Wednesday, January 26, 2011

အနက်အဓိပ္ပါယ်တစ်ခုခု ပါဝင်ပါက ကျွန်တော်တို့၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း

ပထမလူ။ ။ မေးလက်စနဲ့ ဆက်မေးဦးမယ်၊ ခင်ဗျားဟာ ဘာသာစကားတစ်မျိုးမှ မတတ်တဲ့ စပိုင်တစ်ဦးဆိုတာကို ကမ္ဘာကသိအောင် ဘယ်လို ငြင်းဆန်မလဲ။
ဒုတိယလူ။ ။ ကျွန်တော်ကတော့ မော့ဆက်အဖွဲ့ကြီးရဲ့ ပါရမီရှင် ဂေးတစ်ယောက်ပေါ့။
ပထမလူ။ ။ ကင်မီလီဟာ မိန်းမရွှင် မဟုတ်ဘူးလို့ တော့ ပြောပါရစေ။
ဒုတိယလူ။ ။ ရွှင်လန်းစွာ ပြုံးနေတဲ့ မိန်းကလေးဟာ ကင်မီလီ မဟုတ်ဘူးလားကွယ်တို့။
ဒုတိယလူ။ ။  ဘွန်ဂျီးရား....မိတ်ဆွေကြီး မစ္စတာ အက်ဒွါဒို.. ခင်ဗျားပြောသလိုပဲ အရမ်းအိပ်ချင်တဲ့ အချိန်မှာ အိပ်လိုက်တာက အိပ်ချင်စိတ်ကို ဖြေဖျောက်နိုင်တာပေါ့။ ဝမ်းနည်းစရာကောင်းနေတာက ခင်ဗျားတို့ ဘရာဇီးလ်နိုင်ငံကြီးမှာ ဝိုင်းစုခိုင်သိန်းကို ဖွင့်လို့ မရတာပဲ။
အူလမ်းကြောင်းကို ပြောင်းပြန်စီးဆင်းစေမယ့် ငါတို့ မျိုးဆက်တွေ၊ ထမင်းဝိုင်းပေါ် မြိန်ရည်ယှက်ရည် ဖင်ထိုင်ချလိုက်ကြ
ပထမလူ။ ။ ကိုယ်ဟာ လူလိမ်လူညာတစ်ယောက် မဟုတ်မှန်း ကိုယ့်လျှာပေါ်က ဗက်တီးရီးယား ငါးသန်းခန့်က အခိုင်အမာ ထောက်ခံပါလိမ့်မယ်။

ဒုတိယလူ။ ။ အရမ်းရိုးတဲ့ လူနဲ့  အရမ်းလည်တဲ့ လူတွေပဲ လူပျိုကြီးတွေ ဖြစ်ကြတာပ။ (ရတနာဝင်းထိန်)

ပထမလူ။ ။ အရိုးရမ်းတဲ့ လူနဲ့ အလယ်ရမ်းတဲ့ လူတွေပဲ လူအိုကြီးတွေ ဖြစ်ကြတာပ။

ဒုတိယလူ။ ။ ငါမအိုသေးဘူး။ (အလောင်းစည်သူ)ဒီနှစ်အတွက် ဒီဆုကိုတော့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ပေးပါတယ် (မော်ရင်ညို)
ဆီလီကွန် ကူထားရတဲ့  သားမြက်တစ်စုံဟာ ရောမမြို့ ကြီးရဲ့  တယောသံ ပေါ့။
ပထမလူ။ ။ တရံသောအခါက ရောမမြို့ကြီးမှာ သားမြတ်တစ်စုံပုံစံ ဆီလီကွန်တောင်ကြားကြီး ရှိခဲ့ပါလိမ့်မယ်။
ဒုတိယလူ။ ။ ဂျူးသန်းပေါင်းများစွာကို ဂျူးပြသနာများကို နောက်ဆုံးဖြေရှင်းခြင်းလို့  ခေါင်းစဉ်တပ်ခဲ့ တဲ့  အိုက်ခမန်းဟာ သူ့ ကိုသူ သတ်ရမှာ အခုထိ မေ့နေဆဲပဲ။
အီဗာဘရောင်းရဲ့  လင်ငယ်ဟာ အလန်စမစ်ပါလို့  အဒေါ့ဖ် ဟစ်တလာ မသိခင်ကတည်းက ကျွန်တော် ကြိုသိခဲ့ပါတယ်။
ပထမလူ။ ။ အိုက်ခမန်းဟာ မိမိကိုယ်ကိုယ် ပြဿနာတစ်ရပ်လို့ သတ်မှတ်ခဲ့သူတစ်ဦး မဟုတ်တာတော့ သေချာတယ်။
ဒုတိယလူ။ ။ သတ်မှတ်တယ်ဆိုတာက စဉ်းစားတွေးခေါ်မှု ပါဝင်နေပြီလေ။ သူ မစဉ်းစားမိခဲ့တာက ဂျူးတွေမှာလည်း အလည်လွန်နေတဲ့  ညနက်နက်တွေ ရှိတယ်ဆိုတာပဲ။
ပထမလူ။ ။ အီဗာဘရောင်း ရေနစ်စဉ်က စိမ်ပြေနပြေထိုင်ကြည့်နေခဲ့တဲ့ အဒေါ့ဖ်ဟစ်တလာရဲ့ အတွေးထဲမှာ အောက်ဆီဂျင်မဲ့နေတဲ့ လကမ္ဘာကြီးများ ရှိနေမလား..၊
ဒုတိယလူ။ ။ ကျွန်တော်ထင်တာကတော့ ဆန်ရင်းနာနာဖွပ်နေတဲ့  လပေါ်က အဖိုးအိုကို သူ ငေးနေရှာမှာ
ပထမလူ။ ။ ဇာတ်ပေါင်းသော် ဟစ်တလာ ဟူသောအမည်ဖြင့် အစ္စရေးပြည်ဝင်ခွင့်ဗီဇာ ရယူနိုင်ပြီ... (ကောလာဟလ)

ဒုတိယလူ။ ။ ဟစ်တလာသာ ပန်းချီဆရာဖြစ်ခဲ့ ရင် ချေ ဟာ အီဗာဘရောင်းနဲ့ အကြောင်းပါသွားမလားပဲ။

ပထမလူ။ ။ လပေါ်က အဖိုးအိုကို နာဆာက မျက်စိလျမ်းနေခဲ့စဉ်ကတည်းက မြန်မာလူမျိုးများ [ယခု မျိုးသုန်းပျောက်ကွယ်ပြီး] က တွေ့ရှိခဲ့ဖူးကြောင်း....

ပေါလ်ဂေါ်ဂင်ကဲ့သို့ အနုပညာရှင်တစ်ဦးကရော တစ်နေ့မှာ ဆူပွက်နေတဲ့ ရေနွေးအိုးထဲ ဗက်တီးရီးယားခြောက်သန်းကို အရှင်လတ်လတ် ထည့်မပြုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်ပါသလဲ၊ မေး ရ ပြီ။

ဒုတိယလူ။ ။ ကုလသမ္မဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဘူးထရို့ စ် ဂါလီ ၁၉၉၂ နှစ်မှာ တီထွင်ခဲ့ တဲ့  ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ စကားလုံးကရော လူတန်းစားခွဲခြားတဲ့ ဗှင်ဂိုးရဲ့ ပန်းချီကားလိုပါပဲလား။

ပထမလူ။ ။ ကဲ အချိန်တန်ပြီ ဗိုလ်ချုပ်ကို နှိုးလိုက်တော့၊ မြန်မာ့လွတ်လပ်ရေးကို အင်္ဂလိပ်လက် ပြန်အပ်ကြဖို့.... သင့် ပါ ပြီ ....ဒုတိယလူ။ ။ သီပေါမင်းပါတော်မူတာ နောက်ကျလွန်းတယ်.... အနော်ရထာ လောက်ကတည်းက ပါတော်မူခဲ့ရင် အမေရိကန်ပြည်ထောင်စုကို ဗမာဖြစ် လှည်းဝင်ရိုးတွေ တင်ပို့နိုင်နေလောက်ပြီ
ကနောင်မင်းသား တိုင်းပြည်ကို ချောက်ထဲတွန်းချခါနီး မင်းတုန်းမင်းတြားကြီးက ကယ်ခဲ့တာတော့ သမိုင်းရေးသားသူတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို ကျေးဇူးတင်ရပေမယ်ကွဲ့

ပထမလူ။ ။ ဒီလိုသာပြောကြေးဆို ဘုရားသာ မပွင့်ခဲ့ရင် ငရဲကြီးရှစ်ထပ်က ငါတို့ လွတ်ငြိမ်းချမ်းသာခွင့်ရကြမှာ..
..

