Saturday, November 6, 2010

ဟ ထိုး

စိမ်းတယ်ဆိုတဲ့မြက်ခင်းများပေါ်မှာ
လက်ကောပါးစပ်ကော လက်ရောပါးစပ်ရော
အ၀င်/အထွက် ဟာ (၁၆) နှစ် အရွယ် မဒမ် လေး သွားကြားက အသားစ လို
ဖြူဖျော့ဖျော့ ညနေလို ဘီယာသောက်ချင်တယ်ဆိုပြီး
ဘုရားသွားမလား
ဒီမှာ အတွင်းခံ ကြော်ငြာကို မော်ဒယ်ခေါ်စရာမလိုတော့တဲ့
ISO 9001 လား ISO 9002 ဆိုလားဘဲ
ဘုရားပေါ်မှာတင် တံဆိပ်မျိုးစုံအား အခမဲ့ ကြည့်ရှုခွင့်
တစ်ချိန်တုန်းက သူလည်း ဘာဆိုလားပဲ
ကျနော်တို့ဟာ အမျိုးသမီး တွေအတွက် လစဉ်လိုအပ်နေတဲ့ပစ္စည်းများအား လိုက်လံရောင်းချပေးနေတာပါ
ကျနော်တို့ Company က products က password ကိုယ်စီနဲ့ မို့ 
အိမ်ထံရာရောက် လိုက်လံပါတပ်ဆင်ပေးနေပါတယ်
အင်္ဂလိပ်လိုမှုတ်မလား ဘိုလိုမှုတ်မလား
မှုတ်ချင်သလိုမှုတ် အမှုတ်လွန်ရင် ပူဖောင်းလို ကွဲတာပဲ
အဲ့မှာစတွေ့ တာပဲ ။
ခွာနာလျှာနာနဲ့ မို့  သောကြာနေ့ က ကိုယ့်လက်ခလယ် ဘာမှမညစ်ပေခဲ့ဖူးဆိုပဲ


ရင်ခွင်ရှိန်း

ကြုံရဆုံရ နားလည်စွာနဲ့ မေးဖို့မြန်းဖို့ ကျန်ခဲ့ပြန်


အိမ်ပြောင်းရမယ်ဆိုလို့
စိတ်မကာင်းခြင်းများစွာနဲ့ ပျော်နေတယ်
ထရံမှာကပ်ထားတဲ့ စကူတွေလည်းပြုတ်ကျ
နေရောင်ပြင်းပြင်းဝင်လာတတ်တဲ့
ပြတင်းပေါက်သံဇကာတွေဆီက
ဒီဇိုင်းအကွက်လေးတွေ ပျောက်ရှသွားတယ်
အိမ်သာအနံ့အသက်လည်း ပြန်ကောက်ရ
လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အိမ်သားတစ်ယောက်
ရဲ့ ဖြစ်တည်မှုကိုလာစားနေတဲ့
ကြောင်လေးမားကွက်ဇ် မင်းဖြစ်ရဲ့လား
မိုးငွေ့ ၊ ဆေးလိပ်ငွေ့ ၊ သက်ပြင်းငွေ့ သိုးသိုးနဲ့
မှုန်ဝါးလိုက်တဲ့ နံရံကပ်မှန်မှာ
လူထူးလူဆန်းတစ်ယောက်ပုံပေါ်နေတယ်
ခေါင်မိုးကအပေါ် ကြမ်းခင်းကအောက်
တစ်အောင့်ကြာတော့ မှောက်လျက်သား
ခနာကိုယ် ငိုက်ကျသွားတယ်
မနက်ဖြန်ရဲ့ ပေါတောတောအလုပ်တွေစကြစို့
Cost နဲ့ host အလင်းပြန်မှုကို
အိမ်ရှေ့တံခါးမှာ ချိတ်ထားလိုက်ကြစို့ အပြီး
လူနေထူထပ်မှာ တမင်မြန်းကြပါစေ
ပန်းချီ

