Showing posts with label Third Party Poem. Show all posts
Showing posts with label Third Party Poem. Show all posts

Thursday, April 21, 2011

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’ 
 
လာလာလေ လိုက်ကြည့်တော့
ကိုယ့်အကြိုက် သူ့အထာ
နှစ်ဆန်းခါ ပိတောက်ရှားချိန်မို့
ကစားတာ DJ-G နဲ့
ပီပေသည် UG Show လိုပ
တိုးဆင့်၍ ဖြစ်ခဲ့တာ။

… … လာဟေ့ ရှာဟေ့
စပီကာ တအုန်းအုန်းနဲ့၊ တရုံးရုံးခုန်ကြ
ဘယ်ရှော်တီပါလိမ့်
ကိတ်လိုက်တဲ့ အိုးပန်းချီ၊ အချိုးကလည်း ပီပနဲ့
ပီသူက ကြည်ကြ၊ အ သူက ထလာ
ကားကြီးလဲပါသဟေ့
ကားပေါ်က စော်ချော၊ အသွေးရော အသား
နှုတ်ဖျားမှာ လော်ရယ်နှုတ်ခမ်းနီက
တဖျမ်းဖျမ်း ရေတွေစင်
နှစ်ကိုယ်တွဲ ဟိုတယ်ထဲ ဝင်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း။

ဇယားမရှင်းသူကိုဖြင့်
နားခြင်း ဟာ သမ္ဘာအထာပါတဲ့
အထာတူ သည်လူမျိုးမှာလ
အကျိုးလို တူတူလိုက်ပါ့
ခွေလှိမ့်သူ မောင်လူဆန်းရယ်နဲ့
လန်းလိုက်မိပါ။

. . . နှစ်သစ်ကုးတဲ့ တန်ခူးအခါမှာ
ပန်းတွေက တစွေစွေ၊ စမ်းရေက တရွှဲရွှဲ
အလွဲတွေက တဆင့်ဆင့်၊ ဆွဲလို့သာ ကျင့်ရော့
အရွယ်သင့် အရွယ်ငယ်
ရှော်တီတွေ လွယ်လိုက်ကြ။ . . .

ဘယ်မြေမှာ ပူစီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့
စိတ်ဇော ထန် တဏှာမှာဖြင့်
ကင်မရာ ကရုထားသူမို့
လွှားလိုက်ကြ ခြုံတာဝါ
အခါက နှစ်ဆန်း။

. . . လ ကလဲ ရွှင်လန်း
ပွင့်ဟောင်း ကျကြွေ၊ ပွင့်ဖတ်ကယ် ဝေ
သုတ်ဖြူးလေ ဖြန်းပြန်တော့
ပန်း ပြန်တာပေါ့။ . . .

ဥသြငယ် သာ
ပင်မြင့်မှာ သံပြာပြာ နဲ့ သင်္ကြန်ခါ သူလေ မညှင်းတော့
ပသို့ပင် ဆိုပါစေလေ
မလေးမောင် သည်ရင်တွင်းဆီသို့
ပျော်ခြင်းငှာ သူဝင်လာ၍
လူနေရာမရွေး ဂူရွှေး၍သာပ
အောင်းမွေ့ နှစ်ဆန်း။ . . .




လင်းရမ္မာ 
မှတ်ချက်။ ။ဆရာဇော်ဂျီ၏ တစ်ခုသော သင်္ကြန်အခါ  ကဗျာအား ပြန်လည်ခံစားရေးဖွဲ့ ပါသည် ။

Monday, April 18, 2011

ပြီးဆုံးသွားတယ်ပေါ့

သက်ပြင်းတွေ ခဏခဏ ချတယ် ။
စာလုံးပေါင်းမှားနေတဲ့မိန်းမ ။ 
ကျနော် မရောက်ဖူးတဲ့နေရာမှာ ခဏခဏ လှတယ် ။

အေးချမ်း

Tuesday, April 5, 2011

ခင်ဗျားက ရောဂါတွေအထပ်ထပ်နဲ့ ကျွန်တော့်ကို မျိုးပွားနေတယ်

လူကြီးလူကောင်းအရေခွံတွေ အရည်ညှစ်ပစ်လိုက် ။ ပီကေ ကိုထွေးထုတ်လိုက် ။

ခေတ်ရှေ့ကို ထွက်ရပ်လိုက် ။ ခင်ဗျားရော ကျနော်ရော ဘာမှ မရှိဘူး ။

ခင်ဗျားကိုယ်ခင်ဗျား သန့်စင်ဆေးကြောလိုက်တာ ပိုကောင်းမယ် ။

google ဟာ မိန်းမတယောက်ကို သတိမရတော့ဘူး ။

ကိုယ်က တညအိပ်သွားရမယ့် ခရီးမှာ ပျက်စီးသွားနိုင်တဲ့ လူငယ်တယောက် ။

မော်ဒယ်အောက်နေတဲ့ ပစ္စည်းတွေထက် ပိုကြွေမွလွယ်တယ် ။

မီးချောင်း တွေ စစ်ဖြစ်ကုန်ပြီ ။ ခင်ဗျားသိလား ။ မူလီ တွေ ရစ်နေကြတယ် ။

ကဗျာဆိုတာ အရှေ့တောင်အာရှ နဲ့ အာဖရိက တလွှား လူသုံးများသော စကား ဖြစ်ကြောင်း ISO 009541236 တံဆိပ်ရိုက် ။

I love poem လို့ သုံးကြိမ်ရွတ်ဆို အောင်ပွဲခံကြတယ် ။

အပေါ်ယံဆက်ဆံမှုတွေကို ရွံရှာသောအားဖြင့် ၁ မိနစ် ဆဲဆိုအော်ဟစ်ကြမယ် ။

ငါ့ကို အဆိပ်ခတ်တယ် ။ ငါ့ကို အနီရောင်တွေ လာဆိုးတယ် ။

နှစ်ဖက်ကြည့်မှန်ထဲက ဘာအဓိပ္ပယ်မှ ထွက်မလာဘူး ။ သူမက ငှက်ပဲ ပျံသွားတယ် ။

အရေးကြီးပြီဆို ဖျက်ဆီးပစ်ခံလိုက်ရသော ခရိုမိုဇုန်းတွေ ။

ရှော့ပဲ … ။ ယားယံကိုက်ခဲမှုဝေဒနာတွေက ရှော့ဖြစ်နေတယ် ။

application list ထဲမှ လူတစုကို တွေ့ရှိနေရတယ် ။

စိတ်ထွက်ပေါက်တွေမရှိဘူး ။ စိတ်ထွက်ပေါက်တွေ သေသွားပြီ ။

လွှင့်ပစ်ခံထားရတဲ့ ရောင်ရမ်းခြင်းတွေ ကိုယ့်ကို လာပွတ်သပ်နေတယ် ။

တစုံတခုကို ခင်ဗျား တွေ့လိုက်ပြီဆိုပါစို့ ။

ခင်ဗျားထွက်သွားတော့မယ် ။ ကျနော်နေခဲ့ရတော့မယ် ။

ဆေးထိုးအပ် ထဲမှာ လှောင်ပိတ်နေတဲ့ အသက်သွေးကြောတွေ….. ရှင်းရှင်းပြောရရင် နာတယ် ။

မလိုအပ်ဘူး ထင်ရင် ကဗျာ နဲ့ မဆက်ဆံသင့်ဘူး ။ လိင် မဆက်ဆံသင့်ဘူး ။

ခင်ဗျား ကူးစက်ခံရတာ ရောဂါပိုးမဟုတ်ဘူး ။ ခင်ဗျား ကူးစက်ခံရတာ အကြမ်းဖက်မှုတွေပဲ ။

ပွင့်လင်းမှု က သော့အပိုတချောင်း ။ ခင်ဗျားလည်း မသုံးဖြစ်တာကြာပြီ ထင်တယ် ။

ခင်ဗျားဟာ မကောင်းဆိုးဝါဖြစ်နေပြီ ကီးဘုတ်ပေါ်က လက်ချောင်းတွေ ဖြတ်လိုက်သင့်ပြီ ။

၂၀၁၁ မှာ တွေဝေမှုက ကျနော် အများဆုံးစားဖြစ်တဲ့ သစ်သီးပဲ ။

စကားပြောဖို့ ထရော်မာတွေကို အရင်ရှင်းထုတ်နေရတယ် ။ မြိုချနေရတယ် ။

ခင်ဗျား အရင်ဆုံးသွားရောက်လေ့လာသင့်တာ emotion ထွက်ပြေးမှုဟာ စိတ္တဇ ပဲ ဆိုတဲ့ ကိုယ်ကျင့်တရား ။

စိတ်ပိုင်းဆိုင်ရာလက်ထပ်မှုဟာ စာချုပ်စာတမ်းနဲ့တော့ မဟုတ်ဘူး ။

ကြွက်သတ်ဆေးတွေ သုံးစွဲတက်နေပြီလား ။ ရေခဲတွေကို ရိုက်ခွဲပြီး ထောင့်ချိုးတွေရဲ့ ပုံသေနည်းအသစ်တွေ ထုတ်နေလား ။

ခင်ဗျားရဲ့ DNA ကို password ပေးပြီး ကျနော့်ကို အဲ့ဒီ password ပြောပြထားသင့်တယ် ။

ကျနော်က ကဗျာဆရာတယောက် ။ ကျနော် မလုပ်နိုင်တာတွေ အများကြီးပဲ ။

ကိုယ်တိုင် မသိတဲ့ ဗီဇ တခုကို ဘာနဲ့ပေါင်းစပ်မျိုးပွားချင်နေတာလဲ ။

လူတယောက်ကို Over Memory System တပ်ဆင်ပြီး ဘုရားသခင် လုပ်ခိုင်းလိုက်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား မီးရှို့ပါ ။ ကျနော့်ကဗျာတွေ မီးရှို့ပါ ။ ပျော်ရွင်ခြင်း ပါတီ ပွဲတွေကို မီးရှို့ပါ ။ ဂြိုလ်ကြီး ကိုးလုံးကို မီးရှို့ပါ ။

ကိုယ့်ကိုကိုယ် ပေါင် (၁၉) သန်းတန်တယ်လို့ သတ်မှတ်ပါ ။ အသက်အာမခံ လုပ်ထားပါ ။ ပါပါရာဇီတွေကို ရှောင်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား ဆက်သွယ်လို့ ရသေးလား ။ ခင်ဗျားက ကျွန်စနစ်ကို ကျေနပ်အားရနေမယ်ထင်တယ် ။