ဘာသာစကားသာ မရှိဘူးဆိုရင် ဘုရားပွင့်ဖို့တောင် ခက်ခဲသွားမယ်မဟုတ်လား

ဒုတိယလူ။ ။ ဘာသာစကားမရှိဘဲ ပွင့်မယ့်ဘုရားကတော့ Rapper တစ်ယောက်ရဲ့  ကိုယ်ဟန်အမူအရာလောက်နဲ့  လူတွေကို ချေချွတ်နိုင်ဖို့ မနည်းကြိုးစားရလိမ့်မယ်။

ယခုအခါ ခါးဝတ်ပုဆိုးနေရာတွင် အစားထိုးရန် မင်းမဲ့ဝါဒတံဆိပ် ဂျင်းဘောင်းဘီများ အမေဇုန်တွင် ရောင်းချလာ...
ဂျော်နီဒပ်ကို ကြည့်ပြီး ကျွန်မ တကိုယ်တည်း လိင်စိတ်ဖြေဖူးပါတယ် (ဒါမျိုးအသံမထွက်ရဘူးလို့ ကိုယ့်စိတ်ကိုယ် ဆုံးမ၊ လက်တွေ့တော့ ဘာအရေးလဲ..နော့..)

ပထမလူ။ ။ ကျွန်တော်ကတော့ စိတ်ကိုလိမ်ထားပြီး တဏှာတွေ ဒလဟော ထွက်မကျအောင် အနိုင်နိုင်ကျုံ့ထားခဲ့ရတာပေါ့၊

ဒုတိယလူ။ ။ နစ်ဇမ် ဘုရင်ကြီးကို အားမကျ၍ ကာမေသုမိစ္ဆာစရဏကံကို ဤနေရာတွင် အကျယ်မဟောလိုတော့။

ပထမလူ။  ။ ကဲ ပြောလက်စနဲ့ ဒီမှာပဲ ရပ်လိုက်ကြရအောင်။ ကျွိ။
တေဇာ၊ နေမြဲ

Theme: Dialectical Flarf

Saturday, January 15, 2011

ရုပ်ရှင်




ပါဝင်ပတ်သတ်သည့် ပစ္စည်းများ
            မြင်တွေ့ဖူးနေကြ စားပွဲခုံပုလေးများ
            စကားပြောခန်း နည်းနည်း
            ရယ်သံ ၊ ကြယ်တွေနည်းနည်းကြွေ
            အပြုံး
            အသက်ငယ်ချင်သွား
            ချောင်းဆိုး ( မသိသာစေပဲ အနည်းငယ်လုပ်ယူ )
            ဆေးလိပ်မီးညှိ
            အပြင်လောက မှာ ဖြစ်နေတဲ့ အကြောင်းအရာအချို့ဟာ ဒီဇာတ်ဝင်ခန်းတွေနဲ့ လာလာတိုက်ဆိုင်တယ်၊၊
း)
            အသက်တွေ အသက်ရှုရင်းပဲ ကြီးလာကြတယ်နော် ၊၊
း)
            ဘာမှ ပြောင်းလဲမသွားရအောင် ကျောက်ရုပ်တစ်ရုပ်မှ မဟုတ်တာ ၊၊ သူတို့တောင် မသေချာဘူး ၊၊ ဓာတ်ပုံတွေ ရောပဲပေါ့ ၊၊
            ရှိသေးတယ် ၊၊ နှစ်ပုံထဲလေ ၊၊  ဓာတ်ပုံတွေက သူတို့တာဝန် သူတို့ ကျေပါတယ် ၊၊
း)
            ဒီ လို ပဲ လေ ၊၊ အဟား ၊၊ ရုပ်ရှင်တွေထဲကလို ၊၊ ဒါမှ မဟုတ် ၊၊ အပြင်လောက ကလို ၊၊
            ဟုတ် ၊၊ နာရီဝက်ကျော်သွားပြီလား ၊၊ အဆင်ပြေအောင်နေနော် ၊၊ ပြီးတော့ … တစ်ခါတစ်လေ အဆင်မပြေအောင် နေ ၊၊
            ngar min ko chit nay tone pal ! min asin pyay ag nay par. Min ka yout kyar 1 yout pal. Pyay mhar par. Bye bye.
း) ၊၊ အဟုတ်ပဲ ! ၊၊ အနှေးပြကွက်တွေဟာ ဒီ နာရီဝက် နဲ့ ဆို သုံးနှစ်တောင်ရှိခဲ့ပြီ ၊၊
           
            ကဒ် ၊၊ ၊၊

ဇာတိ

Sunday, January 9, 2011

PEM sKoOL Poetry pdf-Zine

ကျွန်တော်တို့ အနေနှင့် ကဗျာ နှင့် ကဗျာဆိုင်ရာ " PEM sKoOL Poetry pdf-Zine " ထုတ်ဝေမည်ဖြစ်ပါသဖြင့် မေတ္တာဖြင့် ကူညီလိုသော ကဗျာများ၊ ကဗျာဆိုင်ရာ ဆောင်းပါးများကို ကဗျာရွေးချယ်ရေး(အယ်ဒီတာ) pemzine@googlegroups.com အဖွဲ့သို့ ပေးပို့နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အဆိုပါ pdf-Zine ကို Online တွင်သာ လစဉ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ အနေနှင့်လည်း ငွေကြေးအရ အကျိုးတစ်စုံတစ်ရာ မျှော်မှန်းထားခြင်းမရှိသလို၊ စာမူရှင် များထံမှ...လည်း စာမူခ များကို အလှူခံကြောင်းပြောကြားအပ်ပါသည်။

အယ်ဒီတာ အဖွဲ့ - သိုးထိန်း (အန္တိမ)၊ ကြက်သွန်၊ တေလေ၊ လင်းရမ္မာ၊ နေည၊ ဇာတိ၊ လင်းနီညို၊ နေမြဲ

ကဗျာဏ္ဍ ဧည့် အယ်ဒီတာ - ဇေယျာလင်း

မှတ်ချက်။ ။
အယ်ဒီတာ အဖွဲ့ အနေနဲ့ ပြောရရင်
၁၊ ကဗျာအမျိုးအစား လူအမျိုးအစားခွဲခြားပြီး ရွေးချယ်ခြင်း/လက်ခံခြင်း မပြုကြောင်း အာမခံပါသည်
၂၊ လစဉ်ထုတ်ဝေရန်စီစဉ်သွားပါမည်
၃၊ ကဗျာကဏ္ဍဧည့်အယ်ဒီတာနေရာသည် ပုံသေမဟုတ်(လစဉ်အပြောင်းအလဲ ရှိမည်ဖြစ်သည်)
၎၊ ကဗျာနှင့် ကဗျာဆိုင်...ရာ ဟူ၍ ကဏ္ဍနှစ်ရပ်ပါရှိပါသည်
၅၊ ပေးပို့စာမူများ၏အောက်ခြေတွင် ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းဝန်ခံကတိ နှင့် ကလောင်အမည် ပါရှိရပါမည်
၆၊ ကဗျာများကို အကန့်အသတ်မရှိ လစဉ် 20 ရက်နေ့ နောက်ဆုံးထားပေးပို့ စေလိုပါသည်။
( ရက်အရမ်းကပ်သွားလွန်းမည်စိုး၍ ၁၅ ရက်မှ ၂၀ ရက်နေ့သို့ ပြောင်းရွှေ့အပ်ပါသည်)