Tuesday, November 2, 2010

ရုပ် ရှင် နယ် လွန်



ရောက်သွားတော့ ရုပ်ရှင်က ပြလက်စ ဖြစ်နေပြီ ၊၊
ပိတ်ကားကို လှမ်းငေးတော့ ထင်တဲ့အတိုင်း
မင်းသမီး က အစိမ်းရောင် ဂါဝန်နဲ့ ၊၊
သူ့ အသက် (၂၁) ပဲ ရှိသေးတယ်
ကံကြမ္မာ က သူ့ကို ရွေးချယ်ခွင့်မပေးတော့ဖို့
ဆုံးဖြတ်လိုက်မှန်း စိတ်က အလိုလို သိလိုက်တယ် ၊၊
ဟား . . . ထူးဆန်းစရာပဲ ! ၊၊
သူမ က အဲ့ဒီ ဂါဝန်အစိမ်းရောင် နဲ့ အရမ်း ကို လှပ တာ ပဲ ၊၊
နေ ရာ လိုက်ရှာတယ် ၊၊
လေးနှစ်လောက်နေတော့ နောက်ဆုံးထောင့်နားမှာ
နေ ရာ ရတယ် ၊၊
ဟား ပျော်လိုက်တာ ၊၊
ကိုယ်ချစ်တဲ့မိန်းမ တစ်ယောက်ကို အားလုံးရဲ့ ထောင့်တစ်နေရာကနေ
တိုးတိုးလေး ငေးကြည့်ခွင့်ရတော့မှာ လေ၊၊
ပိတ်ကားကို ငေးတော့ မင်းသမီးက (အစိမ်းရောင်) ဂါဝန် မဝတ်တော့ဘူး ၊၊
သူမ နိုင်ငံခြားတောင် ရောက်နေပြီ ၊၊
ဒါပေမယ့် ..
ပိုရင့်ကျက်လာတယ် .. ပြီး .. ပို လှ လာ တယ် ၊၊
တစ်ရုံလုံးက သူမ ကို မျက်တောင်မခတ်ပဲ ငေးနေကြတာပဲ  ! ၊၊
မနာလို ဖြစ်လာလို့ တစ်ရုံလုံးက လူတွေရဲ့မျက်စိကို လိုက်ပိတ်တယ် ၊၊
တစ်နှစ်လောက်ကြာတော့ တစ်ရုံလုံးက ပိတ်စရာမျက်စိတွေ ကုန်သွားတယ် ၊၊
ပိတ်ကား ကို ပြန်ငေးတော့
သူမ က မြန်မာပြည်တောင် ပြန်ရောက်နေပြီ ၊၊
ကိစ္စတစ်ခုနဲ့ ရယ် အလည်ရယ် တဲ့ ၊၊
ကျွန်တော် လှမ်းခေါ်လိုက်တယ် ၊၊
ဟေး.. မြန်မာပြည်ပြန်ရောက်တုန်း ဂါဝန်ပြန်ဝတ်ပါလား ၊၊
ရှင် ဘယ်သူလဲ ၊၊
ကျွန်တော် နောက်ဆုံးတန်း ခင်ဗျားရဲ့ ညာဘက်အခြမ်းထောင့်မှာ ၊၊
ဟင့်အင်း ဒီက လှမ်းကြည့်ရင် မှောင်နေတာ ကျွန်မ ဘာမှ မမြင်ရဘူး ဒါနဲ့နေပါဦး ရှင်က ကျွန်မကို သိလို့လား၊၊
ဟုတ်ကဲ့ သိတယ် ခင်ဗျား က မွေးမွေးချင်း အသက်၂၁နှစ်ကျုပ်ထက်အသက်ကြီးတယ်ကျုပ်ခင်ဗျား ဟိုးငယ်ငယ်လေးထဲက စွဲလမ်းလာတာ ဂါဝန်အစိမ်းရောင်လေးနဲ့ ခင်ဗျားကောင်းကင်ဟိုးအဝေးကို ငေးငေး နေတာတွေ ၊၊
ဟုတ်လို့လား ကျွန်မ ရှင့်ကို သတိမထားမိပါဘူး ၊၊
ဟုတ်ပါတယ် တစ်ကယ်ပြောနေတာပါ ခင်ဗျား နိုင်ငံခြားကို အပြီးပြန်တဲ့အချိန်မှာ ခင်ဗျားလက်တွဲဖော်နဲ့ တွေ့တော့မှာကိုလဲ သိတယ်၊၊ ပြီးတော့ ….. ၊၊
ဟဟ တော်ပါရှင် ၊၊ ကျွန်မရဲ့ အနာဂတ်ကို ကျွန်မထက်များ ပိုသိရတယ်လို့ ၊၊ ဒါနဲ့ ရှင်က ဒီလောက် နှစ်တွေ အများကြီးမှာ ဘာတွေလုပ်နေလို့ ကျွန်မက ရှင့်ကို မသိရတာလဲ ပြီးတော့ ရှင့်ကို ကျွန်မက သိလာအောင် ရှင်က မကြိုးစားခဲ့ဘူးပေါ့လေ ၊၊
ဗျာ အဲ့ဒီလိုတော့မဟုတ်ဘူး ၊၊ ကြိုးစားခဲ့ပါတယ် ၊၊ ဒါပေမယ့် အဲ့ဒီ ကြိုးစားမှုက အရေးပါမှု မရှိခဲ့တာ ၊၊ ခင်ဗျားကို ငေးဖို့ နေရာရှာနေရတာရယ် ခင်ဗျားကို ဘယ်သူမှ မချဉ်းကပ်အောင် လုပ်နေရတာတွေ ၊၊
ဟုတ်ပါပြီရှင် ၊၊ ဟော ဖုန်းလာနေပြီ ကျွန်မ အလုပ်ကိစ္စပေါ်လာပြီ သွားတော့မယ် နောက်မှ တွေ့တာပေါ့ရှင် ဒါနဲ့ ရှင့်နာမည် က .. ၊၊
ကျွန်တော် ကဗျာဆရာပါ ၊၊
ပြီးတော့ သူမထွက်သွားတယ် ၊၊
သူမ အလုပ်တွေ လုပ်တယ် ၊၊
ဒီ အတိုင်းပဲ ကျွန်တော် ထိုင်ငေးနေလိုက်တယ် ၊၊
ကံကြမ္မာ ရဲ့ အတက်အကျတွေ မြန်ဆန်လွန်းတဲ့ အပြောင်းအလဲတွေ ၊၊
နောက်ထပ်နှစ်နှစ်လောက်နေတော့ သူမ နိုင်ငံခြားကို ပြန်သွားတယ် ၊၊
ကျွန်တော် သူမ ကို ပြောခဲ့တဲ့အတိုင်း
သူမ သိပ်ချစ်သွားမယ့် လူနဲ့ သူမတွေ့တယ် ၊၊
