်ခဲအစား အခြားအမယ်ပြောင်းမှာ တော့မှာ

အဆီတ၀င်းဝင်း မျက်နှာကိုလိမ်းခြယ် ဆံသ ပရော်ဖက်ရှင်နယ်

ချန်နယ်မှာ ပြသတဲ့ စားဖိုမှုးပရိုဂရမ်ကြည့် အဆီလေး

ဝေ့တက်လာတာ ပိန်နည်းကိုသိ ပိန်နည်းစာအုပ်ထဲက

အစားအသောက် ကျန်းမာရေးနှင့်ညီညွတ် သွေးသား

စိတ်ရောဂါကုထုံးတွေနဲ့ ဆက်စပ်ပြီး အပြောအဆို ဒိန်ခဲ

လောဘနဲ့ခံစားရတာ ဘ၀ကို ပရော်ဖက်ရှင်နယ် သိစိတ်နဲ့

ပေါင်ချိန်ကိုလျှော့ချခြင်းအမှု ပေါင်ချိန်စက်ကိုတက်ခွစီး

ဒိန်ခဲတစ်ပွဲ နှစ်ဖတ် သုံးဖတ် ရယ်စရာမောစရာအနေနဲ့ အပျော်

အပါး ပွဲလမ်း အရူးအမူးကခုန် ပရော်ဖက်ရှင်နယ် လူလည်

မြန်မာပီပီ မြုံ့တာ မြုံတာ


ပန်းချီ

အမှာစာ ၊ အမှာစား ၊ အမှားစာ

ဤသမိုင်း၏ စာကိုယ်၌ သိသင့်သိထိုက်သော အကြောင်းအရာများ ၊
အကျင့်ပျက်ခြစားမှုသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း အသားတကျ
စိတ်ပညာရပ် သည် မည်မျှပင် ကျယ်ဝန်း နက်နဲ စေကာမူ
တုန်နှုန်းမပြည့်တဲ့ အကြံပြုခြင်း
Windows 7 မထွက်ရှိမီ ကတည်းက လမ်းညွှန်ချက် ပေးတတ်သော
ရှင်းတမ်း မာတိကာ ထုတ်ဝေသူ၏အမှာစာ ကဗျာဆရာ၏အမှာစာ ကျေးဇူးတင်လွှာ ဘဝဖြစ်စဉ်
ရေးရာမှာ အဓိကအားဖြင့် အချက်နှစ်ချက် ပါလေ့ရှိ၏။
အားလုံးကိုကြည့်ရှုရန် သတ်မှတ်ချက်ဘောင် အားလုံးကို ကွက်လပ်ထားခဲ့ပါ၊
အားလုံးပြီးခါမှာ.. ဇာတ်လမ်းစာမျက်နှာတွေ.. ဆုပ်ပြဲမနေချင်တဲ့
ကုမ္ပဏီတွေဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီက အလုပ်နေရာ လစ်လပ်ကြောင်း
ဖော်ပြထားပြီး
မူရင်းစာရေးသူ၏ အမှာစာကိုတည့်သွင်းပေးထားပါသည်။ ................မူရင်းစာရေးသူ၏အမှာစာ
ကျေးဇူးပြု၍ . . သူများခူးဆွတ်နေသော အသီးကို ခိုးယူရန်မစောင့်ဆိုင်းပါနဲ့ ...
အရင်ဖတ်ပြီးမှ ဖတ်သင့်လား ဖတ်ချင်လားဆိုတာကို ဆုံးဖြတ်တာနေ့တစ်နေ့မှာ ဘာမှမပါပဲ.. စတယ်.. ဆုံးတယ်.. တစ်ခါက
အန်ကယ့်စာအုပ်ထဲမှာ
ကျန်းမာရေးဗဟုသုတနှင့် ခေါက်ဆွဲဒဿန
မြန်မာစာပေတွင် ဆရာတစ်ဆူဟု ခေါ်ထိုက်သည့် ဆရာကြီး
အမှာစာ မပါတဲ့ ဒီကဗျာစာအုပ်မှာ ပါမယ့် စကားပြေကဗျာတွေအကြောင်းဟာ
အကယ်၍သင်သည် မိဘအုပ်ထိန်းသူလက်အောက်မှ မလွတ်သေးသူဖြစ်က
ကျေးဇူးပြု၍ . . သူများခူးဆွတ်နေသော အသီးကို ခိုးယူရန်မစောင့်ဆိုင်းပါနဲ့
ရေးတဲ့သူက အောက်စ်ဖားဒ်(Oxford) က ပါမောက္ခပါ
သူစာအုပ်မှာ အမှာစာ မပါတာပဲ ဆွေးနွေး ထားပါတယ်။ သူရေးတဲ့ စာအုပ်ရဲ့
ပမာဏနဲ့ အမှာစာ အရေအတွက်ကို ပြန်ပြီးချိန်ညှိဖို့ လိုနေသေးတယ်”ဟု
ပဋိဥာဉ် ဒွေမေဘိက္ခဝေအန္တာပဗ္ဗဇိတေနနသေ၀ိတဗ္ဗော
ထိရောက်စွာ ဆန္ဒပြခြင်း
ဟုတ်ကဲ့ ဘာမှမပြောခင်ကြိုရှင်းပြပါရစေ။
အမှာစာ၊အမွန်းစာ၊အညွန်းလွှာဆိုကတည်းက မွန်းတာညွန်းတာတွေ ရှိလာပါသည်။
လေးနက်စွာရှုံ့ချထုတ်ပြန်
ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများ
သို့မဟုတ် ဒေသခံနှင့်နိုင်ငံတကာ
Laptopများနှင့် PCများအတွက်
ဓာတ်ပုံ မှတ်တမ်း စာအုပ် ကို ပြုစု ရေးသား ဘာသာပြန်ဆိုသူ၏
မပြတ်မစဲ သနားကြင်နာတော်မူသော၊
ချီးမွမ်းခြင်းအပေါင်းတို့သည် စကြ၀ဠာအနန္တအား အဆင့်ဆင့်
စတင်သုံးစွဲခဲ့တဲ့ အချိန်ကစပြီး စမ်းသပ်တင်ပို့ခဲ့ရာ
နိဗ္ဗာန်အကြောင်း ကျမ်းကိုးစာရင်း အခြေခံရူပဗေဒ အနုမြူ-ရူပဗေဒ ဆောင်းပါးကဏ္ဍ
မျက်နှာဖုံးနှင့် အမှာစာ · မာတိကာ · စာဖတ်သူတို့ပေးစာများ · ကဗျာများ · ကာတွန်းများ · ဟာသ
ကြိုတင် booking လုပ်ခြင်း၊ ဖုန်းနှင့် အမှာစာ မှာကြားခြင်းများ၊
ဒုတိယအကြိမ်ရိုက် အမှာစာ နိဒါန်း ပဋိညာဉ် စကားရပ် ဆင်မျိုး ၁ဝပါး ဆင်၏ အတိုင်းအတာ
မူရင်းစာရေးသူ၏အမှာစာ
စင်္ကာပူ လာသူများအတွက် အမှာစာ
ဥယျာဉ်မှုး ၏အမှာစာ
ဘာသာပြန်ဆို တည်းဖြတ်သူ၏အမှာစာ
ဗုဒ္ဓ၏ အနာဂတ၀ံ ကျမ်း အမှာစာ
သိုလှောင်ရုံမှုးသည် “ပစ္စည်းဝယ်ရန် အမှာစာ”(Purchase Requisition)ကို ရေးသား၍ ၀ယ်ယူရေး ဌာနသို့
စာတည်း၏ အမှာစာ
ထပ်ဆင့်ကူးယူဖေါ်ပြသူ၏အမှာစာ
ကွန်ပျူတာနဲ့ စာစီပြီး စာမူထပ်ကြီး တစ်ခု ယူလာပြီး အမှာစာ ရေးပေးဖို့
အမှာစာ ထည့်ပေးပါ၊
အမှာစာ ရေးရမယ့်လူက သည်လောက် မဟုတ်။ ... အမှာစာ ရေးရာမှာ အဓိကအားဖြင့်
ဘယ်လိုရေးမယ်၊ ပြီးတော့ ဘာဘာညာညာ
အောက်ပါအတိုင်းရေးထားတဲ့ အမှာစာတွေ တစ်နှစ်တာအတွက် စုစည်းခြင်းပဲဖြစ်ပါတယ်
သို့သော် အမှာစာ ရေးသူက ဘာတွေရေးမလဲ။
တော်လှန်ရေးလား?တန်ပြန်လား? စာမြည်းအနေနဲ့လား? သဘောတူညီချက်စာချုပ်လား?
အတွေးထဲရောက်လာတာကိုရေးဖြစ်လိုက်တာလား? လမ်းညွှန်လား?
ဖြေတာလား? ဖြည်တာလား? ဆောင်ရွက်မှုမှတ်တမ်းလား?
အမှာစာ သမိုင်းသည် လူ့ ယဉ်ကျေးမှု၏ ဖြတ်သန်းလာသောမှတ်တမ်းတခုဖြစ်သည်လား?