ကျနော့်ကြောင်လေး တကယ်သေသွားပြီ ။ မေးခွန်းတွေ တခုမှ မရှိဘူး ။ အဖြေတွေ ။

အေးချမ်း

Wednesday, March 16, 2011

ဘာမှမပြောခြင်းက ခင်ဗျားကိုဖွင့်ဖတ်သွားတဲ့ အခါ...။

ကတိက၀က်နဲ့ ပြေးထွက်သွားတယ်လေ။
ကျနော် လား သူမလား ဟုတ်လား ။ ကြောက်ရွံ့နေခြင်း များ ဖြစ်၏ ။
ဓာတ်ပုံတွေထဲမှာ ခဏခဏ တွေ့ရတယ် ။ ခေတ်ကာလ အသုံးအနှုန်းတွေနဲ့ ယဉ်ကျေးတုန်းပဲလား။
ဘက်ထရီနဲ့ပြုလုပ်ထားတဲ့ သစ်ပင် တွေ ဖြစ်လာလိမ့်မယ် ။
ရာသီဥတု အပျက်တွေ ကို အကန့်အသတ်နဲ့ ထိန်းချုပ်တော့မယ် ။
သွားပါ NASA ခင်ဗျားတို့ လွတ်လွတ်ကင်းကင်းနေပါ ။
သူမဟာ ကျနော့်ရဲ့စိတ်လိုလက်ရ ပျက်စီးခြင်း ။
ဟာသ ဆိုတာ လူရွင်တော်တွေ ပြောမှ ရီရတယ် ။
နီမြန်းလွန်းနေတဲ့ပန်းသီး ။ ပြုတ်ကျသွားတာ မဟုတ်ဘူး ။ လွှတ်ချလိုက်တာ။
မြန်မာကားဆန်ဆန် တိတိပပ မှားတယ် ။
တစုံတယောက်က ဆေးလိပ် သောက်ဖို့ ပြောနေတယ် ။
လူတွေ အရမ်းများနေတယ် ။ အသံ အရမ်းကျယ်နေတယ် ။
ဒါဟာ မျက်လုံးပြာပြာတွေ ၊ ဒါဟာ  အနောက်တိုင်း ကောင်မလေးတွေ ။ ပွင့်လင်းတဲ့ သွေးရိုးသားရိုး လိင်ဆက်ဆံမှုတွေ ။
လက်ထဲကနေ သူမ ခုန်ချသွားတယ် ။ စွန့်ပစ်ခံရတဲ့ ရောဂါ ။ အဲ့နေ့က တိုက်ဆိုင်မှုတွေ ။
ရူးသွပ်မှုတခုက ခဏခဏ ကြွေကျတယ် ။မိုက်တန်စန် ရဲ့ လက်မှတ်ကို တက်တူးထိုးချင်တယ် ။
အောက်ဆီဂျင်ကို ရှုဖို့သက်သက် သူမ အဝေးဆုံးကို ထွက်သွားတယ် ။
စက္ကူစွန်လေး ၀ယ်ပေးချင်တယ် ။ ကိုယ့်နာမည်တပ်ပြီး လွှင့်ပစ်လိုက်မယ် ။
ခပ်ကြောင်ကြောင် ညနေခင်းတွေမှာ ခပ်လှလှမိန်းမတွေ ခဏခဏ လမ်းလျှောက်ကြတယ် ။
နောက်ဆုံးလို့ ပြောပြီး ထွက်သွားတဲ့ ဓားတချောင်းရယ် ၊
ရင်ခုန်စရာတွေ မရှိလို့ သေသွားတဲ့ သူငယ်ချင်း တယောက်ရယ် ၊။
ခက်တာပဲ  ကျနော် ငိုမိတော့မယ် ။ မိုးမိရင်းနဲ့ ပေါ့ ။
custom message တွေ ဖတ်တဲ့ ရောဂါ ။ ဆိုဒ်ချုံ့ထားတဲ့ အနာဂတ်တွေ ။ ပြန်မဆုံတော့ဘူးလို့ ဘယ်သူပြောလဲ ။
ပြန်မဆုံတော့ဘူး ။ သြစတေးလျ နိုင်ငံရဲ့ တနေရာမှာ Call me လို့  ပြောနေတက်တဲ့ မိန်းမတယောက်ရှိနေတယ် ။
ကျနော်မပါတဲ့ နှုတ်ခမ်းနီတွေ ဈေးကောင်းရတယ် ။
ဟစ်တလာမရှိရင် ကျနော် လူဖြစ်လာမှာ မဟုတ်ဘူး ။
ကိုယ့်အသက်က ငယ်နေသေးတယ် ။ မျှော်လင့်ချက်တွေ မသေသေးဘူး ။
ကင်ဆာ ဖေါင်ဒေးရှင်းအတွက် ဘာမှ မလုပ်ဖြစ်သေးဘူး ။ မိဘမဲ့ဂေဟာကို အလှုငွေ မထည့်ဖူးသေးဘူး ။
အဖွဲ့အစည်းတွေအတွက် outsider တယောက် ဖြစ်နေဆဲပဲ ။ ကိုယ်အထီးကျန်နေတယ် ။ ကိုယ် မရီဖြစ်တော့ဘူး ။
ပျော်တယ် မဟုတ်လား ။ ပျော်တယ် ဆိုရင် ပြီးတာပါပဲ ။
ဘာမှစိတ်မပူပါနဲ့ ။
ကျနော် ဆရာဝန် မဟုတ်ပါဘူး ။ ခင်ဗျားကိုလည်း ဆေးမထိုးပေးပါဘူး ။
ခင်ဗျား စိတ်တိုင်းကျ သေနိုင်ပါတယ် ။
ဘာမှမပြောခြင်းက ထွက်ခွာသွားခြင်းတမျိုးပဲလေ ။


 အေးချမ်း (fepb)

Saturday, February 26, 2011

မင်းဟာ ဘယ်တော့မှ ဖလောရင့်နိုက်တင်ဂေးဖြစ်လာမှာ မဟုတ်ဘူး နိုရာ

ဆေးလိပ်သောက်နေပြန်ပြီလား နိုရာ ။

မင်း လှေကားသုံးထစ်ဆင်းသွားပြန်ပြီပေါ့ ။ ကဗျာဖတ်ချင်ယောင်ဆောင်မနေပါနဲ့ နိုရာ…။

မင်းစိတ်ကျရောဂါပြန်ဖြစ်နေတာ ငါသိတယ်။

ရေသန့်ဗူးအသစ်တွေ ဖေါက်သောက်ရမှာ မင်း သိပ်ကြောက်တာကိုလည်း ငါသိတယ် ။

ကမ္ဘာက မင်းထင်သလို ရောက်နေတဲ့နေရာမှာ ရပ်တန့်နေပါတယ် နိုရာ ။

မျိုးတုန်းစပြုလာတဲ့ သတ္တ၀ါတွေထဲမှာ လူသားမျိုးနွယ်က အကြမ်းဖက်မှုတွေနဲ့ ပျော်ရွင်နေရှာတယ် ။ မင်းဟာ မျိုးစိပ်ခြားနေတဲ့ တခြားသတ္တ၀ါပါ နိုရာ ။

ငါတို့ ဆွဲဖြဲလိုက်တဲ့ ရုပ်ရှင်ရုံအသစ်ကြီးမှာ သိပ္ပံကားသစ်တင်တယ် ။ ငါတို့သွားတဲ့လမ်းမှာ လူတွေပျော်နေကြတယ် ။

ဒါမဖြစ်သင့်ဘူးနိုရာ..။ မင်းရဲ့ကိုယ်ထဲမှာ ထရော်မာ တွေ အရမ်းများနေတယ် ဒါဟာ ခေတ်ကို ကိုယ်စားပြုတဲ့

ဆေးဝါးလက်နက်တွေ ဖေါင်းပွ ခြင်းပဲ နိုရာ ။

လူတော်တော်များများ ဟာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မေ့နေကြတယ် ။

လူတော်တော်များများဟာ နွားရူးရောဂါကို မေ့နေကြတယ် ။

လူတော်တော်များများဟာ မိဘမဲ့ဂေဟာ နဲ့ ဘိုးဘွားရိပ်သာကို မေ့နေကြတယ် ။

အမှန်တရားဟာ HIV ဖြစ်နေတဲ့ အညံ့စား မိန်းမပျက်တယောက်ပဲ နိုရာ ။ အဲ့အတွက်နဲ့ အမေရိကန် နဲ့ မြောက်ကိုရီးယားတို့ စစ်ဖြစ်ကြတော့မယ် ။ လူသားဆန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်နေဦးမှာပါ ။

တကယ်တော့ ဘဂ္ဂဒက်မြို့ နဲ့ ပဲရစ်မြို့ ခြားနားချက်က နည်းနည်း လေး ပါ နိုရာ….။

ဒီခေတ်အခါကြီးမှာ မင်းဟာ ရင်သားပြုပြင်ဖို့လိုအပ်နေတဲ့ မိန်းမတယောက် ဖြစ်နေဆဲပဲ မီဒီယာဟာ ခေတ်သစ်လူသတ်လက်နက်ဖြစ်နေဆဲပဲ။

နည်းပညာတိုးတက်မှုတွေဟာ ကျေးလက်ဒေသတွေရဲ့လူငယ်တွေကို ဂျင်းဘောင်းဘီနဲ့စကတ်တို ၀တ်ဆင်စေခဲ့တယ် ။

သနပ်ခါးသိပ်မလိမ်းပါနဲ့ နိုရာ ။ ဒါဟာမြန်မာမိန်းကလေး တယောက် ပီသကြောင်းပြဖို့

တခုတည်းသော ယဉ်ကျေးမှုမဟုတ်ဘူး ထိုင်မသိမ်းဝတ်ပြီး စစ်ထွက်တိုက်ကြည့်ပါ နိုရာ နာမည်မပေးရသေးတဲ့ကလေးတယောက်ဟာ လူရာမ၀င်ကြောင်း အလိုလိုသိလာပါလိမ့်မယ် ။

ငွေသားကိုင်ဆောင်သူတွေရဲ့လက်မှတ်နဲ့မင်းရဲ့မျက်ရည်ဟာ ငါ့ကို အနှောက်အယှက်ဖြစ်စေတယ်

အခိုက်အတန့်ပါပဲ ။ ငါကလည်း ဖြစ်နေတယ် ။ တော်တော်သည်းနေတယ် နိုရာ ။ ငယ်ငယ်ကတည်းက လိပ်ပြာသေတွေမြင်ရင် ငိုနေတက်တဲ့ ကောင်လေ ။

လူ့အဖွဲ့အစည်းအသစ်မှာ Nokai နဲ့ Laptop က နာမည်ကြီးတယ် ။

အပေါစား အနုပညာရှင်တွေ နာမည်ကြီးတယ် ။ Facebook နဲ့ G-talk တွေ လူသုံးများတယ် နိုရာ ။

မင်းဟာ လူ့အရင်းအမြစ်ဖြစ်နေပြီ ။ God ဟာ Dead သွားပြီ ။ကိုယ့်ကိုကိုယ် အားကိုးပါ ။

ကမ္ဘာ နဲ့ ရွာဟာ လျှောက်သွားလို့ ရတာခြင်း တူတယ် ။ ဆိုကရေးတီး နဲ့ နယူတန် မသိတာတွေလည်း အများကြီးပဲ ။