ကြည်နူးစရာ သီချင်းတွေ လှပတဲ့ ပတ်ဝန်းကျင်တွေ  ၊၊
ပန်းခြံထဲ လျှောက်ပြေးနေလိုက်ကြတာ ဘုရားသခင် က ဒါပဲ ခိုင်းထားတဲ့အတိုင်းပဲ ၊၊
ကံကြမ္မာရဲ့ အတက်အကျက မြန်ဆန်လွန်း ..၊၊
သူမရဲ့ ချစ်သူ ဟာ လူဆိုး ဂိုဏ်းခေါင်းဆောင် ဖြစ်နေတာပဲ ၊၊
ဘာကြောင့်မှန်း မသိ ၊၊ ကျွန်တော် ရဲတွေကို ဖုန်းဆက်ခေါ်လိုက်မိတယ် ၊၊
ရဲတွေဟာ ရုပ်ရှင်ရုံထဲမှာ အကာအကွယ်တွေယူ ၊၊ မင်းသားရဲ့ တပည့်လူဆိုးတွေနဲ့ ပစ်ကြခတ်ကြ ၊၊
လူဆိုးတွေထဲက လူဆိုးကျည်ဆံ သုံးလေးတောင့် ကျွန်တော့် ခြေထောက်နှစ်ဖက်ကို လာမှန်တယ် ၊၊
လုံလောက်တဲ့ အက်ရှင်ပြကွက်တွေ အပြီးမှာ မင်းသားကို အသေမိတယ်ပေါ့ ၊၊
လူဆိုးတွေကို ရဲဖမ်းသွားပြီးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်နှစ်ဖက်က အခြေအနေမကောင်းတော့ ၊၊
ဒူးဆစ်အောက်ပိုင်း နှစ်ဖက်လုံး ကျွန်တော် ကိုက်ဖြတ်ပစ်လိုက်တယ် ၊၊
ထို့နောက်မှာ .. သူမ အသည်းကွဲပြီ ၊၊
တငိုငို  တရယ်ရယ်နဲ့ ၊၊
အိပ်ယာထဲလဲနေရရှာပြီ ၊၊ ဆရာဝန်ဆိုတဲ့ လူတွေရဲ့ စစ်ဆေးချက်မှာ သူမ သွေးကင်ဆာရှိနေပြီ ၊၊
ကျွန်တော် ဆရာဝန်တွေဆီ ဖုန်းဆက်ခေါ်တယ် ၊၊
ရသလောက် အချိန်လေးမှာ သူမအသက်ရှင်ခွင့်ကိုပေးပါ ၊၊ ကျွန်တော့်သွေးတွေကို ယူပါ ၊၊
သူ မ မ သိ ပါ စေ နဲ့ ၊၊
 အိပ်စက်ခြင်းနဲ့ အသက်ရှင်နေရတဲ့ သူမ ကို ကျွန်တော် ငေးမောနေရုံပဲ .. ၊၊
သူမ မသိအောင် ၊၊ သူမ မသိပဲ ၊၊ ကျွန်တော် နမ်းလိုက်မိသလား ၊၊
မျှော်လင့်ချက် ဟာ ပြတ်သွားတဲ့ ခြေထောက်တွေ အတိုင်းပဲ ၊၊
သူမ ဆီမှာလဲ မျှော်လင့်ချက် မရှိတော့ဘူး တဲ့ ၊၊
သူမက သူ့အတွက် သွေးလှူပေးနေတဲ့သူကို သိချင်တယ် ၊၊
ဆရာဝန်တွေက မပြောပြဘူး ၊၊ သူမပေးခိုင်းတဲ့စာထဲမှာ သူမရဲ့ ဒီဘဝမှာ ကျွန်တော့်ကို မြင်ဖူးချင်တယ်တဲ့ ၊၊
အား ! ငါ ရူး လိုက် ရ ၊၊
နိုင်ငံခြားပြန်ရောက်ရင် လက်တွဲဖော်နဲ့ တွေ့မယ်လို့ ပြောခဲ့ဖူးတဲ့လူဆိုတာပဲ အသိပေးရက်ခဲ့ ၊၊ ကျွန်တော်မှားသွားတာက ခင်ဗျားရဲ့ လက်တွဲဖော်လို့ ထင်ရတဲ့သူ လို့ပဲ သုံးနှုန်းသင့်ခဲ့ ၊၊
ဆေးပေါ့လိပ် မီးခိုးတွေက သင့်ကို
ဟိုးအဝေးက တစ်နေရာဆီ ခေါ်ဆောင်သွားတာမျိုး
ဘဝမှာ တစ်ခါ ဖြစ်ဖြစ် ကြုံဖူးသလား ၊၊ ၊၊
မိုးကောင်းကင်တွေနဲ့
သူတို့ကို ငေးကြည့်နေတဲ့ မျက်လုံးတွေ
ပြီးတော့ ….
ငေးမကြည့်နိုင်တဲ့ မျက်လုံးတွေ ၊၊
သွေးကင်ဆာကို ဘုရားက ဖန်ဆင်းသလား ၊၊ လူတွေကပဲ ဖန်ဆင်းသလား ၊၊
ငါ့သွေးတွေကို ဖောက်ထုတ်လိုက်ပါ ၊၊
ဖောက် စုပ် လိုက် စမ်း ပါ ၊၊
မီးခိုးတွေက
သူမကို
ဟိုးအဝေးက
တစ်နေရာကို ခေါ်ဆောင်သွားတာမျိုး ……….၊၊
အား! ငါ ရူးလိုက်ရ ၊၊
မြန်ဆန်တဲ့ အပြောင်းအလဲ အတက်အကျ တွေရဲ့ ကံကြမ္မာ ၊၊
ဟား ! သွေးကင်ဆာကို ဘယ်သူဖန်ဆင်းတာလဲ ၊၊
ပြီးပါပြီ ဆိုတဲ့ စာတန်းကို ဒီပုံစံ နဲ့ မလိုချင်ဘူး ၊၊
ပြီးပါပြီ ၊၊ ပြီးပါပြီ ၊၊ ပြီးပါပြီ ၊၊
တစ်ရုံလုံးက လူတွေ ပြီးပါပြီကို မမြင်လိုက်ကြဘူး ၊၊
အား ! ပြီးပါပြီ ကို ဘယ်သူဖန်ဆင်းတာလဲ ၊၊ ငါ ရူး လိုက် ရ ၊၊
အလွမ်းသီချင်းက တော်တော်ကြီး နောက်ကျပြီးမှ ပွင့် လာ တယ် ၊၊
ပြီးပါပြီ ၊၊ ပြီးပါပြီ ၊၊ ပြီးပါပြီ ၊၊
နောက်လေးနှစ်လောက်ကြာတော့ ရုပ်ရှင်ရုံထဲမှာ ကဗျာဆရာ ဟု ထင်ရသော လူတစ်ယောက် သေနေသည်၊၊
ကျွန်တော် ကဗျာဆရာပါ ၊၊ ၊၊