အမှာစာ များသွားပြီ။ ရှေ့သို့ဆက်ဖတ်နိုင်ပါပြီ ၊၊ ၊၊



ဇာတိ (ခေါင်းစဉ်နေမြဲ ၊ ဇာတိကဗျာ)


Sunday, October 17, 2010

သေသွားပြီလား သေသွားပြီ

သေသွားပြီလား အသက်ရှင်နေဆဲလား ဘာမှ မသေချာဘူး …..။ **အိပ်မက်မြူတွေထဲမှာ
ဝင်ကစွပ် လေးရှိသေးလားဟင် သေသွားပြီလား တို့တွေလည်း ခရုခွံပိစိလေး ထဲမှာဘဲ
အမေက သေသွားပြီလား ။အမေက ဒီဘဝအတွက် နေတဲ့ အချိန်စေ့လို့ ဆုံးပါးခဲ့ပေမယ့်
အဲဒီဗိုင်းရပ်စ် သေသွားပြီလား မသေသေးဘူးလားဆိုတာတော့ မသေချာဘူးထင်တယ်နော
သေသွားပြီလား ... ကျွန်တော်အသက်ပြန်သွင်းပေးမယ်လေ
သေသွားပြီလား!" ....... မှားပုံက………. အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။
အခုတော့ သေသွားပြီလား…ဪ…အစိုးမရတဲ့ခန္ဓာကြီးပါလားနောလို့ လောကဝတ်ပြော
သူ တကယ်ပဲ သေသွားပြီလား ဆိုတဲ့ အတွေးတွေက ကျနော်ကို စပြီး နှိပ်စက်ပါတော့တယ်။
“ပျောက်နေတဲ့သူတွေက သေသွားပြီလား၊ ဒါမှမဟုတ် ရေစီးနဲ့ မျောပြီး အခြားကမ်းတွေ
ကျွန်တော်က သေသွားပြီလား... ဟုတ်တယ်.. ကျွန်တော်က သေသွားပြီး ၀ိညာဉ်ပဲ
ခင်ဗျားရော သေသွားပြီလား ရှင်တာရို။ ရှင်ရော
ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။ “အမလေး… ဦးခင်ကြီး မတော်တဆ သေသွားပြီလား
အမလေး… ဦးခင်ကြီး တိတ်တိတ်ပုန်း သေသွားပြီလား
ငယ်ရွယ်တဲ့ လင်မယားနှစ်ဦး
ပေါ်ကအိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်"
ဒကာ ငန်းကြီး သေသွားပြီလား ........ သေသွားပြီ .... ဒါဆို ငန်းကြီးရဲ့အစာအိမ်ထဲမှာ
သေသွားပြီလား။ သူတို့သေတာ တို့ရွာအတွက် ဘာမှ ထူးမသွားပါဘူးဟာ..။ ဒါနဲ့
သူက အဖိုးအိုကို တအံ့တသြ ငေးစိုက်ကြည့်နေသည်။
သူ သေများ သေသွားပြီလား ဟု စိုးရိမ်စိတ် ဝင်လာသည်။ ဖေဖေ သည် မည်သည့်
ရေစီးနဲ့ မျောပြီး အခြားကမ်းတွေ
ဆီ
သေသွားပြီလား
သေသွားပြီလား
သေသွားပြီလား
သေသွားပြီလား
ပြီးရင်
 သူတစ်ကယ် သေသွားပြီလား ဆိုတာကို သေချာအောင် လုပ်ပါ