မသိကိန်းများတဲ့ မင်းဟာ လွှင့်ပစ်ခဲ့သမျှကို ပြန်ကောက်နေတဲ့ မိန်းမဆိုးပဲ နိုရာ ။ မင်းဟာ မီးကို ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ လူတယောက်ပါ ။ ဗန်ဂိုးဟာ မင်းကို သူ့နားရွက်ဖြတ်ပေးခဲ့တယ်လေ ။ ဘာမှအားမငယ်ပါနဲ့ နိုရာ မင်း ၁၈ ပြည့်ရင် ကိုယ်တိုင် ကားမောင်းလို့ရမှာပါ ။ အရှေ့တောင်အာရှမှာ အနောက်တိုင်းယဉ်ကျေးမှုတွေ နဲ့ မင်းနေသားကျသွားမှာပါ ။

ဆေးလိပ်သောက်မဲ့အစား အရက်သောက်လိုက်ပါနိုရာ ။ ဒါမှ မင်းဟာ အချစ်ဝတ္တုတွေ ကောင်းကောင်းဖတ်လို့ ရမှာပေါ့ ။

ဆရာဝန်တိုက်မဲ့ စိတ်ငြိမ်ဆေးကို မင်းမုန်းတီးနေတာလား ။ သစ်တောပြုန်းတီးမှုတွေ နဲ့ ဝေလငါးပြုန်းတီးရေးကိစ္စတွေဟာ

မင်း တယောက်ထဲ ကျင်းပရမဲ့ နှစ်ပတ်လည်အစည်းအဝေးတွေရဲ့ အကြောင်းအရင်းတွေပဲ နိုရာ ။

ခပ်လန်းလန်း ကောင်လေးတယောက် မင်းကို ချဉ်းကပ်လာလိမ့်မယ် ။ အဲ့အခါကျရင် မင်းဟာ စိတ်ကျရောဂါခံစားနေရတဲ့မိန်းကလေးတယောက်မဟုတ်ကြောင်း သူ့ကို လိမ်လိုက်ပါ ။ ပြီးရင် မင်းသောက်ရမဲ့ဆေးတွေ သူ့ကို သောက်ခိုင်းပါ ။ ပြီးရင် အကြောင်းပြချက်ကောင်းကောင်းတခုနဲ့ နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ပေါ့ နိုရာ…..။

အေးချမ်း (f e p b )

Wednesday, January 26, 2011

အနက်အဓိပ္ပါယ်တစ်ခုခု ပါဝင်ပါက ကျွန်တော်တို့၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း

ပထမလူ။ ။ မေးလက်စနဲ့ ဆက်မေးဦးမယ်၊ ခင်ဗျားဟာ ဘာသာစကားတစ်မျိုးမှ မတတ်တဲ့ စပိုင်တစ်ဦးဆိုတာကို ကမ္ဘာကသိအောင် ဘယ်လို ငြင်းဆန်မလဲ။
ဒုတိယလူ။ ။ ကျွန်တော်ကတော့ မော့ဆက်အဖွဲ့ကြီးရဲ့ ပါရမီရှင် ဂေးတစ်ယောက်ပေါ့။
ပထမလူ။ ။ ကင်မီလီဟာ မိန်းမရွှင် မဟုတ်ဘူးလို့ တော့ ပြောပါရစေ။
ဒုတိယလူ။ ။ ရွှင်လန်းစွာ ပြုံးနေတဲ့ မိန်းကလေးဟာ ကင်မီလီ မဟုတ်ဘူးလားကွယ်တို့။
ဒုတိယလူ။ ။  ဘွန်ဂျီးရား....မိတ်ဆွေကြီး မစ္စတာ အက်ဒွါဒို.. ခင်ဗျားပြောသလိုပဲ အရမ်းအိပ်ချင်တဲ့ အချိန်မှာ အိပ်လိုက်တာက အိပ်ချင်စိတ်ကို ဖြေဖျောက်နိုင်တာပေါ့။ ဝမ်းနည်းစရာကောင်းနေတာက ခင်ဗျားတို့ ဘရာဇီးလ်နိုင်ငံကြီးမှာ ဝိုင်းစုခိုင်သိန်းကို ဖွင့်လို့ မရတာပဲ။
အူလမ်းကြောင်းကို ပြောင်းပြန်စီးဆင်းစေမယ့် ငါတို့ မျိုးဆက်တွေ၊ ထမင်းဝိုင်းပေါ် မြိန်ရည်ယှက်ရည် ဖင်ထိုင်ချလိုက်ကြ
ပထမလူ။ ။ ကိုယ်ဟာ လူလိမ်လူညာတစ်ယောက် မဟုတ်မှန်း ကိုယ့်လျှာပေါ်က ဗက်တီးရီးယား ငါးသန်းခန့်က အခိုင်အမာ ထောက်ခံပါလိမ့်မယ်။

ဒုတိယလူ။ ။ အရမ်းရိုးတဲ့ လူနဲ့  အရမ်းလည်တဲ့ လူတွေပဲ လူပျိုကြီးတွေ ဖြစ်ကြတာပ။ (ရတနာဝင်းထိန်)

ပထမလူ။ ။ အရိုးရမ်းတဲ့ လူနဲ့ အလယ်ရမ်းတဲ့ လူတွေပဲ လူအိုကြီးတွေ ဖြစ်ကြတာပ။

ဒုတိယလူ။ ။ ငါမအိုသေးဘူး။ (အလောင်းစည်သူ)ဒီနှစ်အတွက် ဒီဆုကိုတော့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ပေးပါတယ် (မော်ရင်ညို)
ဆီလီကွန် ကူထားရတဲ့  သားမြက်တစ်စုံဟာ ရောမမြို့ ကြီးရဲ့  တယောသံ ပေါ့။
ပထမလူ။ ။ တရံသောအခါက ရောမမြို့ကြီးမှာ သားမြတ်တစ်စုံပုံစံ ဆီလီကွန်တောင်ကြားကြီး ရှိခဲ့ပါလိမ့်မယ်။
ဒုတိယလူ။ ။ ဂျူးသန်းပေါင်းများစွာကို ဂျူးပြသနာများကို နောက်ဆုံးဖြေရှင်းခြင်းလို့  ခေါင်းစဉ်တပ်ခဲ့ တဲ့  အိုက်ခမန်းဟာ သူ့ ကိုသူ သတ်ရမှာ အခုထိ မေ့နေဆဲပဲ။
အီဗာဘရောင်းရဲ့  လင်ငယ်ဟာ အလန်စမစ်ပါလို့  အဒေါ့ဖ် ဟစ်တလာ မသိခင်ကတည်းက ကျွန်တော် ကြိုသိခဲ့ပါတယ်။
ပထမလူ။ ။ အိုက်ခမန်းဟာ မိမိကိုယ်ကိုယ် ပြဿနာတစ်ရပ်လို့ သတ်မှတ်ခဲ့သူတစ်ဦး မဟုတ်တာတော့ သေချာတယ်။
ဒုတိယလူ။ ။ သတ်မှတ်တယ်ဆိုတာက စဉ်းစားတွေးခေါ်မှု ပါဝင်နေပြီလေ။ သူ မစဉ်းစားမိခဲ့တာက ဂျူးတွေမှာလည်း အလည်လွန်နေတဲ့  ညနက်နက်တွေ ရှိတယ်ဆိုတာပဲ။
ပထမလူ။ ။ အီဗာဘရောင်း ရေနစ်စဉ်က စိမ်ပြေနပြေထိုင်ကြည့်နေခဲ့တဲ့ အဒေါ့ဖ်ဟစ်တလာရဲ့ အတွေးထဲမှာ အောက်ဆီဂျင်မဲ့နေတဲ့ လကမ္ဘာကြီးများ ရှိနေမလား..၊
ဒုတိယလူ။ ။ ကျွန်တော်ထင်တာကတော့ ဆန်ရင်းနာနာဖွပ်နေတဲ့  လပေါ်က အဖိုးအိုကို သူ ငေးနေရှာမှာ
ပထမလူ။ ။ ဇာတ်ပေါင်းသော် ဟစ်တလာ ဟူသောအမည်ဖြင့် အစ္စရေးပြည်ဝင်ခွင့်ဗီဇာ ရယူနိုင်ပြီ... (ကောလာဟလ)

ဒုတိယလူ။ ။ ဟစ်တလာသာ ပန်းချီဆရာဖြစ်ခဲ့ ရင် ချေ ဟာ အီဗာဘရောင်းနဲ့ အကြောင်းပါသွားမလားပဲ။

ပထမလူ။ ။ လပေါ်က အဖိုးအိုကို နာဆာက မျက်စိလျမ်းနေခဲ့စဉ်ကတည်းက မြန်မာလူမျိုးများ [ယခု မျိုးသုန်းပျောက်ကွယ်ပြီး] က တွေ့ရှိခဲ့ဖူးကြောင်း....

ပေါလ်ဂေါ်ဂင်ကဲ့သို့ အနုပညာရှင်တစ်ဦးကရော တစ်နေ့မှာ ဆူပွက်နေတဲ့ ရေနွေးအိုးထဲ ဗက်တီးရီးယားခြောက်သန်းကို အရှင်လတ်လတ် ထည့်မပြုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်ပါသလဲ၊ မေး ရ ပြီ။

ဒုတိယလူ။ ။ ကုလသမ္မဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဘူးထရို့ စ် ဂါလီ ၁၉၉၂ နှစ်မှာ တီထွင်ခဲ့ တဲ့  ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ စကားလုံးကရော လူတန်းစားခွဲခြားတဲ့ ဗှင်ဂိုးရဲ့ ပန်းချီကားလိုပါပဲလား။

ပထမလူ။ ။ ကဲ အချိန်တန်ပြီ ဗိုလ်ချုပ်ကို နှိုးလိုက်တော့၊ မြန်မာ့လွတ်လပ်ရေးကို အင်္ဂလိပ်လက် ပြန်အပ်ကြဖို့.... သင့် ပါ ပြီ ....ဒုတိယလူ။ ။ သီပေါမင်းပါတော်မူတာ နောက်ကျလွန်းတယ်.... အနော်ရထာ လောက်ကတည်းက ပါတော်မူခဲ့ရင် အမေရိကန်ပြည်ထောင်စုကို ဗမာဖြစ် လှည်းဝင်ရိုးတွေ တင်ပို့နိုင်နေလောက်ပြီ
ကနောင်မင်းသား တိုင်းပြည်ကို ချောက်ထဲတွန်းချခါနီး မင်းတုန်းမင်းတြားကြီးက ကယ်ခဲ့တာတော့ သမိုင်းရေးသားသူတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို ကျေးဇူးတင်ရပေမယ်ကွဲ့

ပထမလူ။ ။ ဒီလိုသာပြောကြေးဆို ဘုရားသာ မပွင့်ခဲ့ရင် ငရဲကြီးရှစ်ထပ်က ငါတို့ လွတ်ငြိမ်းချမ်းသာခွင့်ရကြမှာ..
..

