Tuesday, December 6, 2011

အမွှေးပေါက်ခါစကောင်းကင်

နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာဖို့ မဖြစ်နိုင်တော့တဲ့ မနေ့က အဖြစ်အပျက်တွေဆီ ငါ့ကို ဖုန်းလှမ်းခေါ်ခွင့်ပြု ထုံးစံအတိုင်း ရထားတစ်စင်း တဂျုန်းဂျုန်းတဂျက်ဂျက်နဲ့ အမြီးတရမ်းရမ်း တတူတူအော်မြည်သံပေး ငါ့ဦးနှောက်ခန်းထဲမှာ လှည့်လှည်ခုတ်မောင်းစဉ် အခိုက်အတန့်ကာလများ ရာသီဥတုက ဆယ်ယီရယ်လစ်ဇင်လိုလို မက်ဂျီကယ်ရီယယ်လစ်ဇင်လိုလို ငါမြင်ရတဲ့ အရောင်တွေက ဗန်ဂိုးလား မွန့်ခ်ျလား ဒါလီလား အဝေးမှာ အလွမ်းတွေ တဖွဲဖွဲရွာလို့ကောင်းနေတုန်း လက်ထဲက နှလုံးသားကို ၀ုန်းခနဲ ဆွဲဖွင့်ဆောင်းတော့မှ မီးပွားအစက်အပြောက်တွေထဲ ငါအေးစက်သွားတာ မြက်ပင်ရှည်ရှည်လွင်ပြင်တစ်လျှောက် ယိမ်းနွဲ့နေတဲ့ မြက်သီးတွေ ငါထိစမ်းပွတ်သပ်နေမိခဲ့သလား မပီပြင် ၀ိုးတ၀ါး အငွေ့အခိုးဆန်ဆန်ဒြပ်သားထုကြီးထဲ တစ်ကြိမ်ပြီးတစ်ကြိမ် ငါမြုပ်နစ်ပြီးရင်း မြုပ်နစ်ကျွံကျသွား အနက်ရှိုင်းဆုံးထိတိုင် ပေါ့ပါးလွင့်ဝဲလို့ တဂျစ်ဂျစ်ကုတ်ခြစ်သံကြားမှ အိပ်ယာထဲကနေ အလူးအလဲ ငါ့သက်ဝင်နိုးထမှုဖြစ်စဉ်က အခြားသက်ရှိတွေလိုပဲ ထူးမခြားနားပတ်ပျိုး ဘ၀အဓိပ္ပါယ် သိမှုမရေရာ လူအဖြစ်ရှင်သန်နေထိုင်ခြင်းက တစ်စုံတစ်ရာ အနှောင်အဖွဲ့မလွတ်ကျွတ်သေးသမျှ ရုန်းထွက်ဖို့ သံသရာအဖန်ဖန် ကြံစည်စိတ်ကူး လည်ပတ်နေရဦးတော့မှာကို သိသိကြီး မိုက်တွင်းနက်နက်လာ ဘူတာစဉ်တွေ အထပ်ထပ် တောအုပ်တောင်တန်းပင်လယ်ရေပြင်ပြာပြာတွေ ငါ့အညှိတက် ဓားမြောင်တစ်လက်ရဲ့ မပြောင်လက်ရခြင်းအကြောင်းရင်းသန်းပေါင်းများစွာထဲမှ ဖြစ်နိုင်ချေပွုင့်သေးသေး ပိစိနှောက်တောက်လေးတစ်ခုခုနဲ့ လာငြိစွန်းလို ငြိစွန်းငြား တင်ကူးကြံရွယ်ကြိုးစားကြည့်ခြင်းမျှသာ ရာသီခွင်စက်ဝိုင်းဟာ နဂါးခေါင်းဘယ်ဖက်လှည့်မလှည့်ဆိုတာအစ ငါနဲ့ဆိုင်သော်ရှိ မဆိုင်သော်ရှိ ဝေ့လည်ကြွက်ပတ် ကြွက်လည်ပတ်ဝေ့ စက္ကူပြောင်သက်သက်ထက် ပိုကောင်းအောင်တော့ အားထုတ်ဖို့ ဆိတ်ဖလူးနံ့လေးတသင်းသင်းကို ငါ့လိုင်းတွေထဲ မြှပ်နှံအကွက်ရိုက်ထားလည်း ဘ၀ဆိုတာ ဗဟိုချက်ရှိယောင်ထင်မှတ်မှုများ အာသာပြေကောက်လှန်လိုက်ရုံ အရည်စိုပြီး တစ်ခဏအတွင်း အရည်မလာတော့လို့ ဖြစ်သလို ကောင်းလိုက်ရခြင်း ရေပျောက်မီးပျောက်ဖြစ်ဖြစ် ငယ်သံ ပါအောင် ကြီးကောင်ဝင်ခဲ့ရတာဖြစ်ဖြစ် ငါ့လျှာတွေက အတောင်ညောင်းတဲ့ထိ အရသာကို ငတ်ငတ်မွတ်မွတ် တောင့်တအပ်၏ မအပ်၏ အပ်ပေါ် ကျွတ်ကျွတ်အိတ်ပဲကျကျ ကျွတ်ကျွတ်အိတ်ပေါ်ပဲ အပ်ကျကျ နံရံပေါ်က အင်္ဂတေတွေ အချပ်လိုက်ကွာရုံနဲ့အားမရတော့တဲ့အခါ ငါ့ကမ္ဘာဟာ ပျက်စီးသွားတော့တာပဲ ကွယ်တို့ရယ်။ ။ လွန်းဆက်နိုးမြတ် ၁၁.၁၁.၁၁ နံနက်၀၂း၀၀နာရီ