Monday, July 25, 2011

ငါ့ ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၃)

ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်
ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊
အဲ့ဒီမှာ အစိမ်းရောင်တိမ်တွေ ရှိလေ့ရှိတယ် ၊၊
အကယ်၍ ရှင်နဲ့ မကြုံဆုံဖြစ်သေးရင်တောင်မှ
မျှော်လင့်ချက်အေးအေးထားပြီး စောင့်ကြည့်ပေါ့ ၊၊
ကျွန်မတော့ အဲ့ဒါကိုရှင်မယုံကြည်တဲ့ ကောင်းကင်ဘုံ
လို့ ထင်တာပဲ ၊၊ ကျွန်မအနေနဲ့ ကောင်းကင်ဘုံ ကို
အရူးအမူးဖြစ်တတ်တာ ရှင်သတိတရ သိနေမှာပဲလို့
ခန့်မှန်းမိနေတယ် ၊၊ ဒါပေမယ့် ကျွန်မ ဘယ်လိုမှ
မခံစားရဘူး ၊၊ ပိုက်ဆံဆိုတာ မရှိရင်တော့ ခံစားနေရတဲ့
မိန်းမ လို့ ရှင့်ကဗျာတွေထဲ ထည့်ရေးပေါ့ ၊၊ ကျွန်မဘက်က
ခွင့်ပြုလက်ခံပေးလို့ ရပါတယ် ၊၊ အမှန်တရားဘက်မှာ အခါးဓာတ်
ပိုတယ်တို့ ဘာတို့တော့ ကျွန်မစဉ်းစားပြောကြားတတ်ပါတယ် ၊၊
ရှင်ဟာ တဆိတ်တော့ ရှင်လိုက်နာသုံးစွဲနေတဲ့
ခံစားချက်ဆိုတာကြီးကို ဘိုးတင်လွန်းတယ် ၊၊ ထားပါတော့ ၊၊
ရှင့် ရဲ့ ခံစားချက်တွေကို တစ်ယောက်ယောက် ယုံကြည်စေချင်တဲ့
ဆန္ဒရှိလာတိုင်း ကျွန်မကို ပြောကြားနိုင်ပါတယ် ၊၊ ကျွန်မမှာ
ရှင့်အတွက် စိတ်ပြေလက်ပျောက်ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ
ရှိနေပါတယ် ၊၊ ပြီးတော့ ရှင့်ခံစားမှုကြီးကို လူတစ်ဖက်သားက
သိရှိခံစားနားလည်ပေးတဲ့အခါ ရှင်ကျေနပ်မှုကို ရရှိမယ်ဆိုရင်
ဝမ်းသာပေးသင့်ပေမယ့် ကျွန်မဟာ ဘယ်လိုမှ ခံစားရမှာ
မဟုတ်ဘူး ၊၊ ရှင် ကျွန်မကို နာကျည်းပါ ၊၊ ရှင့်ရဲ့ ခံစားမှု အရင့်အမာကြီးနဲ့
နှင်းဆီ၂ပွင့်ပူးတွေ တွေ့တဲ့အခါ ရှင် ခံစား ၊၊ ဝက်ဝံအရုပ်တွေ ဈေးနှုန်းတက်
သွားတဲ့အခါ ရှင် ခံစား ၊၊ ကျွန်မ နာမည်ပေးထားတဲ့ ရှင့်ရဲ့ Password ကို
ရိုက်ထည့်တိုင်း ရှင် ခံစား ၊၊ အံစာတုံးခေါက်မိတဲ့အခါ အပွင့်ကြီးကြီးကျတိုင်း
ရှင် ခံစား ၊၊ အဆွေးသင့် ရုပ်ရှင်တွေကြည့် မိုးရွာတဲ့အခန်းတွေ ပါလာတဲ့အခါတိုင်း
ရှင် ခံ စား ၊၊ အို! အချိန်ရတိုင်း ရှင်ခံစားနေမယ့် အစား ကျွန်မ ကို နာကျည်းဖို့ ရှင့်ကိုယ်
မစွမ်းဆောင်နိုင်တာ ရှင်ဟာ ဘယ်လို ယောင်္ကျားလဲ ၊၊
ရှင် ကျွန်မ ကို နာကျည်းပါ ၊၊ သိပ်ကို ခံစားလိုစိတ် ရှိ
နေရင်လည်း ခံစားပါ ၊၊ နောက်ပြီး ရှင်သိသင့်တယ်ထင်တဲ့
ကိစ္စတစ်ခုဟာ ကျွန်မ ဟာ ရှင်ပြောတဲ့ နှင်းဝင့်ရည် မဟုတ်ဘူး ၊၊
ရှင် ကျွန်မ ကို ဖုန်းမှားဆက်နေတာ ၂နှစ်ကျော်ရှိပြီ ၊၊
ဒါပေမယ့် ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်
ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊
အဲ့ ဒီ မှာ . . . . . . ၊၊ ၊၊