ဘာသာစကားသာ မရှိဘူးဆိုရင် ဘုရားပွင့်ဖို့တောင် ခက်ခဲသွားမယ်မဟုတ်လား

ဒုတိယလူ။ ။ ဘာသာစကားမရှိဘဲ ပွင့်မယ့်ဘုရားကတော့ Rapper တစ်ယောက်ရဲ့  ကိုယ်ဟန်အမူအရာလောက်နဲ့  လူတွေကို ချေချွတ်နိုင်ဖို့ မနည်းကြိုးစားရလိမ့်မယ်။

ယခုအခါ ခါးဝတ်ပုဆိုးနေရာတွင် အစားထိုးရန် မင်းမဲ့ဝါဒတံဆိပ် ဂျင်းဘောင်းဘီများ အမေဇုန်တွင် ရောင်းချလာ...
ဂျော်နီဒပ်ကို ကြည့်ပြီး ကျွန်မ တကိုယ်တည်း လိင်စိတ်ဖြေဖူးပါတယ် (ဒါမျိုးအသံမထွက်ရဘူးလို့ ကိုယ့်စိတ်ကိုယ် ဆုံးမ၊ လက်တွေ့တော့ ဘာအရေးလဲ..နော့..)

ပထမလူ။ ။ ကျွန်တော်ကတော့ စိတ်ကိုလိမ်ထားပြီး တဏှာတွေ ဒလဟော ထွက်မကျအောင် အနိုင်နိုင်ကျုံ့ထားခဲ့ရတာပေါ့၊

ဒုတိယလူ။ ။ နစ်ဇမ် ဘုရင်ကြီးကို အားမကျ၍ ကာမေသုမိစ္ဆာစရဏကံကို ဤနေရာတွင် အကျယ်မဟောလိုတော့။

ပထမလူ။  ။ ကဲ ပြောလက်စနဲ့ ဒီမှာပဲ ရပ်လိုက်ကြရအောင်။ ကျွိ။

Theme: Dialectical Flarf

Friday, January 7, 2011

ဆာ ဟာ ရ

ဒီအဖြစ်အပျက်အားလုံးက ဒီကစတာပဲ…..

သံသရာကို လက်တည့်စမ်းချင်မိတာက မယားပျောက်သွားတဲ့ ရှေ့နေတယောက်ရဲ့သောကလား

စိတ်ဟာ စိတ်ထဲပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ယားနေတယ်

“ ဟစ်တလာ ဘယ်တော့မှမသေဘူး ”

ဂျာမန်တွေပြောကျတဲ့စကားတခွန်း ပါးစပ်က လိုက်ရွတ်မိတယ်…….

ခေတ်ပေါ် အသုံးအဆောင်တွေကြားမှာ အနုပညာဟာ လက်နက်ဆန်ဆန် ပေါများလာတယ်

ယဉ်ကျေးမှု ကူးသန်းရောင်းဝယ်မှုဖြစ်လာတယ်

စကတ်တိုတိုနဲ့ ပြယုပ်တွေက နိုင်ငံတကာ စစ်ပွဲတွေကို ဖြစ်စေတယ်

အေးဂျင့်တွေရဲ့စကားတွေကြောင့် ကမ္ဘာဟာ အရင်ကထက် ပိုပူနွေးလာ..

စောက်ဆိုတဲ့ အသုံးအနှုန်းက လူတိုင်းနဲ့ မတန်တော့ဘူး…..

ရွာလည်တယ် ရွာကြီးလည်နေတယ် ကမ္ဘာဟာ ရွာတရွာဖြစ်နေပြီ

ကမ္ဘာဟာလည်နေတယ် ကျနော်လည်း လည်နေတယ် ကျနော့်သယံဇာတတွေလည်း လိုက်လည်နေတယ်

လူလည်တွေပေါတယ်

ဟုတ်မှာပေါ့…ဟုတ်မှာပေါ့…..

ဖိနပ်တွေ မစီးကျနဲ့ ….ဖိနပ်စီးလိုက်ရင် မင်းလည်း အစီးခံရတော့မှာ

ဘာမှမဆိုင်ဘူး ဘာမှမဆိုင်ဘူးဆိုကတည်းက ဘာမှမဆိုင်တော့ဘူး

မျိုးပွားကိရိယာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေ ပါပဲ…..

အရက်သောက်ခြင်းမသောက်ခြင်းက အဖွဲ့အစည်းတခုခုနဲ့ လုံးဝ ပတ်သတ်မှုမရှိပါ

(ခေါင်းခါလက်ခါ ငြင်းလိုပါ၏ )

ကျနော့်ရဲ့မင်္ဂလာပါဆိုတဲ့စကားနောက်မှာ ဘောပဲ ဆိုတဲ့ စကားကပ်ပါလာတယ်

ဒါဟာ ခေတ်တခေတ် အစပျိုးခြင်းဖြစ်တယ် ဒါဟာ ခေတ်ရဲ့တောင်းဆိုမှုဖြစ်တယ်

တိုးတက်နေတာတွေ ဆှုတ်ယုတ်ပြီး ဆှုတ်ယုတ်နေတာတွေ တိုးတက်တဲ့အချိန်ကျရင် ကျနော်တို့ ပြန်တွေ့ချင်ပါသေးတယ်

ကားဂိတ်တွေမှာ ပိုက်ဆံတွေ ယောင်္ကျားတော်တော်များများ ကျပေါက်သွားတယ်

လူငယ်တွေကြားထဲမှာ နည်းပညာတိုးတက်မှုဆိုတာဟာ

လိင်ကိစ္စ ပညာရေး ကျန်းမာရေး စီးပွားရေး အချစ်ရေး စသည်ဖြင့် ရေရွတ်ကျသည်

(ဘုန်းကြီးတရားဟောနေတာမဟုတ်ပါ)

ထို့ကြောင့် ဒီကဗျာသည် ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ကိုယ်စားပြုပါသည်….။

ပူပူနွေးနွေးသောက်ထားတဲ့ သောကြာဂြိုလ်လည်း အရင်ကအတိုင်း ဖြစ်သွားပါပြီ

ပြောချင်တာကတော့

ဒီပြဿနာတွေအားလုံးက ပြဿနာ မဟုတ်ပါ ဒါမှမဟုတ် ပြဿနာဖြစ်နေပါသည် ။ ။



အေးချမ်း

Wednesday, December 29, 2010

ဝင်ရောက်မွှေနှောက်ခံရခြင်း ၊ ပျက်သွားသောအပျိုရည် ၊ ဇယားသခင်နှင့်တကွ ပြည့်တန်ဆာအပေါင်း သူမခေဂ(ါ)င်းတို့ နှင့် (သည်) သုတ် စစ် (စ) တမ်(း)

ဘုရားသခင် ဟာ ဒီဂျေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဘဝလေးတွေ(ဟာ)
ကပွဲ ကြမ်းပြင်လေးတွေ ဖြစ်သွားမှာ ၊၊ ၊၊ (ဆို - ပင့်ခ်)
ဟော! ကဗျာဆရာ ဟာ ဘုရားသခင်ကို ထည့်(မိ)လိုက်ပြန်ပြီ ၊၊
ငါ နတ်သမီးကို ဖိ လိုက်တယ် ၊၊ ငါ ဘာသာစကားကို ဖိ လိုက်တယ် ၊၊
အကြောက်တရား
အေးခဲနေတဲ့ခေါင်းထိပ်မှာ
ဦးထုပ်ကိုဆွဲချွတ်လိုက်ဖို့
မေ့နေခဲ့တယ် ၊၊ ၊၊
တော် . . တော် . . စောက်ကောင်မ . . . ငါလိင်ပြောင်းရင် နင်ဘယ်လိုဆက်ဆံမလဲ
( အထက်စီး .. အောက်စီး .. ကလပ်စည်း .. စိ ဆီ စည်း )
သစ္စာရှိကြေး ၊ ရယ်ရတယ် ကောင်းမြတ် သီချင်းလိုပါပဲ ၊ L/R ၊ လီး! အော်လဂျင်နယ်ဝယ်လဲ
ထစ် ထစ် ထစ် ထစ်တာပဲ ၊၊
နင့်စောက်ခွက်ပေါ် ငါ့ စော်ရဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ရိုက်ပါ
တရားရုံး မှ သွားရောက် စစ်ဆေးပါ ၊၊ ဘုရားသခင်ကို ထပ်(ထပ်)ထပ်(ထပ်)ထည့်လိုက် ၊
Slow 1 – Slow – 2 Sssslow 33333
နာဇီကောင်တွေကို ပြန်ခေါ်ပြီး ဟစ်တလာ့ ကို ဘာဂျာမှုတ်ခိုင်းပါ
Caution !
Your XP is L-o-W Low Low Low Lo(w?)
သားဘာပြောလိုက်တာလဲ သိလား? ဟီဟိ
စောက်ကောင်မွကြီး စောက်မွှေးတွေ ရှည်ထွက်လာပါစေ
အဟီဟိ အူးတို့ သိဖို့ တားတားအမွှေးက ကိုးပေကိုး
Sssslow 4 Oh Oh . . . Sssslow Off Off oFFFF
ကျွန်တော် အကြောင်းအရာ (၂) ခု ရလိုက်တယ်
(၁)ခုက အချစ်ကဗျာရေးဖို့
(၁)ခုက
ဟုတ်! အချစ်ကဗျာရေးဖို့
ဖော့ ပြန်ဖိချ ဖော့ ပြန်ဖိချ ဖော့ပြန်ဖိချ
အားး အားးး အားးးး ရော မန္တိက ရော မန္တိက ရော့ . . မ န္တိ က
Fx4 ကျလူကျလူကျလူကျလူကျလူ
seXPart – Sex Art – Ex-Art –
Window ကနေ ဝင်လာခဲ့တဲ့ ပူချီလေး ဂူချီလေး အူတီလေး
တစ်နေ့တစ်ခါ(နှိုက်) ပတ္တမြားရည်ရွဲနေသော နေ့လည်ကြောင်တောင်ဝယ် မျောက်မွေးသူ လျှော်တီလေး တစ်ယောက်သည် ပူစီအကြည့် နှင့် ရှုတည်တည်ကြည့်နေလတ္တံ့ . . . ၊၊
စောက်မျောက်မလေး မျောက်မွေးဌာနီ ဆီ . . .
မျောက်မျိုး မျောက်နွယ် မျောက် - ကမ္ဘာ့ - အလယ် - မှာ
ကြီးပြင်းလာသလား မမ မျောက်ကြီးရယ် . . ရယ် Yeah ကီမိုချိ
တွံတွေးမျောက်တံ Flow နဲ့ Slang တွေရွတ် Sperm တွေ လွှတ်
Backward x20 ဘက်ကွက် နှစ်ဆယ်လီ
ဟစ်တလာကြီးကို ပုလွေမှုတ်ခိုင်းပါ
ပုလွေ = မြန်မာတူရိယာတစ်မျိုး
နောက်တစ်မျိုးကလည်း အချစ်ကဗျာရေးဖို့ပါ
ရော့ ရော့ ရော့ ရော့ ရော့ ရော့ Mr.မန္တိက ဦးပုံကြီး
ယတြာ - နို့သီးခေါင်းကို အရင်စချေပါ ၊၊
အို! ဇယားသခင် ရယ် ကျွန်မ ထွက်ကုန်ပြီရှင့်
ဤတွင် ယနေ့ကဗျာပိုင်း အစီအစဉ်ကို ဒီ တင်(ဘူတီ) ရပ်နားလိုက်ပါသည် ရှမ်!
Oh! ဖယာ့ ဿ ဂေါ့ဒ် ဓား မ နောက် ပိတ် ခွေး
ကဗျာဆရာတို့သည်ကား ဘုရားသခင်ကို မမေ့မလျော့ ထည့်ခဲ့ပါတယ် ၊၊
အမှာစာ ၊၊ ၊၊ ဘုရားသခင် ဖျက်သိမ်းသွားပြီ
ခင်ဗျားတို့ပဲ ကြည့်ကျက်ဟိုဟာပြုတော့ ၊၊ နော် ၊၊ နော် ၊၊ နော်
အမျိုးအစား ၊၊ ၊၊ နိဗ္ဗာန်ရောက်အောင် ဆော်ပါစေသော်ဝ် ၊၊ ၊

ဓားခွေး & ဒေးခွား Brox.