ဧရိယာများများ ဂျယ်လီပင်သေးသေး

ငါ့စိတ်ကူးပုံရိပ်ထဲမှာရှိတဲ့

မင်းမမြူးကြွဘဲ

ဆိတ်ငြိမ်သက်ရှိရုပ်ထုလေးကို ငါကြည့်နေမိ

ငါ တီးလုံးတစ်ခုကို တီးမှုတ်နေချိန်မှာ

မင့် လက်ချောင်းလေးတွေရဲ့ ပန်းပွားကဟန်ကို

အသက်ပြန့်ရှိုက်သွင်းမိ ခံစားမှုကို

အရောင်ခြယ်ပုံတင်ပေးတဲ့ ရုပ်ရှင်ကားထဲက

မင်းသားနဲ့မင်းသမီးချစ်ကြိုးသွယ်ကြပုံကို

မင်း နှစ်ခြိုက်မှန်းငါသိ မှတ်မိနေတာက

မင်း စက်ဘီးရှေ့ခြင်းထဲက အထက်တန်းကျောင်း

သင်္ခန်းစာအုပ်တွေနဲ့ ဧကရာဇ်ပန်းဖြူဖြူတွေ

မိုးတွေရွာနေတုန်း  ငါစောင့်ဆိုင်းနေတုန်း

လူတွေက ပျော်ရွှင်မြူးတူးစွာပြေးသွားကြ

ငါ လက်နှစ်ဖက်နဲ့ကွယ်ဝှက်ရင်း ငိုနေမိတယ်

လှိုင်းအဖြစ်ပြောင်းသွားတဲ့ စကားတွေကိုလည်း

ရေဒီယိုထဲမှာ ရှာဖွေနေမိ အခေါက်ရေများများ

မင်းအိမ်ရှေ့ကိုရောက်သွားတိုင်းမှာ

ငါနှစ်သက်တဲ့ မင်းလက်နဲ့ဖွင့်မယ့်ခြံရှေ့တံခါးရယ်

ဆောင်းတွင်းအေးအေးနဲ့ သီချင်းတစ်ပုဒ်လောက်

အော်ဆိုသွားတဲ့ညတိုင်းရယ် ငါ့ကင်မရာ

ချောင်းကြည့်ပေါက်ထဲက မမှိတ်မသုန်
ငါမြင်နေရတယ်

နင်က ကျောက်စာတိုင်ရှေ့မှာထိုင်တယ်

ဓာတ်ပုံဆရာကဓာတ်ပုံရိုက်လိုက်တယ်

ငါ့မျက်လုံးတွေပွင့်ထွက်သွား

ငါစိတ်ဆင်းရဲနေတဲ့ မြင်ကွင်းထဲကနေ
နင်ထွက်ခွာစပြုနေပြီ

ပန်းချီ

Saturday, January 8, 2011

PEM sKoOL PDF-Zine ကိစ္စနှင့် ပတ်သက်၍ . . .



၁။ အထက်ပါ PDF-Zine ပေါ်ထွက်ရေးကို ကျွန်တော်လုံးဝ ထောက်ခံပါတယ်။ ထောက်ခံရုံတင်မကပဲ အားပေးတဲ့ အနေနဲ့ အတွဲ(၁)၊ အမှတ်(၁)ရဲ့ဧည့်ကဗျာအယ်ဒီတာအဖြစ် ကျွန်တော့်ကို ဆောင်ရွက်စေတဲ့အတွက် ဂုဏ်ယူတာထက် တာဝန်ယူပါတယ် ဆိုတဲ့ စကားက ပိုမှန်မှာပါ။


၂။ စည်းမျဉ်းအရ ကျွန်တော့်လက်ထဲ ရောက်လာမယ့် ကဗျာတွေဟာ အဆိုပါ PDF-Zine ရဲ့ အယ်ဒီတာအဖွဲ့မှ တဆင့်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အဆိုပါ အယ်ဒီတာ အဖွဲ့ရဲ့ ရွေးချယ်မှုထဲကပဲ ကျွန်တော် ထပ်မံ(နောက်ဆုံး) ရွေးချယ်ရမှာ ဖြစ်ပါတယ်။


၃။ ကျွန်တော့် ကဗျာရွေးချယ်ရေးစံနဲ့ ပတ်သက်လို့ ပြောရရင်

(က)။     ။ကဗျာအမျိုးအစား ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။

(ခ)။       ။ ကောင်းကောင်းဆိုးဆိုး ကျွန်တော့်ကို LP ဘာသာစကားကဗျာနဲ့ တွဲမြင်ထားကြပေမယ့် LP ဟာလည်း ခေတ်ပေါ်ကဗျာလိုပဲ ကဗျာအမျိုးအစားတွေထဲက တစ်မျိုးသာ ဖြစ်တယ်လို့ ခံယူပါတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ ကဗျာဧည့်အယ်ဒီတာ ဖြစ်တဲ့အတွက် LP ကဗျာအမျိုးအစားတွေပဲ ကျွန်တော်ရွေးချယ်မှာပဲလို့ အတွေးမလွဲစေလိုပါ။

(ဂ)။       ။ ရွေးချယ်ပြီးသွားရင်လည်း ကျွန်တော့်ဘက်က ဘာကိုဘယ်လိုရွေးချယ်ကြောင်း အစီရင်ခံစာ သဘောမျိုးလေးပါ တတ်နိုင်သလောက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(ဃ)။     ။ လူအနေနဲ့ အစွဲအလမ်းရှိတဲ့ အလျောက် ကျွန်တော့်ရွေးချယ်မှုမှာ ကျွန်တော့်ကဗျာဗေဒ ကောက်ကြောင်း ရေးရေး ပါကောင်းပါမှာ ဖြစ်တယ်ဆိုတာ ကြိုတင်သတိပေးစေလိုပါတယ်။ ဒါပေမယ့် ဒီကောက်ကြောင်းဟာ ပေတံမဖြစ်စေရပါဘူး။
၎။ လက်ထဲရောက်လာတဲ့ ကဗျာတွေအပေါ်မူတည်ပြီးမှပဲ လက်တွေ့အလုပ်နဲ့ လက်တွေ့စကားတို့ကို လက်တွေ့ကျကျ သုံးသပ်ကြရမှာပဲလို့ ထင်ပါတယ်။                   

 ဇေယျာလင်း

PEM sKoOL PDF-ZINE

ကျွန်တော်တို့ အနေနှင့် ကဗျာ နှင့် ကဗျာဆိုင်ရာ ” PEM sKoOL Poetry pdf-Zine ” ထုတ်ဝေမည်ဖြစ်ပါသဖြင့် မေတ္တာဖြင့် ကူညီလိုသော ကဗျာများ၊ ကဗျာဆိုင်ရာ ဆောင်းပါးများကို ကဗျာရွေးချယ်ရေး(အယ်ဒီတာ) pemzine@googlegroups.com အဖွဲ့သို့ ပေးပို့နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အဆိုပါ pdf-Zine ကို Online တွင်သာ လစဉ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ အနေနှင့်လည်း ငွေကြေးအရ အကျိုးတစ်စုံတစ်ရာ မျှော်မှန်းထားခြင်းမရှိသလို၊ စာမူရှင် များထံမှလည်း စာမူခ များကို အလှူခံကြောင်းပြောကြားအပ်ပါသည်။

အယ်ဒီတာ အဖွဲ့ – သိုးထိန်း (အန္တိမ)၊ ကြက်သွန်၊ တေလေ၊ လင်းရမ္မာ၊ နေည၊ ဇာတိ၊ လင်းနီညို၊ နေမြဲ

ကဗျာကဏ္ဍ ဧည့် အယ်ဒီတာ – ဇေယျာလင်း

Friday, January 7, 2011

ဆာ ဟာ ရ

ဒီအဖြစ်အပျက်အားလုံးက ဒီကစတာပဲ…..

သံသရာကို လက်တည့်စမ်းချင်မိတာက မယားပျောက်သွားတဲ့ ရှေ့နေတယောက်ရဲ့သောကလား

စိတ်ဟာ စိတ်ထဲပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ယားနေတယ်

“ ဟစ်တလာ ဘယ်တော့မှမသေဘူး ”

ဂျာမန်တွေပြောကျတဲ့စကားတခွန်း ပါးစပ်က လိုက်ရွတ်မိတယ်…….

ခေတ်ပေါ် အသုံးအဆောင်တွေကြားမှာ အနုပညာဟာ လက်နက်ဆန်ဆန် ပေါများလာတယ်

ယဉ်ကျေးမှု ကူးသန်းရောင်းဝယ်မှုဖြစ်လာတယ်

စကတ်တိုတိုနဲ့ ပြယုပ်တွေက နိုင်ငံတကာ စစ်ပွဲတွေကို ဖြစ်စေတယ်

အေးဂျင့်တွေရဲ့စကားတွေကြောင့် ကမ္ဘာဟာ အရင်ကထက် ပိုပူနွေးလာ..

စောက်ဆိုတဲ့ အသုံးအနှုန်းက လူတိုင်းနဲ့ မတန်တော့ဘူး…..

ရွာလည်တယ် ရွာကြီးလည်နေတယ် ကမ္ဘာဟာ ရွာတရွာဖြစ်နေပြီ

ကမ္ဘာဟာလည်နေတယ် ကျနော်လည်း လည်နေတယ် ကျနော့်သယံဇာတတွေလည်း လိုက်လည်နေတယ်

လူလည်တွေပေါတယ်

ဟုတ်မှာပေါ့…ဟုတ်မှာပေါ့…..

ဖိနပ်တွေ မစီးကျနဲ့ ….ဖိနပ်စီးလိုက်ရင် မင်းလည်း အစီးခံရတော့မှာ

ဘာမှမဆိုင်ဘူး ဘာမှမဆိုင်ဘူးဆိုကတည်းက ဘာမှမဆိုင်တော့ဘူး

မျိုးပွားကိရိယာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေ ပါပဲ…..

