Friday, May 27, 2011

ဘာသာစကား ကဗျာတစ်ပုဒ်

Je suis un poème.

Én egy verset.

Aku sebuah puisi.

Ek is 'n gedig.

Unë jam një poemë.

Poema bat naiz.

Я верш.

Аз съм едно стихотворение.

Jo sóc un poema.

Ja sam pjesmu.

Já jsem báseň.

Jeg er et digt.

Ik ben een gedicht.

Olen luuletus.

Ako ay isang tula.

Olen runon.

Eu son un poema.

Ich bin ein Gedicht.

Είμαι ένα ποίημα.

Mwen se yon powèm.

Ég er ljóð.

Tá mé dán.

Io sono una poesia.

Ego carmine.

Es esmu dzejoli.

Aš eilėraštį.

Јас сум една песна.

I am a poeżija.

Jeg er et dikt.

Jestem wiersz.

Eu sou um poema.

Sunt un poem.

Я стихотворение.

Ја сам песму.

Ja som báseň.

Jaz sem pesem.

Yo soy un poema.

Jag är en dikt.

Ben bir şiir duyuyorum.

Я вірш.

Yr wyf yn gerdd.

ngar har kabyar 1pote pot.

Rap etop at rayb ak rah wan ayk.



-Zárti-

Thursday, May 26, 2011

Now Availble အပေါက်ကြီး

ငယ်ငယ်တုန်းက ရည်းစားနဲ့ ချိန်းတွေ့တဲ့ သိမှုကိစ္စဟာ နေရာမှာ အပေါက်ကြီးဖြစ်နေတယ်
အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ နှင်းဆီတစ်ပွင့် စားပွဲပေါ်မှာ
အဆင်သင့်ဝမ်းလျားမှောက်လို့
မှတ်ထား ဒါ(သေဖို့)နောက်ဆုံး အခွင့်အရေး နောက်ဘယ်တော့မှ ထပ်မရှင်ချင်တော့နဲ့
ဟာလာဟင်းလင်းပန်းအိုး ကြမ်းပြင်တစ်လျှောက် မလှုပ်မယှက်ပိုးဟပ်အရွယ်စုံများ
ပိုးလိုးပက်လက်
အပေါက်ကြီးထဲ ရင်သားသုံးမွှာရှိတဲ့ မိန်းမတစ်ယောက်ပုံ ခဲတံနဲ့
ပုံကြမ်းကောက်လိုက်တယ်
အသွေးအသားများယားယံကာစအရွယ် နံရံတွေကို လက်သည်းချွန်ချွန်တွေသုံးပြီး အားပါးတရ
ကုတ်ခြစ်ပစ်ရမယ့်အစား အသာအယာပွတ်သပ်နေတာမြင်ရတော့
တစ်ခုခုမှားယွင်းနေပြီလို့ အတွေးထဲ
စကားလုံးတွေ အစိုက်ခံရ ဟာလာဟင်းလင်းအပေါက်ကြီးထဲ အနမ်းတစ်ပွင့်ပျိုးတယ်
အချိန်မရွေး စီးကရက်မီးခိုးငွေ့တွေ မွှန်လာနိုင်သလို ဟိုဖက် ဒီဖက်
ထုတ်ချင်းပေါက်လောက်အောင်
ထူပိန်းပိန်းအရောင်သုံးထားတာ ဦးထုပ်လျှာက လေတိုးတော့ ဖပ်လပ်ဖပ်လပ်နဲ့
ငရုတ်သီးစပ်နေတယ်
မြင်လို့လည်းမကောင်း ဘာတစ်ခုမှ ဆက်စပ်ယူလို့လည်း မရတော့ဘူး အင်နာဂျီကို
ချွေတာရကောင်းမှန်း
မကောင်းမှန်း မကောင်းတကောင်းမှန်း မကောင်းမကောင်းမှန်း
ကောင်းကောင်းမှန်း မှန်းတတ်လာတယ် ငယ်ရည်စား
ရေးပြီးသားပုံပြန်ဖျက်ပြီး လိပ်တစ်ကောင်ပုံနဲ့ အပေါက်ကြီးကို ဖာကြည့်တယ် အာပလာပဲ
