Thursday, May 26, 2011

Now Availble အပေါက်ကြီး

ငယ်ငယ်တုန်းက ရည်းစားနဲ့ ချိန်းတွေ့တဲ့ သိမှုကိစ္စဟာ နေရာမှာ အပေါက်ကြီးဖြစ်နေတယ်
အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ နှင်းဆီတစ်ပွင့် စားပွဲပေါ်မှာ
အဆင်သင့်ဝမ်းလျားမှောက်လို့
မှတ်ထား ဒါ(သေဖို့)နောက်ဆုံး အခွင့်အရေး နောက်ဘယ်တော့မှ ထပ်မရှင်ချင်တော့နဲ့
ဟာလာဟင်းလင်းပန်းအိုး ကြမ်းပြင်တစ်လျှောက် မလှုပ်မယှက်ပိုးဟပ်အရွယ်စုံများ
ပိုးလိုးပက်လက်
အပေါက်ကြီးထဲ ရင်သားသုံးမွှာရှိတဲ့ မိန်းမတစ်ယောက်ပုံ ခဲတံနဲ့
ပုံကြမ်းကောက်လိုက်တယ်
အသွေးအသားများယားယံကာစအရွယ် နံရံတွေကို လက်သည်းချွန်ချွန်တွေသုံးပြီး အားပါးတရ
ကုတ်ခြစ်ပစ်ရမယ့်အစား အသာအယာပွတ်သပ်နေတာမြင်ရတော့
တစ်ခုခုမှားယွင်းနေပြီလို့ အတွေးထဲ
စကားလုံးတွေ အစိုက်ခံရ ဟာလာဟင်းလင်းအပေါက်ကြီးထဲ အနမ်းတစ်ပွင့်ပျိုးတယ်
အချိန်မရွေး စီးကရက်မီးခိုးငွေ့တွေ မွှန်လာနိုင်သလို ဟိုဖက် ဒီဖက်
ထုတ်ချင်းပေါက်လောက်အောင်
ထူပိန်းပိန်းအရောင်သုံးထားတာ ဦးထုပ်လျှာက လေတိုးတော့ ဖပ်လပ်ဖပ်လပ်နဲ့
ငရုတ်သီးစပ်နေတယ်
မြင်လို့လည်းမကောင်း ဘာတစ်ခုမှ ဆက်စပ်ယူလို့လည်း မရတော့ဘူး အင်နာဂျီကို
ချွေတာရကောင်းမှန်း
မကောင်းမှန်း မကောင်းတကောင်းမှန်း မကောင်းမကောင်းမှန်း
ကောင်းကောင်းမှန်း မှန်းတတ်လာတယ် ငယ်ရည်စား
ရေးပြီးသားပုံပြန်ဖျက်ပြီး လိပ်တစ်ကောင်ပုံနဲ့ အပေါက်ကြီးကို ဖာကြည့်တယ် အာပလာပဲ
ငယ်ဘ၀အရိပ်တွေဟာ အဲဒီ့ ထူပိန်းပိန်းအပေါက်ကြီးထဲ မကြာခဏ သိမှုခြေတစ်ဖက်ကျွံကျွံကျ
တစ်ဦးတစ်ယောက်ထံ ရည်ရွယ်ချက်ရှိရှိနဲ့
တရားဝင်ထောက်ခံပြောဆိုမှုမှန်သမျှလား မှားသမျှလား
ဝေခွဲမရပါလား အယ်လ်ဆိုင်းဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီ
သြော် ကန်ဂျာနယ်လစ်တွေပြောပါတယ် အကော်အဖွကောင်းချက်များ
သာကေတ(၁၀)ရပ်ကွက်အမှိုက်ပုံက အခြေအနေမဲ့ကောင်လေးတွေထက်သာတယ်
သမ္မတတောင်ဖြစ်နေပြီ မွေးစာရင်း ကွဲပြားဖို့ အရေးတကြီး ခွင်ကျယ်နေကြ
အီဖေကိုတို့များ ငယ်ဘ၀နောက်ကြောင်းနေရာအပေါက်ကြီးထဲ ကွမ်းတံတွေး
ထွေးလိုထွေး
သေးကော့ပန်း လိုပန်း ပြီးသွားရင် ကျောပြင်လေးအသာတွန့်ပြီး ဖလူးဖလန်းနဲ့
တဆတ်ဆတ်တောင်ခါလိုက်သေး တစ်စက်စက် တစ်စက်စက် နောက်ဆုံးတစ်စက်
ကုန်သည်ထိအောင် မင်းနှုတ်ခမ်းလေးချိုနေဦးမှာပါကွယ်
စံပယ် ခရေ နှင်းဆီ ဒေါန မြတ်လေး ကံ့ကော် ပိတောက် ဆိတ်ဖလူးနဲ့ တရုတ်စကား ကုလားစကား
အင်္ဂလိပ်စကားတွေ အချစ်ဦးနောက်မြီး သီတွဲပေးခဲ့တဲ့ နှောင်းအတိတ်အပေါက်ကြီးဟာ
ငယ်ရုပ်ဖမ်းမရလို့ ပြန်လွှတ်ပေးလိုက်ရတာ မွေးနေ့တိုင်း အင်္ဂါထောင့်မှာ သက်စေ့ပါပဲ
ဆုကြေးငွေ ဘယ်လောက်ထုတ်ထုတ် သူ့နည်းသူ့ဟန်နဲ့တော့ (
ပါကစ္စတန်ကိုပဲပုခုံးဖက်တဲ့နည်းလား)
ချောင်ကလောင်ထက်သာတဲ့ တစ်နေရာမှာ အသက်စေ့သလောက်နေထိုင်သွားနိုင်ပါသည်
ငကန်းဘင်လာဒင်သေတော့ ငစွေဘင်လာဒင်လာဦးမည် ပုံထဲကအတိုင်းဆို
မျက်လုံးတွေအပေါက်ကြီးဖြစ်သွားပြီ စတီဖင်ကင်းရေးတဲ့
ဟောလီးဝုဒ်မူဗွီဇာတ်ဝင်ခန်းတစ်ခု
ထောင်ဖောက်ထွင်းရာမှာ အသုံးပြုတဲ့ သစ်သားလက်ကိုင်တူတစ်လက်ကို
အကျဉ်းသားက သမ္မာကျမ်းစာထဲ အပေါက်ဖောက်ပြီးဖွက်ထားခဲ့တယ်
(ဘုရားသခင်ကောင်းချီးပေးပါစေ အာမင်) မိုးဦးမကျတကျ တွင်းပေါက်ထဲက
ပုရစ်သံတစီစီကြားနေဆဲမှာ
ကြားနေနိုင်ငံများအနေဖြင့် အားထုတ်လုပ်ဆောင်မှုတွေရဲ့ ဦးတည်ချက်တိုင်းဟာ
နိုင်ငံတကာအပေါက်အပြဲတွေကို အသားလွတ်အချောင်
ချုပ်သီမပေးလိုသောကြောင့်ပဲလား အချက်အလက်တွေအရ ၂၀၀၂ခုနှစ်တုန်းက
စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ပြင်သစ်ပိုင်ရေနံတင်သင်္ဘောတစ်စင်း
အကြမ်းဖက်ခံရမှုဖြစ်ရပ်မှာ
သင်္ဘောနံဘေးအပေါက်တစ်ခုဖြစ်သွား ဖြစ်သွား ဖြစ်သွား သက္ကရာဇ်တွေသာကြီးရင့်လာတယ်
မျှော်လင့်ချက်ဖားတစ်ကောင်ပြီးတစ်ကောင် အစပြုခုန်ခုန်ထွက်ကျနေတတ်တဲ့ ဒီမြေဒီရေဟာ
ခင်ဗျားတို့ ကျွန်တော်တို့အတွက် ကံကြမ္မာအိတ်ပေါက်များဖြစ်နေမလား။ ။


လွန်းဆက်နိုးမြတ်
၂၆.၅.၁၁
မနက်၀၁း၃၅နာရီ

Wednesday, May 25, 2011

စိတ္တဇ လိုဂို

ငါဟာ တစ်ကမ္ဘာကြီးလုံးမှာမှ
ဖုန်မှုန့်လေး တစ်မှုန်ကို ယုံကြည်သူပေါ့ ၊၊
ထပ် ပြော မယ် ၊၊
တောကြောင်တွေမှာ အစွယ်ရှိမှန်း
မသိသူ (ကျော်သွားတဲ့အစိတ်အပိုင်းတွေဟာ ရုန်းကန်နေကြ)
ဟာ ငါပေါ့ ၊၊
ပြီးတော့ ငါ နားထောင်တယ် ၊၊
ငါ နားထောင်နေတယ် မကြားသလိုနေပေးပါ ငါ့ကို ၊၊
ငါ့ ခန္ဓာကိုယ်ပြုပြင်စားရိတ်နဲ့
လည်ပတ်တဲ့ စားရိတ်နဲ့
ဖျောက်ဖျက်ပစ်မယ့် စားရိတ်နဲ့
ငါ့ဆီက | ငါ့ကို | ရိတ် ပစ် ပါ ၊၊ | မပြောခင် ၊၊
ငါ့ ရှင်သန်မှု ဟာ သိန်း သန်း ချီ တန် နေတယ် ၊၊
ဆက်ပြောမယ် ၊၊
တကယ်တမ်း ငါပိုင်ဆိုင်တာ
ဒိန်ခဲလေးတစ်တုံးပါ ၊၊
မီးရထားလမ်းပေါ် ပြေးလွှားနေတဲ့
သက်ရှည်ကြွက်ကြီးတွေ ခိုးယူမသွားခင်
ငါ ပိုင်ဆိုင်နိုင်ခဲ့တဲ့
ဒိန်ခဲလေးတစ်တုံးပေါ့ ၊၊
ဆက်ပြီး ငါနားစွင့်တယ် ၊၊
ဒီကမ္ဘာကြီးပေါ်ပဲ မှောက်ကျခဲ့တဲ့
ချက်ပြုတ်မထားတဲ့ နွားနို့တစ်ခွက်ဟာ
ငါ့မှာရှိပြီး ပျက်နေတဲ့
နားစည်ကို တကျွိကျွိဖြစ်စေတယ် ၊၊
အဲ့ဒါ ငါကြားရတဲ့ စကားမပီတဲ့ရေဒီယို (သတ္တိမကြွတာကံကောင်း)
ကြီးပေါ့ ၊၊
ငါ့ကို ကြားရလား ၊၊
ငါ ထုတ်လွှင့်နေတယ် ၊၊
ငါ ညွှန်းဆိုနေတာ စစ်ပွဲတွေအကြောင်းပေါ့ ၊၊
စစ် ဆိုတာ တကယ်မရှိဘူး ၊၊
ငါ့ကို သေချာနားထောင် ၊၊
ဘာမှ သေချာမှုမှ အာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဘာမှ ဘာသေချာမှုမှ ဘာအာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဝင်တိုက်ကြတာ ၊၊
ရှဲ | | | | | | | | |
ဘယ်လောကမှာမှ နေရာလွတ်ဆိုတာ မရှိဘူး ၊၊
ငါ့ကို ကြားရလား ၊၊
အဲ့ဒါ စက်ရုပ်သံပေါက်နေတဲ့ ရေဒီယိုရဲ့
စပီကာကြီးပေါ့ ၊၊
ဒါပေမယ့် ငါဟာ ငြိမ်းချမ်းသူ တစ်ဦးပေါ့ ၊၊
ငါ ပိုင်တဲ့ ဒိန်ခဲကြီး မပျောက်ရှခင် ၊၊
ငါ့ လျှာပေါ် ဝန်ထုပ်ဝန်ပိုးတွေ တွန်းမတင်ကြခင် ၊၊
ငါ့ဆန္ဒတွေ ရှိရှိသမျှ စစ်ပွဲတွေအပေါ် မထုတ်ပြခင် ၊၊
ငါ့လျှာတွေ ဒိန်ခဲကြိုက်တဲ့ ဆန္ဒ
မဖြစ်ပေါ်ခင် ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ဘယ်သူမှ ကျော်မသွားခင်က
ရုန်းကန်နေတဲ့ ဖုန်မှုန့်တွေရဲ့ အစိတ်အပိုင်းတွေ ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ငါဟာ တာဝန်ကျေခွင့်မရသေးတဲ့
မြေမြှပ်မိုင်းဗုံးတစ်လုံးပဲ ၊၊
ငါ့ကို
မြန် မြန် နင်း ကြ ပါ တော့ ၊၊ ၊၊