အရက်သောက်ခြင်းမသောက်ခြင်းက အဖွဲ့အစည်းတခုခုနဲ့ လုံးဝ ပတ်သတ်မှုမရှိပါ

(ခေါင်းခါလက်ခါ ငြင်းလိုပါ၏ )

ကျနော့်ရဲ့မင်္ဂလာပါဆိုတဲ့စကားနောက်မှာ ဘောပဲ ဆိုတဲ့ စကားကပ်ပါလာတယ်

ဒါဟာ ခေတ်တခေတ် အစပျိုးခြင်းဖြစ်တယ် ဒါဟာ ခေတ်ရဲ့တောင်းဆိုမှုဖြစ်တယ်

တိုးတက်နေတာတွေ ဆှုတ်ယုတ်ပြီး ဆှုတ်ယုတ်နေတာတွေ တိုးတက်တဲ့အချိန်ကျရင် ကျနော်တို့ ပြန်တွေ့ချင်ပါသေးတယ်

ကားဂိတ်တွေမှာ ပိုက်ဆံတွေ ယောင်္ကျားတော်တော်များများ ကျပေါက်သွားတယ်

လူငယ်တွေကြားထဲမှာ နည်းပညာတိုးတက်မှုဆိုတာဟာ

လိင်ကိစ္စ ပညာရေး ကျန်းမာရေး စီးပွားရေး အချစ်ရေး စသည်ဖြင့် ရေရွတ်ကျသည်

(ဘုန်းကြီးတရားဟောနေတာမဟုတ်ပါ)

ထို့ကြောင့် ဒီကဗျာသည် ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ကိုယ်စားပြုပါသည်….။

ပူပူနွေးနွေးသောက်ထားတဲ့ သောကြာဂြိုလ်လည်း အရင်ကအတိုင်း ဖြစ်သွားပါပြီ

ပြောချင်တာကတော့

ဒီပြဿနာတွေအားလုံးက ပြဿနာ မဟုတ်ပါ ဒါမှမဟုတ် ပြဿနာဖြစ်နေပါသည် ။ ။



အေးချမ်း

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ

ဝတ္ထုတစ်ပုဒ်မှာ ပါဝင်မယ့် ဇာတ်ကောင် အားလုံးဟာ သက်ရှိ လူသားများလို့ ရေပန်းစားနေခဲ့တာဟာ အနုပညာ နယ်မြေ ထဲကို ပီပြင်တဲ့ ဇာတ်ကောင် စရိုက်နဲ့ ချရေးလိုက်တဲ့ ဇာတ်ကောင်တွေက သက်ရှိ ဇာတ်ကောင် တွေ ဖြစ်နေတဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင် စရိုက် တိုင်းက အပြင်မှာ ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် အချိတ်အဆက် မိနေအောင် ဖန်တီးကြပြီးရင် စာရေးဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်၏ စိတ်ကို ပိုပြီး အသေးစိပ် ဖော်ပြထားပါတယ်၊၊ ဇာတ်ကောင် မပါသော ၀တ္ထုမရှိဟု မဆိုလိုပါ။ ဇာတ်ကောင် စရိုက်တွေက ဘာတွေလဲ။ဆိုလိုသည်မှာ ဇာတ်ကောင်၏ အတွင်းရေးများ၊ ဇာတ်ကောင်၏ သဘောသကန်၊ သရုပ်စသည်တို့ကို ဘာသာစကား အခြေခံဖြင့် ရေးသားသောဇာတ်ညွှန်း ကိုဖတ် ကြည့်ပြီးနောက် သူ သရုပ်ဆောင် ရမယ့်ဇာတ်ကောင် ရဲ့ စေ့ဆော်မှု (motivation) ၊၊ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားခဲ့တယ်။သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ၃ ဦးတွင် ဝံပုလွေလာဆင်က အဓိက ပိုကျသည်။ သူသည်ပင် ပင်လယ်ဝံပုလွေဟု ဆိုရမည်။ ဤသို့ဆိုလျှင် လာဆင်သည် ဇာတ်လမ်းမရှိပဲ ဇာတ်ကောင်ဖြစ်လာနိုင်ပါသလား။ထိုအချိန်မျိုးတွင်သူသည်စာအုပ်ထဲမှ ဇာတ်ကောင် ဖြစ်သွားသည်၊၊ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမှ ဇာတ်ကောင် အမျိုးသမီး၏ အသက်သည် ၁၈နှစ်ပင် မပြည့်သေးသော်လည်း ဗိုက်နဲ့ကျန်ခဲ့သောကြောင့် ဖြစ်သည်၊၊ ယခု ကဲ့သို့ အောင်မြင် မှုများ ရရှိ နေသော်လည်း သူမကမူ ကွဲပြားသော ဇာတ်ကောင်စရိုက် ရရှိနိုင်အောင် စွမ်းဆောင်ချင်နေသေးသည် ၊၊ ဆယ်ကျော်သက် ဇာတ်ကောင်လေးမလေး တော်တော်များများက မာနကြီးပြီး မြိုသိပ်တတ်ကြလွန်းကြသော ဇာတ်ကောင် အမျိုးသမီးများကို နှစ်သက်ကာ လွှမ်းမိုးခံရလေ့ရှိသည် ၊၊သို့သော် ဇာတ်ကောင်စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားတယ်။ ဒါကြောင့် စာရေးဆရာက ဇာတ်ကောင်ကို ထိုးလိုက်တဲ့အခန်းက အထင်လွဲရင် ဖြစ်စေတတ်တဲ့ သဘောမျိုးဖြစ်ပေမယ့်လို့ ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် မြန်မာပရိသတ်ကို စွဲစွဲမက်မက် ဖြစ်စေခဲ့ပြီး အနုပညာပိုင်းအရ အောင်မြင်စေခဲ့ပါသည်၊၊ ဇာတ်ကောင် အများစုဟာ ideal တွေဘဲ၊ အပြင်မှာ သိပ်မရှိနိုင်ဘူး။ ဇာတ်ကောင် အားလုံးသည် အပြင်မှာ တွေ့နေကျ၊ သာမန် လူသားများအတိုင်း ဖြစ်သည်။ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊

Source: www.google.com

Wednesday, December 29, 2010

ဝင်ရောက်မွှေနှောက်ခံရခြင်း ၊ ပျက်သွားသောအပျိုရည် ၊ ဇယားသခင်နှင့်တကွ ပြည့်တန်ဆာအပေါင်း သူမခေဂ(ါ)င်းတို့ နှင့် (သည်) သုတ် စစ် (စ) တမ်(း)