ငယ်ဘ၀အရိပ်တွေဟာ အဲဒီ့ ထူပိန်းပိန်းအပေါက်ကြီးထဲ မကြာခဏ သိမှုခြေတစ်ဖက်ကျွံကျွံကျ
တစ်ဦးတစ်ယောက်ထံ ရည်ရွယ်ချက်ရှိရှိနဲ့
တရားဝင်ထောက်ခံပြောဆိုမှုမှန်သမျှလား မှားသမျှလား
ဝေခွဲမရပါလား အယ်လ်ဆိုင်းဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီ
သြော် ကန်ဂျာနယ်လစ်တွေပြောပါတယ် အကော်အဖွကောင်းချက်များ
သာကေတ(၁၀)ရပ်ကွက်အမှိုက်ပုံက အခြေအနေမဲ့ကောင်လေးတွေထက်သာတယ်
သမ္မတတောင်ဖြစ်နေပြီ မွေးစာရင်း ကွဲပြားဖို့ အရေးတကြီး ခွင်ကျယ်နေကြ
အီဖေကိုတို့များ ငယ်ဘ၀နောက်ကြောင်းနေရာအပေါက်ကြီးထဲ ကွမ်းတံတွေး
ထွေးလိုထွေး
သေးကော့ပန်း လိုပန်း ပြီးသွားရင် ကျောပြင်လေးအသာတွန့်ပြီး ဖလူးဖလန်းနဲ့
တဆတ်ဆတ်တောင်ခါလိုက်သေး တစ်စက်စက် တစ်စက်စက် နောက်ဆုံးတစ်စက်
ကုန်သည်ထိအောင် မင်းနှုတ်ခမ်းလေးချိုနေဦးမှာပါကွယ်
စံပယ် ခရေ နှင်းဆီ ဒေါန မြတ်လေး ကံ့ကော် ပိတောက် ဆိတ်ဖလူးနဲ့ တရုတ်စကား ကုလားစကား
အင်္ဂလိပ်စကားတွေ အချစ်ဦးနောက်မြီး သီတွဲပေးခဲ့တဲ့ နှောင်းအတိတ်အပေါက်ကြီးဟာ
ငယ်ရုပ်ဖမ်းမရလို့ ပြန်လွှတ်ပေးလိုက်ရတာ မွေးနေ့တိုင်း အင်္ဂါထောင့်မှာ သက်စေ့ပါပဲ
ဆုကြေးငွေ ဘယ်လောက်ထုတ်ထုတ် သူ့နည်းသူ့ဟန်နဲ့တော့ (
ပါကစ္စတန်ကိုပဲပုခုံးဖက်တဲ့နည်းလား)
ချောင်ကလောင်ထက်သာတဲ့ တစ်နေရာမှာ အသက်စေ့သလောက်နေထိုင်သွားနိုင်ပါသည်
ငကန်းဘင်လာဒင်သေတော့ ငစွေဘင်လာဒင်လာဦးမည် ပုံထဲကအတိုင်းဆို
မျက်လုံးတွေအပေါက်ကြီးဖြစ်သွားပြီ စတီဖင်ကင်းရေးတဲ့
ဟောလီးဝုဒ်မူဗွီဇာတ်ဝင်ခန်းတစ်ခု
ထောင်ဖောက်ထွင်းရာမှာ အသုံးပြုတဲ့ သစ်သားလက်ကိုင်တူတစ်လက်ကို
အကျဉ်းသားက သမ္မာကျမ်းစာထဲ အပေါက်ဖောက်ပြီးဖွက်ထားခဲ့တယ်
(ဘုရားသခင်ကောင်းချီးပေးပါစေ အာမင်) မိုးဦးမကျတကျ တွင်းပေါက်ထဲက
ပုရစ်သံတစီစီကြားနေဆဲမှာ
ကြားနေနိုင်ငံများအနေဖြင့် အားထုတ်လုပ်ဆောင်မှုတွေရဲ့ ဦးတည်ချက်တိုင်းဟာ
နိုင်ငံတကာအပေါက်အပြဲတွေကို အသားလွတ်အချောင်
ချုပ်သီမပေးလိုသောကြောင့်ပဲလား အချက်အလက်တွေအရ ၂၀၀၂ခုနှစ်တုန်းက
စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ပြင်သစ်ပိုင်ရေနံတင်သင်္ဘောတစ်စင်း
အကြမ်းဖက်ခံရမှုဖြစ်ရပ်မှာ
သင်္ဘောနံဘေးအပေါက်တစ်ခုဖြစ်သွား ဖြစ်သွား ဖြစ်သွား သက္ကရာဇ်တွေသာကြီးရင့်လာတယ်
မျှော်လင့်ချက်ဖားတစ်ကောင်ပြီးတစ်ကောင် အစပြုခုန်ခုန်ထွက်ကျနေတတ်တဲ့ ဒီမြေဒီရေဟာ
ခင်ဗျားတို့ ကျွန်တော်တို့အတွက် ကံကြမ္မာအိတ်ပေါက်များဖြစ်နေမလား။ ။