Source : www.google.com

မြို့ ပြ ကဗျာနေထိုင်မှု

ထိုင်ပါ ထိုင်ပါ ဒီအခန်းကျဉ်းထဲ ခင်ဗျားကို မောင်းထုတ်မယ့်သူ ကျွန်တော်ကလွဲလို့ ပေါ့
စကားဘုတော ပြောမယ့်သူ ခင်ဗျားကလွဲလို့  ဘယ်သူရှိမလည်း မတွေ့ ရဘူးလား
ဆံပင်တွေရှည်လာတာ ဖားလျားတောင်ကျတော့ မတ်တပ် ခင်ဗျားငြိမ်ငြိမ်လေး ထိုင်နေပါ
ဖန်ခွက်ထဲက ရေခဲရော ၀ီတစ်ပတ်နှစ်ပတ် လောက်နဲ့ တော့ လူ့ ဘောင်ထဲက အမှန်တရားတွေ
ဆင်တူယိုးမှား မုဒိန်းစင်တင်ခံရ ဆိုတာ ခင်ဗျားပြောတာလောက်နဲ့ တော့ မှန်ပါတယ် မှန်ပါတယ်
ဟုတ်ပါတယ် ဟုတ်ပါတယ် ဒီလိုလား ခေါင်းငြိမ့်ရမှာ ဆို ခင်ဗျားပဲပြောတာလေ
ထားပါတော့ ကျွန်တော်က နှစ်ဆယ့်ကိုးဆွဲကပ်နေသူတစ်ယောက်လို့ ပဲ အဲ့ဒါ ရိုးရိုးရှင်းရှင်း သမုတ်တာ
ဒီနေရာမှာ အသံထွက်တွေအကြောင်းတော့ ထည့်မပြောချင် ဒီအခန်းက ထွက်တာနဲ့  ဆက်သွယ်မှုဧရိယာ
ပြင်ပ ဆိုတာ ပြည်ပရောက် မြန်မာတွေ ဟ ဟ မဆိုင်တာတွေလည်း ကစ်တာပဲ ဖောက်
ခင်ဗျားသိထားရမှာက ဒီမယ် အင်တာနက် တယ်လီဖုန်း ကြိုးမဲ့မဲ့ ကြိုးပါပါ ဖုန်း ဖက်စ် ဘာတစ်ခုမှ
စာပို့ သမား အဆက်အသွယ်လုပ်မယ့်သူပေါ့ တစ်ဖက်ကကြားရင် အကြောင်းပြန်ဖို့  အခိုင်းအစေသဘော
ခင်ဗျား တစ်ယောက်မှမရှိတာ သိဖို့ ကောင်းတယ်
ဘာ ..... ဘာ မုန်တိုင်းကြေငြာချက် ဟုတ်လား ကျွန်တော့်အိမ်နီးချင်းတွေဟာ ခွေးတွေသခင်အပေါ်ကို
သစ္စာရှိသလိုမျိုး သစ္စာကိုအလေးထားတယ် ဆိုတာ ခင်ဗျားမေ့နေပြီလား
ဘာပြောပြောဆိုတဲ့နေရာမှာ ကျွန်တော်နဲ့ မဆိုင်ဘူး ခပ်တုံးတုံးသိမ်ငယ်မှုဆိုတာက ကျွန်တော့်လိုကောင်
ဂုတ်ကဆွဲပြတယ် .... ဒီကောင် ဒီကောင် ဒီကောင့်ဟာ
ဒီကောင်ဟာ ကဗျာဆရာလို့ မတန်မရာ သမုတ်ခံရရင် သိပ်ကိုပျော်တဲ့ကောင် ကျွန်တော့်လိုမဟုတ်ဘူး
အသက်ရဲ့သုံးပုံတစ်ပုံလောက်မှာ အပျိုတစ်ယောက်ပါးရိုက်ယူလို့ ရတယ်ဆိုတာ ကိုယ်ရည်သွေးတာ
ခင်ဗျားလိုပဲ ပုံစံအသစ်တွေဖန်တီးရတာကို စိတ်ပျော် သဘောကျပါတယ် ဒါပေမယ့်ကျွန်တော်က
ခုတစ်လော အလုပ်လုပ်ဖို့ ပျင်းနေတယ် ကျွန်တော်အညောင်းတွေမိနေတယ် အညာတွေရထားတယ်
တဏှာခွေ့ တယ်ရယ်လို့ တော့ မဟုတ်ဘူးဗျာ အဲ့ဒီနေ့ က ဖာတွေလမ်းပေါ်မှာ တွေ့ မိ တယ်
တကယ်တမ်းပြောရရင် ကျွန်တော်အသွားအလာမလုပ်ဖူးတဲ့နေရာတွေပေါ့
ဝင်လိုက်ထွက်လိုက် နွေးခနဲ နွေးခနဲ ပြီးတော့ ထွီခနဲ စတွေးထွေးလိုက်တယ် မသတီစရာကောင်းတယ်ဗျို့ 
ပြီးတော့ပိုက်ဆံပေးမယ်ဆိုပြီး ထပ်ပြီး နွေးခနဲ ..........
ဒါဟာ ကျွန်တော်တို့ နေတဲ့ မြို့ ပြစောက်စုတ်ကြီးပဲ ။ ကဲ ကဲ ခင်ဗျားလည်းသောက်ချင်လာရောပေါ့
ရင်ထဲ ပူဆင်း ပူဆင်းနဲ့  ခဏနေတော့ မီးဖြတ်သွားတယ် မြို့ပြ
အဲ့ဒီအချိန်မှာ ကျွန်တော်ပြောပြောနေတဲ့ ကဗျာရေးတယ်ဆိုတာ ဖယောင်းတိုင်ကုန်တာပဲ အဖတ်တင်ကျန်တယ်။
ဖာတွေကလွဲလို့ ပေါ့ ..............။

Saturday, October 16, 2010

ဝင်ကမ္ဘာလူလား?လိုင်းလား?