ဘုရားသခင် ဟာ ဒီဂျေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဘဝလေးတွေ(ဟာ)
ကပွဲ ကြမ်းပြင်လေးတွေ ဖြစ်သွားမှာ ၊၊ ၊၊ (ဆို - ပင့်ခ်)
ဟော! ကဗျာဆရာ ဟာ ဘုရားသခင်ကို ထည့်(မိ)လိုက်ပြန်ပြီ ၊၊
ငါ နတ်သမီးကို ဖိ လိုက်တယ် ၊၊ ငါ ဘာသာစကားကို ဖိ လိုက်တယ် ၊၊
အကြောက်တရား
အေးခဲနေတဲ့ခေါင်းထိပ်မှာ
ဦးထုပ်ကိုဆွဲချွတ်လိုက်ဖို့
မေ့နေခဲ့တယ် ၊၊ ၊၊
တော် . . တော် . . စောက်ကောင်မ . . . ငါလိင်ပြောင်းရင် နင်ဘယ်လိုဆက်ဆံမလဲ
( အထက်စီး .. အောက်စီး .. ကလပ်စည်း .. စိ ဆီ စည်း )
သစ္စာရှိကြေး ၊ ရယ်ရတယ် ကောင်းမြတ် သီချင်းလိုပါပဲ ၊ L/R ၊ လီး! အော်လဂျင်နယ်ဝယ်လဲ
ထစ် ထစ် ထစ် ထစ်တာပဲ ၊၊
နင့်စောက်ခွက်ပေါ် ငါ့ စော်ရဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ရိုက်ပါ
တရားရုံး မှ သွားရောက် စစ်ဆေးပါ ၊၊ ဘုရားသခင်ကို ထပ်(ထပ်)ထပ်(ထပ်)ထည့်လိုက် ၊
Slow 1 – Slow – 2 Sssslow 33333
နာဇီကောင်တွေကို ပြန်ခေါ်ပြီး ဟစ်တလာ့ ကို ဘာဂျာမှုတ်ခိုင်းပါ
Caution !
Your XP is L-o-W Low Low Low Lo(w?)
သားဘာပြောလိုက်တာလဲ သိလား? ဟီဟိ
စောက်ကောင်မွကြီး စောက်မွှေးတွေ ရှည်ထွက်လာပါစေ
အဟီဟိ အူးတို့ သိဖို့ တားတားအမွှေးက ကိုးပေကိုး
Sssslow 4 Oh Oh . . . Sssslow Off Off oFFFF
ကျွန်တော် အကြောင်းအရာ (၂) ခု ရလိုက်တယ်
(၁)ခုက အချစ်ကဗျာရေးဖို့
(၁)ခုက
ဟုတ်! အချစ်ကဗျာရေးဖို့
ဖော့ ပြန်ဖိချ ဖော့ ပြန်ဖိချ ဖော့ပြန်ဖိချ
အားး အားးး အားးးး ရော မန္တိက ရော မန္တိက ရော့ . . မ န္တိ က
Fx4 ကျလူကျလူကျလူကျလူကျလူ
seXPart – Sex Art – Ex-Art –
Window ကနေ ဝင်လာခဲ့တဲ့ ပူချီလေး ဂူချီလေး အူတီလေး
တစ်နေ့တစ်ခါ(နှိုက်) ပတ္တမြားရည်ရွဲနေသော နေ့လည်ကြောင်တောင်ဝယ် မျောက်မွေးသူ လျှော်တီလေး တစ်ယောက်သည် ပူစီအကြည့် နှင့် ရှုတည်တည်ကြည့်နေလတ္တံ့ . . . ၊၊
စောက်မျောက်မလေး မျောက်မွေးဌာနီ ဆီ . . .
မျောက်မျိုး မျောက်နွယ် မျောက် - ကမ္ဘာ့ - အလယ် - မှာ
ကြီးပြင်းလာသလား မမ မျောက်ကြီးရယ် . . ရယ် Yeah ကီမိုချိ
တွံတွေးမျောက်တံ Flow နဲ့ Slang တွေရွတ် Sperm တွေ လွှတ်
Backward x20 ဘက်ကွက် နှစ်ဆယ်လီ
ဟစ်တလာကြီးကို ပုလွေမှုတ်ခိုင်းပါ
ပုလွေ = မြန်မာတူရိယာတစ်မျိုး
နောက်တစ်မျိုးကလည်း အချစ်ကဗျာရေးဖို့ပါ
ရော့ ရော့ ရော့ ရော့ ရော့ ရော့ Mr.မန္တိက ဦးပုံကြီး
ယတြာ - နို့သီးခေါင်းကို အရင်စချေပါ ၊၊
အို! ဇယားသခင် ရယ် ကျွန်မ ထွက်ကုန်ပြီရှင့်
ဤတွင် ယနေ့ကဗျာပိုင်း အစီအစဉ်ကို ဒီ တင်(ဘူတီ) ရပ်နားလိုက်ပါသည် ရှမ်!
Oh! ဖယာ့ ဿ ဂေါ့ဒ် ဓား မ နောက် ပိတ် ခွေး
ကဗျာဆရာတို့သည်ကား ဘုရားသခင်ကို မမေ့မလျော့ ထည့်ခဲ့ပါတယ် ၊၊
အမှာစာ ၊၊ ၊၊ ဘုရားသခင် ဖျက်သိမ်းသွားပြီ
ခင်ဗျားတို့ပဲ ကြည့်ကျက်ဟိုဟာပြုတော့ ၊၊ နော် ၊၊ နော် ၊၊ နော်
အမျိုးအစား ၊၊ ၊၊ နိဗ္ဗာန်ရောက်အောင် ဆော်ပါစေသော်ဝ် ၊၊ ၊

ဓားခွေး & ဒေးခွား Brox.

Saturday, December 18, 2010

သောင်သာသဲ့ သဲ့ 

ဘ၀င်မြင့်တက်လာတယ် စိတ်မဆိုးဘူး

သဲ့သဲ့လေးဘဲကြားနေချင်တယ် ရှက်တယ်

အရမ်းတီးခတ်တယ် မပီမသအသံကြားရတယ်

ဆိုပေမင့် အစားကြီးတယ် အသောက်နှေးသွားတယ်

ပေါင်သားကိုကုတ်ခြစ်ပြီး ရေလိုသယ်ဆောင်

လာတယ် အပြင်မှာဖြစ်နေတာနဲ့ အပေါ်မှာ

ဖြစ်နေတာတွေအားလုံးက အချင်းချင်းထောက်ကန်

နေရရှာ သာယာကြည်လင်စေတယ် စိတ်လှုပ်ရှား

မှုတွေ ယှက်ဖြာကစားနေရင်း အကောင်းဆုံး

ဆိုတာတွေချည်း ရှာဖွေတွေ့ရှိသွားတော့တယ်


ပန်းချီ

1 flarf

သားကြီး ကိုယ့်ကဗျာတွေ အိပ်ရာဝင်တိုင်း

ဖတ်ဖြစ်ရဲ့လားလို့ ကဗျာဆရာကမေးလိုက်တာနဲ့

တပြိုင်နက် ကဗျာဘီးက စလည်ပါပြီ

ကဗျာကို ၀တ်လစ်စလစ်ဖြစ်ခိုင်းထားပြီး

အတွင်းပိုင်း အနှစ်သာရနဲ့ အပြင်ပိုင်း

ပြသနာတွေပေါ်အခြေခံပြီး

ကဗျာနဲ့ကဗျာဆရာက သဘောထားကွဲလွဲကြတယ်

ဒီကဗျာရဲ့တန်ဖိုးက ဒေါ်လာသန်းနှစ်ဆယ်ပါလို့

လက်ညှိုးထိုး ပြောဆိုတဲ့နေ့မှာ ကဗျာမှာ

တည်ရှိနေတဲ့ အစ်ရှုး တက္ကနိ

ဘာသာဗေဒနဲ့ နားလည်ခံစားသိရှိရပုံချင်း

ကွာခြား ကဗျာရဲ့ အစောပိုင်းသင်္ကေတက

" လူ " ဆိုတာနဲ့စတင်ပြီး နှောင်းပိုင်းမှာ

ယောင်္ကျား မိန်းမ ခမည်းခမက်ဆန်လာ

အိုင်ဒီယော်လိုဂျီထဲမှာ မီးရှုးမီးပန်းဖောက်ခွင့်

ကြုံလာခဲ့ပြီး ကဗျာဟာ ဘာမှမဟုတ်တဲ့

ဟုတ်ချင်ယောင်ဆောင်တဲ့ ဟုတ်လည်းဟုတ်တတ်တဲ့

ဘ၀သရုပ်ဖော် မှတ်ညဏ်မြင်ကွင်း ဒဏ်ရာဗရပွ

ဖော်ပြခွင့်ရလာ ကဗျာ့သမိုင်းကို ပြန်လှန်

ကြည့်ရင် ဗုံးဆံ အမှိုက်သရိုက် ထီးရိုး နန်းရိုး

လူတန်းစား ပရိ“ပက္ခ နဲ့ အနုပညာစံတွေ ဗုန်းဘော

လအော သုံးစွဲခွင့်ရလာ ကဗျာနဲ့ခေါင်းကို

တစ်ချက်နှစ်ချက်ထုကြည့်ပါ ကဗျာကိုယ်နှိုက်က

ရှုတ်ထွေးလွန်းပြီး ရိုးစင်းလွန်းပြီး ကဗျာဆရာက

တောင်တောင်အီအီတွေးရ

ညဏ်နီညဏ်နက်များရ ပါဝါထုတ်သုံးရ

ကဗျာကို လော်လီကားနဲ့တင်ဆောင်လာသောအခါ

လူထုကြားမှာ ကဗျာဟာခေတ်စားလာတယ်

ဘေဘုတ်ပေါ်မှာ ကဗျာဆရာပုံတွေတင်လာတယ်

LED အပြားပေါ်မှာ ကဗျာတွေပြေးနေတယ်

အမြှောက်ထဲမှာ ကဗျာကိုထည့်ပစ်တဲ့

နိုင်ငံမှာ အိမ်သာသုံးစက္ကူတွေပေါ် ကဗျာတွေ

ရိုက်နှိပ်အသုံးပြုကြ ကဗျာကိုလိုက်ရှာစရာ

မလိုတော့ဘူး အခွန်တော့ဆောင်ရမယ် ဒီအင်ဒတ်စထရီမှာ

ဒီကဗျာဆရာဟာ လခကောင်းကောင်းရ ဂင်းနစ်စံချိန်တင်

ပုဂ္ဂိုလ်ဖြစ်သွား သမီးရေ ကဗျာရွတ်ပြီးမှ

အိပ်ကြရအောင်နော်

JAKE

Friday, December 10, 2010

သရုပ်မှန် အက်ဆေး

သရုပ်မှန် အက်ဆေး

(I)
တစ်ယောက်တည်း ဝင်ကြည့်ဖြစ်တဲ့ရုပ်ရှင်
သူ့ဘာသာပြီးသွားတော့မှ ထထွက်လာခဲ့တယ် ၊၊ ၊၊