ဇာတိ
May 2011

Wednesday, May 11, 2011

ကဗျာ နဲ့ မာဖလာ


ကဗျာနဲ့ မာဖလာဟာ ဈေးထဲမှာအမှတ်မထင်တွေ့ခိုက်

ညည်း နေကောင်းလား ပုံစံဆန်းသစ်ရဲ့လား

မိန်းမအချင်းချင်းစကားမကုန်ခဲ့ကြ။

လေးနှစ်ခန့်ကြာသောအခါ ကဗျာမှာ ကိုယ်ဝန်လေးရှိလာပြီး

မာဖလာက ဖခင်မရှိဘဲသားမွေးခဲ့တယ်။

ကဗျာနဲ့ မာဖလာနဲ့တွေ့စအချိန်တွေတုန်းက

၁၆နှစ် ၁၇နှစ်နှစ် မရိုးတို့မရွတ  မြီးကောင်ပေါက်

အရွယ် အရူးအမူး ခူးဆွတ်စားချင်စိတ်ကအရမ်းများ

ပြီး ဘယ်သူလိင်ကိစ္စနဲ့ မလွတ်ကင်းနိုင်

ပြန်တွေ့ကြတော့ အကြီးကြီးနဲ့စောက်ကျိုးနည်း ပြောင်းလဲ

ဖန်တီးမှုမျိုး ထပ်မံတွေ့ဆုံကြ မှတ်မိကြရဲ့လား

story တစ်ခုလုံးမှာ ပြဿနာတွေတစ်ချိန်လုံးလှိမ့်တက်

နေပြီး တစ်ကိုယ်ရေအာသာဖြေတာမျိုး tempo ကို

လျှော့ချပစ်လိုက်တာ Nolan ရဲ့ကိုင်တွယ်နိုင်နင်းပုံ

မျိုးနဲ့ ကဗျာနဲ့မာဖလာကို သွေးဆောင်ဖျားယောင်းတယ်

အရက်နာကျနေလား မိခင်စိတ်ရှိရဲ့လား

သန္ဓေတားဆေးတွေ အလွန်အကျွံသုံးစွဲအပြီး

တင်ပါးဆုံရောင်ရမ်းမှုတွေခေတ်စားလာ

ရာသီဥတုနဲ့ မစပ်ဟပ်တာတွေ သွားလာ

စားသောက် ပုံမှန်သွေးဆင်းရက်ထဲ

ကဗျာရဲ့ လှုပ်ရှားရတဲ့ဘ၀နဲ့

မာဖလာရဲ့ လင်ယူသားမွေး အပျော့ဆွဲ

စိမ်းစိမ်းကားကား ရောဂါတက်ပုံမျိုးနဲ့

မတူတဲ့ လိင်ဆက်ဆံမှုအာရုံပုံရိပ်ဟာ

ပြသနာတစ်ခုလုံးရဲ့ စိတ်ကိုပြောင်းလဲသွားစေတတ်ခြင်း

ဖြစ်လေတယ်။


[ပန်းချီ]

Monday, May 9, 2011

ကော်ဖီဖြတ်ခြင်းလေ့ကျင့်ခန်း

ဘယ်နှစ်နာရီရှိပြီလား။ မအိပ်ကြသေးဘူးလဲ။
တီဗွီထဲလည်း ကြေငြာ ဘေဘုတ်လည်းထောင် အထူးဘတ်စ်ကားတွေပေါ်လည်း
ထုတ်လွှင့်။ ဆိုကြ လည်ချောင်းကိုတောင် ချွတ်ဆိုကြ နင့်အမေကလွှားထဲမှပဲ။
တံတွေးထွေးသံဟာ နောက်ဖေးလမ်းကြားထဲ ကန့်လန့်ခံပြီး တင်နေတယ်။ မီးရောင်လို
အမှိုက်လို။ စပွန်ဆာဆိုတာကလည်း ဆိတ်ကွယ်ရာမရှိလို့ ဆင်ကွယ်ရာရှာရတဲ့ ဓာတ်ပြုမှု။
ဘာနဲ့စားမလဲ ဆရာ ငါးနဲ့လား ခြောက်ဒဿမသုံညတစ်နဲ့လား ဒါမှမဟုတ် ဆူနာမီနဲ့လား။
နောက်ဆုံးပေါ်တွေးခေါ်မြော်မြင်ေ

ရးကျမ်းဆို ခြကသိပ်ကြိုက်။ သစ်ခွပန်းလေးလည်း
ရင်တစ်ခြမ်းတုန်နေတယ်။ ကျောသားရင်သားခွဲခြားမရတာဆိုလို့ ကြက်ဥနဲ့ဘဲဥပဲရှိထင်။
ကဲပါ ရှက်မနေပါနဲ့ ကိုယ်ပေါ်ရှိတဲ့ အ၀တ်အစားအကုန် ထိုးသာဟောင်ပြစမ်းပါ။ ဂလုဂလု
ဂလု။ ခင်ဗျားအာဘော်က ပုတ်စော်နည်းနည်းနံ။ လောလောဆယ် ခင်ဗျားလက်ဝါးကြီး
အုပ်ဖို့ခက်နေသေးရင် ကျွန်တော့်လက်ဝါးကြီးခဏယူသုံးလေ။ စောက်ရမ်းများတဲ့
ပုရွက်ဆိတ်တွေ တစ်ကိုယ်လုံးကို ဖုံးအုပ်ပစ်တော့မယ့်အတိုင်း တရွရွ။
ချောက်ကမ်းပါးရဲ့
တံစက်မြိတ်လေ တစ်လျှိုလုံးကို တိုးလှုပ်လွင့်နော့မယ့်အတိုင်း တမမ။ ဇွန်းဆိုဒ်စုံ
ခရင်းဆိုဒ်စုံ  မတ်ရပ်အနေအထားနဲ့ ခွန်းကြီးခွန်းငယ်ထဲ ရေနွေးများများ
နို့ဆီများများ
လောင်းသွန်ချ။ ကပ်ကြေးတစ်ကိုက်စာအကွာကနေ အဲဒီ့အနံကို ရရုံနဲ့ အဲဒီ့အမျိုးအစားမှန်း
တန်းနေအောင် မှန်တယ်။ ရယ်ဒီမိတ်ဘ၀ ရယ်ဒီမိတ်အလှ ရယ်ဒီမိတ်အက စောက်ရေးထဲ
ကာရန်တွေက တစ်မှောင့်။  ဆွဲဖြဲဖို့အတွက် ဖြတ်ရာလေးပေးထားတယ်။ ကန်စွန်းရွက်လို
သင်ပါ။ သင်မပါဘဲနဲ့တော့ ကျွန်ုပ်လည်း ကြက်သွန်လို အနွှာမခံနိုင်။
ဒီရက်ပိုင်း ထမင်းစား
ပြီးတိုင်း စိတ်ထိခိုက်နေရဦးမှာပဲ။ အထုပ်သစ် ဒီဇိုင်းသစ် အခွံမာ
အခေါက်ထူ။ ရေနွေးတစ်
ခွန်းရဖို့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ အပူစွမ်းအင် ဘယ်ဂလောက် အာပေါက်အောင် ပြောရ
ဆိုရမလဲ။ ဆိုကြ ကြေငြာစာသားအတိုင်း ထပ်ဆိုကြ။ မဖြစ်ချေဘူး။ ကာမီကာဇီနည်းနဲ့ပဲ
အခန်း(၁)ကို စဖွင့်ရတော့မယ်။ ညညအိပ်မပျော်မှာ ကြောက်သူ။           ။