ဇာတိ

စာဖတ်သူအားတိုက်ရိုက်ဦးတည်၍

ဝါစင်္ဂသည် ဝါစာ နှင့် အင်္ဂ ပေါင်းစပ်ထားသော ပါဠိစကားဖြစ်သည်၊
ဝါစင်္ဂ ကိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည် ၊ မောင်လှသည်
ကျောင်းသို့ ကားဖြင့်သွားသည် ၊ လူကို မျက်စိဖြင့် မြင်နိုင်ပြီး
လက်ဖြင့် စမ်းသပ်ထိတွေ့ နိုင်သော ကြောင့်
သူသည် ကြံကို အလွန်ကြိုက်သည်၊ ဦးတင့် သည်
မောင်လှ၏အဘိုးဖြစ်သည် ၊ ဤဝါကျတွင် ငှက်သည်ငှက်ဖိုနှင့်လည်း ဆိုင်သည် ၊
ငှက်သည် ဒွိလိင်ဖြစ်သည် ၊ အရေအတွက် ကို ကိန်းဟုခေါ်သည် ၊
ကိန်းကြီးခန်းကြီး မှလာသော ကိန်းသည် ဘောင်မဝင်သောကိန်းဖြစ်သည် ၊ကြိယာများ
သွား ၊ လာ ၊စားသောက် ၊ပျောက် ၊ ဖျောက် ၊ ကျိုး ၊ ချိုး ၊ အိပ် ၊ ဖြစ် ၊ ရှိ ၊ ရိုသေ ၊ ကူညီ ၊
ဤအမှုကိုပြုလျှင် အများက ကဲ့ ရဲ့  ကြလတ္တံ့ ၊ ထိုကြောင့် 
မောင်လှသည် ဆရာကို ရိုသေစွာကန်တော့သည်၊ ဆီလျော်အောင် တွဲခိုင်းပေမယ့်
ကျွ န်ေ တာ် တွဲ ချ င် သ လို တွဲ လို က် ပါ တ ယ်၊
တခစ်ခစ်ဆောင်ရွက်သည် ၊ ရိုသေစွာ မသည် ၊ ချစ်ချစ်တောက် စိုသည်၊
တရှုပ်ရှုပ် တောက်လောင်သည် ၊ ညီညွတ်စွာ ပူလောင်သည် ၊ ရွှဲရွှဲ ရယ်သည်၊
မနိုင့် တနိုင် သီဆိုသည် ၊ တဟုန်းဟုန်း ကန်တော့သည် ၊ သာယာစွာ စားသည်၊ ပလုပ်ပလောင်းငိုသည်၊
ငါးခုံးမ တစ်ကောင်....တစ်လှေလုံးပုပ်သည်၊ မောင်လှသည်
စာမေးပွဲအောင်သောကြောင့် စာကြိုးစားသည် ၊ ဘူးကောင်းသော်
စင်ခံသည် ၊ ရွာကကောင်မလေးတွေကတော့ ဒူးကောင်းလို့ 
ဖျင်ခံကြသပေါ့ ၊ ဟေဟေ့ဟေး ၊ ပျောာာာာာာာာာာာာာ်တာ ၊
မောင်လှသည် ထင်းရှူးသေတ္တာကို သာ မသည် ၊ ထိုဝါကျတွင်
သာ သည် ထင်းရှူးသေတ္တာကိုကန့် သတ်ပြသော ပစ္စည်းဖြစ်သည် ၊သို့ ရာတွင်
မောင်လှသည် သေတ္တာကို မ မ ပဲ ပစ္စည်းသာ မ သောကြောင့် ပါးသာအရိုက်ခံလိုက်ရသည် ၊
ဤနေရာတွင် ပါးသာဖြစ်၍ ပါး သာ ဖြစ်သည် ၊ ထိတ်လန့် ခြင်း ၊ ဝမ်းသာခြင်း ၊
အံသြခြင်း စသည့် တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြင်းပြင်းထန်ထန်
စိတ်လှုပ်ရှားကာ နှုတ်မှ ရုတ်တရက်ထွက်ပေါ်လာသော အသံကို
အာမေဍိတ် ဟုခေါ်သည် ၊ အထက်ပါ အကြောင်းကြောင့်တွင် ဟိုအကြောင်း ပါသလို
ဒီအကြောင်းလည်း ပါနိုင်သည် ၊ အမလေးးးးးးးးးးမြွေကြီး ၊ လိုက်ဟ.....လိုက်ဟ ၊
ကောင်းလိုက်တာ ကောင်မရယ် ၊ နှစ်ခုထက်ပိုသော ပုဒ်စုများ အကြားတွင် ပုဒ်ကလေးကို သုံးသည် ၊
နှစ်ခုထက်ပိုသော ၊ နှစ်ခုထက်ပိုသော ၊ နှစ်ခုထက်ပိုသော ၊ နှစ်ခုထက်ပိုသော ၊ နှစ်ခုထက်ပိုသော ၊ ခွိခွိစ် အနက်အဓိပ္ပာယ်တိုင်းက အညွှန်းဖြစ်ရဲ့ လား ၊
ကိန်းဂဏန်းဖြင့် ဖော်ပြသော ငွေကြေးအရေအတွက်ကို စာဖြင့် တိတိကျကျ ဖော်ပြလိုလျှင်
ဝိုက်ကွင်းကိုသုံးသည် ၊ ဝိုက်ကွင်းကိုသုံးရာတွင် Shift ကို တွဲနှိပ်ရသည် ၊
သူ့ ဘာသာသေအောင် ကျွန်တော် သတ်ခဲ့ တာ ၊
rif;wkd hvkd igvkd;rom;awGaMumifh tGefvkdif;uAsmq&mawG apmufajymcHae&wm
rif;apmuf&l;yJa[haumif !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! ။    ။


နေမြဲ (၂၊၁၁၊၂၀၁၀)

အညွှန်း - မြန်မာသဒ္ဒါ ၊ အတွဲ(၁) ၊ အခန်း(၁)၊ ပဉ္စမတန်း

Monday, November 1, 2010

Nice sound

Are We Human ?
As Was Him ?
Allow What History ?
Author Will Hulk ?
Agent Weather His ?
Arm Ward Hand ?
Aumm Wearless Host?
Agulia Wi-FI Have ?
Audio Wolf Homm ?
Aesthetically Winds Ho ?
Ahtrs W Ho ?