-ဇာတိ-

Thursday, June 30, 2011

ချောကလက်တွေဟာ ငါ့ကို လုပ်ကြံ

ငါ တအားခံစားနေရတာပဲ ၊၊
ငါ့ ချီးတွေဟာ ငါ့ခန္ဓာကိုယ်
အစိတ်အပိုင်းများလားလို့ အရင်
ငါ ဘယ်တော့မှ မတွေးမိခဲ့ပါဘူး၊၊
အား! ၊၊ ငါ့ရဲ့ မူလခံစားမှုတွေဟာ
ဘယ်ရောက်သွားကြတာလဲ ၊၊
ငါ့ရဲ့ ငတ်ပြတ်နေရတဲ့
အခိုက်အတန့်ကို
ငါပြန်လိုချင်တယ် ၊၊
အဲ့ဒီမှာ ငါ့ဝမ်းဗိုက် လစ်ဟာနေမှုဟာ
အခု ဒီလောက် မခံစားခဲ့ရပါဘူး ၊၊
အား ! အား ! အား ! ၊၊
ငါဟာ ငါ့ရဲ့ လက်ကောက်ဝတ်ကို
ဓားနဲ့လှီးပြီး သတ်သေလိုက်ရင်တောင်မှ
လက်ကောက်ဝတ်ရဲ့ သွေးတစိမ့်စိမ့်ဟာ
အခု ဒီခံစားမှုကြီး ရဲ့
နာကျင်မှုကို ကျော်ဖြတ်နိုင်ပါ့မလား ၊၊
ဒီကြားထဲ ငါဟာ
ငါ့အမေကို ကျေးဇူးနေမိတယ် ၊၊
ချစ်သူတွေကြားမှာ
သိပ်ကိုကျော်ကြားနေတဲ့
အဲ့ဒီစောက်ချောကလက်တွေ ၊၊
ငါဘယ်တော့မှ
မစားတော့ဘူး ၊၊
ငါ့ချီးတွေဟာ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းများလားလို့
ငါတွေးနေတယ် ၊၊
ငါ တအားခံစားနေရတယ်ကွာ ၊၊
ဒါပေမယ့်
ငါ့မျိုးရိုးထဲမှာ
ချီးမညှစ်နိုင်လို့ ချီးတစ်ပြီး သေသွားတဲ့မသာ
တစ်ယောက်မှ မပါဘူး ၊၊
ငါ ရ အောင် ကြိုး စား မှာ ၊၊
ယုံ ၊၊ ၊၊ ၊၊ ၊၊