လွန်းဆက်နိုးမြတ်
၂၁.၄.၁၁
နေ့လည် ၀၁း၃၀နာရီ
kamikaze

Monday, April 25, 2011

H e L L o

ကျွန်တော့် မျက်ကြည်လွှာပေါ်က သံတိုင်တံဆိပ်ရဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားလည်လား ၊၊ မမ ခင်ဗျားကို သောကြာနေ့ ညဘက်တိုင်း ဖုန်းခေါ်ဖြစ်တယ် ၊၊ ကျွန်တော့်ဆီက ထွက်ပြေးဖို့ပဲ ခင်ဗျား အသုံးပြုနေတဲ့ ခင်ဗျားမျက်လုံးတွေ ၊ ခင်ဗျားခြေထောက်တွေ ၊ ခင်ဗျား တတ်ကျွမ်းတဲ့ မှော်ဘုရင်မအက်တင် တွေ ၊၊ လျှပ်စီးတွေ လက်တဲ့အခါတိုင်း ကျွန်တော်သတိအရမိဆုံး ခင်ဗျားရဲ့ ဝင်ငွေကောင်းတဲ့ မျက်တောင်အတုတွေ ၊၊ ခင်ဗျားရဲ့ မျက်ရည်စီးကျလာပုံကအစ ကဗျာဆန်တယ် ဆိုတဲ့ သူတို့တွေရဲ့ အသုံးအနှုန်းကိုတော့ ကျွန်တော် သုတ်သင် ပစ်ချင်မိတုန်းပဲ ၊၊ အနုပညာဟာ ခင်ဗျားရဲ့ ဝမ်းနည်းငိုကြွေးနေပုံလား ၊၊ အနုပညာ ဟာ ခင်ဗျားရဲ့ ရဲရင့်တဲ့ မျက်နှာထားလား ၊၊ အနုပညာဟာ ခင်ဗျားရဲ့ အချိန်မအားလပ်မှု လား ၊၊ အနုပညာဟာ ခင်ဗျားရနေတဲ့ ရိုသေလေးစားခံရမှု လား ၊၊ အနုပညာဟာ ခင်ဗျားကို လိုအပ်နေတဲ့ လက်ထပ်လက်စွပ်တွေလား ၊၊ ခင်ဗျားဆီ ဖုန်းခေါ်တိုင်း ခင်ဗျားမရှိဘူး ၊၊ နံရံတွေဟာ ခင်ဗျားအကြောင်း ကျွန်တော်ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ၊၊ ငွေစက္ကူတွေအပေါ်အမှာ မိန်းမတစ်ယောက်ရဲ့ မျက်တောင်မွှေးတွေကို ရိုက်နှိပ်ဖို့ ဘယ်သူစိတ်ကူးလဲ ၊၊ ခင်ဗျားဟာ အနုပညာပဲ ၊၊ ခင်ဗျားဟာ အပြစ်မဖြစ်အောင်လိမ်လည်ထားတဲ့ မျက်လှည့်ပြကွက်တစ်ခုပဲ ၊၊ အဲ့ဒီညက ခင်ဗျားမွေးနေ့မှာ ကြယ်နှစ်ဆယ့်ရှစ်ပွင့်တိတိ တပြိုင်ထဲကြွေရင် ဘယ်လိုအရူးတွေက ဘယ်လိုဆုတွေ တောင်းမလဲ စိတ်ကူးကြည့်တယ် ၊၊ အခုချိန် ဘေးနားမှာ သူတစ်ပါးရှိနေဖို့ ဆန္ဒရှိတာဟာ ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်ဖို့ ပဲ သင့်တော်သလား ၊၊ အခုချိန် ခင်ဗျားရဲ့ ဟန်ဆောင်မှု မှာ သူတို့ ပျော်နေမှာ ၊၊ ဝမ်းနည်းနေမှာ ၊၊ အစုလိုက် အပြုံလိုက် ခင်ဗျားကို ငေးနေမှာ ၊၊ ခင်ဗျား ဟာ အနုပညာပါပဲ ၊၊ ဖုန်းကိုင်ပါ မမရယ် ၊၊ ခင်ဗျားအတွက် စိုက်ထားတဲ့ နှင်းဆီပင်ဟာ ရုပ်ရှင်ထဲကလို မရှင်သန်ကြောင်းပြောတဲ့အခါ ခင်ဗျား ရယ်မောစေချင်လို့ ၊၊ ကျွန်တော် စိတ်မကောင်းတာ တစ်ခုက လူကြိုက်များလေ့ရှိတဲ့ လွမ်းစရာကိစ္စတွေကို ခင်ဗျားဟာ တိတ်တခိုး ဟားတိုက်ပစ်လေ့ရှိတာ ကျွန်တော် သိနေတာပဲ ၊၊ ကျွန်တော်ဟာ မင်းသမီးတစ်ယောက် ရဲ့ ချစ်သူဖြစ်ခဲ့ဖူးပါတယ် လို့ ပြောတဲ့အခါ သူတို့ရှေ့မှာ ကြယ်ကြွေရင်ဆုတောင်းတဲ့ အရူးဟာ ကျွန်တော်ဘာလို့ ဖြစ်သွားတာလဲ ၊၊ “ယုံကြည်မှု ဟာ ရူးနှမ်းခြင်းပဲ’’ ၊၊ မျက်တောင်အဖွင့်အပိတ်တွေ နဲ့ ခင်ဗျားရဲ့ စကားပြောခန်းတွေ ကို တအားသတိရတာပဲ ၊၊ တဆိတ်လောက် ဖုန်းကိုင်ပါလား မမ ၊၊ ကျွန်တော် ရှင်းပြတာကို ဘာလို့ ရုပ်ရှင်ထဲကလို နားမထောင်ပဲ နေနေရတာလဲ ၊၊ မမ လက်ခံလိုက်တဲ့ လက်ထပ်လက်စွပ်ဟာ ဘယ်သူလဲ၊၊ မှိန်သွားတဲ့ အလင်းရောင်ဟာ ရိုလာကိုစတာကြီး ကြောင့်ပဲ ၊၊ ဓာတ်ကြိုးတွေဟာ သေနေတဲ့ မြွေတွေ ၊၊ သရဲငကြောက်တွေ ကျွန်တော့်ကို အုပ်စုဖွဲ့ခြောက်လှန့်လွှတ်လိုက်ကြ ၊၊ အငွေ့ကို စားသုံးနေတာ ကျွန်တော်ဟာ ဒုက္ခနဲ့ တည့်တည့်က နတ်သားပဲ ၊၊ လူတွေ လောင်နေတဲ့ မီးကို အော်ဟစ်ရယ်မောနေကြ ၊၊ ရင်ထဲက မီးတောင်လေး ပေါက်သွားပြီ ၊၊ လက်ကောက်ဝတ် ဟာ လှီးဖြတ်ချင်စရာ အကောင်းဆုံး အစိတ်အပိုင်း တစ်ခုလား ၊၊ ရိုလာကိုစတာ ဟာ ပေါကြောင်ကြောင်ကြီး ပဲ ၊၊ ကျွန်တော် ဆက်နေတဲ့ ဖုန်းကို ဒီတစ်ကြိမ် အသိအမှတ်ပြုပါ မမ ၊၊ ခင်ဗျား ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်တော် သောက်ချင်တယ် ၊၊ သောကြာနေ့ ၊၊ ခင်ဗျားဟာ မက်မောဖို့ကောင်းတယ် ၊၊ ခင်ဗျားဟာ သိပ်လှတယ် ၊၊ ခင်ဗျားဟာ အနုပညာပဲ မမ ၊၊ လက်ထဲက ဆေးပေါ့လိပ်ဟာ မောင်းချဓားဖြစ်သွားတယ် ၊၊ ကမ္ဘာပေါ်က သတို့သမီးဝတ်စုံတွေကို ဘယ်သူမုန်းတီးလဲ ၊၊ ခင်ဗျားမှာ ရဲရင့်တဲ့ သွေးတွေ ရှိနေလို့လဲ ခင်ဗျား သိပ်လှနေတာပဲ ၊၊ ဖုန်း

ကိုင်

ပါ

တော့

မမ ရယ် ၊၊ ခင်ဗျား ဟာ ဘယ်တော့မှ ၊၊ ဖုန်းကိုင်ပါ မမ ၊၊ သေမသွားနိုင်တဲ့ . . . . ၊၊ ဖုန်းကိုင်ပါ မမ ၊၊ စုန်းမတစ်ယောက် မဟုတ်လား ၊၊ ဟ ယ် လို ၊၊ ဖုန်း

ကိုင်

ပါ

မမ ၊၊ ပန်းချီကားတွေဟာ အပေါ်က သံတိုင်ထပ်ထားပြီး ကြည့်မှ ပိုလှတာ ၊၊ သိလား မမ ၊၊ ဖုန်း ကိုင် ပါ ၊၊ ဟယ် လို ၊၊ ၊၊



ဇာတိ

ညွှန်း ၊၊ ၊၊ မောင်သိန်းဇော် ( ဒုက္ခနဲ့ တည့်တည့်က နတ်သား )

Thursday, April 21, 2011

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’ 
 
လာလာလေ လိုက်ကြည့်တော့
ကိုယ့်အကြိုက် သူ့အထာ
နှစ်ဆန်းခါ ပိတောက်ရှားချိန်မို့
ကစားတာ DJ-G နဲ့
ပီပေသည် UG Show လိုပ
တိုးဆင့်၍ ဖြစ်ခဲ့တာ။

… … လာဟေ့ ရှာဟေ့
စပီကာ တအုန်းအုန်းနဲ့၊ တရုံးရုံးခုန်ကြ
ဘယ်ရှော်တီပါလိမ့်
ကိတ်လိုက်တဲ့ အိုးပန်းချီ၊ အချိုးကလည်း ပီပနဲ့
ပီသူက ကြည်ကြ၊ အ သူက ထလာ
ကားကြီးလဲပါသဟေ့
ကားပေါ်က စော်ချော၊ အသွေးရော အသား
နှုတ်ဖျားမှာ လော်ရယ်နှုတ်ခမ်းနီက
တဖျမ်းဖျမ်း ရေတွေစင်
နှစ်ကိုယ်တွဲ ဟိုတယ်ထဲ ဝင်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း။

ဇယားမရှင်းသူကိုဖြင့်
နားခြင်း ဟာ သမ္ဘာအထာပါတဲ့
အထာတူ သည်လူမျိုးမှာလ
အကျိုးလို တူတူလိုက်ပါ့
ခွေလှိမ့်သူ မောင်လူဆန်းရယ်နဲ့
လန်းလိုက်မိပါ။

. . . နှစ်သစ်ကုးတဲ့ တန်ခူးအခါမှာ
ပန်းတွေက တစွေစွေ၊ စမ်းရေက တရွှဲရွှဲ
အလွဲတွေက တဆင့်ဆင့်၊ ဆွဲလို့သာ ကျင့်ရော့
အရွယ်သင့် အရွယ်ငယ်
ရှော်တီတွေ လွယ်လိုက်ကြ။ . . .

ဘယ်မြေမှာ ပူစီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့
စိတ်ဇော ထန် တဏှာမှာဖြင့်
ကင်မရာ ကရုထားသူမို့
လွှားလိုက်ကြ ခြုံတာဝါ
အခါက နှစ်ဆန်း။

. . . လ ကလဲ ရွှင်လန်း
ပွင့်ဟောင်း ကျကြွေ၊ ပွင့်ဖတ်ကယ် ဝေ
သုတ်ဖြူးလေ ဖြန်းပြန်တော့
ပန်း ပြန်တာပေါ့။ . . .

ဥသြငယ် သာ
ပင်မြင့်မှာ သံပြာပြာ နဲ့ သင်္ကြန်ခါ သူလေ မညှင်းတော့
ပသို့ပင် ဆိုပါစေလေ
မလေးမောင် သည်ရင်တွင်းဆီသို့
ပျော်ခြင်းငှာ သူဝင်လာ၍
လူနေရာမရွေး ဂူရွှေး၍သာပ
အောင်းမွေ့ နှစ်ဆန်း။ . . .