လိုင်းဆွဲအားကောင်းသည် တစ်လိုင်းနဲ့တစ်လိုင်း

ညနေခင်းရှာသလို အလှည့်အပြောင်းကို

ခိုးကြည့် တို့ထိ ဒီကိုပြန်လာဖို့ ညွှန်းခဲ့တယ်

အရူးမီးဝိုင်း ငါတို့ကဗျာတွေ အုပ်မိဖို့

အကျေအလည် ခြေကန်ပြီးမှချတဲ့

ဆုံးဖြတ်ချက်တွေ ချတဲ့အသွေးအသား

အဆင်အကွက်တွေ အိုးအိုးရမ်းရမ်းဘဲ

သုံးဖို့ ကံက ကတ္တားကိုပြန်ဆွဲယူဖို့

လိုင်းတွေပုံအောနေတဲ့ ခေတ်ကြီးမှာ

ကိုယ်တွေနဲ့ အဆင်ပြေမယ့်လိုင်းကို

ရွေးချယ်သုံးစွဲကြည့်ပါ စာသားအရ

မူးမိုက်သွားရစေ ပြန်လည်တင်ဆက်ပြသ

ပါဒ အကျပ်အတည်းထဲ ဇွတ်ငေးကြည့်

နေစဉ် အပြစ်များ လိုင်းစီပုံ


ပန်းချီ
အူးပိတ် ဆီမှ ပထမ ပါဒ ရသည်။

အရည်ထွက် ပြီးနောက် အရည်ထွက်

တစ်ချောင်း
ထည့်လဲအရည်ထွက်....
နှစ်ချောင်း
ထည့်လဲ အရည်ထွက်
တစ်ချောင်း
ဝင်လဲ အရည်ထွက်
နှစ်ချောင်း
ဝင်လဲ အရည်ထွက်
လောက်တွယ် အရည်ထွက် ၊ အဲဒီအရည်က လျှာဖျားမြက်တဲ့ ငါးငံပြာရည်...တဲ့ 
နားထဲက အရည်ထွက် သလား ဆိုတာလည်း သတိထား ကြည့်ပါ။ (၅) လည်ချောင်းနာ သက်သာ စေရန်
အစာခြေရည် စတဲ့ အရည်ထွက်(ဂလင်း) မှန်သမျှကို ထိခိုက်တဲ့
အရည်ထွက် ကောင်းကင်အတုအား ခေါင်းမှ စွပ်ချ ၊ လက်တံ အတို ၊ အရှည် နှင့်
ပွဲနေ ပွဲထိုင် စကားလုံးများအတွက် ဟောင်းနွမ်း ပြတ်စုတ်သော  
အရည်ထွက် ကောင်းကင်အတုအား
အရည်ထွက် ၊၊  လင်းတစား သွေးသားအကြောကျန်။ အသားတွေကုန်၊ သွေးနှင့်အကြောကျန်။
တခုချင်းကြော်/ကျော်ရခြင်းမှာ တချို့ ဟင်း/ရွက်များ အရည်ထွက် လွန်းသောကြောင့် လည်းကောင်း

ပထမ မှတ်သည့်အရာ
အရည်ထွက် အစေးများလျှင် မိုးဦးကောင်းမည် ။

ဇာတိ
 Source : www.google.com

Friday, October 15, 2010

ဂျယ်လီ နဲ့ စုပ်ခွက်များ

ကျွန်တော့်မှာ သဘောင်္တွေသာရှိရင် မြှုပ်ပစ်လိုက်မှာပဲ

ဝပ်တွားသွား စာအုပ်ဟောင်းတစ်အုပ်ကိုလည်း

ပြန်ရှာမိ မနက်ခင်းက ပြာလဲ့လဲ့ဖြစ်သွားတဲ့
ဆရာမကိုလည်း

တိုင်ကြားစာတွေတစ်သီတစ်သန်းကြီးနဲ့ သနားကမား

ရုပ်ရည်လေးကို နေခြည်အလာ အညှော်နံ့တွေ

နှာခေါင်းထဲ တိုးဝင်လာသလို တစ်နေကုန်လုံးလည်း

သင်္ဘောတွေဆီပြန်ပြန်သွားမိ ပြန်ခံခံစားမိ ရုတ်တရက်

တစ်ခုလုံးက Game Over ဖြစ်နေတယ် ကျွန်တော့်မှာ

အကန့်အသတ်ရှိသမျှ..................။


ကျွန်တော့်ကို နောက်ဥစ္စာပေးပါ

ဟိုဘက်စာမျက်နှာပေါ်က အကြောင်းအရာများ

မီးနဲ့ပတ်သတ်သမျှကိုလည်း စိတ်ဆိုးမိ

တိုတိုတုတ်တုတ်တွေဖြစ်နေတာ

နောက်နေ့လာမယ်ဆိုပြီး ကျွန်တော်က

အောက်ကိုလျှောဆင်းလိုက်မိ ကျွန်တော့်ဘော်ဒါတွေ

သိတယ် ကျွန်တော့်ညီက မြေပုံတစ်ခုဆွဲနေသလို

ကျွန်တော့်အချစ်လေးလည်း အရူးအမူးစိတ်တွေကြောင့်

သိတယ်မို့လား မြောက်ဥက္ကလာပ ကျွန်တော့်ထက်

အသက်(၅၀) ပိုကြီးတဲ့ ဘဲကြီးတွေကြည့်ပြီး

မနက်စောစော ဈေးကားတွေ ၀ူးဝဲ မောင်းပြကြ

ကျွန်တော့်မှာ ကဗျာတစ်ပုဒ်နဲ့တစ်ပုဒ်အကြား နံပါတ် ငါး

တဖျတ်ဖျတ်ကူးခတ် အကန့်အသတ်ရှိနိုင်တာထက်

ပိုပြီး မအိပ်နိုင်မစားနိုင် ကဗျာတွေကတစ်ပုဒ်ပြီးတစ်ပုဒ်

`လီလီယန်´ ဆိုတဲ့ကောင်မလေးနဲ့

ကျွန်တော်ပြည့်စုံသွားသလိုဘဲ။


ပန်းချီ
(`စလိုးမိုးရှင်းမိတ်ကာ´မှ)

အစိမ်းနာ

ဤ ကဗျာတွင် ဝင်ပေါက် (၂)ပေါက် ရှိပါသည် ၊၊
သင်သည် စိတ်တို လွယ်တတ်၍ စိတ်ကို စိတ်အတိုင်း
ဆုံးဖြတ်တတ်သူ ဖြစ်ပါက ဝင်ပေါက်(၁) မှ
ဝင်ရောက်၍ ဖတ်ရှုပါ ၊၊   ၊၊

ဝင်ပေါက် (၁)

                        ‘လှိုက်လှဲစွာ လွမ်း ဆွတ် ပါ ၏’

ပြန်လည် ရင့်မှည့်ပြီး
ပြန်လည် ကြွေကျသွားမှာပဲ ဆိုတဲ့ အသိက
အစိမ်းလိုက် ကို နာ…ပြီ
ငါတို့ဟာ သစ်သီးတွေ
ပြန်လည် အသစ်မသီးချင်တော့သော
ဒဏ်ရာရ သစ်သီးတွေ ……၊၊