(II)
            နောက်ဆုံးတော့လေ ၊၊ အားကိုးဆုပ်ကိုင်စရာမဲ့နေတဲ့ ငွေကြေးချမ်းသာသော အဘွားအိုကြီးရဲ့ ရင်ခွင်မှာ မှေးစက် ဖို့ ကျွန်တော့်စိတ်တွေ အလိုမတူပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ဟာ အိမ်ထောင်ပြုခြင်းထဲကိုတွန်းအချခံလိုက်ရတယ်၊၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အချစ်ဦး ရယ်၊၊ အချစ်ဦး သီချင်းဟာ ကြေကွဲစွာ ကွဲကြေပြီးအငွေ့ပျံသွားပြီ ၊၊ ကျွန်တော့်ရဲ့ ဘာမှ မတတ်နိုင်ခြင်းတွေဟာ ဘာမှ မတတ်နိုင်တော့ပါပြီ ၊၊ မုန်းတီးခြင်းနဲ့သာ ခွင့်လွှတ်ပေးပါတော့ … ၊၊ အချစ် ရယ် … ၊၊ ၊၊

(III)
            အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ညည့်ငှက်တစ်ကောင် ဖြစ်ခဲ့တာလေ ၊၊ ကျွန်တော်ရည်မှန်းထားတဲ့ ကဗျာဆရာ ဖြစ်ခွင့် ဟာ အရမ်းကို ဘဝဆန်ခဲ့ပါတယ်၊၊ ငယ်စဉ်ဘဝထဲက မတ်စောက်ခဲ့တဲ့ လှေကားတွေ ခုချိန်ထိလဲ မတ်စောက်နေဆဲပါ၊၊ ကျွန်တော့်လက်ရှိဘဝဟာ ကျွန်တော့်ဘဝမှာ ကျွန်တော်မလိုချင်ဆုံးဘဝပါပဲ ၊၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိင်မှုရေးရာ ကို အဲ့ဒီ မိန်းမတွေဟာ ခူးဆွတ်ကြတယ် ၊၊ ကျွန်တော့်တစ်ကိုယ်တော် ရပ်တည်မှု အခက်အခဲကို အဲ့ဒီမိန်းမတွေဟာ ငွေကြေးနဲ့ လဲလှယ်ပြီး ကျွန်တော့်ဆီမှာလိင်မှုခရီးထွက်ကြတယ် ၊၊ ကိုယ့်ကိုကိုယ် အရည်ပျော်ပစ်ပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ် ပစ်လိုက်ချင်တယ် မေမေရယ် ၊၊ ကျွန်တော် ညဥ့်ငှက်တစ်ကောင်မဖြစ်ချင်တော့ဘူး၊၊ ညဥ့်ငှက်တစ်ကောင် ကျွန်တော် မဖြစ်ချင်တော့ဘူး ၊၊ ကျွန်တော်စာရွက်တွေပေါ်မှာ ကဗျာတွေရေးပြီး ကောင်းကင်ပေါ် ဝေ့ဝဲပစ်တင်ပစ်လေ့ရှိတယ် ၊၊ တမလွန်က မေမေ ဖတ်ဖို့ပါ၊၊ ဗီးနပ်စ် ကို ဂြိုလ်တစ်ခုလို့ မသုံးပဲ နတ်သမီးလို့ပဲ သုံးရအောင် ၊၊
            ဒီစာရွက်ထဲက ကဗျာတွေ က မင်းရေးတာတွေလား ၊၊
            ဘာလို့ လွှင့်ပစ်တာလဲ ၊၊
မမဟာ ကျွန်တော့်ဆီကို သန့်သန့်ရှင်းရှင်း ရောက်လာခဲ့တယ် ၊၊ သန့်သန့်ရှင်းရှင်းဆိုတာ ဘာမှ ပေကျံနေခြင်းမရှိဘူးလို့ ဆိုလိုတာပါ ၊၊ အလိုဆန္ဒ၊လောဘ၊ရာဂ ၊၊
            တို့ အရမ်းသဘောကျတယ် ၊၊ လွှင့်ပစ်တာကိုတော့နားမလည်ဘူး ၊၊
            ရှင်းပြခိုင်းတယ်ဆိုတဲ့သဘောလဲမဟုတ်ဘူး။
            ဘာအဓိပ္ပါယ်လဲဆိုပြီးရန်လိုတဲ့သဘောလဲမဟုတ်ဘူး။
            လူကိုယ်တိုင်လိုက်ပို့ခိုင်းတာမဟုတ်ဘဲ လမ်းညွှန်ပေးခိုင်းတဲ့သဘော။
            အဲဒီလိုမေးလို့ရမလား။
            တမလွန်က မေမေ့အတွက်ပါ မမရယ်။
တကယ့်ကိုသန့်သန့်ရှင်းရှင်းတွေ့ဆုံခဲ့တာပါ။ မမဟာ ကံကောင်းတဲ့ ပန်းပင်လေးပဲ။ ကျွန်တော်ဘယ်လိုကြည့်ရှုစောင့် ရှောက်မလဲ။ ငေးရုံလေးသာ ငေးဖို့တောင်တတ်နိုင်ပါ့မလား။ ကျွန်တော်ဘယ်လိုဘဝမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာ မမသိသွားရင် ကျွန်တော့်ကိုရွံသွားမှာပါ။ မမနဲ့ တွေ့ဆုံရခြင်းဟာ ပျော်ရွှင်မှုတွေ ရောထွေးပါဝင်လာတဲ့ ကြောက်ရွံ့မှု တစ်ခုပဲ။
            မင်းကဗျာတွေကိုပုံနှိပ်ဖော်ပြခံရရင်ပျော်မိမလားလို့ တွေးဖူးသလား။
            တွေးဖူးတယ်။ စိတ်ကူးအကြီးကြီးယဉ်ကြည့်ဖူးတယ်။
ကဗျာဆရာနဲ့ညဥ့်ငှက်တစ်ကောင်။ ဘယ်အလင်္ကာနဲ့တွဲရေးရမလဲ မမရယ်။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ ကျွန်တော် အလေးစားဆုံးက ကဗျာဆရာတွေ။ ဟုတ်တယ် မမ။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ မမ။ မမ။ မမက အကောင်းမြင်ဝါဒီ။ ကျွန်တော့်စိတ်တွေအားပြည့်လာတယ်။ မမပြုံးလိုက်ရင် လျှပ်စီးလက်လိုက်သလိုပဲ။ ရင်ခုန်ကြောက်ရွံ့မိ။ အခိုက်အတန့် ပျော်ရွှင်မှုကို တစ်ဘဝလုံးနဲ့လဲရဲသလား။ ကျွန်တော်လဲချင်တယ်။ မမကို ကဗျာတစ်ပုဒ်ပေးလိုက်တယ်။ မမနဲ့ တွေ့ဆုံပြီးချိန် တိုင်းဖြစ်ရတဲ့ ညဥ့်ငှက်ဘဝ။ အဲဒီပျံသန်းမှုမှာ ကျွန်တော်မောနေပြီ။ လေဒီကြီးတစ်ယောက် ကားတိုက်မလိုဖြစ်တယ်။ ဝင်ကူလိုက်တာ လက်ဖဝါးကွဲသွားတယ်။ လေဒီကြီးက ဆေးဖိုးဆိုပြီး ပိုက်ဆံတစ်အုပ်ပေးတာယူပြီး အိမ်ပြန်အိပ်တယ်။ ညဥ့်ငှက်ဘဝရဲ့ အားလပ်ရက်။ လကို ကဗျာဆရာတွေ ဘာလို့ခဏခဏစာဖွဲ့လဲသိလိုက်တယ်။ အဲဒီအရာဟာ အလွမ်းလား မမ။ မမက ကစားကွင်းကိုခေါ်သွားတယ်။
            မင်းမနေ့က ပေးတဲ့ကဗျာ အလွတ်ရရင်မင်းပါးစပ်နဲ့ခုရွတ်ပြ။
ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုရှေ့မှာထားပြီး ကဗျာရွတ်ပြခွင့်ရတာ ဘယ်လို မင်္ဂလာလို့ခေါ်မလဲ။
            မင်းကိုလဲ တို့ချစ်တယ်။
            မင်းဘဝကဘယ်လိုဖြစ်နေတာလဲဆိုတာလဲ တို့သိတယ်။
            ဒါပေမယ့် အဲဒါကတို့အချစ်နဲ့မဆိုင်ဘူး။ ဒါပေမယ့်လည်း တို့မနာလိုဘူး။
            မင်းအဲဒီဘဝကရုန်းထွက်ပါ။ ရုန်းထွက်ဖို့ကြိုးစားပါ။
            တို့အချစ်နဲ့ဘာကိုမှမရောထွေးဘူး။ ဘဝဆိုတာကတော့ လာရောထွေးလိမ့်မယ်။
            မင်း တို့အနားရောက်ဖို့တာဝန်ယူရင် တို့က မင်းဘေးနားမှာရှိနေဖို့တာဝန်ယူတယ်။
ကလေးကစားကွင်းက ကလေးဘဝ ဇာတ်ဝင်ခန်းတွေကို ပြန်မြင်ယောင်စေတယ် မေမေရေ …။ မေမေရေ …။ ဘဝက တစ်ခါတလေကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံနေရရင်ပဲ အဓိပ္ပါယ်ရှိတတ်တာပဲ။ များသောအားဖြင့်အတိုင်း ပေါ့။ လေပြည်ထဲက အောက်စီဂျင်တွေမီးလောင်ခဲ့ပြီ။ နောက်ဆုံးလို့မပြောပေမယ့် မမကသဘောပေါက်ပုံရတယ်။ မျက်လုံး ချင်းဆုံနေကြတယ်။ အချိန်တွေကုန်ဆုံးမသွားပါစေနဲ့ရယ်လို့ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ဘုရားဆုတောင်း တယ်။ ညနေခင်းဟာ လေပြည်တွေကိုယူခဲ့ပြီ။ လေပြည်တွေဟာ ပူအိုက်ခြောက်ကပ်မှုကို ယူခဲ့ပြီ။ မမက ကျွန်တော့် လက်ခုံမှာ စာကြောင်းလေးတစ်ခု ရေးပေးခဲ့တယ်။ Eyes Bye! မျက်လုံးတွေရဲ့ နှုတ်ဆက်မှုပေါ့။
မင်းအဲဒီဘဝက ရုန်းထွက်ဖို့ကြိုးစားပါ ကောင်လေးရယ်။