လင်းရမ္မာ 
မှတ်ချက်။ ။ဆရာဇော်ဂျီ၏ တစ်ခုသော သင်္ကြန်အခါ  ကဗျာအား ပြန်လည်ခံစားရေးဖွဲ့ ပါသည် ။

Monday, April 18, 2011

ပြီးဆုံးသွားတယ်ပေါ့

သက်ပြင်းတွေ ခဏခဏ ချတယ် ။
စာလုံးပေါင်းမှားနေတဲ့မိန်းမ ။ 
ကျနော် မရောက်ဖူးတဲ့နေရာမှာ ခဏခဏ လှတယ် ။

အေးချမ်း

Friday, April 8, 2011

ဘေဘီ တော်ကီ

ဘေဘီ မင်းဟာ တော်ကီ ကိုကို့ကို သိပ်ချစ်တယ် အရမ်းချစ်တယ် အများကြီး အများကြီး
ချစ်တယ် ပြီးတော့လည်း မင်း ငါ့ကို အမြဲမေ့လို့ ကျူရှင်က ကောင်လေးအကြောင်း တသသ
ပြောလို့ မင်းဟာ တော်ကီ ရာသီဥတုသိပ်အေးတယ် ကျန်းမာရေးဂရုစိုက်ကိုကို မင်းက ပြောပြော
ဆိုဆို မျက်နှာချင်းဆိုင်စားပွဲက ကောင်လေးနဲ့ အရှုံးမပေးစတမ်းအကြည့်ပြိုင်ေ
နတယ် အလား
ကား ဘေဘီ မနက်ဖြန်ရုပ်ရှင်ကြည့်မယ်ကိုကို ရှစ်နာရီလာခဲ့
နောက်နေ့မနက်ရောက်တော့ ဆယ်နာ
ရီခွဲမှ မင်းပေါ်လာ ဘေဘီကတော့ တော်ကီပဲ ဘာဖြစ်လို့ သူများသွားတဲ့နောက်လိုက်ရတာလဲ
ဘာဖြစ်လို့ဘေဘီ့နောက်လိုက်မလာ
ရတာလဲ ဘေဘီငိုလိုက်မှာနော် တော်တော်ဘေဘီ တော်ကီဆက်
မပစ်နဲ့ အင်္ကျီံတစ်ထည်လောက်လိုချင်တယ် ဖိနပ်အသစ်တစ်ရံလည်းလိုချင်တယ်ကိ
ုကို တော်ကီတော်
တော်ကောင်း ဘေဘီ့မှာသာ ဟမ်းဖုန်းတစ်လုံးရှိရင် ကိုကို့ဆီ အမြဲဆက်မယ်နော် တကယ်တမ်း
ဖုန်းလေးကိုင်ရတော့ တခြားကောင်ဆီဆက်ထားတဲ့ အကြိမ်တွေက အများကြီး ဘေဘီ ဘေဘီ
တော်ကီတုန်းပဲ ပြောဘေဘီ ခုဘယ်ရောက်နေသလဲ ကမ္ဘာအေးဂမုန်းပွင့်မှာကိုကို
အမှန်က မင်းဟာ
သာကေတကပ်ပီတယ်လ်မှာ ကိုကိုရယ် စိတ်ဆိုတာ ဘယ်အစိုးရမှာတုန်း တစ်ခါတစ်ခါတော့လည်း
ကစားတာပေါ့ ရတယ်ဘေဘီ ကြက်ဖလိုပြောရရင် ကစားတာတော့ ကစားတာပေါ့ ကစားရင်း
ကစားရင်း များလာတော့ တော်ပြီကိုကို ဘေဘီစိတ်ကောက်လိုက်မှာနော် ဘေဘီက ကိုကို့ကို
ချစ်လို့ စတာ ဘေဘီ ဘေဘီ တော်ကီလေးဘေဘီ မင်းအီးမေးလ်အကောင့်ထဲမှာလည်း ငါမသိတဲ့
ဂျလေပီမေးလ်တွေက ပွစာတက်လို့ အားအားယားယား ဘာတွေကို စိတ်ပူနေရတာလဲ ကိုကိုရယ်
ဘေဘီအိမ်ပဲတန်းပြန်မှာပါ တော်ကီဘေဘီ ငါ့ဆီကအပြန် အိမ်မရောက်ဘဲ တခြားရောက်ရောက်
သွားတတ်တာ ဘာဇာတ်လမ်းလဲ ပြောဘေဘီ ထုံးစံအတိုင်း နောက်နေ့ဆိုရင် ငါ့ရင်ခွင်ထဲ
တိုးဝင်ချွဲပစ် မင်းပြောဦးမယ် ကိုကို့ကို သိပ်ချစ်တယ် အရမ်းချစ်တယ်
အများကြီး အများကြီး
ချစ်တယ် နေပစေတော့ ဘေဘီ တော်သင့်ပြီဘေဘီ မင်းဟာ တော်ကီ။           ။

လွန်းဆက်နိုးမြတ်

၂၂.၁၂.၁၀

Tuesday, April 5, 2011

ခင်ဗျားက ရောဂါတွေအထပ်ထပ်နဲ့ ကျွန်တော့်ကို မျိုးပွားနေတယ်

လူကြီးလူကောင်းအရေခွံတွေ အရည်ညှစ်ပစ်လိုက် ။ ပီကေ ကိုထွေးထုတ်လိုက် ။

ခေတ်ရှေ့ကို ထွက်ရပ်လိုက် ။ ခင်ဗျားရော ကျနော်ရော ဘာမှ မရှိဘူး ။

ခင်ဗျားကိုယ်ခင်ဗျား သန့်စင်ဆေးကြောလိုက်တာ ပိုကောင်းမယ် ။

google ဟာ မိန်းမတယောက်ကို သတိမရတော့ဘူး ။

ကိုယ်က တညအိပ်သွားရမယ့် ခရီးမှာ ပျက်စီးသွားနိုင်တဲ့ လူငယ်တယောက် ။

မော်ဒယ်အောက်နေတဲ့ ပစ္စည်းတွေထက် ပိုကြွေမွလွယ်တယ် ။

မီးချောင်း တွေ စစ်ဖြစ်ကုန်ပြီ ။ ခင်ဗျားသိလား ။ မူလီ တွေ ရစ်နေကြတယ် ။

ကဗျာဆိုတာ အရှေ့တောင်အာရှ နဲ့ အာဖရိက တလွှား လူသုံးများသော စကား ဖြစ်ကြောင်း ISO 009541236 တံဆိပ်ရိုက် ။

I love poem လို့ သုံးကြိမ်ရွတ်ဆို အောင်ပွဲခံကြတယ် ။

အပေါ်ယံဆက်ဆံမှုတွေကို ရွံရှာသောအားဖြင့် ၁ မိနစ် ဆဲဆိုအော်ဟစ်ကြမယ် ။

ငါ့ကို အဆိပ်ခတ်တယ် ။ ငါ့ကို အနီရောင်တွေ လာဆိုးတယ် ။

နှစ်ဖက်ကြည့်မှန်ထဲက ဘာအဓိပ္ပယ်မှ ထွက်မလာဘူး ။ သူမက ငှက်ပဲ ပျံသွားတယ် ။

အရေးကြီးပြီဆို ဖျက်ဆီးပစ်ခံလိုက်ရသော ခရိုမိုဇုန်းတွေ ။

ရှော့ပဲ … ။ ယားယံကိုက်ခဲမှုဝေဒနာတွေက ရှော့ဖြစ်နေတယ် ။

application list ထဲမှ လူတစုကို တွေ့ရှိနေရတယ် ။

စိတ်ထွက်ပေါက်တွေမရှိဘူး ။ စိတ်ထွက်ပေါက်တွေ သေသွားပြီ ။

လွှင့်ပစ်ခံထားရတဲ့ ရောင်ရမ်းခြင်းတွေ ကိုယ့်ကို လာပွတ်သပ်နေတယ် ။

တစုံတခုကို ခင်ဗျား တွေ့လိုက်ပြီဆိုပါစို့ ။

ခင်ဗျားထွက်သွားတော့မယ် ။ ကျနော်နေခဲ့ရတော့မယ် ။

ဆေးထိုးအပ် ထဲမှာ လှောင်ပိတ်နေတဲ့ အသက်သွေးကြောတွေ….. ရှင်းရှင်းပြောရရင် နာတယ် ။

မလိုအပ်ဘူး ထင်ရင် ကဗျာ နဲ့ မဆက်ဆံသင့်ဘူး ။ လိင် မဆက်ဆံသင့်ဘူး ။

ခင်ဗျား ကူးစက်ခံရတာ ရောဂါပိုးမဟုတ်ဘူး ။ ခင်ဗျား ကူးစက်ခံရတာ အကြမ်းဖက်မှုတွေပဲ ။

ပွင့်လင်းမှု က သော့အပိုတချောင်း ။ ခင်ဗျားလည်း မသုံးဖြစ်တာကြာပြီ ထင်တယ် ။

ခင်ဗျားဟာ မကောင်းဆိုးဝါဖြစ်နေပြီ ကီးဘုတ်ပေါ်က လက်ချောင်းတွေ ဖြတ်လိုက်သင့်ပြီ ။

၂၀၁၁ မှာ တွေဝေမှုက ကျနော် အများဆုံးစားဖြစ်တဲ့ သစ်သီးပဲ ။

စကားပြောဖို့ ထရော်မာတွေကို အရင်ရှင်းထုတ်နေရတယ် ။ မြိုချနေရတယ် ။

ခင်ဗျား အရင်ဆုံးသွားရောက်လေ့လာသင့်တာ emotion ထွက်ပြေးမှုဟာ စိတ္တဇ ပဲ ဆိုတဲ့ ကိုယ်ကျင့်တရား ။

စိတ်ပိုင်းဆိုင်ရာလက်ထပ်မှုဟာ စာချုပ်စာတမ်းနဲ့တော့ မဟုတ်ဘူး ။

ကြွက်သတ်ဆေးတွေ သုံးစွဲတက်နေပြီလား ။ ရေခဲတွေကို ရိုက်ခွဲပြီး ထောင့်ချိုးတွေရဲ့ ပုံသေနည်းအသစ်တွေ ထုတ်နေလား ။

ခင်ဗျားရဲ့ DNA ကို password ပေးပြီး ကျနော့်ကို အဲ့ဒီ password ပြောပြထားသင့်တယ် ။

ကျနော်က ကဗျာဆရာတယောက် ။ ကျနော် မလုပ်နိုင်တာတွေ အများကြီးပဲ ။

ကိုယ်တိုင် မသိတဲ့ ဗီဇ တခုကို ဘာနဲ့ပေါင်းစပ်မျိုးပွားချင်နေတာလဲ ။

လူတယောက်ကို Over Memory System တပ်ဆင်ပြီး ဘုရားသခင် လုပ်ခိုင်းလိုက်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား မီးရှို့ပါ ။ ကျနော့်ကဗျာတွေ မီးရှို့ပါ ။ ပျော်ရွင်ခြင်း ပါတီ ပွဲတွေကို မီးရှို့ပါ ။ ဂြိုလ်ကြီး ကိုးလုံးကို မီးရှို့ပါ ။