ငရဲ ဟာလဲ အမှိုက်ပဲ
နတ်သမီး ဟာလဲ အမှိုက်ပဲ
ရွှေဖြစ်ချင်တဲ့ အိပ်မက်တွေ ကိုင်စွဲ(ဆွဲ)
ကိုယ်တိုင်ကလဲ အမှိုက်ပါပဲ ၊၊

မှော်နှုတ်ခမ်း တပ်ထားတဲ့
အသံတိတ် အရုပ်မ
ငါ့ကို အသက်ငင် ပုံပြင်တွေ ပြောပါ …၊၊

ငါ့ အရိပ်က (အရင်) အဆိပ်မိခဲ့ပုံ
ငိုတာတောင်
မီးတွေပဲ ထွက်ကျလာခဲ့ .. ၊၊

မျက်မမြင် တစ်ယောက် အတွက်
သီချင်းကိုမှ
ငရဲက လွှတ်လိုက်ပါတယ် တဲ့
နာ..ကျင်..ရယ်..မော..မိ ၊၊

( အဲ့ဒီ သက်တန့်တစ္ဆေမ
ငါ့ ရှေ့က ထွက်သွားစမ်း ! )
ငါ့ ပဲ့တင်သံတွေဟာတောင်
ငါမပြောတဲ့ စကားတွေကိုပဲ ပြောတယ်
‘ငါ’       ‘ငါ’      ‘ငါ’       ‘ငါ’
‘လွမ်း’  ‘လွမ်း’   ‘လွမ်း’   ‘လွမ်း’
‘လိုက်’  ‘လိုက်’  ‘လိုက်’  ‘လိုက်’
‘တာ’     ‘တာ’     ‘တာ’   ‘တာ’  ၊၊

‘ပန်းပွင့်နဲ့ ထွန်းထားတဲ့ မီး’
အချစ်ဆိုတာ
အဆိပ် နဲ့ ဖြေဆေးကို
တစ်ဘဝတည်းဖြစ်သွားအောင်
ရော စပ် ကြ ရ တာ …
ဧဒင်မှ သစ်ပင် တို့ အသက်ရှည်ပါစေ ၊၊

ငါ ငို တယ်
မီး ကို မီး နဲ့ ငြိမ်း သတ် ဖို့
ငါ ငို နေ ခဲ့ တယ် ၊၊  ၊၊

            ကျွန်တော်ကတော့ ကဗျာဆရာရဲ့ အသံတွေလို့ ထင်မိပါတယ် ၊၊ အခြားသူ တစ်ဦးရဲ့ အသံ (သို့မဟုတ်) စကား ၊ ဆောင်ပုဒ် ၊ စကားလုံးသက်သက် တို့ အနက် တစ်ခုခုများလား ဟူ၍ မိမိဘာသာ မေးခွန်း ထုတ်မိသည် ၊၊ ကျွန်တော် ကဗျာဆရာ ကို မတွေ့မိ ၊၊ ကဗျာဆရာ က ပုဂ္ဂလိက အက ကို က နေသလား ၊၊ မည်သူနှင့် သက်ဆိုင် သည်လဲ ၊၊ ကျေနပ်သူများ နှင့် မကျေနပ်သူများ အားလုံး ဝင်ပေါက် (၂)ကို ဆက်လက် ဝင်ရောက်ခွင့် နှင့် ဆက်လက် မဝင်ရောက်ချင်သောခွင့် ရှိပါသည် ၊၊ စိတ်ကျေနပ်မှု နှင့် မကျေနပ်မှု မည်သည့်အရာကိုမှ အာမ မခံပါ၊

ဝင်ပေါက် (၂)

            သူမ ပါးစပ် ဟလိုက်တော့ ...
မျက်လှည့်ဆရာ ၏ ဦးထုပ်အတွင်းမှ နှင့် အာလာဒင် ၏ မီးခွက်အတွင်းမှ လေယာဉ်ပျံများ ထွက်ကျလာသည် ၊၊
လေယာဉ်ပျံကို စတင် တွေ့ရှိတာ ငါကွ ဟု အရူးတစ်ယောက်က အော်ပြီး စင်နောက်က ထွက်လာသည် ၊၊
ထိုအရူးကို မြင်ရသည်မှာ ကြည်နူးမိ၍ ထိုအရူးကို ကျွန်တော့်အမည် ပေးလိုက်၏ ...
စင်အောက်မှ နှင်းဆီပန်းအနီတစ်ပွင့် နှင့် ပစ်ပေါက်လိုက်သည် ၊၊
သူမ၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဝင်သွားသည်၊၊ ထိုင်ခုံတွေက နေရာလွတ်တွေချည်း ဖြစ်သည် ၊၊

လေယာဉ်ပျံထွက်ရန်က ငါးမိနစ်လောက် လိုသေးသော်လည်း ရထားက ထွက်သွားပြီ ၊၊
ကျွန်တော့်နာမည်နှင့် အရူးက ရထားကို မိန်းမတစ်ယောက် နာမည်အော်ခေါ်၍ ပြေးလိုက် သွားသည် ၊၊
သူမ က ထိုင်ခုံအလွတ်တွေ ရှေ့မှာပင် သရုပ်ဆောင်ကောင်းကောင်း နှင့် ငိုလေသည် ၊၊
အငိုတိတ်တော့ သစ်သီး အစိမ်းရောင် ဖြစ်သွားပြီး
ကျွန်တော့် လက်ပေါ်သို့ ကြွေ ....ကျ ......လာသည် ၊၊
ခုံအလွတ်တွေထံ မှ လက်ခုပ်သံများ တဝေါဝေါ ထွက်လာသည် ၊၊

သူမ လူပြန်ဖြစ်သွားပြီး ပါးစပ်ထဲမှ နှင်းဆီပွင့်ကို အစိမ်းရောင် အဖြစ် ပြန်ထုတ်ပြသည် ၊၊
ကျွန်တော့်လက်မှာ အစိမ်းရောင်တွေ ပေပွကျန်ခဲ့သည် ၊၊
အရူးပြန်ရောက်လာပြီး လေယာဉ်ကွင်း သို့ ဟုဆိုကာ ချက်ချင်း ပြန်ထွက်သွားသည် ၊၊
လက်အစိမ်းနှင့်သာ နှုတ်ဆက်လိုက်သည် ၊၊
သူမ ကလည်း အရူးကို “ဇာတိ .. သက်သာအောင်နေနော်” ဟူ၍ လက်ပြနှုတ်ဆက်သည် ၊၊
ကျွန်တော် သစ်သီး အစိမ်းရောင် ဖြစ်ပြီး သူမ လက်ပေါ် ကြွေ ...... ကျ ..... သွားသည် ၊၊
လက်ခုပ်သံတွေ ထပ်မံ ထွက်ရှိလာသည် ၊၊
သူမငိုသည်။ သူမငိုသည်။ သူမငိုသည်။
အငိုတိတ်တော့ သစ်သီး တစ်လုံးဖြစ်သွားသည် ၊၊
နှစ်ယောက်လုံး ကြွေ ...... ကျ ...... သွားသည် ၊၊