pannche

Saturday, October 30, 2010

လေရပြီ/6လ၇ပြည်

စလိုက်ပြီ ဆိုကတည်းက ဆုံးဖို့ ဖြစ်လာတယ် ၊ ဆုံးလိုက်ကတည်းက ပြန်စရမယ်ပေါ့ ၊
အနက်အဓိပ္ပာယ်ကို ကျော်လွှားဖို့  အစ၊အဆုံး ကိုမေ့ ထားရတော့ မယ် ၊
 ကြီးကြပ်သည် ၊ ကြီး၍ကြပ်သည် ၊ ကျွန်တော် ကိုယ့်စိတ်ကိုယ် ရသလောက် ပြန်ရှာမိတာပဲ ၊
 ရှာဖွေမှု ၊ မှားယွင်းမှု ၊ စဉ်းစားဥာဏ်ရှိရှိ မှားယွင်းမှု ကို အရသာ တွေ့ ခဲ့ ပုံပါ ၊
 တွေးခေါ်မှုရှိရှိ ၊ ငါ့လိင်အင်္ဂါတဝိုက်က အမွှေးအမြှင်တွေ မွေးရာပါအားနည်းမှု ၊
လူတန်းစားမဲ့ ဖြစ်တည်မှု ၊ ကဗျာရေးခြင်းအမှုမှာ ကိုယ်တိုင်နားမလည်မိအောင်
 ကြိုးစားကြည့်သည် ၊ ရိုးသားစွာကိုယ်ရည်သွေးခွင့် အမှုမှာဘာတွေလိုအပ်ပုံ ၊
သနားလို့ စောင်ပေးခြုံတာ သေးပေါက်မချနဲ့ ကွယ် ၊
မှု မှု မှု မှု မှု ၊ ဘာမှုစရာလိုလဲ ၊ အသိအမှတ်ပြု ဂရုစိုက် က လာတဲ့  မှု က
ရှေ့ နေတွေ့ ရမယ့်  အမှုတစ်ရာကို ဂရုမစိုက်မှု ၊ သူများထမင်းစားနေတာမြင်ရင်
ဗိုက်အရမ်းဆာတာပဲဗျာ ၊ ကျွန်တော့်ခါးကို တို့ လိုက်လို့  ထွက်လာတဲ့  အာမေဋိတ်ကို အရမ်းကြိုက်တာ ၊
ခလုတ်ထိတာတောင် အဲဒါလေးကိုပဲ တ တ နေရတာ ၊
ဖုံးအုပ်ထားတဲ့  ဘာသာဗေဒကို ဖယ်ချလိုက်ရင်
ဟစိလေးကို ကြိုက်၏ ၊ ဟစိ ၊ ဟလိုက် စိလိုက် ကြိုက်အိ ၊
အိသီမယွေး ကျိုက်အိ ၊ ဟစိလေးက ဒြပ်ထုအနေနဲ့  မလေးပေမယ့်  ၊
အရသာအရတော့  လေးပင် ၊ မြတ်နိုးစွာသုံးတဲ့  လေး က အရသာကိုပါ ညွှန်းဆိုပုံ ၊
ခွချက်တာမဟုတ်ပဲ နှစ်ကျပ်ကွက်ရိုက်(ထည့်)တာပါပဲ ၊
ကွင်းထဲက ထည့် ကိုရွတ်ရာမှာ လိုက် ကို လျစ်လျူပြုပြီး အသံရှည်စွဲ ၊
ကျွန်တော်ပြောသလို ရေးဖို့ ကြိုးစားဆဲ ၊
စကားနောက် ပါချင်တာ ပါလို့ မရလို့  တရားပါကြည့်လိုက်ပုံပါ ။  ။

နေမြဲ(၂၉၊၁၀၊၂၀၁၀)

Friday, October 29, 2010

နာဂစ်အလွန်

လက်ထဲမှာကိုင်ထားတဲ့  ဓားဟာ အဖိုနဲ့ အမ အထိအတွေ့ လိုမနူးညံ့ဘူး
ဝေးကွာခြင်းတွေ၊ ပုဝင်သွားသလိုမျိုး Bonsai ပင်လိုမလှပဘူး
I m sorry.really (တကယ်ပါ)
နင်ပြောသလို ငါဟာ နင့်ရဲ့ ထာဝရ soul mate တဲ့ လား
မိစ္ဆာမ နင့်အတ္တနဲ့ ထုဆစ်ထားတဲ့ ကြေးသွန်းရုပ်မဟုတ်ဘူး
(သား)အမေစာရေးလိုက်တယ်၊ နေကောင်းကျန်းမာ ငွေအမြန်ပို့  (ချစ်တဲ့ အမေ)
နင့်ရဲ့ ဖောက်ပြန်မှုဟာ ငါ့နောက်ကျောကိုဓါးနဲ့ ထိုးတယ်
i wanna hate u !_! u Fuck me. F*U*C*K you 4ever
ညီမလေးရေ...ဘဝ၊ငွေကြေး၊အတ္တ၊မိသားစု ဘယ်သင်းဟာ ' ဟာသ ' အမြောက်ဆုံးလဲ
အမေဟာ တော်..တော့် ကို ' စောက်သုံးမကျ  ' တဲ့ အမေပဲ.
ကိုကြီး အခုလောလောဆယ် အလုပ်အဆင်မပြေသေးဘူးညီလေး
' သား ' ဆိုတာ    ' ကျား ' တဲ့ လား၊ ကျွန်တော် ဆပ်ကပ်ထဲက ' ကျား ' မဟုတ်ဘူးအမေ
ဓါးကိုကိုင်ထားတဲ့  လက်ဟာ အရှိန်နဲ့ ဗိုက်ထဲကို အတင်းတိုးဝင်သွားတယ်
အဖေပြောတာတော့ မမေ့ ဘူး  ဧရာဝတီရဲ့ သားဟာ လှော်ရင်း မနစ်ဘူးဆိုတာကို
ညီမလေးရေ...တို့ နှစ်ယောက် လူငွေ့ ရိုက်နေတဲ့ အခန်းထဲမှာ နေခဲ့ဘူးတယ်နော်
သေနတ်ထက် ထွက်လာတဲ့ ကျည်ဆန်က ပိုစိတ်ဝင်စားဖို့ ကောင်းတယ်
ဒုက္ခကို ရင်ဆိုင်တွေ့ တဲ့ အခါမှ ကိုးကွယ်သည့်ဘာသာ ပြောင်းမလို့ လား
အခုတော့လည်း ရှေ့ တိုးနောက်ငင် အဖိအဖေါ့တွေကို လွမ်းသလိုလိုရှိသား
မင်းအဖေဟာ နိုင်ငံခြားကပြန်ရောက်ကတည်းက အမေနဲ့ အတူတူမအိပ်တော့တာလေ
စာချုပ်ပေါ်လက်မှတ်ထိုးတဲ့  လက်ဟာ မိသားစု ကို ခွဲတယ်
လျှာဟာ အက်ကွဲကြောင်းလေးအတိုင်း တစ်လစ်၊တစ်လစ် ယိမ်းထိုးနေတယ်၊တစ်လစ်တစ်လစ်နဲ့ 
Ko gyi Grandmother die twar be. yesterday 12:15 am ga.
ဘုရားစင်ပေါ်က ပန်းအိုး slow motion နဲ့ ကျကွဲသွားတယ်
လက်ထဲမှာ ကိုင်ထားတဲ့ ဓားဟာ အရှိန်နဲ့ ဆင့်ကာဆင့်ကာ
(၁)နာရီ ၈၀၀ Yen (၁)ပတ် ၆ရက် ၊ တနင်္ဂနွေနေ့ နား၊ ရထားခမပေးဘူး (ရဖို့ မသေချာ)
(အမေ)စိတ်မရှိပါနဲ့ ၊ အဲဒီနေ့ က ဘာရယ်၊ညာရယ် မဟုတ်ဘူး
သားဗိုက်ကို သားလက်က ဓါးနဲ့ ဖွင့်ကြည့်မိလိုက်တယ်။