ကိုယ့်ကိုကိုယ် ပေါင် (၁၉) သန်းတန်တယ်လို့ သတ်မှတ်ပါ ။ အသက်အာမခံ လုပ်ထားပါ ။ ပါပါရာဇီတွေကို ရှောင်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား ဆက်သွယ်လို့ ရသေးလား ။ ခင်ဗျားက ကျွန်စနစ်ကို ကျေနပ်အားရနေမယ်ထင်တယ် ။

ကျနော့်ကြောင်လေး တကယ်သေသွားပြီ ။ မေးခွန်းတွေ တခုမှ မရှိဘူး ။ အဖြေတွေ ။

အေးချမ်း

Wednesday, March 16, 2011

ဘာမှမပြောခြင်းက ခင်ဗျားကိုဖွင့်ဖတ်သွားတဲ့ အခါ...။

ကတိက၀က်နဲ့ ပြေးထွက်သွားတယ်လေ။
ကျနော် လား သူမလား ဟုတ်လား ။ ကြောက်ရွံ့နေခြင်း များ ဖြစ်၏ ။
ဓာတ်ပုံတွေထဲမှာ ခဏခဏ တွေ့ရတယ် ။ ခေတ်ကာလ အသုံးအနှုန်းတွေနဲ့ ယဉ်ကျေးတုန်းပဲလား။
ဘက်ထရီနဲ့ပြုလုပ်ထားတဲ့ သစ်ပင် တွေ ဖြစ်လာလိမ့်မယ် ။
ရာသီဥတု အပျက်တွေ ကို အကန့်အသတ်နဲ့ ထိန်းချုပ်တော့မယ် ။
သွားပါ NASA ခင်ဗျားတို့ လွတ်လွတ်ကင်းကင်းနေပါ ။
သူမဟာ ကျနော့်ရဲ့စိတ်လိုလက်ရ ပျက်စီးခြင်း ။
ဟာသ ဆိုတာ လူရွင်တော်တွေ ပြောမှ ရီရတယ် ။
နီမြန်းလွန်းနေတဲ့ပန်းသီး ။ ပြုတ်ကျသွားတာ မဟုတ်ဘူး ။ လွှတ်ချလိုက်တာ။
မြန်မာကားဆန်ဆန် တိတိပပ မှားတယ် ။
တစုံတယောက်က ဆေးလိပ် သောက်ဖို့ ပြောနေတယ် ။
လူတွေ အရမ်းများနေတယ် ။ အသံ အရမ်းကျယ်နေတယ် ။
ဒါဟာ မျက်လုံးပြာပြာတွေ ၊ ဒါဟာ  အနောက်တိုင်း ကောင်မလေးတွေ ။ ပွင့်လင်းတဲ့ သွေးရိုးသားရိုး လိင်ဆက်ဆံမှုတွေ ။
လက်ထဲကနေ သူမ ခုန်ချသွားတယ် ။ စွန့်ပစ်ခံရတဲ့ ရောဂါ ။ အဲ့နေ့က တိုက်ဆိုင်မှုတွေ ။
ရူးသွပ်မှုတခုက ခဏခဏ ကြွေကျတယ် ။မိုက်တန်စန် ရဲ့ လက်မှတ်ကို တက်တူးထိုးချင်တယ် ။
အောက်ဆီဂျင်ကို ရှုဖို့သက်သက် သူမ အဝေးဆုံးကို ထွက်သွားတယ် ။
စက္ကူစွန်လေး ၀ယ်ပေးချင်တယ် ။ ကိုယ့်နာမည်တပ်ပြီး လွှင့်ပစ်လိုက်မယ် ။
ခပ်ကြောင်ကြောင် ညနေခင်းတွေမှာ ခပ်လှလှမိန်းမတွေ ခဏခဏ လမ်းလျှောက်ကြတယ် ။
နောက်ဆုံးလို့ ပြောပြီး ထွက်သွားတဲ့ ဓားတချောင်းရယ် ၊
ရင်ခုန်စရာတွေ မရှိလို့ သေသွားတဲ့ သူငယ်ချင်း တယောက်ရယ် ၊။
ခက်တာပဲ  ကျနော် ငိုမိတော့မယ် ။ မိုးမိရင်းနဲ့ ပေါ့ ။
custom message တွေ ဖတ်တဲ့ ရောဂါ ။ ဆိုဒ်ချုံ့ထားတဲ့ အနာဂတ်တွေ ။ ပြန်မဆုံတော့ဘူးလို့ ဘယ်သူပြောလဲ ။
ပြန်မဆုံတော့ဘူး ။ သြစတေးလျ နိုင်ငံရဲ့ တနေရာမှာ Call me လို့  ပြောနေတက်တဲ့ မိန်းမတယောက်ရှိနေတယ် ။
ကျနော်မပါတဲ့ နှုတ်ခမ်းနီတွေ ဈေးကောင်းရတယ် ။
ဟစ်တလာမရှိရင် ကျနော် လူဖြစ်လာမှာ မဟုတ်ဘူး ။
ကိုယ့်အသက်က ငယ်နေသေးတယ် ။ မျှော်လင့်ချက်တွေ မသေသေးဘူး ။
ကင်ဆာ ဖေါင်ဒေးရှင်းအတွက် ဘာမှ မလုပ်ဖြစ်သေးဘူး ။ မိဘမဲ့ဂေဟာကို အလှုငွေ မထည့်ဖူးသေးဘူး ။
အဖွဲ့အစည်းတွေအတွက် outsider တယောက် ဖြစ်နေဆဲပဲ ။ ကိုယ်အထီးကျန်နေတယ် ။ ကိုယ် မရီဖြစ်တော့ဘူး ။
ပျော်တယ် မဟုတ်လား ။ ပျော်တယ် ဆိုရင် ပြီးတာပါပဲ ။
ဘာမှစိတ်မပူပါနဲ့ ။
ကျနော် ဆရာဝန် မဟုတ်ပါဘူး ။ ခင်ဗျားကိုလည်း ဆေးမထိုးပေးပါဘူး ။
ခင်ဗျား စိတ်တိုင်းကျ သေနိုင်ပါတယ် ။
ဘာမှမပြောခြင်းက ထွက်ခွာသွားခြင်းတမျိုးပဲလေ ။


 အေးချမ်း (fepb)

Tuesday, March 15, 2011

ကုလားတစ်ယောက်ရဲ့ Nate-Ban

အမွှေးတိုင်နံ့တွေဟာ မွှေးပါတယ် ၊ ခင်ဗျား မသိတဲ့ အဲဒီ လမ်းရဲ့ ညောင်ပင်ကြီးနဲ့ နဖူးပေါ်မှာ တို့ထားတဲ့ လက်လက် လက်လက် ကျောက် ကလေး ၊ ဒန်ပေါက် တွေ ရဲ့ ရောဂါ၊ ၅၄ နှစ်ရှိနေပြီဆိုတာတောင် ပေါင်းထားတာ လည်း ဖြစ်နိုင်တာပဲ၊ မဟဒမ ဂန်ဒီ ကြီး ကို လွမ်းပါတယ်၊ ရုပ်ရှင်တော့ မကြည့်ဖြစ်ပါကွယ်၊ ကျော်ဦး တို့ အိမ်က သရက်ရွက်တွေ နွမ်းနေတယ် တော်ပါတော့ စက်ရုပ်ကြီး အနွမ်းစားကြီးရယ် ၊၊ လိင်အတန်းစား လာ လာ ခွဲ ၊၊ မင်းဟာ စုန်းမပဲ ၊၊ ခင်ဗျားဟာ စက်ရုပ်ပဲ ၊၊ နင်ဟာ စက်ရုပ်စုန်းမပဲ ၊၊ နင့်ဖက်ခေါင်းအုံးထဲ မှာ ကင်းမြီးကောက်တွေ ၊၊ မင်္ဂလာပွဲကို ၂၅% နောက်ကျပြီးမှ ရောက်လာတယ်၊၊ နင် ငါတို့ နေမင်းကြီးကို ဖျက်ဆီးပစ်ရိုး ရှိခဲ့လား။ မင်္ဂလာပွဲလား ဘာလား ကျင်းပတယ် ၊၊ hey ဟေး ဘေးဘီ . . နင် တစ်ည လုံး တစ်ယောက်တည်း ပဲလား။ ကင်းမြီးကောက်တွေ ထဲမှာ မင်္ဂလာပွဲ ၊၊ တော်ပါတော့ စက်ရုပ်ကြီး ၊၊ ပလပ်ပေါက်တွေ ကို အဓမ္မပြုကျင့်ခဲ့တဲ့ မုဒိန်းစက်ရုပ်ကြီး ၊၊ မင်္ဂလာလက်ဖွဲ့ထဲမှာ ကိုယ်ဝန်ဆောင် ကင်းမြီးကောက်တွေ နဲ့ ၊၊

ကျနော့် လက်ပတ်နာရီဟာ ရူးနေတဲ့အကြောင်း ရေဒီယိုလောက သိပ္ပံစာသားများ တော်ပါပြီ ၊၊ ကျားတွေရဲ့ လျို့ဝှက် စစ်ပွဲကို ပြင်ဆင်ခဲ့။ ကြီးဒေါ်ကြီးတို့ရဲ့ ဘုရားကျောင်း ၊ သမိုင်းက ကုလားကျောင်း bus မှတ်တိုင်မှ သည် ကုလားတို့၏ သမိုင်းကျောင်း၊ ကြည့်ရတာ၊ ခင်ဗျား မှားခဲ့ဟန်ပဲ ။ ကျွန်တော့် အဖေ ဟာ ဂင်္ဂါမြစ်ဝှမ်း ကို သိတောင်သေချာမသိခဲ့ဘူး။ အချိုရည်သောက်လိုက်တော့ ဆာရီ ရဲ့ နှုတ်တွေဟာ ချိုလာကြောင်း ကျနော် သိလာတယ်။ ဘေးထုတ်ခံထားရသော မင်္ဂလာပွဲ သတင်းများ၊ ထို သတင်း၏ အတင်းများ၊ ဥရောပ ဘက်ကို ခရီးထွက်ဖြစ်မယ်ဆိုရင်လည် ပြရမဲ့ ဘဏ်စာအုပ်၊ ကျနော် ဘာကို ရည်ရွယ်ခဲ့မှန်း ခင်ဗျားကြိုသိနေခြင်းဟာ ခင်ဗျား အသုံးပြုထားတဲ့ ဆိုင်ဘာ ကန့်သတ်ချုပ်ခြယ်ခြင်းဆိုင်ရာ ဆော့ဖ်ဝဲ တွေကြောင့်ပဲ၊ သိပ္ပံသမားတစ်ယောက်အနေနဲ့ ကိုယ့် အလုပ်သမားနဲ့ ကိုယ်နဲ့ ဘုရားကျောင်းတော် တစ်ခုအရှေ့မှာ ယောင်နေရင်း ၊ အထဲက အမွှေးတိုင် နံ့တွေ လှိုင်ခနဲ ၊ တီးလုံးသံတွေ နဲ့ ၊ အဲဒါ ကို ခင်ဗျား ရိပ်ဖမ်းသံဖမ်း ခု အိပ် လိုက်၊ ထင်ပေါ်မှု လွန်ကဲခဲ့တဲ့ ဖြတ်ကပ်ညှပ်စာသားတွေ ၊၊ ကျနော်ဟာ သူမရဲ့ ဆာရီထဲမှာသေဆုံးခဲ့သူ သမိုင်းမဝင်လူသားတစ်ဦး ဖြစ်စဉ် ၊၊