(IV)
            အိမ်မရှိဘူးကွယ်။  ။ (မောင်သိန်းဇော်)
            ကိုယ်ဘယ်ရောက်နေလဲ မသိတဲ့လူတစ်ယောက်ကို
            သူ့ရဲ့မွေးနေ့မှာ ဘုရားဆုတောင်းပေးတယ်။
            အဖေဆိုတဲ့အသံကို
            ပါးစပ်ကထွက်ဖို့ခက်နေတာကြာပြီ။
            ဖခင်အမည်ဆိုတဲ့ မေးခွန်းမှာ
            ကိုယ့်နှုတ်ခမ်းတွေ ခွမ်းကနဲ ကွဲသွားတယ်။
            အဖေ …
            ကျွန်တော်တို့ အမြစ်တွေ တိုတောင်းခဲ့ …။

(V)
            အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကျွန်တော့်ရဲ့ မိထွေးဆိုတာရောက်လာတာပါပဲ။ ကျွန်တော့်ထက်ရှစ်နှစ်လောက် ပဲကြီးတဲ့ မိထွေးဟာ ကျွန်တော့်ကိုမြင်ကတည်းက စီးပိုးစွာဆက်ဆံတယ်။ အခွင့်အရေးတွေယူဖို့ သူ့မှာလက်တံတွေ အများကြီးပါလာတယ်။ အဖေ့ကိုလည်း အရမ်းနိုင်တယ်။ ကျွန်တော့်ရဲ့ လူငယ်ဘဝဆီကို ငရဲဟာမြေကြီးထဲက ထိုးထွက်လာတယ်။ ဘယ်ဘဝဟောင်းက လွှတ်လိုက်တဲ့ငရဲလဲ။ မေမေရေ …။ အသက်ရှင်ခြင်းမှာ တံခါးပေါက်တွေ ပိတ်ဆို့ခဲ့ပေါ့။ တစ်နေ့ အဖေခရီးထွက်သွားရတယ်။ အားကိုးစရာမရှိတဲ့အခါမှာ မိုးသက်လေပြင်းဟာ အရင်ရောက်လာ တော့တာပဲ။ ၁၈နှစ်သားလေးဟာ မိုးခြိမ်းသံတွေကိုကြောက်တယ်လို့ပြောရင် အဆန်းတကြယ်ဖြစ်သွားမလား။ မိသားစု ကောင်းကင်ဟာ ဘယ်ဆီမှာ။ ကျွန်တော်ကြောက်လိုက်တာ။ ကျွန်တော့်မိထွေးဟာ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ …။ ကျွန်တော့်လူပျိုရည်ကို ပေါက်တူးတစ်လက်နဲ့ တူးဆွခဲ့။ ကျွန်တော့်လိင်မှုအစုအဝေးကို ကျွန်တော့်မိထွေး အပိုင်စီးခဲ့တယ်။ ကျွန်တော့်အလိုမတူမှုဟာ အသံထွက်ခွင့်မရခဲ့ဘူး။ ကျွန်တော့်လိင်မှုအဖွဲ့အစည်းမှာ သူပျော်ပွဲစားထွက်ခဲ့ တယ်။ ကျွန်တော့်အလိုမတူမှုဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်လူပျိုရည်ဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်မျက်ရည်တွေ စီးကျခဲ့ပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အဝေးကြီးချလိုက်တယ်။ အိမ်ဆိုတဲ့ကြိုးကိုဖြတ်ခဲ့တယ်။

(VI)
            မေမေမရှိတော့ဘူးဆိုတဲ့ စာရွက်တွေ
            ကျွန်တော်ဆုတ်ဖြဲခဲ့ …။
            မေမေ့အသံနဲ့ …။
            မေမေ ဘယ်ကိုထွက်သွားတာလဲ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကြေကွဲစရာလှပမှုတစ်ခုပဲ။
            မေမေ့အနီးမှာ ပန်းတွေနဲ့ဝေ … လို့။    ။

(VII)
            မိသားစုတွေဆိုတာ
            ချမ်းမြေ့စရာ အမှုန်အမွှားတွေပဲ။
            အဖေက မေမေ့လက်ကိုတွဲ …။ မေမေက အဖေ့လက်ကိုတွဲ။
            ကျွန်တော်က မေမေ့လက်ကိုတွဲ။ ကျွန်တော်က ဖေဖေ့လက်ကိုတွဲ။

(VIII)
            ငယ်ငယ်က
            မိဘကို အသိမပေးဘဲ
            တစ်ယောက်ထဲ ဝင်ကြည့်ဖြစ်တဲ့ ရုပ်ရှင် …။      ။
ဇာတိ ( ကဗျာရေးသည် )