E TOO ( 9.10.2010A.D)

နေရေးထိုင်ရေး ကိစ္စ

ဒါတွေပြောရင် ဒေါတွေပါမယ်။သံကြိုးနဲ့  ဆွဲ ဆွဲ တင်ထားတဲ့
အံဆွဲထဲမှ နေထိုင်မှုများ
အများသုံးလေကို ရှူရတဲ့ အခါတိုင်း
ကျွန်တော်၏ သားဖြစ်သူ မောင်နေမြဲ
နေမကောင်းပါသဖြင့်....
စသည်....စသည်ဖြင့်...
အုပ်ထိန်းချင်ဟန်ဆောင်ပေးသူ မိတ်ဆွေ အပေါင်းအပါများ
စသည်....စသည်ဖြင့်...
ငယ်ငယ်ကဆို
အိမ်ပြန်နောက်ကျတိုင်း
အဖေက ဘောလုံးပွဲကြည့်ချင်ဟန်ဆောင်ပေးတယ်။
သော့အတုတွေ ရေပန်းစားမှုမှာ ဖျားနာ......
ထိလွယ်ရှလွယ် လောကဓံ နဲ့  ဒူးတင်ပေါင်တင်နေထိုင်ခြင်းမှာ
မနိုင်လို့  နှစ်ခါခွဲသယ်မိ....
ဒါကိုလီ....ဒီကိုလာ....
ဒါမျိုးကြီးတွေ ရောင်းနေတာ...
ဒါပဲဗျာ...
သူမ ပြောသလို ဟိုမိန်းမကြီးဆီလည်း
ဘုရားစူး....မသွားခဲ့ဖူးပါ...
ဒါမျိုးမကြောက်လို့  ရွာရိုးလျှောက်တယ် ဆိုပေမယ့်
အိပ်မက်က အိပ်မက်ကို အဓမ္မကျင့်တဲ့  ညတွေတိုင်း
လော်ဂရစ်သမ်ကြီး
ကျ.....ကျ.......ကွဲ....။ ။

နေမြဲ(၁၇၊၈၊၂၀၁၀)

Tuesday, October 26, 2010

အင်္ဂါထဲကနေ့ အင်္ဂါနေ့ ကဘာပေါ်မှာ မဖြေရှင်းခင် ရှုပ်ထွေးခဲ့စဉ်က

လောကကြီးက သိပ်ချစ်စရာမကောင်းတဲ့အခါdon't delete နော် မမစိမ့်ဆိတ်ကွယ်ရာမရှိတဲ့အခါလေထဲကကျေးငှက်သံတွေ မကြားရတဲ့အခါပူလောင်နေတဲ့စိတ်ဓာတ်တွေနဲ့ မကြာခင် don't delete နော်မမစိမ့်ရင်ထဲမှာ ခင်သဲလို့ခေါ်လိုက်တိုင်းအိုးကလေးဒိန်ချဉ် တစ်ခွက်သောက်မယ်လုပ်တိုင်းသိပ်ကောင်းတယ် စိတ်မကောင်းမဖြစ်နဲ့ပြီးတော့ don't delete နော်မမစိမ့်မကြာခင် ပြန်လာပြောမှာ အစိုးမရတဲ့ကိစ္စတွေတိုင်း မမစိမ့် ဘူတာမှာလေနှင်ရာထွက်သွားတုန်းကဘလာ ဘလာ ဘလာ ဖုန်းနံပါတ်ကိုနှိပ်ပြီး၁၅ မိနစ်လောက်အခေါ် အကြံအစည်ထမြောက်မယ်ထင်တိုင်းတစ်ချို့အရာတွေ ပွဲတော်မသိမ်းဆည်းသေးခင်တစ်ချို့ရည်ရွယ်ရာ ခင်တွယ်ရာ မှီတွယ်ရာမဖွယ်မရာ အိတ်ကိုဖွင့်ရှာမိတဲ့အခါတိုင်း ခါတိုင်းထက် don't delete နော် မမစိမ့်အရင်ကလို ခါတိုင်းထက် ပိုကြာမလားလို့စိတ်ကူးတည့်ရာ နိုင်ငံတကာပြပွဲသွားကြည့်ဖို့အလည်အပတ်ခရီးထွက်ဖို့ ပြန်မလာဘူးလို့မပြောပါနဲ့ မမစိမ့် အတွေးထဲမှာ ဘာမှကြိုတင်ကြောင့်ကျမှုတွေ "don't delete" လုပ်မပစ်နဲ့  မှန်းဆတွေးခေါ်ချက်တွေက ရုပ်ရည်တွေပျက်အရွယ်တွေအိုမင်းသွားခဲ့သလိုဘဲ စိတ်တိုင်းကျမကျ လိုအင်တောင့်တတာတွေနဲ့ ပြည့်စုံပါစေမမစိမ့်နဲ့ ကိစ္စနဲ့ သွားရောက်တဲ့နေရာ အခန်းကြိုတင်ဘွတ်ကင် မထင်မှတ်သားမှုတွေနဲ့ ပြန်မဆုံခင် ကြိုစဉ်းစားရတာပေါ့ မနက်ဖြန်တွေကို don't delete စာတန်းကပ်ထားပြီး people don't smileမနေနဲ့ / ခဲ့ရင်  အရင်လိုတိတ်တဆိတ် please don't remember me ပြတ်ပြတ်သားသားရှင်းလင်းရေးသားခဲ့ပါ မမစိမ့်ပျော်အောင်သာနေ