ငါ့ကွန်ပြူတာ ကို ဘယ်သူကိုက်သွားသလဲ လူမျိုးခြား ဗိုင်းရပ်စ်တွေ ၊၊ ရန်သူမျိုးငါးပါးထဲ လင်းနီညို ရဲ့ ကဗျာတွေကို ထည့်ထားလိုက် ၊၊ လင်းနီညို ဟာ ဘယ်သူ ၊၊ ဆာရီပိုင်ရှင်လေးဟာ ဘယ်သူ ၊၊ ဟာဗေးမစ် ဟာ ဘယ်သူ ၊၊ အလန်ဂျင်းစ်ဘတ် ဟာ ဘယ်ဝါ။ ဘယ်သူ ဟာ ဖူးကို့။ ဂေးသရဲတွေနဲ့ စကားပြောခွင့်ရတဲ့ညဟာ ဆေးလုံးလေးတွေ ပလပ်စတစ်ဘူးအတွင်းက ထွက်ကျလာတဲ့အိပ်မက် နဲ့ နေ့စဉ်သုံး လစဉ်သုံး စွဲနေတဲ့ အညိုအမည်းတွေ ၊၊ ကုဒ်ဒင်တွေရိုက်ပြီး သတ်ပစ်လိုက် ၊၊ ကုဒ်ဒင် ပိုင်ရှင် ဟာ ဘယ်သူ ၊၊ နိဗ္ဗာန်ရောက်ကြောင်း တယ်လီဖုန်းတွေ ၊၊ ဖုန်းဘေလ်တွေ ၊၊ ရာခိုင်နှုန်းတွေ ၊၊ ကြယ်တွေ ၊၊ ကြက်တွေ ၊၊ ကြယ်ဖြစ်သွားတဲ့ကြက်တွေ ၊၊ အဲ့ဒါ ပဲ ၊၊ အဲ့ဒါဟာ ဖြတ်ကပ်ညှပ်စာသားတွေ အတွင်းက စာသားတွေ ၊၊ ခင်ဗျား fb ပေါ်ရောက်ခဲ့ပြီးပြီလား

ခင်ဗျား

လင်းနီညိုရဲ့

အတွင်းရေးတွေ

အတွက်

ဘာတွေကို

အသုံးပြုခဲ့သလဲ

စွန်ကြိုးတွေ ကို အသုံးပြုခဲ့ရတာ ၊၊ မော်လမြိုင်အထိရောက်အောင် ပြတ်ကျသွားခဲ့တဲ့ စွန်ကြိုးလေး ၊၊ မော်လမြိုင်ဟာ မြေပုံပေါ်မှာ ဘာအရောင် ၊၊ ရန်ကုန်နဲ့ ဘယ်လောက်ဝေးတယ် ၊၊ ပန်းပွင့်ခရမ်းရောင်တွေပွင့်လာတယ် ၊၊ သန်လျင်နဲ့ဘယ်လောက်ဝေးတယ် ၊၊ ပန်းပွင့်ခရမ်းရောင်တွေ ကြွေသွားတယ် ၊၊ အာပလာ ပဲ။ လေတံခွန်နဲ့ တိုက်လက်စ လေတွေကို အသုံးပြုခဲ့ရတယ် ၊၊ ကျနော်အကြောင်းတွေ

3:27 PM ခင်ဗျား ဒီလောက် သိနေမှာတော့ဗျာ ၊ ခင်ဗျားဟာ သိပ္ပံ ပညာရဲ့ အတွင်း သူလျိုပဲ၊ မွေးဖွားပြီးကတည်းက လွင့်သွားခဲ့တဲ့ စွန်တစ်ကောင် နဲ့အတူ ကျွန်တော် တပ်မက်ခဲ့တဲ့ အဲဒီ ဆာရီ ကြက်သွေးရောင်လေးကို ခေါင်းအုံးပြီး အိပ်မိတယ်၊ ကျနော် ကိုယ် ကျနော် မီးရှို့လိုက်တိုင်း ဘေးထုတ်ခံလိုက်တဲ့ မင်္ဂလာပွဲတွေ၊ ထုထည်အကြီးစား အရေးအသားတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ထားခဲ့၊ ကွဲပြားခြားနားခြင်း ထားခဲ့၊ အဲဒီ လိုဖြစ်နေပျက်နေတဲ့အချိန်၊ ကျနော်နဲ့ခင်ဗျား ပြောခဲ့ဖူး၊ ကျနော်ဟာ အဟောင်းတွေ သစ်ဖို့အတွက် ကိုယ့်ကိုကိုယ် အမွေးတိုင် လုပ်ပစ်လိုက်ရတဲ့ လူ၊ နဖူးပေါ်က ကျောက်ကလေး ဟာ သန်လျင် ထိ ပြန်ပါသွားခဲ့သလား ။

အမှန်ဆို ခင်ဗျားတို့ တွေအားလုံး မန္တလေးရောက် ကုလားတစ်ယောက်ရဲ့ လေသံကို ခင်ဗျားတို့ရဲ့ စကားပြေတွေထဲ ကနေ လှမ်းလှမ်းတောင် သိ မနေခဲ့တာ။ မစ္စတာ ဒိုင်ယာလော့ခ် . . ခင်ဗျား ချည်နှောင်ထိမ်းချုပ်ထားတဲ့ . . စက်ရုပ်စုန်းမကြီး၊ ကျွန်တော်တို့ ရဲ့ ဖိတ်စာဝေမှုတွေ အမြဲတမ်းပဲ ခင်ဗျား နားမှာ ရပ်ပြီး လက်ကလေးဖြန့် ပိုက်ဆံကလေး တောင်းခဲ့တဲ့အတွက် ။ ဒါဆို ဘာတွေက အပိုတွေလဲ။ ထပ်မမေးကြေး။ မမျှတဘူး။ ဘာဘူး။ အချစ် နလန်ထ စခန်းတွေ။ ဘယ်မှာလဲ ထပ်မမေးကြေး။ ပြောချင်နေတယ်ဆိုလည်း ညနေ တုန်းက ခုန်ဆင်းလိုက်တဲ့ ငါ့ တနင်းလာ နေ့။ အိုး . . . ငါ အဲဒီ အပေါ်တွေမှာ။ မတ်တပ်ရပ်နေနိုင်နေရဲ့။ ပေါက်ကွဲသွားလေရဲ့။ အဲဒါ တကယ်။ ဒါ ငါ့ ယုံစားမှု။ အဲဒီ အမွှေးနံ့တွေရဲ့ မလှမ်းမကမ်းမှာ လှိမ့်နေတာ။ အခုဆို သူလည်း ကျောင်းမတတ်တော့ဘူး။ ကျွန်တော်ကတော့ နှစ်တွေက ဘယ်အထဲတောင် ၀င်ကုန်မှန်း မသိတော့ဘူး။ အိုး . . ပူလိုက်တာ။ မီးပူတိုက်လာတဲ့ လေတွေ အုပ်စုလိုက်ကြီး . . ပြောလိုက်အကြောက်တရား။ ခုနှစ်ရက် ကြာပြီ . . မီးနင်းနေတဲ့ တွင်းတိမ်တိမ်လေးထဲမှာ ပိတ်လိုက်ပါ။ အဲဒီကောင်ကြီးကို ပိတ်လိုက်ပါ။ မီးတွင်း တိမ်တိမ်လေးထဲမှာ အရှင်လတ်လတ် မြေမြုပ်သတ်ပလိုက်ပါ။ အမျိုးသားရေး ဟာ ဇာတ်အနိမ့်အမြင့် ကိုသတ်ပစ်လိုက်တယ်။ အမှန်တော့ အပြန်အလှန်ပဲ။ Call me big Nigga, man!!! ဘာတွေဖြစ်ကုန်မှန်းမသိ။ စော်ဘွားအထာကြီးနဲ့ ဂင်္ဂါမြစ်ဝှမ်းဆိုတာ ကနေ West Coast က ကပ္ပလီတွေဘာတွေ မပြောနဲ့၊ ဒါ ခင်ဗျားတို့တွေအားလုံးရဲ့ နိမ့်ဘဏ်။ ခင်ဗျား ကျွန်တော့် ကန်ချက်တွေကြောင့် တင်ပါးမှာဖြစ်ဖြစ် မခံမရပ်နိုင်သော ဒဏ်ရာအကြီးအကျယ်ရဖူးလား။ အိုး . .သန့်ရှင်းသော မေတ္တာတရားဟာ တင်ပါးပေါ်က အနာကွက်ကြီး ဖြစ်သွားတယ်။ အိမ်ကိုရောက်တော့ ထုံးစံအတိုင်း ရေမချိုးဖြစ်သေးဘဲ ကိုယ်ချွတ်ကြီးနဲ့ အိပ်ပျော်သွားတယ်။ ထုံး နဲ့ စံ နဲ့ ရေမချိုးတဲ့ စက်ရုပ်ကြီး။ ငိုသံ ကြီးနဲ့ အော်အော်ရယ်တတ်တဲ့ စုန်းမကြီး။ မယုံဘူး။ ခင်ဗျားကို ကျွန်တော် မယုံဘူး။ ငြင်းနေကျ မို့သာပေါ့။ ငြင်းနေကျမို့သာပေါ့။ ငြင်းနေကျမို့သာပေါ့။ အမှန်တော့ “လက်လျော့ နေကျ လက်လျော့ခဲ့ပြီ” (ခင်ဝမ်း) သူ့ နိမ့်ဘဏ်။ ကိုယ့် နိမ့်ဘဏ်။ ခင်ဗျား နိမ့်ဘဏ်ချင်း ပြိုင်တော့ ကျနော့်ပြာတွေ၊ တစ်နည်း အမွှေးတိုင် ပြာတွေ၊ နဖူး ပေါ်က လက်လက် ကလေးဟာ ကြာတော့ နိမ့်ဘဏ် ဆိုတာ အမျိုးမျိုးရှိတယ် လို့ ကျနော် ဒိုင်လွှတ် လည်း၊ ခင်ဗျား လက်ခံလိုက်ရမှာပဲ။ နိဗ္ဗာန် ဆိုတာ နိမ့်ဘဏ် နဲ့ နှစ်လ တိတိ တူတူနေဘူးတယ်လို့ ဆိုဆို၊ တကယ်တော့ Nate-Ban ဆိုတာ 3D မျက်မှန်နဲ့ကြည့်မှ မြင်ရတဲ့ 3D ဆာရီပဲ။ နောက်ဆုံးတော့ ခင်ဗျားကိုယ်တိုင်ဟာ မှန်ထဲမှာ ကုလား ဖြစ်သွားတာ မလား။ မိန်းမ ငယ်ငယ်ကလေးကို ထားပြီး မိန်းမအိုအိုကြီး နဲ့ ဖောက်ပြန်တယ်ဆို အဲဒါဟာ စက်ရုပ်ဖြစ်မှု နဲ့များ ဆိုင်မလား၊ ဘေးထုတ်ခံတွေကို နေရာပေးမှုနဲ့ဆိုင်မလား၊ အိုကြီးအိုမ နဲ့ သွားတွေ ပေါ်အောင် ရယ်လိုက်တယ်။ အစက အဆုံး တစ်ခု မှ မဟုတ်ဘူး လို့ ကျနော်ပြန်ငြင်းမယ်။ အမွှေးတိုင် နံ့တွေဟာ မမွှေးဘူး။ မိန်းမအိုအိုတွေဆိုတာ မရှိခဲ့ဘူး။ ကျနော်ဟာ သူမရဲ့ ဆာရီလို့ အမည်တွင်တဲ့ နိမ့်ဘဏ် ထဲမှာသေဆုံးခဲ့သူ သမိုင်းမဝင်လူသားတစ်ဦး ဖြစ်စဉ် ၊၊