တရုတ်ဂူဂယ်ဖြင့် ရှာဖွေထားသော မြန်မာဖှလာ့ဖ်တုတု

ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာ ဖှလာကြိတ်လိုက်ပီ ကသြွာာာာ ပလပ် ပလပ် 
ချဉ်းကပ်ကြည့်ခြင်း ပလက် ပက်လက် ပပ်လပ် ပက်လပ် အိပ်မက်ပေါ်တက်မယ်ဆိုရင် 
လက်ပတ်နာရီအပ်ရန်၊ အလှူငွေ၊ ကတောက်.. အကြွေးစေ့ကလေး ဟေးဟေး 
သောင်တင်လင်းပိုင်တို့နား သို့မဟုတ် `နား´ [အီးယားကွယ် ကြာတယ်] 
မြည်သံစွဲအလင်္ကာလေးအား နားအပြားလိုက်ကြီး ကြမ်းရှရှဖြင့် မရွံမရှာ 
ကော်ပတ်စားပစ်လိုက်တယ် ကွယ်လွန်ရော ကျွံရော အပေါက် အစ အဆုံး 
ဖားတစ်ပိုင်းငါးတစ်ပိုင်း ကျွန်တော် ဘ၀က မထွေးအသား ခခါခါးးးးးး ခအအို 
နာကောက်ကွေ့ ဆံပင်ခြည်တွေ ခြေသလုံးပေါ်တင်ပဲ ကဲ........... ဟျူးးး နှစ်ဆယ့်ငါး 
နှစ်တစ်ခါ မိနစ်အစိတ် စိတ် အမွှာ မွှာ ဆုံဖူးသူ;( , X( , XS, :V , T_T ''' အီမို ၁ ကွန်တို့ဖြင့် 
စိတ်ကောက်ရန် လုံလောက်/မလောက်လေးမလောက် စားနေ ပြန်ပြီ ပုဒ်မချမည် ၊ ၊ ၊ ၊ ၊ ၊
ဘာဖြစ်လဲ ဂျန်းဒါးခွဲခြားခြင်းသည် စက်ရုပ်မပီသသော ညွတ်ပြောင်း သံပတ်မြည်သံ 
တိုသံဇတွေဝယ် ဒီရေ.............. လှိုင်း ဖွေးးးး ၊မြစ်ကလေးတွေ 
တန်းစီ၊
ထန်းလျှက်တစ်ယောက်တစ်ခဲဇီ၊မြေးကလေးက မြည်းကလေးလေ၊၊ မြည်နေတဲ့ 
ခေါင်းလောင်းသံလွင်လွင်လေးနဲ့ မြည်းဖို့ ဘယ်လိုပိတ်ရမှာတုံး ဒကာရဲ့ အဟက်                
ချောကလက်အား မြန်မာစာအဘိဓါန်တွင်မည်သို့မျှအဓိပ္ပါယ်ဖွင့်ဆို သည်ကတုံးကြီး၏ 
ရှက်ပြုံးမှာ အစွယ်ငေါငေါနဲ့ကိုယ်သိပ်ချစ်တယ် အစောရယ်. လက်ဝှေ့သမလေးအား 
မြှူဆွယ်ရန် ဟာကွက်လှတပတလေး တစ်ဒါဇင်အား ဦးခေါင်းတွင် စွပ်ကြည့်လို့မှ 
မတော်တဆ၊ မတော်တရော်၊ မတော် မတရားမှုမှာ ကြားနေတယ်ဆိုရင် ဂျိုင်းမွှေး ပေါက်စ 
က စိတ်ခံစားမှုမျိုး သမာဓိအား ထူထောင်ပါ ကိုးရိုးကားယား ဆက်ဆံရေးအား ပရင့်စကင်နဲ့ 
ဖမ်းထားတယ် ဘာမှတ်လဲ အဟဲ ရဲခဏ အား ယူဇနာဖွဲ့၊ ဟဲ့ မေးခွန်းကြီးက 
နောက်ကလိုက်လာတော့ ငါလည်း လန့်သွားတာပေါ့ဟယ် အဲဒါနဲ့ ကွိကွ သောက်တလွဲ 
နောက်တစ်ကြောင်းကို ခုန်ဆင်းရပြန်ပြီ။           
လှေ                
     ကား                     
           အ       
               တိုင်း               
                      ဒ                       
                        လိမ့်              
                            ခေါက်              
                                  ကွေး
အမ် မြေညီထပ်ရောက်သွားပြီလား
ထပ်ဆင်းတယ်ကွာ ဘာဖြစ်လဲ ကဲ
ဘာဖြစ်လဲ
ကဲ၊
ကဲ
ကဲ
ဘယ်
မှာ
လဲ

ရဲ
ကဲ
ဟဲဟဲ
ဖြစ်ချင် ရာဖြစ် ကောင်မရေ့

အန်းတားခေါက်ခြင်းနှင့်ဝမ်းယားမှောက်ခြင်းအား တစ်နေ့ (၁၀) ကြိမ်တိတိ၊ ထပ်ပြောမယ် 
တိတိ၊ လိုက်ဆိုပါဆို ဟိုကောင်လေး ဘာဖြစ်လို့ ပါးစပ်ကြီးပိတ်ထားတာလဲ 
`ဇစ်ပြုတ်နေလို့ပါ ဆရာမ´ ထောင်းချင်လို့ကို အ အကို လျှောက်ခိုင်းချင်ရာခိုင်းပါ ခိုင် 
ကျွန်တော့်ဘ၀လေး လော့ခ်ကျသွားလို့၊ အခင်းဖြစ်ပွားသည့်အချိန်က 
ကျွန်တော့်အမှုသည်ဟာ ဆယ်မာဟေးယက်နှင့် အတူရှိနေ/ အတူအိပ်နေ 
/အိပ်မက်ထဲတွင်အတူ မင်းမညစ်နဲ့ကွာ အစိုးရရှေ့နေကြီး။   ။ အလီဘိုင်ပြရင် 
အိပ်မက်မပါကြေးလို့ ပြောပြီးစလစ်နံပါတ် (၉)ဘာကာရန်မညီဘူးလဲ လာပြန်ပြီ 
လက်ရမ်းမပါသော လူကူးမျဉ်းကြားများ ၂၁ ရာစုခန့်က ရှိခဲ့ကြောင်း၊ ကိုးကား ပထမတန်းစား 
ညစ်ညမ်းစိတ်ပြခန်း ဂိုးစကိုးတက်ပြီဆို ပေါင်မုန့်ကြက်ဥကြော်.... ရော်.... 
အင်းကျိုး/အင်းပေါက်/ အင်းသောက်ကျိုးနည်း ရေလှောင်တမံလေးနဲ့ 
ပိုးလောက်လန်းလေးတွေ အလှမွေးချင်တယ် ဖေဖေ။စကြာဝဠာခွက်ထဲက ဘုရားလေးတွေ 
ဝတ်ကျေတန်းကျေ ပွင့် လင်းမြင်သာမှုဟာ ၀ီကီလိခ်လို တစိမ့်စိမ့်ယိုကျတုန်း 
မင်းသောက်(ရေ)ခွက်ကြီးနဲ့ ခံထားရတာတွေလည်း မနည်းတော့ဘူး အမှတ်မရှိဘူး စင်း 
လုံးချော ပါခင်ဗျာ... ဒေါင် ဒေါင် (အဲကိုး ကုဒ် လေး ကျွန်တော်မေ့နေတယ် ပရိုဂရမ်မာတွေ 
အော် မရှိသေးတာလား ကျွန်တော်ကလည်း မေ့နေတယ်လို့ ပြောတာလေ ဟင် 
မေ့ဖို့အရေးကို ရှိဖို့လိုသေးလို့လား ကျွန်တော်တစ်ခုခုကို သတိရနေချင်တယ်ဗျာာာ 
ကွင်းပိတ်ကိုမမျှော်တော့နဲ့ ကျွန်တော်မချတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးမှ ... ) ချ မိ လို က် 
သည်။ ဘ၀ဆိုသည်မှာ ပူစီပေါင်းတစ်လုံးကျကွဲတာထက် ဘာမှမပိုပါဘူးလို့ ကဗျာဆရာက 
စိတ်ထဲကနေ ညှောင်နာနာပြောမယ်။ အသံတိတ်ခေတ်လေကွယ်။ ဘာသာစကားမပါလည်း 
ကဗျာကတော့ စိတ်တုံးလုံးကြီးပဲ နေ လို့ ရသေးတာပဲ။ သူလုံးချေထားတဲ့ Notebook များ 
အခန်းအနှံ့အပြား အဖတ်လိုက် ဖလပ်ဖလပ် ဖှလာ့ဖ် ဖလာ့ဖ် ဖလား ဖှလာဖှလာ။ 
တရုတ်ဂူဂယ်ကြီးနဲ့ မြန်မာဖှလာ့ဖ်ကို အနောက်တိုင်းစံမီအောင် ရေးဦးမယ်တဲ့... အဲ့လဲ့.... 
ဖှလာကြီး အမေရယ်။ ထို့နောက်သူက ထမင်းချိုင့်လေးကိုပြန်ယူလိုက်ပြီး ကျေးဇူးပဲနော်ဟု 
အပြုံးကလေးဖြင့်ပြောကာ (၀ါ) အပြောကလေးဖြင့်ပြုံးကာ နောက်ကျောအလှအား 
မသိမသာ သို့တိုင် ထင်သာမြင်သာ လှစ်ပြ၍ ဘတ်စ်ကားပေါ်မှ ညင်သာစွာ 
နောက်ဂျွမ်းထိုးချသွားလေတော့သတည်း။ အို.. ခုမှသတိရတယ် ဟိုရှေးရှေးတုန်းက... 
မအွ............ဘိုင့်ယောင်းမ... တအာာာာာ။

တေဇာ (လရောင်လမ်း)
Label: စမ်းသပ်

Wednesday, December 1, 2010

ညနေခင်းမှာ ပြန်လဲကျ

ညနေခင်းမှာ တွေ့ရတာ အရမ်းဝမ်းသာပါတယ်ကွာ

ထပ်ပြသပါဦး ရှုခွင် ရှုကွက်တွေ ရှင်းလင်း

ပြတ်သားအောင် ဖြတ်လျှောက်ပါဦး ဒီတင်

ကိုယ့်စိတ်နှလုံးတွေ အေးချမ်းပြီး ကိုယ်မှာထား

တဲ့ ဟင်းပွဲဟင်းလျာတွေ မရောက်သေးခင်

ဇစ်ကိုဖွင့်ပြပါဦး ဦးနှောက်ထဲမှာ အစိုင်

အခဲဖြစ်နေတဲ့ ရုပ်ပြဇာတ်လမ်း ဖြည်းဖြည်းညင်းညင်း

လေသဟတ်ခံပြီး သွေးတောင့်သွားတဲ့

အထိ မင်းနဲ့ကိုယ်နဲ့ လုပ်ကြပါဦး စိတ်မဆိုး
ကြေးနော်

ပန်းချီ
ဒီဇင် ဘာလ1 2010