လွန်းဆက်နိုးမြတ်
၂၆.၅.၁၁
မနက်၀၁း၃၅နာရီ

Wednesday, May 25, 2011

စိတ္တဇ လိုဂို

ငါဟာ တစ်ကမ္ဘာကြီးလုံးမှာမှ
ဖုန်မှုန့်လေး တစ်မှုန်ကို ယုံကြည်သူပေါ့ ၊၊
ထပ် ပြော မယ် ၊၊
တောကြောင်တွေမှာ အစွယ်ရှိမှန်း
မသိသူ (ကျော်သွားတဲ့အစိတ်အပိုင်းတွေဟာ ရုန်းကန်နေကြ)
ဟာ ငါပေါ့ ၊၊
ပြီးတော့ ငါ နားထောင်တယ် ၊၊
ငါ နားထောင်နေတယ် မကြားသလိုနေပေးပါ ငါ့ကို ၊၊
ငါ့ ခန္ဓာကိုယ်ပြုပြင်စားရိတ်နဲ့
လည်ပတ်တဲ့ စားရိတ်နဲ့
ဖျောက်ဖျက်ပစ်မယ့် စားရိတ်နဲ့
ငါ့ဆီက | ငါ့ကို | ရိတ် ပစ် ပါ ၊၊ | မပြောခင် ၊၊
ငါ့ ရှင်သန်မှု ဟာ သိန်း သန်း ချီ တန် နေတယ် ၊၊
ဆက်ပြောမယ် ၊၊
တကယ်တမ်း ငါပိုင်ဆိုင်တာ
ဒိန်ခဲလေးတစ်တုံးပါ ၊၊
မီးရထားလမ်းပေါ် ပြေးလွှားနေတဲ့
သက်ရှည်ကြွက်ကြီးတွေ ခိုးယူမသွားခင်
ငါ ပိုင်ဆိုင်နိုင်ခဲ့တဲ့
ဒိန်ခဲလေးတစ်တုံးပေါ့ ၊၊
ဆက်ပြီး ငါနားစွင့်တယ် ၊၊
ဒီကမ္ဘာကြီးပေါ်ပဲ မှောက်ကျခဲ့တဲ့
ချက်ပြုတ်မထားတဲ့ နွားနို့တစ်ခွက်ဟာ
ငါ့မှာရှိပြီး ပျက်နေတဲ့
နားစည်ကို တကျွိကျွိဖြစ်စေတယ် ၊၊
အဲ့ဒါ ငါကြားရတဲ့ စကားမပီတဲ့ရေဒီယို (သတ္တိမကြွတာကံကောင်း)
ကြီးပေါ့ ၊၊
ငါ့ကို ကြားရလား ၊၊
ငါ ထုတ်လွှင့်နေတယ် ၊၊
ငါ ညွှန်းဆိုနေတာ စစ်ပွဲတွေအကြောင်းပေါ့ ၊၊
စစ် ဆိုတာ တကယ်မရှိဘူး ၊၊
ငါ့ကို သေချာနားထောင် ၊၊
ဘာမှ သေချာမှုမှ အာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဘာမှ ဘာသေချာမှုမှ ဘာအာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဝင်တိုက်ကြတာ ၊၊
ရှဲ | | | | | | | | |
ဘယ်လောကမှာမှ နေရာလွတ်ဆိုတာ မရှိဘူး ၊၊
ငါ့ကို ကြားရလား ၊၊
အဲ့ဒါ စက်ရုပ်သံပေါက်နေတဲ့ ရေဒီယိုရဲ့
စပီကာကြီးပေါ့ ၊၊
ဒါပေမယ့် ငါဟာ ငြိမ်းချမ်းသူ တစ်ဦးပေါ့ ၊၊
ငါ ပိုင်တဲ့ ဒိန်ခဲကြီး မပျောက်ရှခင် ၊၊
ငါ့ လျှာပေါ် ဝန်ထုပ်ဝန်ပိုးတွေ တွန်းမတင်ကြခင် ၊၊
ငါ့ဆန္ဒတွေ ရှိရှိသမျှ စစ်ပွဲတွေအပေါ် မထုတ်ပြခင် ၊၊
ငါ့လျှာတွေ ဒိန်ခဲကြိုက်တဲ့ ဆန္ဒ
မဖြစ်ပေါ်ခင် ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ဘယ်သူမှ ကျော်မသွားခင်က
ရုန်းကန်နေတဲ့ ဖုန်မှုန့်တွေရဲ့ အစိတ်အပိုင်းတွေ ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ငါဟာ တာဝန်ကျေခွင့်မရသေးတဲ့
မြေမြှပ်မိုင်းဗုံးတစ်လုံးပဲ ၊၊
ငါ့ကို
မြန် မြန် နင်း ကြ ပါ တော့ ၊၊ ၊၊