မည်သူမျှ မရှိတော့သဖြင့် ကန့်လန့်ကာ ကို ချမည်ပြုသော်လည်း ကန့်လာကာ က ကျနှင့်ပြီးသား ဖြစ်နေသည် ၊၊
လေယာဉ်ကွင်း က ပေးမဝင် ဟု ဆို၍ ရထား နှင့်အတူ အရူးပြန်ပါလာသည် ၊၊
သူမ က မျက်လှည့်ဆရာ ၏ ဦးထုပ် အတွင်းသို့ ခုန်ဝင် သွားသည် ၊၊
အရူးက အာလာဒင်မီးခွက်ကို သွားပွတ်လိုက်သဖြင့်
ကျွန်တော် နှင့် အရူး မီးခွက်အတွင်းသို့ အငွေ့ပျံ ဝင်ရောက်သွားသည် ၊၊
...မီးကို သူတို့ မတီထွင်ခဲ့.. ဟု ဖယောင်းတိုင်များ က ငို၍ပြောသည်၊၊
ထိုအသံကြောင့် အမှောင်ကျသွားသည် ၊၊
လေ.....ယာဉ် ထွက်ရန် ငါးမိနစ် သာ ... လိုတော့သည် ၊၊
လေယာဉ်ကွင်း အနီး အနား တွင် လေယာဉ်ပျံတစ်ခု ဖြတ်သွားတိုင်း မော့ကြည့်ကာ ငိုနေသော
အရူးတစ်ယောက်ယောက်ကို တွေ့လျှင် …. ၊၊
လေ….ယာဉ် ထွက်ရန် ငါးမိနစ်သာ .. လို တော့ ကြောင်း သတိပေးလိုက်ပါ ၊၊
မည်သို့ပင်ဖြစ်စေ …. ၊၊
လေ.....ယာဉ် ထွက်ရန် ငါးမိနစ် သာ ... လိုတော့သည် ၊၊

သင်သည် လေယာဉ်ထွက်မှာကို စိုးရွံ့သူဖြစ်ပါက … အပြေးအလွှား ထွက်ခွာခွင့်ရပါပြီ ၊၊
လေယာဉ် က သူ့ဘာသာ သူပျံတာ စိုးရိမ်စရာမရှိဆိုပါက .. အေးဆေးသက်သာ စွာ
ထွက်ခွာခွင့် ရှိပါသည် ၊၊

ထွက်ပေါက် (၁)

                        ပြီးသွားပြီ ၊၊ ကဗျာဆရာ ကိုယ်တိုင်က ထိုစကားကို မကြိုက်သော်လည်း
တစ်ကယ်ပင် ပြီးသွားပြီ ဖြစ် သည် ၊၊

ထွက်ပေါက် (၂) ( ဖြတ်သန်းသွားလာခွင့် မပြု )

                        ကဗျာ က မဆုံးသေး ၊၊
                        ကဗျာ ဆရာ က ဆုံးသွားပြီ ၊၊  ၊၊
                        ပန်း ချီ ကား တစ် ခု အတွင်းမှာ
                        အစိမ်းရောင် တွေ ငို နေ ကြပါ တယ် ၊၊
                        ကဗျာ ဆရာ ဆုံး သွား ပြီ ၊၊    ၊၊    ၊၊

ဇာတိ

Thursday, October 14, 2010

မြင်လိုက်မိတဲ့အသံဟာ ဗလာဖြစ်နေတယ် ။ ။


ပြည်လမ်းပေါ် မှာ ခြေထောက်တွေပဲ့ကျ
လျှာပေါ်ကခုတ်မောင်းလိုက်တဲ့မသတီစရာအသံနဲ့ 
ပွဲစားခါးကြားက ဖုန်းသံဟာ အလန့် တကြား
ဒုက္ခကို အတိုးနဲ့ ချေးငှားမိသလို ...
လူကြမ်းတွေလည်း ချွေးတွေရွှဲလို့  ။

ကဒ်
အ၀ါကဒ် ၊ အနီကဒ်
အ၀င်အထွက်ညက်မှ ဆိုတဲ့ ဘီယာခွက်တွေကြား
သွားကြားညက်သွားတဲ့ အဆိုတော်မလေး
လည်ပင်းမှာ တည်းခိုခန်းကြီးအစွပ်ခံလိုက်ရသလို ။

လည်ချောင်းထဲမှာ မျိုချလိုက်တဲ့ တံတွေးသံက
ပေါင်တံဖြူဖြူတွေကြားမှာ ကလူကျီစယ်ကြ
"တောက်" ခေါက်ပစ်လိုက်တဲ့ သံချေးတက်သံဟာ
ပြည်လမ်းပေါ်မှာ လျှံကျ
ညဟာ မိန်းမပျက်ချွတ်ချလိုက်တဲ့ နောက်ဆုံးအ၀တ်စလို ။

ကြားလိုက်မိတဲ့ အရသာက
ဘယ်သူနဲ့ မှဘာမှမဆိုင်လိုက်ဖူး
ခု ဆင်းစရာ အိမ်ကို လေဟာနယ်ထဲဆောက်ပစ်လိုက်တယ် ။ ။


ရင်ခွင်ရှိန်း

မိုးတွေသူ့ အလိုလိုရွာနေတယ် ။ ။

စက်တင်ဘာလရဲ့ မျက်ရည်ဝေ့သီနေတဲ့မျက်ဝန်းတစ်စုံပါပဲ
အိမ်တံခါး ချက်(ဂျက်) ချသံ ကြားတာနဲ့ 
နားနေတဲ့စိတ်ဟာ တနင်္ဂနွေမလေးထံပြန်ပြေးသွားသတဲ့ ။

ခက်တာပါပဲကွယ်
ခက်တာပါပဲ
ဘယ်မှာလဲ စကားလုံးတွေ
"မိုးတွေက သူ့ အလိုလိုရွာနေတာတဲ့"
အိမ်တံစက်မြိတ်က ပျံသန်းနေတဲ့ ... စက္ကူငှက်လေးထံ မှာ
မီးပြန်စွဲတယ် ။