ပန်းချီ

ကဗျာသည် ဆေးလိပ်ဖြစ်သွားသည် ဆိုပါစို့

ဆေးလိပ်တွေ ဘာလို့ သောက်သောက်(နေတာ)လဲ
ထွက်နေတာလဲ တစ်ခုပြီးတစ်ခု
( တစ်လိပ်ပြီးတစ်လိပ်လို့ မသုံးသွားတာ ဘာလို့ ?? )
တစ်ဖွာနဲ့တစ်ဖွာ အရသာကွဲပြားမှု ရှိသင့်တယ်
လို့ မထင်ဘူး လား
( မရှင်းတာက ဘာလို့ တစ်ဖွာပြီးတစ်ဖွာလို့ မသုံးတာ? )
ဆေးလိပ်ကို ဘယ်သူစတင်တွေ့ရှိတယ် တို့
ဟိုဆေးလိပ်က လွဲပြီး ဆေးလိပ် မထင်ဘူး တို့
ဘယ်ဆေးလိပ်မှ ကဗျာမထင်ဘူး တို့
မင်းတို့သောက်နေတဲ့ ဆေးလိပ်တွေ
တို့အရင်သောက်ခဲ့တဲ့ ဆေးလိပ်တွေလောက်
ဆေးလိပ်စဉ် မမီဘူး တို့
ငါသောက်တဲ့ဆေးလိပ်မှ ဆေးလိပ်ကွ တို့
ကျွန်မ ရှင်သောက်နေတဲ့ ဆေးလိပ်တွေကို နားမလည်ဘူး တို့
ဆေးလိပ်ခေတ်အသစ်ရောက်ပြီလို့ ကြွေးကြော်
နေကြတဲ့အသံတွေကို ဘယ်လိုမြင်လဲဆရာ တို့
သူတို့ဘာသာ(နဲ့)သူတို့ ကျန်းမာရေးကို
ဆိုးရွားစွာထိခိုက်သွားပါလိမ့်မယ် တို့
ဆေးလိပ်ကို ခံစားချက်နဲ့ သောက်သင့်တယ် မထင်ဘူးလား တို့
ရှင်ကျွန်မနဲ့ဆေးလိပ် တစ်ခုခုကို ရွေးပါ တို့
ဒါတွေနဲ့ တစ်ခုမှ မဆိုင်ဘူး (လား?)
လူတွေဟာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ပုံ
တစ်ယောက်နဲ့ တစ်ယောက် ‘ဆင်’ နေကြတယ်
(လာပြန်ပြီ ! တစ်ယောက်ပြီးတစ်ယောက်လို့ မသုံးချင်ဘူးလား)
ဒါကတော့ ဘယ်သူ သောက်ပုံ
ဒါကတော့ ဘယ်သူ ဆေးလိပ်ခဲ ပုံ
ဒီဟာက ဘယ်သူ ဆေးလိပ် လက်ကြားညှပ်ပုံ
ကွဲပြားမှု ရှိသင့်တယ် မထင်ဘူးလား
ဆေးလိပ်
မီးခိုး
တွေအ
ရမ်းမွှန်
တာပဲ ၊၊ ၊၊
အိုခေ ကျွန်တော် မီးသတ်လိုက်မယ်
(ဆိုရင် နောက်ထပ်သောက်စရာ)
ဆေးလိပ် ကုန်ပြီ ၊၊ ဗျာ ၊၊
တစ်ကယ်က ဆေးလိပ်မရှိတော့တာပြောချင်လို့
ဒီလိုင်းအထိခေါ်လာတာပါ ၊၊ ၊၊
(မှတ်ချက် ၊၊ ၊၊ ခေါင်းစဉ်အားကန့်ကွက်ပါသည်
ဆေးလိပ်သည် ကဗျာမဟုတ်ပါ ၊၊ )