Friday, December 10, 2010

တရုတ်ဂူဂယ်ဖြင့် ရှာဖွေထားသော မြန်မာဖှလာ့ဖ်တုတု

ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာ ဖှလာကြိတ်လိုက်ပီ ကသြွာာာာ ပလပ် ပလပ် 
ချဉ်းကပ်ကြည့်ခြင်း ပလက် ပက်လက် ပပ်လပ် ပက်လပ် အိပ်မက်ပေါ်တက်မယ်ဆိုရင် 
လက်ပတ်နာရီအပ်ရန်၊ အလှူငွေ၊ ကတောက်.. အကြွေးစေ့ကလေး ဟေးဟေး 
သောင်တင်လင်းပိုင်တို့နား သို့မဟုတ် `နား´ [အီးယားကွယ် ကြာတယ်] 
မြည်သံစွဲအလင်္ကာလေးအား နားအပြားလိုက်ကြီး ကြမ်းရှရှဖြင့် မရွံမရှာ 
ကော်ပတ်စားပစ်လိုက်တယ် ကွယ်လွန်ရော ကျွံရော အပေါက် အစ အဆုံး 
ဖားတစ်ပိုင်းငါးတစ်ပိုင်း ကျွန်တော် ဘ၀က မထွေးအသား ခခါခါးးးးးး ခအအို 
နာကောက်ကွေ့ ဆံပင်ခြည်တွေ ခြေသလုံးပေါ်တင်ပဲ ကဲ........... ဟျူးးး နှစ်ဆယ့်ငါး 
နှစ်တစ်ခါ မိနစ်အစိတ် စိတ် အမွှာ မွှာ ဆုံဖူးသူ;( , X( , XS, :V , T_T ''' အီမို ၁ ကွန်တို့ဖြင့် 
စိတ်ကောက်ရန် လုံလောက်/မလောက်လေးမလောက် စားနေ ပြန်ပြီ ပုဒ်မချမည် ၊ ၊ ၊ ၊ ၊ ၊
ဘာဖြစ်လဲ ဂျန်းဒါးခွဲခြားခြင်းသည် စက်ရုပ်မပီသသော ညွတ်ပြောင်း သံပတ်မြည်သံ 
တိုသံဇတွေဝယ် ဒီရေ.............. လှိုင်း ဖွေးးးး ၊မြစ်ကလေးတွေ 
တန်းစီ၊
ထန်းလျှက်တစ်ယောက်တစ်ခဲဇီ၊မြေးကလေးက မြည်းကလေးလေ၊၊ မြည်နေတဲ့ 
ခေါင်းလောင်းသံလွင်လွင်လေးနဲ့ မြည်းဖို့ ဘယ်လိုပိတ်ရမှာတုံး ဒကာရဲ့ အဟက်                
ချောကလက်အား မြန်မာစာအဘိဓါန်တွင်မည်သို့မျှအဓိပ္ပါယ်ဖွင့်ဆို သည်ကတုံးကြီး၏ 
ရှက်ပြုံးမှာ အစွယ်ငေါငေါနဲ့ကိုယ်သိပ်ချစ်တယ် အစောရယ်. လက်ဝှေ့သမလေးအား 
မြှူဆွယ်ရန် ဟာကွက်လှတပတလေး တစ်ဒါဇင်အား ဦးခေါင်းတွင် စွပ်ကြည့်လို့မှ 
မတော်တဆ၊ မတော်တရော်၊ မတော် မတရားမှုမှာ ကြားနေတယ်ဆိုရင် ဂျိုင်းမွှေး ပေါက်စ 
က စိတ်ခံစားမှုမျိုး သမာဓိအား ထူထောင်ပါ ကိုးရိုးကားယား ဆက်ဆံရေးအား ပရင့်စကင်နဲ့ 
ဖမ်းထားတယ် ဘာမှတ်လဲ အဟဲ ရဲခဏ အား ယူဇနာဖွဲ့၊ ဟဲ့ မေးခွန်းကြီးက 
နောက်ကလိုက်လာတော့ ငါလည်း လန့်သွားတာပေါ့ဟယ် အဲဒါနဲ့ ကွိကွ သောက်တလွဲ 
နောက်တစ်ကြောင်းကို ခုန်ဆင်းရပြန်ပြီ။           
လှေ                
     ကား                     
           အ       
               တိုင်း               
                      ဒ                       
                        လိမ့်              
                            ခေါက်              
                                  ကွေး
အမ် မြေညီထပ်ရောက်သွားပြီလား
ထပ်ဆင်းတယ်ကွာ ဘာဖြစ်လဲ ကဲ
ဘာဖြစ်လဲ
ကဲ၊
ကဲ
ကဲ
ဘယ်
မှာ
လဲ

ရဲ
ကဲ
ဟဲဟဲ
ဖြစ်ချင် ရာဖြစ် ကောင်မရေ့

အန်းတားခေါက်ခြင်းနှင့်ဝမ်းယားမှောက်ခြင်းအား တစ်နေ့ (၁၀) ကြိမ်တိတိ၊ ထပ်ပြောမယ် 
တိတိ၊ လိုက်ဆိုပါဆို ဟိုကောင်လေး ဘာဖြစ်လို့ ပါးစပ်ကြီးပိတ်ထားတာလဲ 
`ဇစ်ပြုတ်နေလို့ပါ ဆရာမ´ ထောင်းချင်လို့ကို အ အကို လျှောက်ခိုင်းချင်ရာခိုင်းပါ ခိုင် 
ကျွန်တော့်ဘ၀လေး လော့ခ်ကျသွားလို့၊ အခင်းဖြစ်ပွားသည့်အချိန်က 
ကျွန်တော့်အမှုသည်ဟာ ဆယ်မာဟေးယက်နှင့် အတူရှိနေ/ အတူအိပ်နေ 
/အိပ်မက်ထဲတွင်အတူ မင်းမညစ်နဲ့ကွာ အစိုးရရှေ့နေကြီး။   ။ အလီဘိုင်ပြရင် 
အိပ်မက်မပါကြေးလို့ ပြောပြီးစလစ်နံပါတ် (၉)ဘာကာရန်မညီဘူးလဲ လာပြန်ပြီ 
လက်ရမ်းမပါသော လူကူးမျဉ်းကြားများ ၂၁ ရာစုခန့်က ရှိခဲ့ကြောင်း၊ ကိုးကား ပထမတန်းစား 
ညစ်ညမ်းစိတ်ပြခန်း ဂိုးစကိုးတက်ပြီဆို ပေါင်မုန့်ကြက်ဥကြော်.... ရော်.... 
အင်းကျိုး/အင်းပေါက်/ အင်းသောက်ကျိုးနည်း ရေလှောင်တမံလေးနဲ့ 
ပိုးလောက်လန်းလေးတွေ အလှမွေးချင်တယ် ဖေဖေ။စကြာဝဠာခွက်ထဲက ဘုရားလေးတွေ 
ဝတ်ကျေတန်းကျေ ပွင့် လင်းမြင်သာမှုဟာ ၀ီကီလိခ်လို တစိမ့်စိမ့်ယိုကျတုန်း 
မင်းသောက်(ရေ)ခွက်ကြီးနဲ့ ခံထားရတာတွေလည်း မနည်းတော့ဘူး အမှတ်မရှိဘူး စင်း 
လုံးချော ပါခင်ဗျာ... ဒေါင် ဒေါင် (အဲကိုး ကုဒ် လေး ကျွန်တော်မေ့နေတယ် ပရိုဂရမ်မာတွေ 
အော် မရှိသေးတာလား ကျွန်တော်ကလည်း မေ့နေတယ်လို့ ပြောတာလေ ဟင် 
မေ့ဖို့အရေးကို ရှိဖို့လိုသေးလို့လား ကျွန်တော်တစ်ခုခုကို သတိရနေချင်တယ်ဗျာာာ 
ကွင်းပိတ်ကိုမမျှော်တော့နဲ့ ကျွန်တော်မချတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးမှ ... ) ချ မိ လို က် 
သည်။ ဘ၀ဆိုသည်မှာ ပူစီပေါင်းတစ်လုံးကျကွဲတာထက် ဘာမှမပိုပါဘူးလို့ ကဗျာဆရာက 
စိတ်ထဲကနေ ညှောင်နာနာပြောမယ်။ အသံတိတ်ခေတ်လေကွယ်။ ဘာသာစကားမပါလည်း 
ကဗျာကတော့ စိတ်တုံးလုံးကြီးပဲ နေ လို့ ရသေးတာပဲ။ သူလုံးချေထားတဲ့ Notebook များ 
အခန်းအနှံ့အပြား အဖတ်လိုက် ဖလပ်ဖလပ် ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာဖှလာ။ 
တရုတ်ဂူဂယ်ကြီးနဲ့ မြန်မာဖှလာ့ဖ်ကို အနောက်တိုင်းစံမီအောင် ရေးဦးမယ်တဲ့... အဲ့လဲ့.... 
ဖှလာကြီး အမေရယ်။ ထို့နောက်သူက ထမင်းချိုင့်လေးကိုပြန်ယူလိုက်ပြီး ကျေးဇူးပဲနော်ဟု 
အပြုံးကလေးဖြင့်ပြောကာ (၀ါ) အပြောကလေးဖြင့်ပြုံးကာ နောက်ကျောအလှအား 
မသိမသာ သို့တိုင် ထင်သာမြင်သာ လှစ်ပြ၍ ဘတ်စ်ကားပေါ်မှ ညင်သာစွာ 
နောက်ဂျွမ်းထိုးချသွားလေတော့သတည်း။ အို.. ခုမှသတိရတယ် ဟိုရှေးရှေးတုန်းက... 
မအွ............ဘိုင့်ယောင်းမ... တအာာာာာ။