အိမ်ပြန်မလာတော့တဲ့ သောကြာနေ့ မှာ
မင်(မှင်)ရည် ထပ်အစွန်းခံလိုက်ရတဲ့
ပန်းနုရောင် ပါးပြင်တစ်ခုအကြောင်းပါပဲကွယ်
ဘယ်လောက် သတ်သတ် ဒီလက်က ခုထိကိုမသေနိုင်သေးဘူး ။

မိုးတွေက သူ့ အလိုလိုရွာတာပါကွယ်
(သူမ ပါးပြင်မှာသာ ပါးချိုင့်လေးမရှိခဲ့ရင် ...)
ကျနော် ယုံခဲ့မှာသေချာတယ် ။ ။


ရင်ခွင်ရှိန်း

ဟုတ်လား


အခုမှ အသံကိုကြားတဲ့အချိန်
အသား မကျန်တော့ဘူး
ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ရှုခင်းအသစ်တွေဟာ
လူမရောက်ဖူးတဲ့ နေရာမှာ ရှိတယ်
မ ရှိ ဘူး
ငြင်းခုံမှုတွေ ရှိတယ်
မရှိဘူး
မေးခွန်းတွေကို လိုက်ရှာတာဟာ
အရူးတွေလုပ်တဲ့ အလုပ်ပဲ
အမှန်က မေးခွန်းတွေကပဲ
ငါတို့ကို လိုက်ရှာသင့်တာပေါ့ ၊၊ ဟုတ်လား? ၊၊
မေးခွန်းတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါမှမဟုတ် မေးခွန်းမေးသူတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါဖြင့် မေးခွန်းဖြေသူတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါနဲ့ဒါဆိုဘာလို့ဘာဖြစ်လို့ဘာကြောင့် ဘာလဲဘယ်လဲ
ဟုတ်လား
မဟုတ်ဘူး ဆိုတာ ဟုတ်လား
မေးခွန်း အတိုင်း
အဖြေ အတိုင်း
ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ
အဲ့ဒါ ခက်တာပေါ့
ဒီလောက် လွယ်တာကို
ဖြစ်လာရင်ရော ဘယ်လိုလုပ်မလဲ
ရှာပါ ဒီနေရာမှာ ဖွက်ထားတာလေးတစ်ခု ရှိပါတယ်
လျှို့ဝှက်ချက်တွေဟာ ကောလဟာလတွေကြောင့်
ဒဏ္ဍာရီ ဖြစ်သွားကြရတယ်
အဲ့ဒါတွေ ခက်နေတာပေါ့
ခင်ဗျားကို မေးစရာရှိတယ်
ဟုတ်လား
ဒါပေမယ့် ဘာမေးရမှန်းမသိဘူး
ဟုတ်လား
မေးစရာလဲရှိတယ်  ဘာမေးရမှန်းလဲမသိဘူး
ဆိုမှတော့
ခင်ဗျားကို ရစ်နေတာပေါ့ဗျ ဒါလေးတောင်မသိဘူးလား
ဟုတ်လား
ဒါဆိုလဲ ခင်ဗျားဘာသာ ခင်ဗျားလိုက်ရှာ
ကျုပ် လက်ကျန်ဆေးပေါ့လိပ်လေးတော့ လာ လာမရှိုက်နဲ့
အခုမှ ဟုတ်လား အသံကိုကြားတဲ့အချိန် ဟုတ်လား
အသား ဟုတ်လား မကျန်တော့ဘူး ဟုတ်လား ၊၊ ၊၊

                                                                        ဇာတိ

ဟေး ! မလုပ်နဲ့

မင့်ပစ္စည်းလေးကို ကိုင်တွယ်ခွင့်ရရင်

ကျလိ ကျလိ မိုးလင်းငှက်တွေလို ဖြစ်၏ ဖြစ်၏

ရေသောက်မြစ်ကို တွေ့ရှိတယ် မင့်ကျောပြင်မှာလား ?

နတ္ထိ ယစ်မူးစရာ ပလက်စတစ်ကြိုးတစ်ချောင်းက လွဲလို့

ဘော်ဒီစပရေးသုံးထားလား ခေတ်မီလှပစွာ

ငါမင်းကို အနမ်းချင်ဆုံးနေရာက ပါဒမလွတ်ဖြစ်နေတာ

အရူးအမူးဖြစ်ရရဲ့ မင့်နှုတ်ခမ်းက
မင့် hair style နဲ့ကွယ်ဝှက်နေတာ

နောက်ထပ်သိမ်းပိုက်ခွင့်ရရင် ငါ မင့်ပစ္စည်းကို

ခိုးသားတစ်ယောက်လို ပြစ်မှားနေမှာ

sexy အကျဆုံးလိုင်းက ငါ့ကိုပြန်နှောင့်ယှက်ပြီ

ဒီမှတ်တိုင်မှာ ငါဆင်းရမှာလား ? ဘေဘီ

မင်းအလိုရှိရင်ကော sex pistol တစ်လက်လောက်

မင့်ကိုယ်မင်း ပစ်သတ်ရဲလား ? ဒီအကွက်တွေ

မင်းရွှေ့တာများပြီ ဒီဆော်နဲ့ထပ်ဆုံဖို့ရာ

ငါတို့ပြန်မှတ်မိ မှတ်တိုင်တွေကျော်ခဲ့မိ ။ ။

ပန်းချီ
(မနေ့ကရေး ဒီကနေ့တင်)