ဇာတိ
May 2011

Wednesday, May 11, 2011

ကဗျာ နဲ့ မာဖလာ


ကဗျာနဲ့ မာဖလာဟာ ဈေးထဲမှာအမှတ်မထင်တွေ့ခိုက်

ညည်း နေကောင်းလား ပုံစံဆန်းသစ်ရဲ့လား

မိန်းမအချင်းချင်းစကားမကုန်ခဲ့ကြ။

လေးနှစ်ခန့်ကြာသောအခါ ကဗျာမှာ ကိုယ်ဝန်လေးရှိလာပြီး

မာဖလာက ဖခင်မရှိဘဲသားမွေးခဲ့တယ်။

ကဗျာနဲ့ မာဖလာနဲ့တွေ့စအချိန်တွေတုန်းက

၁၆နှစ် ၁၇နှစ်နှစ် မရိုးတို့မရွတ  မြီးကောင်ပေါက်

အရွယ် အရူးအမူး ခူးဆွတ်စားချင်စိတ်ကအရမ်းများ

ပြီး ဘယ်သူလိင်ကိစ္စနဲ့ မလွတ်ကင်းနိုင်

ပြန်တွေ့ကြတော့ အကြီးကြီးနဲ့စောက်ကျိုးနည်း ပြောင်းလဲ

ဖန်တီးမှုမျိုး ထပ်မံတွေ့ဆုံကြ မှတ်မိကြရဲ့လား

story တစ်ခုလုံးမှာ ပြဿနာတွေတစ်ချိန်လုံးလှိမ့်တက်

နေပြီး တစ်ကိုယ်ရေအာသာဖြေတာမျိုး tempo ကို

လျှော့ချပစ်လိုက်တာ Nolan ရဲ့ကိုင်တွယ်နိုင်နင်းပုံ

မျိုးနဲ့ ကဗျာနဲ့မာဖလာကို သွေးဆောင်ဖျားယောင်းတယ်

အရက်နာကျနေလား မိခင်စိတ်ရှိရဲ့လား

သန္ဓေတားဆေးတွေ အလွန်အကျွံသုံးစွဲအပြီး

တင်ပါးဆုံရောင်ရမ်းမှုတွေခေတ်စားလာ

ရာသီဥတုနဲ့ မစပ်ဟပ်တာတွေ သွားလာ

စားသောက် ပုံမှန်သွေးဆင်းရက်ထဲ

ကဗျာရဲ့ လှုပ်ရှားရတဲ့ဘ၀နဲ့

မာဖလာရဲ့ လင်ယူသားမွေး အပျော့ဆွဲ

စိမ်းစိမ်းကားကား ရောဂါတက်ပုံမျိုးနဲ့

မတူတဲ့ လိင်ဆက်ဆံမှုအာရုံပုံရိပ်ဟာ

ပြသနာတစ်ခုလုံးရဲ့ စိတ်ကိုပြောင်းလဲသွားစေတတ်ခြင်း

ဖြစ်လေတယ်။


[ပန်းချီ]