တေဇာ (လရောင်လမ်း)
Label: စမ်းသပ်

Tuesday, November 30, 2010

၂၀၁၀ ၊ မော်ရင်ညို နဲ့  ဒီကဗျာပဲ ဆိုပါတော့

သေမင်းဟာ ပေတရာလမ်းမှာ ရပ်စောင့်နေတဲ့  ဖာသယ်တစ်ယောက်လိုပဲပေါ့ ၊
အရေးသာသာ ဖြစ်သွားတဲ့  အရာသေးသေးများ
(၁) သောက် (၂) သုံး (၃) မ (၄) ကျ (၅) မှု (၆) များ
ငါတို့ မျိုးဆက်ရဲ့  အလှပဆုံး အပြင်းထန်ဆုံး ဒုက္ခများ
နယ်ခြားမျဉ်းတစ်ခုလို ရုတ်ချည်းပြောင်းလဲသွားလို့ မှ မရတာ
ဆင့်ကဲပြောင်းလဲမှု မျိုးဗီဇအရ အတောက်ပဆုံး စိတ္တဇတွေ
နောင်တခေတ်မှာ ဟာသတစ်ပုဒ်လို ဖတ်လို့် ကောင်းနိုင်လား ကောင်းရဲ့ 
အဟားးးးးးးးးး ရယ်...ရ...တယ် ။
လူတွင်ပါဝင်သော ပစ္စည်းများမှာ...ခြေ ၊ လက် ၊ နဖူး ၊ တံတောင် ၊ ဒူး
ခုပေါ်လာတဲ့  စကားလုံးတွေ ချရေးတာပါ ၊
ကျွန်တော့် ကဗျာကို ဘယ်တော့မှ ထိန်းချုပ်ဖို့  မစဉ်းစားပါရစေနဲ့ 
ဖြတ်ရိုက်လိုက်လို့  လိုင်စင်ပုံတွေ ထွက်လာမယ် ၊ ခိစ်
အတည်ပေါက် ရေးမလို့ ၊ ရေးကြီးခွင်ကျယ်ပြောရအောင်လည်း စိတ်နဲ့ ကိုယ်နဲ့  မကပ် ၊
တခါတလေ....ကျွန်တော်တို့ တတွေ လူဖြစ်ရကျိုး မနပ်သလို ခံစားမိတာပဲ
မိဘဆိုတာ သားသမီးကို နေ့ ပြန်တိုးပေးထားသလို မွေးခဲ့ တာလား
ကျွန်တော် ကံဆိုးစွာ အမွေးခံလိုက်ရပါတယ်
လူအဖြစ် အသက်ရှင်ခွင့် ရရှာလိုက်ရတဲ့ အတွက် လူဖြစ်ရှုံးခွင့် ပျော်ပျော်ကြီး ရခဲ့ တာပေါ့ ..၊
ပျော်စရာပါ ။
လက်ထဲမှာ ကိုင်ထားတဲ့  ရေခဲမုန့် တစ်ခုလို ငါတို့ ပျော်ခဲ့ ကြတာပေါ့ ...၊
ဟိုတစ်ယောက်က ဟိုလိုလေ ....ဒီဘဲကြီးက စောက်ပေါပါကွာ ၊
ဟုတ်ကဲ့  ၊ (၂၁) ရာစု ယောက်ျားကောင်းတွေပဲ အတင်းပြောရဲကြတာပါ
တည့်(ဒဲ့ ) ပြောတယ်ဆိုတာ ဘယ်လူမိုက်မဆို ပြောရဲပါတယ် ...။
ကဗျာဆရာဆိုတာ ဘာသာတရားကိုးကွယ်မှုရဲ့  လွှမ်းမိုးခြင်း ကင်းရမပေါ့
I am SPECIAL ONE (မော်ရင်ညို)
ကြွားဝါမှုဟာ အဲဒီအတိုင်းတထပ်တည်းဖြစ်လာခဲ့ ရင် ကြွားဝါမှုဟာ ကြွားဝါမှုကို တိုက်ရိုက်ငြင်းဆန်နိုင်တယ်
ရွေးချယ်စရာမရှိတော့လို့  ကဗျာဆရာလုပ်တာတော့ မဟုတ်ဘူးဗျ
အဲ.....ဘာဆက်ပြောရမလဲ မသိတော့ဘူး.....ဗျစ်..ဗျစ်..ဗျ

င်း..ဗျင်း...ခေါင်းကုတ်လိုက်တဲ့  အသံပါ ၊
အားငယ်တဲ့ အသံတွေ သိမ်ငယ်တဲ့ စိတ္တဇတွေ ရေးရင်း ပေါ်ပေါ်လာလို့  အဆုံးသတ်လိုက်ရရင် ကောင်းမလား ၊
အော်..ဒါမှမဟုတ်..သြော် ..အရင်ကရေးဖူးတယ်
ငါ အတိတ်တွေကို ဘာမှန်းမသိပဲ -ed ပေါင်းလိုက်တဲ့ အကြောင်း
အတိတ်ကို အတိတ်အတိုင်းအတိတ်မှာ ထားခဲ့ ချင်မှု မှာ ကျွန်တော် မအောင်မြင်စွာ လက်လျော့ကျရှုံးလိုက်ပါပြီ
အတိတ်ကို လက်ခံလိုက်ပါပြီ...ကျွန်တော်သား
လိမ္မာ မဖြစ်ချင်ပေမယ့်လည်း အကြွေးတွေ ဆပ်ပါတော့မယ်
ဘဝပေးပါပဲ ၊ ပျော်စရာပါပဲ
ဒီကဗျာတစ်ပုဒ်လုံးက ကျုပ် အတ္တအလုံးစုံကို
မဖော်ပြနိုင်သေးတာကတော့ ဝမ်းနည်းနေသရွေ့ 
လက်ရှိ အရေးကြီးနေတာက ဘာကာ-ရီးရဲလ် မှာ မော်ရင်ညို အနိုင်ရရှိဖို့ ပါပဲ
ဘဝရဲ့  စောက်ရေးမပါမှုက ဒီလောက်ပါပဲ
လှလှလေး အဆုံးသတ်လိုက်ပါပြီ ၊
ဝါဆိုမိုးနဲ့  ပြန်ခဲ့ ပါတော့မယ်********************
************။   
နေမြဲ(၃၀၊၁၁၊၂၀၁၀)

Sunday, November 28, 2010

သင်သည် အသဲကွဲနေသူဖြစ်ပါက ဝင်ခွင့်ပြုမည်မဟုတ်

...................အသဲ................................အသဲ..................
................အသဲကွဲသူများ.................အသဲကွဲသူများ............
.............အသဲကွဲသူများမဝင်ရ.......အသဲကွဲသူများမဝင်ရ.........
...........အသဲကွဲမည့်သူများမဝင်ရ.အသဲကွဲမည့်သူများမဝင်ရ......
...........အသဲကွဲမည်ထင်ရသောသူများမည်သူမဆိုဝင်မလာရ......
.............အသဲကွဲသူများသည်ဤနေရာသို့လုံးဝဝင်မလာရ.........
..................မည့်သည့်အကြောင်းပြချက်ဖြင့်ပင်မဝင်ရ.............
.......................အသဲမကွဲသူများကိုသာဝင်ခွင့်ပြု၏................
...........................အသဲကွဲသူများဝင်ခွင့်မပြုပါ.....................
.................................အသဲကွဲခွင့်မပြုပါ...........................
......................................လုံးဝအသဲ...............................
..........................................မကွဲ..................................
................................................................................


မင်းယွန်းသစ်

Animation ({အ}အန်နီမေးရှင်း)

သုံးဆယ့်တစ်ဘုံ ထဲ အာရုံခံစားမှုတွေ ဖြစ်ပျက်မှုတစ်ခုတစ်စုံမရှိစေရ
ငါက ငါ့အာရုံကြောမျှင်များထဲ လှည့်လည်ဝင်ရောက် လျှောက်ပတ်လို့ 
ငါမှငါသို့  အကြောင်းပြန်တော့ ငါသည် မကောင်းမှုများကိုကြူးလွန်ရန်
အဆင်သင့်ရှိပြီး ငါ၏ ထိမ်းချုပ်မှုခလုတ်များ ယို့ ယွင်းလျှက်ရှိပါသည်။
အထူးသဖြင့်…စသည်ဖြင့် စကားပြောချင်းဖြင့်
ဖြစ်ပျက်မှုများဖြင့် လူတွေ ငါတကောတကော လက်ညိုးတစ်ငေါက်ငေါက်
ထိုမှစ၍ …. တစ်ကမ်းဝင် တစ်ကမ်းထွက် ကပ်ခဲ့ပြီး
ငါ့ ၀ိညာဉ်က ငါ့ကို မပူးကပ်မချင်း
ငါက ငါ့နောက်လိုက်ဖို့ ငါ့ကိုယ်ငါ မငြင်းဆန်မချင်း
ငါ့ လှေငါမလှော်မချင်း ။ ။ ။ ။ ။
သူတို့ က တပ်မကို ဘယ်ညာဆီပို့ ပစ်လိုက်ကြတယ်။
ဘုရားကိုပါးစပ်ထဲထည့်ပြီး ဆင်ခြေရာခွက်ထဲ ၀င်အောင်းချင်နေလို့ 
ဆင်တူယိုးမှားများ တရားစွဲဆိုမှုမှာ ဆင်တွေထူးခတ်ခံထားရမှု
ငါ့ပေါ်အတက်အဆင်းများများလုပ် နေသူတွေ
သူတို့ ကန်သွင်းတဲ့အပေါက်မှာ ဂိုးသမားဖြစ်လို့ ဖြစ်နဲ့ 
ဘော က လူသတ်သမားမျက်မှန်ကိုတပ်လို့ မြို့ ထဲလျှောက်လည်
ငါကတော့ သက်လုံကောင်းဖို့ ကျင့်စဉ်အဖုံဖုံ ကြားကရုံးမထွက်နိုင်
ရေကြည်ရာမြက်နု ဆိုသလို ရေမကြည်မြက်ရင့်သွားသူလို
မြက်မကြည်ရေရင့်ခဲ့ပြီး ရေးနေကြစာကြောင်းဟာတစ်ခုက
ဘာသာစကားလိုလို သစ်ပင်လိုလို စာအုပ်လိုလို ဖောင်တိန်တစ်ချောင်းလိုလို
ဘာလိုလိုနဲ့ လိုလိုတွေအိတ်ထဲထည့် ငါကခရီးထွက်ရာမှာ စကားပြောနည်းသူ
ဘ၀နဲ့ ငါက ဦးရာလူစနစ်နဲ့  စံနက်တံမီးရှို့ ဖောက်ခွဲဖို့ အဆင်သင့်
ပျက်အစဉ်ပြင်ခဏ ဆိုတာနဲ့ မပြင်တော့ဘူးပြောလို့ ပြော ဖြစ်လို့ ဖြစ်
ပျက်လို့ ပျက်ကနေ ပြင်ဆင်ဖြုတ်တပ်မှုတွေနဲ့ လက်နှစ်ဖက်ကိုဆန့် ကျင်ရာပို့ 
အကြည့်တစ်ချက်နဲ့ ပျက်သွားကြသူများ ကမ္ဘာမှာရှိကြကုန်လော
အစားတစ်ချက်နဲ့ ။ ။ ။ ။
အသောက်တစ်ချက်နဲ့ ။ ။ ။ ။
အသွား တော်ရင်တစ်လှမ်းနဲ့ ရောက် အစားတော်တော့တစ်လုပ်နဲ့ ဗိုက်ဝသူလို
မင်းက ဆရာကြီး…ဖောက်လွှဲဖောက်ပြန် နေ့ ဇယားကပ်လို့  ညဇယားကတော့
မင်းအစီစဉ်နဲ့ မင်း ဇောက်ထိုးဆွဲ လူ့ တစ်ဖက်သားစိတ်ကို ဘီးတွေတပ်လို့ တပ်
မင်းဟာ ငယ်ငယ်ကလို စိန်ပြေးလိုက်တမ်းကစားချင်နေတာလား?
ဒါက ဒါလင်…ဒါလင်က
နားဝင်ချိုစိမ့် ရင်အဖိန့် ဖိန့် တုန်လောက်အောင်
မင်းမျက်နှာကြီးပျားရည်စမ်းခရီးထွက်သလို လှုပ်ရမ်းခါနေတယ်
တစ်စုံတစ်ခုမှ မရှိပါပဲနဲ့  ရှိပါရဲ့နဲ့  မင်းကိုငါက ငါ့စာမျက်နှာကနေ ဘန်းချလိုက်ပြီ
သူတို့ ထံကို/က တစ်ခုတစ်စုံ လာဘ်မထိုး/စား ပါဘဲနဲ့  ငါက အားနာလို့ 
အချိန်တန်တော့ အမှတ်စဉ်တွေရွေးကြ အဆင့်တွေသတ်မှတ်ကြနဲ့ 
ငါ့လမ်းငါသွားခြင်းမှာ မင်းတို့ အတွက် စပေ့ တစ်ခုစာလောက်တောင်မခြားခဲ့ဘူး