Lynn Niño + Zarti

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွား သလဲ ( ၂ )

စန္ဒရားခလုတ်တွေကို တအားစိတ်နာနေမိတယ် ၊၊ ပြီးတော့ အဲ့ဒီ လက်ချောင်းတွေကိုရောပဲ ၊၊ အခု (၁၂) နာရီ ထိုးတော့မယ် ခင်ဗျား ဒီ စွန်တစ်ကောင်ကုန်ရင် အိပ်သင့်နေပြီ နီနို အခု ၁၂နာရီ ထိုးဆိုရင် ခင်ဗျား မအိပ်တာ သုံးနှစ်ပြည့်ပြီ ၊၊ ကျွန်တော့်ကိုယ်ပိုင်ဘဝလေးကို ရုပ်ရှင် တစ်ခု ဖြစ်သွားစေချင်နေတာ ၊၊ ကျွန်တော့်ဘဝ ဟာ ဘာလို့ အဓိပ္ပာယ်ရှိနေရတာလဲ ၊၊ ကျွန်တော် စွန်တွေလို ၊ လေတံခွန်တွေလို ဘာ အဓိပ္ပာယ် မှ မရှိပဲ လေထဲမှာ ကူးချင်နေတာ ၊၊ ရွက်လှေလေးတွေဟာ သူတို့ကိုယ်သူတို့ ကြယ်တွေဖြစ်သွားဖို့ ဆန္ဒရှိတယ် (အဒမ်ယန်း) ၊၊ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိပဲ ကျွန်တော်ကြောင့် လေထဲကို ရောက်နေကြတယ် ၊၊ စွန်လေးတွေ ပြတ်ကျသွားရင် ပုစွန်တောင်ကို ရောက်သွားမလား ၊၊ မြောက်ဥက္ကလာ ကို ရောက်သွားမလား ၊၊ ရေခဲတုံးကြီးတွေကို မြစ်လို့ ခေါ်တဲ့အရပ်က သူ့ ဆီကို ရောက်သွားမလား ၊၊ ဘယ်လောက် အဓိပ္ပာယ်မရှိလိုက်သလဲ ၊၊ ကျွန်တော် ဘာလို့ ရုပ်ရှင်တစ်ကား မဖြစ်ခဲ့တာလဲ ၊၊ ကျွန်တော်ဘာလို့ စန္ဒရားခလုတ်တွေ မဖြစ်ခဲ့တာလဲ ၊၊ ကျွန်တော်သာ စန္ဒရားခလုတ်တွေ ဖြစ်ခဲ့ရင် သူ ကျွန်တော့်ကိုချစ်မှာ ၊၊ အဖိနှိပ်ခံ ဘဝ ဆိုရင်တောင်မှလဲ ကျွန်တော် ပျော်မှာ ၊၊ ပြီးတော့ ကျွန်တော်ဟာ အ’အ တစ်ယောက် ဆိုပေမယ့် ဒီဘာသာစကား ကို ချစ်ပါတယ် ၊၊ ကျွန်တော် အခု ဘာလို့ ၃နှစ်လောက် မအိပ်ပဲ စွန်တွေထိုင်လွှတ်နေတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်နေရတာလဲ ၊၊ ကျွန်တော့် နာမည်ဟာ ဘာလို့ နီနိုဖြစ်နေရတာလဲ ၊၊ ကျွန်တော့်ကို ဘာလို့ ဇာတ်ကောင်လို့ မခေါ်တာလဲ ၊၊ ခုနက ကျွန်တော့်ကို စကားဝင်ပြောတာ ဘယ်သူလဲ ၊၊ ခုနက ကျွန်တော် လွှတ်တဲ့ စွန်လေးရော ဘယ်ကို ပြတ်ကျသွားလဲ ၊၊ စန္ဒရားခလုတ်တွေပေါ်ကိုလား ၊၊ (သူ) ဟာ ရန်ကုန်လမ်းညွှန် ကို မသိတဲ့အတွက် မြက်ခင်းဖုံးတဲ့ ပန်းခြံလေးတစ်ခုထဲကို ကျခဲ့ပါတယ် လို့ ဖြေမလား ၊၊ ကျွန်တော် ဘာလို့ အ နေရတာလဲ ၊၊ အာရုံထဲ ဖြတ်ဖြတ်ပြေးသွားတဲ့ အဲ့ဒီ အဖြူတစ်ရောင် ၊ အနက်ရောင် တစ်ခုစီနဲ့ အရာလေးတွေကို ကျွန်တော် စန္ဒရား ခလုတ်တွေ လို့ သိနေတယ် ၊၊ သူတို့တွေ ရေကန်ထဲက ခုန်တက်လာကြတာ ၊၊ သူတို့ ရေကန်တွေ ထဲကို ခုန်ဆင်းသွားကြတာ ၊၊ ဘလိတ်ဓားတွေ ကို ဘယ်သူ အတောင်ပံ တပ်ပေးလိုက်တာလဲ ၊၊ စွန်လေးတွေ ပြတ်ကျ ကုန်ကြပြီ ၊၊ ဝမ်းနည်းစရာပဲ ၊၊ သူတို့ ပြတ်ကျရမယ့် နေရာ မရှိရှာဘူး ၊၊ ကျွန်တော် ကမ္ဘာပေါ်က စန္ဒရား ခလုတ်တွေကို သုံးနှစ်အတွင်း အကုန်ခိုးယူထားလိုက်ပြီ ၊၊ လက်တစ်ဖက်က စွန်ကို လွှတ်နေရင်း လက်တစ်ဖက်က ခိုးယူခဲ့လိုက်တာ ၊၊ ရေကန်ထဲ ပြုတ်မကျမီ ခိုးယူထားလိုက်တာ ၊၊ ရေကန်ထဲက ခုန်တက်လာလာချင်း ခိုးယူထားလိုက်တာ ၊၊ Café Del Mar သီချင်းတွေ ဖွင့်ထားလိုက်ရင် ဘလိတ်ဓားပျံတွေ အိပ်ပျော်သွားနိုင်လား ၊၊ သတင်းကြေငြာနေတဲ့ အမျိုးသားကို ကျွန်တော် ချစ်မိသွားတော့မယ် ၊၊ တီဗွီကို ပိတ်လိုက်ပါ ၊၊ ပြီးတော့ ရေကန်ထဲကို ပစ်ချလိုက်ပါ ၊၊ ရေကန်တွေ ရှိနေသေးတယ် ဆိုတာ မြစ်လို့ ခေါ်တဲ့ ရေခဲတုံးတွေ အရည်ပျော်ကျ လာလို့ပေါ့ ဟုတ်လား ၊၊ ဒါဆို သူ ရှိနေ မလား ၊၊ Café Del Mar သီချင်းတွေကို ပိတ်လိုက်ပါ ၊၊ အိပ်ပျော်နေတဲ့ ဘလိတ်ဓားပျံတွေကို သူ နင်းမိရင် သူ့အတွက် အန္တရာယ်ရှိနိုင်လို့ ၊၊ သူ စန္ဒရား တီးနေပြီ…………… လား ၊၊

စန္ဒရားသံတွေကို ခင်ဗျား ကြားချင်သေးလား နီနို ၊၊ စန္ဒရားခလုတ်တွေကို တအားစိတ်နာနေမိတယ် ၊၊ ပြီးတော့ အဲ့ဒီ လက်ချောင်းတွေကိုရောပဲ ၊၊ ပြတ်ကျသွားတဲ့ စွန်လေးတွေမှာ နေရာမရှိဘူး ၊၊ ကျွန်တော် အောင်မြင်တဲ့ ဂေး ဘဝ ဆိုတာ ထက် သူ့ကိုပဲ လိုချင်ခဲ့မိတာ ၊၊ ကျွန်တော်ဟာ အ’ နေတဲ့ ဂေးဇာတ်ကောင် တစ်ယောက်ဆိုပေမယ့် ဒီဘာသာစကားကို ချစ်တယ် ၊၊ စန္ဒရားဆရာ ကို ချစ်တယ် ၊၊ ဘယ်တော့မဆို စန္ဒရားသံ တွေကို လဲ ကြားချင်တယ် ၊၊ ဒါပေမယ့် ခွင့်လွှတ်ပါ စန္ဒရား ဆရာရယ် ၊၊ ကျွန်တော် .. ၊၊

ဘာလို့လဲ မသိဘူး သေသွားခဲ့တယ် ၊၊ ၊၊

ဇာတိ

Saturday, March 12, 2011

ငါးနှစ်တာ ချစ်ချင်ယုယခဲ့မှုအား နှစ်နာရီစာ ဖောက်ပြားမှုနှင့် ဖျက်စီးခဲ့သော သူမအပေါ် ထားသော ကျွန်တော် ၏ အမုန်း

ငါ နင့်ကို မုန်းတယ်
မုန်းတယ် ၊၊

နင့် မျက်နှာလဲ
မမြင်ချင်တော့ဘူး ၊၊

နင့်ဖင်ကြီးလဲ
မမြင်ချင်တော့ဘူး ၊၊

မုန်းတယ် ၊၊ ၊၊
ဇာတိ

Monday, March 7, 2011

....ကတိ....