Monday, May 9, 2011

ကော်ဖီဖြတ်ခြင်းလေ့ကျင့်ခန်း

ဘယ်နှစ်နာရီရှိပြီလား။ မအိပ်ကြသေးဘူးလဲ။
တီဗွီထဲလည်း ကြေငြာ ဘေဘုတ်လည်းထောင် အထူးဘတ်စ်ကားတွေပေါ်လည်း
ထုတ်လွှင့်။ ဆိုကြ လည်ချောင်းကိုတောင် ချွတ်ဆိုကြ နင့်အမေကလွှားထဲမှပဲ။
တံတွေးထွေးသံဟာ နောက်ဖေးလမ်းကြားထဲ ကန့်လန့်ခံပြီး တင်နေတယ်။ မီးရောင်လို
အမှိုက်လို။ စပွန်ဆာဆိုတာကလည်း ဆိတ်ကွယ်ရာမရှိလို့ ဆင်ကွယ်ရာရှာရတဲ့ ဓာတ်ပြုမှု။
ဘာနဲ့စားမလဲ ဆရာ ငါးနဲ့လား ခြောက်ဒဿမသုံညတစ်နဲ့လား ဒါမှမဟုတ် ဆူနာမီနဲ့လား။
နောက်ဆုံးပေါ်တွေးခေါ်မြော်မြင်ေ

ရးကျမ်းဆို ခြကသိပ်ကြိုက်။ သစ်ခွပန်းလေးလည်း
ရင်တစ်ခြမ်းတုန်နေတယ်။ ကျောသားရင်သားခွဲခြားမရတာဆိုလို့ ကြက်ဥနဲ့ဘဲဥပဲရှိထင်။
ကဲပါ ရှက်မနေပါနဲ့ ကိုယ်ပေါ်ရှိတဲ့ အ၀တ်အစားအကုန် ထိုးသာဟောင်ပြစမ်းပါ။ ဂလုဂလု
ဂလု။ ခင်ဗျားအာဘော်က ပုတ်စော်နည်းနည်းနံ။ လောလောဆယ် ခင်ဗျားလက်ဝါးကြီး
အုပ်ဖို့ခက်နေသေးရင် ကျွန်တော့်လက်ဝါးကြီးခဏယူသုံးလေ။ စောက်ရမ်းများတဲ့
ပုရွက်ဆိတ်တွေ တစ်ကိုယ်လုံးကို ဖုံးအုပ်ပစ်တော့မယ့်အတိုင်း တရွရွ။
ချောက်ကမ်းပါးရဲ့
တံစက်မြိတ်လေ တစ်လျှိုလုံးကို တိုးလှုပ်လွင့်နော့မယ့်အတိုင်း တမမ။ ဇွန်းဆိုဒ်စုံ
ခရင်းဆိုဒ်စုံ  မတ်ရပ်အနေအထားနဲ့ ခွန်းကြီးခွန်းငယ်ထဲ ရေနွေးများများ
နို့ဆီများများ
လောင်းသွန်ချ။ ကပ်ကြေးတစ်ကိုက်စာအကွာကနေ အဲဒီ့အနံကို ရရုံနဲ့ အဲဒီ့အမျိုးအစားမှန်း
တန်းနေအောင် မှန်တယ်။ ရယ်ဒီမိတ်ဘ၀ ရယ်ဒီမိတ်အလှ ရယ်ဒီမိတ်အက စောက်ရေးထဲ
ကာရန်တွေက တစ်မှောင့်။  ဆွဲဖြဲဖို့အတွက် ဖြတ်ရာလေးပေးထားတယ်။ ကန်စွန်းရွက်လို
သင်ပါ။ သင်မပါဘဲနဲ့တော့ ကျွန်ုပ်လည်း ကြက်သွန်လို အနွှာမခံနိုင်။
ဒီရက်ပိုင်း ထမင်းစား
ပြီးတိုင်း စိတ်ထိခိုက်နေရဦးမှာပဲ။ အထုပ်သစ် ဒီဇိုင်းသစ် အခွံမာ
အခေါက်ထူ။ ရေနွေးတစ်
ခွန်းရဖို့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ အပူစွမ်းအင် ဘယ်ဂလောက် အာပေါက်အောင် ပြောရ
ဆိုရမလဲ။ ဆိုကြ ကြေငြာစာသားအတိုင်း ထပ်ဆိုကြ။ မဖြစ်ချေဘူး။ ကာမီကာဇီနည်းနဲ့ပဲ
အခန်း(၁)ကို စဖွင့်ရတော့မယ်။ ညညအိပ်မပျော်မှာ ကြောက်သူ။           ။


လွန်းဆက်နိုးမြတ်
၂၁.၄.၁၁
နေ့လည် ၀၁း၃၀နာရီ
kamikaze