ဘ ဝ က ခင် ဗျား ကို သတ် ဖို့ အ ကြိမ် ကြိမ် ကြိုး ပမ်း ကျုပ် ကို သတ် ဖို့

ဘ ဝ က ခင် ဗျား ကို သတ် ဖို့ အ ကြိမ် ကြိမ် ကြိုး ပမ်း ကျုပ် ကို သတ် ဖို့

ရွှေဖိနပ်ကို တော်ဖို့လဲ ခင်ဗျား၊ကျုပ်တို့မှာ ရွှေခြေထောက် မရှိ ၊၊
စကားပြောရ တာ နိမိတ်မကောင်းဘူး ၊၊ နိမိတ် မကောင်းရင် ကောင်းအောင်
ကြိုးစားပေါ့ ဆိုတဲ့ စကားပဲ ပြောမယ့်သူ ၊၊ တစ်ပါး ယောင်္ကျား မိန်းမ ငါ ၊၊
….မတား၊၊ ပေါင်မုန့် လဲ မရှိ ကိတ်မုန့်လဲ မရှိ ၊၊ ရေ မရှိ ၊၊ ရေခမ်း ၊၊
ရေနည်းငါး ၊၊ ရေအကျိုးဆယ်ပါး ၊၊ ရိုက်ချင်တဲ့ မျက်နှာတွေ ၊၊ ဓာတ်ပုံဆရာ
နောက် တစ်ကောက်ကောက်လိုက် ၊၊ လိုက် လိုက် ၊၊ ငွေနောက် လိုက် ၊၊ ရေ နောက်
လိုက် ၊၊ လုပ် ပါ ၊၊ ကြည့် ကျက် လုပ် ၊၊ သွား! လိုက် လိုက် ဆရာ မလုပ်နဲ့
၊၊ တပည့်လုပ်လိုက်မှာပေါ့ ၊၊ တစ်နေ့ တစ်နေ့ တစ်ချောင်းပြီး တစ်ချောင်း
စုပ် စုပ် နေ ရတယ် ၊၊ သူဟာ ချိုချဉ် မြည်းသူ ၊၊ မဟုတ်ဘူး ၊၊ သူတို့ဟာ
သွေးစုပ်ဖုတ်ကောင် ၊၊ တစ်ည တစ်ည ချောင်းချောင်းပြီး စုပ် စုပ် နေတာ
လည်ကုပ်တွေ ကို ၊၊ မလည်ရင် ကုပ်နေလိုက် ၊၊ ချောင်ထဲမှာ ကုတ်ကုတ်နေတော့တာ
လိုချင်တာ မရချိန်ဆို ပြာဖြစ်ဖို့ ၊၊ ခင်ဗျား သစ်ပင်တွေကို ချစ်ပါ ၊၊ သူ
သစ်ရွက်တွေကို ချစ်တယ် ၊၊ သူ ပတ်ဝန်းကျင်ကို စောင့်ရှောက်တယ် ၊၊ နွေဦး
ဆို သစ်ရွက်တွေကို မီးရှို့ပေးတယ် ၊၊ မီးရှို့မပေးရင် လူသေကောင်တွေဟာ
မြစ်ထဲ မျောသွားမှာပေါ့ ၊၊ သူတို့ ဘယ်တုန်းက သေသွားတာလဲ ၊၊ ဟို
သွေးစုပ်ဖုတ်ကောင် လက်ချက်လား ၊၊ သူ့တို့ကို ချိုချဉ်တွေဖက်လှည့်ပြီးပဲ
စုပ်ခိုင်း ကြည့်ပါလား ၊၊ သွေးစုပ်ဖုတ်ကောင် တွေ ကို တရားချဖို့ တော့
နည်းနည်းတော့ လက်ဝင်တာပေါ့ ၊၊ စုပ် ပါ စုပ်ပါ စုပ်ကြည့်ပါ ၊၊ ဟော အခု
သူတို့ဟာ ချိုချဉ် မြည်း သူ ၊၊ သူတို့ ဘာလို့ ပြန်ပြန်ရှင် လာတာလဲ ၊၊
ဆာလောင်မှု ကြောင့်လား ၊၊ ဟန်နာဟီလ်တန် မှာ ပေါင်မုန့်အကြီးကြီး ရှိလား ၊၊
ဆက်ရှ်ရှာဂရေး မှာ ပေါင်မုန့်အကြီးကြီး ရှိလား၊၊ မိုးဟေကို မှာ
ပေါင်မုန့်အကြီးကြီးရှိလား ၊၊ ပေါင်မုန့်မရှိရင် ကိတ်မုန့် စားပေါ့ ၊၊
မယ်ရီအင်တွိုင်းနက် မှာ ပေါင်မုန့် အကြီးကြီးရှိလား ၊၊ ဆာလောင်မှု ဟာ
ပေါင်မုန့် မလုပ်တတ်ဘူး ၊၊ ကိတ်မုန့် မလုပ်တတ်ဘူး ၊၊ ဆာလောင်မှု မှာ
အလုပ်လုပ် ဖို့ လက်တွေပဲရှိတယ် ၊၊ လက်တော့ဝင်တယ် ၊၊ စုပ်ပါ စုပ်ပါ ၊၊
ချိုချဉ်မြည်းသူ ရယ် ၊၊ မလုပ်ချင်လဲ လုပ်၊၊ မစုပ်ချင်လဲစုပ်၊၊ ဒါဟာ
အလုပ်ပဲ ၊၊ ဒါဟာ ဘဝပေးပဲ ၊၊ ဒီမှာ ပြောစရာတစ်ခု ရှိလာတာက ဘဝပေး ဆိုတော့
ခင်ဗျား တစ်ခုခု ရ ထားတယ်၊၊ ခင်ဗျားကို လူ့အဖွဲ့အစည်းက လက်ခံတယ်၊၊
ခင်ဗျား လူ့အဖွဲ့အစည်းကို ချစ်တယ်၊၊ ချစ်လာတယ် ၊၊ ကမ္ဘာ့မြေသားကို
ချစ်လာတယ် ၊၊ လေပူတွေတိုက်ခတ် ခံ အပြီး လေနုအေးအေး လေးတွေကို ချစ်လာတယ်
၊၊ သစ်ပင်တွေကို ချစ်လာတယ် ၊၊ အဲ့ဒီမှာ အတ္တ က ခင်ဗျားကို ကိုယ်လုံးတီး
နဲ့ မြူဆွယ်တော့တာပဲ ၊၊ ဒါနဲ့ .. ခင်ဗျား သွေးစုပ်ဖုတ်ကောင်တွေကို
ချစ်လား ၊၊ သွေးစုပ်ဖုတ်ကောင်တွေ ဟာ လူ တွေကို ကို ချစ်တယ် ၊၊ သူတို့
မသတီရင် ခင်ဗျားတို့ကို လက်ဖျားနဲ့တောင် တို့ ပါ့မလား ၊၊စုပ်တယ် ၊၊ စုပ်
.. တယ်၊၊ စုပ်နေကြတယ် ၊၊ ဒါဟာ ဘဝပေးပဲ ၊၊ စုပ်ပါ ၊၊ စုပ် .. ပါ ၊၊
ကျုပ်၊ခင်ဗျားတို့ မှာ ရွှေခြေထောက်မရှိ ရွှေဖိနပ်ကို တော်ရအောင် ၊၊ ၊၊
                                                                       
ဇာတိ