ကတိတွေ ပေးခဲ့တယ် ၊၊ အခု ပွဲချင်းပြီး သေဆုံးသွားတဲ့ ကတိတွေကို သူ အရင်က ပေးခဲ့တယ် ၊၊ မိုးရေစက်တွေဟာ ဘာလို့ အမြဲတမ်း စိုရွှဲနေကြရတာလဲ လို့ တွေးမိနေပေမယ့် ဒါဟာ နွေရာသီတစ်ခုသာ ဖြစ်တယ် ၊၊ အိပ်မက်ဆိုးတွေက လွတ်မြောက်မြောက်နိုင်ချင်း သေခြင်းတရားနဲ့ တွေ့ဆုံလိုက်ရတဲ့ သူရူးတစ်ယောက် အတွက် ကြေကွဲမျက်ရည်တွေဟာ ဘယ်မျက်လုံးတွေမှာ ရှိနေနိုင်လို့လဲ ၊၊ အဲ့ဒီ သူရူးဟာ ကိုယ်ပဲ ဝတ်မှုန်ဖြူ ၊၊ ဟုတ်တယ် အဲ့ဒီ သူရူးဟာ သူပါပဲ ၊၊ သူချစ်တဲ့ မိန်းမတစ်ယောက်ကို ကိုယ်ဝန်ကြီးနဲ့ ပြန်လည်တွေ့ဆုံအပြီးမှာ သူ ပွဲချင်းပြီး သေသွားတယ် လို့ သူထင်နေတာ ၊၊ သူ့ကိုယ်သူ ကတိတစ်ခုလို့ သူထင်နေတာ ၊၊ ဒါဘယ်လို ဖြစ်နိုင်မလဲ ဝတ်မှုန်ဖြူ ၊၊ ကိုယ်တို့ မနေ့တနေ့ကမှ စနေနေ့ (၁၁)နာရီ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဆိုတဲ့ ကဗျာစာသား ကို ရေရွတ်ခဲ့ကြတာ ၊၊ ကျွန်တော် ဘယ်တုန်းက နားလေးသွားတာလဲ ၊၊ မှတ်မိလား ဝတ်မှုန်ဖြူ ၊၊ အထူးပြုလုပ်ချက်တွေ မရရှိမီက ပြောခဲ့တဲ့ စကားတစ်ခွန်း ၊၊ စာသားတွေမှာ ဆွဲငင်အားတစ်ခု ရှိနေသလို ခံစားရတယ် ၊၊ ပိုချင်လဲ ပိုနိုင်တာ သူတို့အလုပ်ပဲ ၊၊ ကိုယ်တို့ မနေ့တနေ့ကမှ ချစ်သူတွေ အဖြစ် ရှိနေကြတာ မဟုတ်ဘူးလား ဝတ်မှုန်ဖြူ ၊၊ ပြီးတော့ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ဘယ်သူနဲ့မှ မတူတော့အောင် ချစ်တယ်လို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား ၊၊ အခု ဘာလို့များ ကိုယ့်ကို အခုမှ မှတ်မိသွားတဲ့ပုံစံမျိုးနဲ့ ကြည့်နေရတာလဲ ၊၊ ကျွန်တော် ခံစားနေရတယ် ဦးစတီဗင်ဟော့ကင်း ၊၊ ရန်ကုန် နဲ့ မော်လမြိုင် ဟာ ပန်းပွင့်ဖြူဖြူလေးတစ်ပွင့်ပဲ ဝေးသလို ခံစားရတယ် ၊၊ ဒါပေမယ့် အဲ့ဒါဟာ ကဗျာစာသားတစ်ခု နဲ့ ဆင်တယ် ၊၊ အဲ့ဒီအရာကို ဘယ်တုန်းကမှ မလွမ်းဆွတ်ဘူးသလို ခံစားရတယ် ၊၊ ဒါပေမယ့် အဲ့ဒါဟာ သီချင်းစာသား တစ်ခုနဲ့ ဆင်တယ် ၊၊ ဘာအသံနေအသံထား မှ မရှိတဲ့ ပတ်ဝန်းကျင်တွေ ကျွန်တော့်ရှေ့မှာ ပြေးလွှားနေတာ ၊၊ ကျွန်တော့် ရှေ့မှာ ငြိမ်သက်နေတာ ၊၊ ကျွန်တော် အကြောက်ဆုံးက မောင်းနှင်သူမရှိပဲ စန္ဒရားခလုတ်တွေ ပြေးလွှားနေတဲ့ လှုပ်ရှားမှုမျိုး ၊၊ ဖန်ပုလင်းလေးထဲမှာ ငါးတစ်ကောင်ရဲ့ ဘဝ ဆုံးရှုံးသွားတဲ့ ငါးတစ်ကောင်ရဲ့ ပုံရိပ်မျိုး ၊၊ ပြီးတော့ တီးခတ်စရာမရှိပဲ လှုပ်ရှားနေတဲ့ လက်ချောင်းတွေရဲ့ မြင်ကွင်းမျိုး ၊၊ ငါ ပြန်လိုချင်တဲ့ နွေးထွေးမှုဟာ လူတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ထဲက ဓာတ်ဘူးတစ်ခုရဲ့ အတွင်းသားတွေ ဆီမှာလား ၊ အလွမ်း ၊၊ ဘာရည်ရွယ်ချက်မှ မရှိတဲ့ အေးစက်မှုတွေဟာ အလုံပိတ်ထားတဲ့ နေရာလွတ်(ဖြစ်သွားပြီ) တွေဆီက ထွက်ကျလာသလိုမျိုး ၊ ငါပြောခဲ့တယ် ငါခံစားနေရတယ် ၊၊ ‘ဆပ်ပြာပူဖောင်းလေးတွေဟာ အသက်သိပ်မရှည်ကြဘူးနော် .. မောင်’ ၊၊ စာသားတွေမှာ ဆွဲငင်အားမရှိဘူးလား ဝတ်မှုန်ဖြူ ၊၊ သူ့ကို ဝတ်မှုန်ဖြူ ဟာ အားနာသလို ကြည့်တယ် ၊၊ နှုတ်ဆက်တယ် ၊၊ ‘မတွေ့တာ ကြာပြီနော်’ ဆိုတဲ့စကားကို ပဲ့တင်သံ မထွက်အောင် ပြောတယ် ၊၊ မနေ့တနေ့ကမှ ကိုယ်တို့ဟာ ချစ်သူတွေမဟုတ်ဘူးလား ဝတ်မှုန်…ဖြူ ၊၊ ဒါတွေဟာ အလိုတော်အတိုင်းပဲ ဖြစ်လာတာပဲ မောင် ၊၊ စပီကာထဲက အသံတွေဟာ မောင် နားလေးနေမယ်ဆိုရင်တော့ ကျွန်မ ကို လွမ်းဆွတ်ဖို့ ပြေလျော့စေနိုင်မှာ အမှန်ပါပဲ ၊၊ ကျွန်မ လဲ ထပ်တူ ဝမ်းနည်းနေခဲ့တယ် ၊၊ ကျွန်မ ခန္ဓာကိုယ်ပေါ်ကို သတို့သမီးဝတ်စုံ ရောက်မလာခင်အထိပေါ့ ၊၊ ခဏနေ ဆိုရင် ကျွန်မ မင်္ဂလာဦးညထဲ ဝင်သွားရတော့မယ် ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မင်္ဂလာဆောင်ကို ဆက်ဆက်လာခဲ့နော် ၊၊ ကလေးက ယောက်ျားလေးတဲ့ ၊၊ မင်္ဂလာရက်က စနေနေ့ ၁၁ နာရီပါ ၊၊ ကျွန်တော် မကျေနပ်နေတာ အဲ့ဒါကိုပဲ ၊၊ စပီကာထဲက အသံတွေကို ဘာလို့ 3D နဲ့ ပြုလုပ်ထားရတာလဲ ၊၊ ကျွန်တော် မျက်မှန်တပ်လိုက်တယ် ၊၊ ပြီးတော့ ဒီ 3D မင်္ဂလာပွဲကို ထိုင်ငေးနေလိုက်တယ် ၊၊ သူတို့ရဲ့ လက်ထပ်ပွဲမှာ ကျွေးတဲ့ နေကြာစေ့တွေကို ကျွန်တော် အကြိုက်ဆုံးပဲ ၊၊ ပြီးတော့ .. ကျွန်တော် ဝမ်းနည်းနေလိုက်တယ် ၊ သတို့သမီး ဝတ်စုံရောက်မလာခင် အထိ ၊၊ တီးရတဲ့ လက်ခုပ်သံတွေထဲမှာ ကျွန်တော် အကျယ်ဆုံးပဲ ၊၊ ကျွန်တော့် လက်သည်းခွံတွေတောင် ပြုတ်ထွက်ပျက်ကျ ကုန်တဲ့အထိပဲ ၊၊ ပြီးတော့ ရယ်မောနေလိုက်တယ် ၊၊ ပြီးတော့ အဝေးကို လျှောက်ငေးနေလိုက်ရင်း မြင်တွေ့မိတဲ့ တစ်ခါမှ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းမျိုးကိုတောင် ဓာတ်ပုံတွေထဲမှာ ကြိုတင်မြင်တွေ့ဖူးခဲ့တာပဲ လို့ စိတ်ကထင်နေမိတယ် ၊၊ ပြီးတော့ စာသားတွေမှာ ဆွဲငင်အားမရှိဘူးလား ဝတ်မှုန်ဖြူ လို့ ပဲ့တင်သံထွက်အောင် ရေရွတ်တယ် ၊၊ ပြီးတော့ ခုနက သူပြောခဲ့သလိုမျိုး ခံစားနေလိုက်တယ် ၊၊ ပြီးတော့ သူဇဝေဇဝါ ဖြစ်တယ် ၊၊ ပြီးတော့ သူနဲ့ သတို့သမီးဝတ်စုံ ဝတ်ထားတဲ့ သတို့သမီးဟာ မနေ့တနေ့ကမှ ချစ်သူတွေအဖြစ်ရှိခဲ့တာလို့ တွေးတယ် ၊၊ ပြီးတော့ ဇဝေဇဝါ ထပ်ဖြစ်တယ် ၊၊ ပြီးတော့ ကျွန်တော် အိပ်ပျော်သွားတယ် ၊၊ နောက်ဆို မရှိတော့ဘူးဆိုတာ နောက်ဆို အလိုလို သိသွားမှာပါ ၊၊ ဒါပေမယ့် သူက သူ့ကို စနေနေ့ ၁၁ နာရီ နှိုးစေချင်တယ် ၊၊ စနေနေ့ ၁၁နာရီ မှာ တွေ့ကြမယ်လို့ ဝတ်မှုန်ဖြူ က သူ့ကို ကတိတွေပေးခဲ့တယ် ၊၊

- ဇာတိ -

- ညွှန်း - ဇော်ဇော်အောင် ၊၊ လင်းနီညို ၊၊ မောနွေ ၊၊ ရုပ်သေး ၊၊ ပန်းပွင့်ဖြူ ၊၊