ဇာတိ

Sunday, October 24, 2010

ဘာသာစကားနဲ့  အာရုံနောက်စရာဝါကျများ ဆင်ယင်မထုံးဖွဲ့ မီ

အင်္ကျီကိုချွတ်ပြီး ပြန်ဝတ်လိုက် ချွတ်လိုက်

လိုင်းကို ဖြတ်တောက် ပြန်ဆက်လိုက် ချွတ်လိုက်

ပုံမှန်အတိုင်းဆို စကပ်အောက်က

စွဲစွဲလမ်းလမ်း လမ်းပေါ်လျှောက်သွားစဉ်
ပစ္စည်းအကောင်းစား

စိတ်ကမတင်မကျနဲ့မျက်မှောင်ကြုတ်လိုက်
ပြန်ကြည့်လိုက်

ချုပ်လိုက် လမ်းကြောင်းကို အပီချုပ်လိုက် အမှီ

ဒေါသတွေလျှံတက်လာတယ် ကဗျာမှာလာ

ဒေါသသင့်တယ်လို့ပြောချင်နေတာ
သူမက

တစ်ဆိတ်မိုက်လွန်းတယ် အဲ့ဒီဖက်ရှင်က

ကြည့်တဲ့မျက်စိရယ် ရှည်လျားတဲ့အကြည့် မျက်စိရယ်

ဖြည်းဖြည်းချင်းပဲ ရွဲလာတယ် နေရာဒေသ

တစ်ကိုယ်လုံးကို ပေါ်တင်ရှိုးထားတော့ နေရာပြောင်းတယ်

ဘော်ဒီကို တစ်စောင်းကြည့်တယ် ပြန်ကြည့်လိုက်

အလုပ်လုပ်ခြင်း အဆက်အသွယ်ကောင်းကောင်း စေ့စပ်

ညှိနှိုင်းမှု အပိုင်းအစတွေက သိမ်းဖို့ခက်လွန်းလို့

နေရတာက အဆင်မပြေ လေတယ် ချွတ်တွတ်တွတ်နဲ့
ပြန်ဝတ်လိုက်။ ။



ပန်းချီ

ပြောမလား ၊ ပြေးမလား


ဒီနေ့ - ဟာ
ကဗျာရှည်ကြီးတစ်ပုဒ် ရေးဖို့ စီမံကိန်းနဲ့ 
အခန်းတစ်ခါးကို ဆွဲပြီးတောင်ပိတ်လိုက်တယ်
ပတ်တိတ်လို့ ပိန်း ပိတ်လို့  ပိန်းလို့ 
ပတ်မနိုင် တိတ်မနိုင် ငါ့ အာရုံဝိသေသတွေ
လွန်ခဲ့တဲ့ကိုးလလွယ်ဆယ်လဖွား ကတည်းက
လက်နက်ခဲယမ်းမဲ့ ဖြစ်ခဲ့ရတာ
လက်တွေရော ခြေတွေနဲ့ ပါ လမ်းပေါ်လူးရင်းလှိမ့်ရင်းက
ပြောင်းလဲပစ်လို့ မရတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ 
လေပေါ်တိုက်တွေ ဆောက်လုပ်နေခဲ့တယ်
ငါတို့ အိမ်တွေ လေပေါ်မျောလွင့်
လေလေချင်းရိုက်သံတွေ ပွက်လောညံလို့ 
လေပူဖောင်း အိမ်ကလေးတွေပေါ့
လွတ်လပ်မှုကိုတမ်းတ လွတ်တစ်မျိုးလပ်တစ်ဖုံ
ငါ့ကိုယ်ငါ အကောင်းဆုံးတွေပဲ ပေးချင်ခဲ့တာ
ငါက ဘယ်သူ ဘယ်ဝါ ဘယ်ဟာ
ငါ့ပွိုင့်မှာနီတဲ့မီးဆိုမှတော့ မိနီပေါ့
သူက အော် (or) လား .... မသေချာဘူး
အရောင်တွေရဲ့ စီမံကိန်းကြီးတစ်ခုထဲက
မုန်တိုင်းအဆင့် သတ်မှတ်ချက်တစ်ခု
လိမ္မော် အညို အနီ အဖြူ အနက် အရောင်ပဲ
ငါတကယ် စိတ်မကောင်းဖြစ်ခဲ့ရတာပါ
မင်းဖျားနာနေတယ် လို့  ကြားကြားချင်းပေါ့
ငါ့ကို စိတ်ကောင်းစေတာတစ်ခုက
ငါမပါပဲ မင်းတစ်ယောက်တည်းသွားတော့မှာ
ကောင်းပါတယ် အမျှ အမျှ အမျှ
ငါပေးဝေပါတယ် .....
မင်းနဲ့ ပက်သက်သမျှ အစုတ်အပြတ်တွေအကုန်လုံးပေါ့
လုပ်လက်စလေးတွေလည်း ရှိနေသေးတယ်
စကားဖို စကားမတွေ ထိုးမနေတော့ဘူး
အာဖာ ဘီတာ ဂါမ်မာ အစဉ်တကျစီ
ငါဖောက်ခွဲပစ်လိုက်ရမလားပဲ ပြော
စကားမြုပ်ဗုံးတွေ တက်မနင်းခင်ထိ
ဒါ အသံအိုးကတဆင့် လည်ချောင်းရဲ့ ထွက်သံ
အိုးအနက် ထွက်လာတဲ့ စကားသံ စကားတူ
ဖြတ်ထုတ်မှုအဆုံး အာလိုက်တဲ့စကားဒွိတွေ
အက်ထလာတဲ့ စကားလုံးတွေရဲ့ ဒွိသံ ဟသံ
နောက်ဆုံး လေပူဖောင်း နှစ်ဆယ့်ကိုး လုံး
ဟာလာဟင်းလင်းထဲ တင်ခြင်းခံလိုက်ရတဲ့ မေးခွန်းတွေ
အစာမကြေဘူး အစာမကြေဘူးပဲ အော်နေတယ်
ရော့ ဒီမှာ ဒိုင်ဂျက်စ်ဖြစ်စေဖို့  ဒိုင်ယာလော့ခ်တွေ
သရုပ်ပြ သူတွေလည်း ရှိနေမယ်
ဆာလောင်မွတ်သိပ်နေတဲ့ ဗိုက်တွေထဲ
ခင်ဗျား လက်တစ်ဖက်ဖြစ်ဖြစ် ထိုးထည့်လိုက်စမ်း
ဘ၀ ဘ၀ သီချင်းသံတွေ ကြားရလိမ့်မယ်
အဲ့ဒီ သတ်မှတ်စံလွဲ
ဘ၀ဆိုတာ ခွေ့ ပွဲ
အားလုံးခွေ့ ကြ နွားရိုင်းသတ်ပွဲတွေလို ခွေ့ ကြ
နိုင်တာ မနိုင်တာ အပ ထားပြီး ခွေ့ ကြ
ခွေ့ တာကို ခွေ့ တာမှန်းသိသွားအောင် ခွေ့ ကြ
အမှန်က / လောလောဆယ်
ဒီခေါင်းထဲဖြစ်နေတဲ့ စစ်ကြီးရပ်ဖို့ 
သူမရဲ့ပန်းနုရောင် နှုတ်ခမ်းသားဖူးဖူး
နေရာတကျ ပြည့်တင်းပြီးသား ခန္ဓာကိုယ်
သူမရဲ့ စိတ်ကျေနပ်မှု ပေးနိုင်တဲ့ ဆက်ဆံမှု
ဘာတစ်ခုမှမလိုဘူး ဟုတ်တယ် / မဟုတ်လား
အချိန်ကန့် သတ်မှုတစ်ခု လိုပါပဲ အမြဲလှုပ်ရွနေမယ်
နာရီလက်တံတွေထဲမှာ အဲ့ဒီဘ၀က ရွကလိစိန်နေတာ
ဒီအတံကလေးတွေကို မယုံကြည်တော့ဘူးလို့ ပြောတယ်
စက္ကန့် ခြောက်ဆယ်ပြည့်တဲ့အခါ သတ်မှတ်ချက်တစ်ခုရတယ်
တစ်မိနစ် (သို့ ) မိနှစ်ဝက် နှစ်ကြိမ်
(သို့ ) ဟုတ် ........... ဆယ့်ငါးစက္ကန့် လေးကြိမ်
(သို့ ) လော (သို့ ) လော
ငါ့မှာ ပြောစရာတွေက မကုန်ခမ်းနိုင်သေးဘူး
နာရီလက်တံတွေ ငါ့ကို လာလာချောင်းနေကြတယ်
သူတို့ ချောင်းမြောင်းလုပ်ကြံဖို့ အချိန်မရအောင်လို့ 
ငါမြစ်တွေဆီထွက်သွား (အဲ) မဟုတ်ဘူး
အားလုံးကိုငါကျော ခိုင်းလိုက်တယ်
မျက်နှာမူ လျက်သားကြီးနဲ့ .................။

ဖျာ

ဖျာလေ...ဖျာပဲလေ ...ဖျာပဲပေါ့
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့
သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ
လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။
လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ်
ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ
လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ
ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။
အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလို ဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊ သံဃာတော်တွေထိုင်တဲ့ဖျာ ၊ အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။


(ရင်ခွင်ရှိန်း)