ဗျည်း (၃၃) လုံးအတွင်း ထိန်းသိမ်းခံထားရခြင်း

ဘာသာစကားကိုတော့
ကျွန်တော် တော်တော်စိတ်ကုန်နေပြီ။

ဆိုပါစို့
ပျော်ရွှင်စွာ ငိုကြွေးတယ်
(ပထွေးရဲ့ အသုဘမှာ)
ပူဆွေးစွာ ပြုံးရယ်တယ်
(သူဌေးပြောပြတဲ့ သိပြီးသားဟာသ အဆုံးမှာ)
ယောက်ျားပီသသော ကြောက်ရွံ့တုန်လှုပ်မှု
(ငွေရေးကြေးရေး)
စသည်ဖြင့်..
ဆန့်ကျင်ဘက်ပုဒ်တွေနဲ့ အရောင်ခြယ်လည်း
ညှို့အားပြင်းအလှကို မရတော့ဘူး။

ဒွန်တွဲဆန့်ကျင်ဘက်တွေဟာ
နေ့စဉ်ဘ၀တွေမှာ အထာကျခဲ့ကြပြီကိုး..
ရိုးအီခဲ့ကြပြီကိုး..။

တကယ်လို့ ကျွန်တော်က
ကျွန်တော့်ရဲ့ ပေါ့ပါးတဲ့ လှောင်ပြောင်သရော်မှုတွေမှာ
နင့်သီးတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊
အပြင်းစား ဝေဒနာတွေ ပါဝင်နေကြောင်းပြောရင်
ခင်ဗျားက အံ့သြတော့မှာ မဟုတ်ဘူး။

ကျွန်တော့်ကို ဂရုတစိုက်၊
ဒါမှမဟုတ် ကိုယ်ချင်းစာနာစွာ
လွယ်လင့်တကူ ဥပေက္ခာပြုလိုက်မှာပဲ မဟုတ်လား။

ဒါကြောင့်ပြောတာ
ဘာသာစကားအကြောင်း ကျွန်တော်မပြောချင်ပါဘူးလို့။

တေဇာ (လရောင်လမ်း)

Saturday, November 27, 2010

ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ

ငါမအိုသေးဘူး၊အိုးမသေ သေဘူး။

ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်

လူပျိုဖြစ်လာပြီ

စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး

အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်

ဒီကားနစ်ကားစဉ်းစားထားတယ်။ု

စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။

ငါးဖယ်ကို သုံးထပ်က

မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်

လှေခါးနားက ဝယ်တယ်။

လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်

ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ

ကိုယ့်ခြေရာနဲ့ ကိုယ်

revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်

Subliminal Message ကို သုံးပြီး ပြောတာ များတယ်

ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး

ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်

နိဒါန်းဆိုရင် အစ

နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ

ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ

(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)

တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။



ညီဇံလှ

ကျုပ်ကိုယ်ကျုပ် ဇာတ်လိုက်မှတ်နေတာ

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!





[ ကြက်သွန်(PEM SkoOL) ]

Friday, November 19, 2010

၂၀၁၁ နှင့် သူမဧ။်နောက်ပိုင်း တစ်စိတ်တစ်ပိုင်း သို့ အမျှော်

ပင်လယ်ကြီး တစ်ပင်လယ် လည်း လိုချင်ရင်ရမယ်

မလိုလည်းဖြစ်တယ်၊နေပူချင်ပူ။…..။မိုးရွာချင်ရွာ။
ကိုယ်ကြိုက်တဲ့ ခုနှစ်ကို ကိုယ်တိုင်မျှားလို့ ရမယ်၊

ငါးမျှားချိတ်
သတ္တုမရွေးဘူး၊

ဟုတ်တယ် မရွေးဘူး..။လုံးဝ။

ငါးမျှားချိတ်
ထိပ်မှာ

(အစာအတွက် နှစ်သက်ရာ မော်ဒယ်ဂဲ
အားတပ်ထားနိုင်သည်)

ရေငုံ့ ပြီး ၀ါသနာပါလျှင်ပြန်မတက်လာလည်း
တရားမစွဲံပါ

တည်းခိုးခန်းများ ၂၄ နာ၇ီ၊ရေ၊မီး၊ဂီတ

ကော်ဇီခါးခါး၊အရက်များများ၊၊ရှင်မတောင်
သနပ်ခါးနဲ့ ဂျင်သီး

ရာသီဥတု အဆိုးဆုံး ခံတပ်ပြို။ပူလာ..ပိုပူလာ…

အကြောင်းပြချက်ရပြီးနောက်
မျက်စိသေသေရှင်ထားရမည်

အရပ်ဆယ့်ခြောက်မျက်နှာမှ

မသန်မစွမ်းမှ သည် သန်သန်စွမ်းစွမ်းသို့ 

ဟယ်…………………………………..ဟယ်
…………………ဟယ်……………………….
ဟယ်…………………………………..ဟယ်။

မီနီစကပ်မှသည် မိုက်ခရိုစကပ်သို့ 

အပေးအယူအချိန်အဆက်မိမိနဲ့ 
လိမ၊်ခေါက်၊ဆွဲ၊ပြေး

အချိန်ပိုင်းဆေးပေးမီးယူဆိုတာ ငရုတ်သီးစပ်စပ်နဲ့ 

လူကျွံဘောများ ခွဲစိတ်ကုသရန်
ဆရာဝန်များအတွက် ကျောင်းမဖွင့်သေး

ရှေ့ မြင်နောက်မြင်များထက် ကျွန်တော်တို့ အမြင်
ပိုကျယ်လာနိုင်

မှတ်ချက်။ ။ သန်းခေါင်ကျော် ရောက်သောအခါ
ကြက်မ များသည်
ကြက်ဖများ ဖြစ်သွားလိမ့်သည်။

ညီဇံလှ

Friday, November 12, 2010

ဟောဒီကဗျာထဲမှာ သေနတ်ကြီးယူပြီး ပစ်ချလိုက်

နံရံမှာချိတ်ထားတဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုယူပြီး
ဟောဒီကဗျာ/ ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချလိုက်တယ်
ပြန်တွေးကြည့်တော့ လွမ်းစရာကိစ္စတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့ပြီ
ကျွန်တော် တကယ်ပဲ ပစ်ထည့်လိုက်တယ် ကျွန်တော် ပစ်ချလိုက်မှရမှာ
အစစ်အမှန် အာ့သ်တွေထည့်ရေးနေတာ
စိတ်ထဲ ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသမျှ ဘာသာဗေဒ ရေးထားတာ
ကမ္ဘာပေါ်မှာ လူသားသန်းပေါင်းများစွာ အ အာ အာ့ အား ဘုရားတ တရားကိုတ ဂွ ဂွ ဂွ ဂွ
ချက်ကော့ဗ်ရဲ့ သေနတ်ကြီးယူပြီး ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချင်သလိုပစ်ချလိုက်
သီအိုရီအရ ချိတ်ပေးထားတဲ့ သေနတ်ဟာ ပစ်ဖို့ပဲ အဲဒီသေနတ်ကိုင်ပြီး လုပ်ချင်ရာလုပ်ဖို့ပဲ
အဓိကအရေးကြီးတာက ဖန်တရာမတေတဲ့ Text တွေဖြစ်ဖို့ပဲ ဒါက ကဗျာပဲ
အဲဒီ အ အာ အာ့ အား အဓိပ္ပါယ်တော့ ကျွန်တော်လည်း မသိဘူးဆိုတာပဲ
အဲဒီ သေနတ်ကြီးနဲ့ အခုဖတ်နေတဲ့သူတွေရဲ့ ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်
သူတို့သေသွားလိမ့်မယ် အခုရေးနေပါတယ်ဆိုတဲ့ အေဖိုးစက္ကူစာရွက်ထဲက ကွန်ပျူတာစာစီထားတဲ့
မြန်မာခေတ်ပြိုင်ကဗျာအသစ်ဟာ ဘုရားသခင်ကိုတောင် ပြန်ပြီးသတ်ပစ်လို့/ ဖန်တီးလို့ရတဲ့ လက်နက်ပဲ
ကဗျာလောကဆိုတာ မောင်ချောနွယ်မဟုတ်ဘူး၊ ဇေယျာလင်းမဟုတ်ဘူး၊ ကဗျာလောကဆိုတာ
သေနတ်ကြီးတကားကားပဲ ဟိုချိန်ဒီချိန်ပဲ
ပြန်တွေးကြည့်ရင် လွမ်းစရာ သွားလာစားသောက်မှုတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ရစ်ခဲ့ပြီ
ဟိုလူတွေ ဒီလူတွေ သီအိုရီအဟောင်းကြီးကို သီအိုရီအပျက်ကြီးဖြစ်အောင် လုပ်လို့ရတာတွေ
မကျေနပ်ရင် ဒီကဗျာကို ပစ်ချလိုက်ပါ နံရံမှာ ချိတ်ထားတဲ့ (ထပ်ခါထပ်ခါ သုံးစွဲထားတဲ့) သေနတ်ကြီးနဲ့
ပစ်ထည့်လိုက်ပါ အာ့သ်တွေ တပုံတခေါင်းကြီးပါနေတဲ့ အခုကဗျာလိုလို စကားပြေလိုလို စာပိုဒ်ကြီးကို
ဟော … အခုလှမ်းကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ သေနတ်ကြီးကို ချက်ကော့ဗ်ပြောခဲ့သလို
မတွေ့တော့ဘူး ဘာပဲဖြစ်ဖြစ်
ဟောဒီကဗျာကြီးတစ်ပုဒ်လုံးရဲ့ တစ်နေရာရာထဲ (ချောင်ကြိုချောင်ကြားပဲဖြစ်ဖြစ်)
နံရံမှာ မရှိတော့ဘူးလို့ ခုနကပြောခဲ့တဲ့ သေနတ်ကြီးကို မရရအောင်ရှာပြီး
ကျွန်တော့်ကိုရော၊ ခင်ဗျားကိုယ်ခင်ဗျားရော၊ ဝန်ကြီးပဒေသရာဇာရော၊ နတ်ရှင်နောင်ရော၊
ရှင်မဟာရဌသာရရော (မဲဇာတောင်ခြေတွေ၊ နှမလက်လျှော့နေလေတော့တွေထဲအထိ လိမ့်ကျသွားအောင်)
အားလုံးကို ထိထိမိမိ ပစ်ချလိုက် ။ ။


သူရဿဝါ
နိုဝင်ဘာလ ၁၂ ရက် ၊ ၂၀၁၀ ခုနှစ်

သူမကိုဗဟိုပြု၍.......

God is dead.
အိုဇုန်းလွှာပေါက်သွားပြီ
NASA အဖွဲ့အစည်းက သူမ မျက်ရည်ကြောင့် အိုဇုန်းလွှာပေါက်ကြောင်း စွပ်စွဲကြသည်
ကျနော် နဲ့ သူမ စကားများသည့်ကိစ္စနှင့်ပတ်သတ်ပြီ


တာလီဘန်စစ်သွေးကြွတွေနဲ့ကန်တပ်
သားတချို့ အဓိကရုန်းဖြစ်ပွား....
ဗင်းဆင့်ဗင်ဂိုးက သူမကို အလွန်ချစ်မြတ်နိုးပြီး
သူမက ကျနော့်ကို အလွန်ချစ်မြတ်နိုးသည်။
ဟစ်တလာ နဲ့ နပိုလီယံ တို့သည် သူမကြောင့်စစ်ဘုရင်တွေဖြစ်လာခဲ့
ကျ....
၂၀ ရာစု နဲ့ ၂၁ ရာစုတိုရဲ့အမေများနေ့ကို သူမ ပိုင်တယ်
ဗလာစာအုပ်ပေါ်က ပန်းပွင့်များမှာ ၀တ်ဆံ မရှိပါ
မနေ့က ၀တ်ခဲ့မိသော တီရှပ်တွင် သူမ နှုတ်ခမ်းနီ စွန်းပေခဲ့သေးလား....
ဖိနပ် နဲ့ ခြေထောက်ကြားဆက်ဆံရေးအခြေအနေကို ကုလသမဂ္ဂတွင် ဆွေးနွေးရဦးမည်
ကျနော်သည် ကျနော်မဟုတ်သော သူမကို ချစ်ပါသည်
ထို့ကြောင့် ....ဘင်္ဂလားပင်လယ်အော်သည် ယခုနှစ်တွင် မုန်တိုင်းပိုမိုဖြစ်ထွန်းခဲ့
သည်
ဖုန်းနံပါတ်ပေါင်းများစွာသည် သူမရဲ့ည၀တ်အိပ်အင်္ကျီ ဖြစ်ခဲ့သလား....။
သူမ တရားစွဲဆိုလိုက်သော နယူတန်၏နိယာမကို
လူများနှင့်တိရစ္ဆာန်များ ၀ိုင်းဝန်းရှုံ့ချနေကျသည်
ယနေ့ (၈)နာရီသတင်းအစီအစဉ်မှာ အတ်ဒီဆင်၏မီးလုံးသည် သူမဖြစ်သည်ဟု အတည်ပြုခဲ့....
သူမထံတွင် မော်ဒန်ပန်းချီကားများစွာရှိသည် ။ထို့ကြောင့် သူမသည် အနုပညာနှင့်ပတ်သတ်သော ဆုပေါင်းများစွာ ရရှိခဲ့သည်
ပြင်သစ်နိုင်ငံ၏ယဉ်ကျေးမှုများ
သည် သူမ၏နှုတ်ထွက်စကားများဖြစ်သည်
သူမနှုတ်ခမ်းများသည် ဂရင်းနစ်စံချိန်များစွာနှင့် ပတ်သတ်မှုရှိသည်
နေသည်သူမကိုဗဟိုပြု၍လှည့်ပတ်နေေ
သာကြောင့် သူမပြုံးသောအချိန်များတွင် ကမ္ဘာအရပ်ရပ်တွင် ပန်းများတပြိုင်နက်ဖူးပွင့်ကျသည်
သူမသည် ကျနော့်ကို ချစ်မြတ်နိုးသောကြောင့်
ကျနော်ရေးသောဒီကဗျာကိုသူမ အသံထွက်ဖတ်လိမ့်မည်
ထိုအခါ...
ဒီကဗျာသည် ၂၀၁၀၏အကောင်းဆုံးကဗျာဖြစ်သွာြး
ပီး
သူမသည် ၈၃၆ ခါမြောက် နိုဗယ်ဆုကို လက်ခံ ရရှိသွားပါမည်...။


အေးချမ်း....

Friday, October 29, 2010

နာဂစ်အလွန်

လက်ထဲမှာကိုင်ထားတဲ့  ဓားဟာ အဖိုနဲ့ အမ အထိအတွေ့ လိုမနူးညံ့ဘူး
ဝေးကွာခြင်းတွေ၊ ပုဝင်သွားသလိုမျိုး Bonsai ပင်လိုမလှပဘူး
I m sorry.really (တကယ်ပါ)
နင်ပြောသလို ငါဟာ နင့်ရဲ့ ထာဝရ soul mate တဲ့ လား
မိစ္ဆာမ နင့်အတ္တနဲ့ ထုဆစ်ထားတဲ့ ကြေးသွန်းရုပ်မဟုတ်ဘူး
(သား)အမေစာရေးလိုက်တယ်၊ နေကောင်းကျန်းမာ ငွေအမြန်ပို့  (ချစ်တဲ့ အမေ)
နင့်ရဲ့ ဖောက်ပြန်မှုဟာ ငါ့နောက်ကျောကိုဓါးနဲ့ ထိုးတယ်
i wanna hate u !_! u Fuck me. F*U*C*K you 4ever
ညီမလေးရေ...ဘဝ၊ငွေကြေး၊အတ္တ၊မိသားစု ဘယ်သင်းဟာ ' ဟာသ ' အမြောက်ဆုံးလဲ
အမေဟာ တော်..တော့် ကို ' စောက်သုံးမကျ  ' တဲ့ အမေပဲ.
ကိုကြီး အခုလောလောဆယ် အလုပ်အဆင်မပြေသေးဘူးညီလေး
' သား ' ဆိုတာ    ' ကျား ' တဲ့ လား၊ ကျွန်တော် ဆပ်ကပ်ထဲက ' ကျား ' မဟုတ်ဘူးအမေ
ဓါးကိုကိုင်ထားတဲ့  လက်ဟာ အရှိန်နဲ့ ဗိုက်ထဲကို အတင်းတိုးဝင်သွားတယ်
အဖေပြောတာတော့ မမေ့ ဘူး  ဧရာဝတီရဲ့ သားဟာ လှော်ရင်း မနစ်ဘူးဆိုတာကို
ညီမလေးရေ...တို့ နှစ်ယောက် လူငွေ့ ရိုက်နေတဲ့ အခန်းထဲမှာ နေခဲ့ဘူးတယ်နော်
သေနတ်ထက် ထွက်လာတဲ့ ကျည်ဆန်က ပိုစိတ်ဝင်စားဖို့ ကောင်းတယ်
ဒုက္ခကို ရင်ဆိုင်တွေ့ တဲ့ အခါမှ ကိုးကွယ်သည့်ဘာသာ ပြောင်းမလို့ လား
အခုတော့လည်း ရှေ့ တိုးနောက်ငင် အဖိအဖေါ့တွေကို လွမ်းသလိုလိုရှိသား
မင်းအဖေဟာ နိုင်ငံခြားကပြန်ရောက်ကတည်းက အမေနဲ့ အတူတူမအိပ်တော့တာလေ
စာချုပ်ပေါ်လက်မှတ်ထိုးတဲ့  လက်ဟာ မိသားစု ကို ခွဲတယ်
လျှာဟာ အက်ကွဲကြောင်းလေးအတိုင်း တစ်လစ်၊တစ်လစ် ယိမ်းထိုးနေတယ်၊တစ်လစ်တစ်လစ်နဲ့ 
Ko gyi Grandmother die twar be. yesterday 12:15 am ga.
ဘုရားစင်ပေါ်က ပန်းအိုး slow motion နဲ့ ကျကွဲသွားတယ်
လက်ထဲမှာ ကိုင်ထားတဲ့ ဓားဟာ အရှိန်နဲ့ ဆင့်ကာဆင့်ကာ
(၁)နာရီ ၈၀၀ Yen (၁)ပတ် ၆ရက် ၊ တနင်္ဂနွေနေ့ နား၊ ရထားခမပေးဘူး (ရဖို့ မသေချာ)
(အမေ)စိတ်မရှိပါနဲ့ ၊ အဲဒီနေ့ က ဘာရယ်၊ညာရယ် မဟုတ်ဘူး
သားဗိုက်ကို သားလက်က ဓါးနဲ့ ဖွင့်ကြည့်မိလိုက်တယ်။

E TOO ( 9.10.2010A.D)

Wednesday, October 13, 2010

A Poem

သင် အောင်   ဦးနှောက်                (     ညာ         စကား          ဂျပန်         ကိုယ့်
   ဟာရာ            မြင်          ဘယ်      သူ             က            လုံး            ရေး          ကိုယ်
       ကိရိ             စွာ           ခြမ်း     များ             နေ           တွေ          နည်း          ကိုယ်
       လုပ်          မကူး            သုံး    တွေ          ဘယ်             က               နဲ့           မေး
          ရဲ           ဖြတ်             ပြီး         )             သို့          လေး         ကဗျာ             တဲ့
    မလား             နိုင်          ယိမ်း   ဘယ်             တ             လံ            ရေး           မေး
                           ခဲ့             တဲ့      က            ရွေ့         လျက်            ချင်           ခွန်း
                         ရင်       စိတ်ကူး      နေ            ရွေ့              မိုး              ရဲ့
                                                  ညာ            တိုး           စက်
                                                 သွား            စမ်း            များ
                                                     ပုံ               ခဲ့             ခုန်
                                                    ထူ                           ဆင်း
                                                  ပိန်း                             ကာ
                                                  ပိန်း
    
မောင်
      လင်း
        ရိပ်
       ၁၅၊
         ၇၊
    ၂၀၀၀