ဇာတိ
ညွှန်း - www.myspace.com/isetmyfriendsonfire

Tuesday, June 21, 2011

နေထိုင်လိုမှုစတိုင်လ်

ရေချိုးခန်းထဲ သဲတွေတဖြောဖြော လောင်းချိုးလိုက်တယ်
စည်ပိုင်းနှစ်လုံး တစ်လုံးက ၀ယ်ထားတာ ကြာသေးဟန်မတူဘူး
အပေါက်သစ်တွေလိုက်ဖေါက်ရဦးမယ်
တစ်ချက်ရှိတာက ထုံထိုင်းနေတဲ့ ရာသီဥတုပဲ နောက်တစ်ချက်က ညာဖက်လက်မောင်း
ရှပ်ထိသွားတယ် အချိန်အတော်ကြာတဲ့ထိ အကြောင်းမပြန်လည်း အကြံတော့မပြောင်းနိုင်ဘူး
ဖားကိုတုလို့ ရိုးရာမပျက်အောင် စွေ့စွေ့ခရုခုန်လို့ အဖြူပေါ်မှာ အပြောက်လေးတွေ
အစက်ကလေးတွေနဲ့ ထူးခြားတဲ့ ၀ိသေသဆိုလို့ အိုင်ပျက်ရုံပဲရှိမယ် ရှိမယ်ဆိုတာကလည်း
ပုံထားတဲ့ စကားအရမျှသာပါပဲ အပြောက်ကလေးတွေအောက်မှာ အဖြူခံထားတဲ့
ထူးခြားတဲ့ ငါးကလေး အိုင်ပျက်ထဲက ခုန်ထွက်လာတယ်
ငါးကလေး သစ်ဝယ် ၀ါးဝယ် ဓနိဝယ် သက်ငယ်ဝယ် ငါးကလေး အုတ်ဝယ် သဲဝယ်
ကျောက်ဝယ် ဘိလပ်မြေ၀ယ် လိုအပ်တာမှန်သမျှအကုန်ဝယ် သူခုန်ထွက်လာတဲ့
အိုင်ကို ပြင်တယ် အို ငါးကလေး
ချိတ်ထားတဲ့ ဓာတ်ပုံဟာ မနက်မနက်ဆို အမြဲစောင်းနေတယ်
တစ်စုံတစ်ယောက်ရဲ့ ပယောဂလား ပုဏ္ဏကတိုက်တာလား
မှုတ်ခဲ့တဲ့ ဖယောင်းတိုင်က လူမရှိတဲ့အချိန်မှာ ပြန်တောက်လောင်နေတယ်
ဘောင်ထဲက ကြောင်များ အကောင်ဗလောင်များ ပုစဉ်းရင်ကွဲများ တစ်ချိန်လုံး တစီစီ
အော်မြည် အပြင်မထွက်နဲ့ သွေးစုပ်ဖုတ်ကောင်၊ ခင်ဗျားကို လူတွေလိုက်ဖမ်းနေကြတယ်
ပုလင်းအောက်ခြေထိ လက်ကို ရသလောက်နှိုက်ပြီး ဆေးပေမယ့် မမှီမကမ်းမမြင်လမ်းမမြင်
သုံးမရတဲ့ သံလိုက်အိမ်မြှောင်အစား အသုံးကျမယ့် သံလိုက်တောက်တဲ့က တောက်တဲ့
တောက်တဲ့ တောက်တဲ့ တောက်တီးတောက်တဲ့ အင်ဂျတန် အတန်အတိအင်ဂျတိ သီးသီး
ရွှေတောင် မိရွှေတောင် ရွှေတောင်တစ်ဖက် လက်ဝါးတစ်ဖက် အား ရှပ်ထိထားတဲ့ ညာဖက်
လက်မောင်းက ဆစ်ခနဲ နာတယ် နှာတစ်ချက်ထိုးချေတယ်
ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး လမ်းတစ်ဖက်ကို သတိထားကူးတယ် လမ်းအဆုံးမှာ
ကာဆာကို အသာဖိထောက် တစ်ပြင်လုံးကော်ပီကူး ပေ့စထ်ချလိုက်တဲ့နေရာက
ငါးကလေးခုန်ထွက်လာတယ် အို ငါးကလေး
ကျောက်ကြိုကျောက်ကြားထဲ အမြီးကလေးလှုပ်ကာလှုပ်ကာ အစာတောင်းတတ်တာ
အဲသလို မီနူးပေါ်မှာ ဈေးနှုန်းရေးမထားတဲ့ အပြုံးများဟာ
လိုတိုးပိုလျှော့ဖို့အတွက်တော့
အကောင်းဆုံးအကွက်အကွင်း ဘာတဲ့ ကြွချီတော်မူခဲ့ပါလားတဲ့
ဟေ့လူ ခင်ဗျားအသုံးအနှုန်းဆင်ခြင် လူကို ခွေးခေါ်သလို လာမခေါ်နဲ့
ခလုတ်ကိုခပ်ဆတ်ဆတ်နှိပ်ပြီး ထီးရွက်တွေအကုန် ဖွင့်ပစ်လိုက် သဲစက်တွေ
တ၀ုန်းဝုန်းရွာကျမလာခင် တစ်ကိုယ်လုံးပတ်တီးအဖွေးသားနဲ့ အားလုံးရဲ့ကြားမှာ/
စည်ကားဆူဝေမှုရဲ့ နောက်ကွယ်မှာ/ဟောဒီ့မြို့ပြမျက်မည်းကြီးထဲမှာ
မံမီဟာ တစ်ကောင်တည်း တိတ်ဆိတ်အထီးကျန် ကြောက်လန့်အားငယ်မှုများစွာနဲ့ ခန္ဓာပေါ်
စိုရွှဲနေတဲ့ သဲစက်တွေတဖြောဖြောခါထုတ်ရင်း သွေးစုတ်ဖုတ်ကောင်နဲ့အတူ
ဟိုတယ်တစ်ခုမှာ ယာယီအားဖြင့်နေထိုင်စဉ် အပြင်မှာလှမ်းထားတဲ့ ရေတံခွန်ကို
ရုပ်ဖို့မေ့သွားလို့ တစ်ညလုံး သဲကျသံတွေ အဆက်မပြတ်ကြားနေရတယ်
ငယ်ဘ၀ဖိုင်တွဲတွေပြန်စီရင်း စာရွက်စာတမ်းတွေကြား ညှပ်ထားတဲ့ မျက်လုံးတစ်ဖက်
အခုထိ ကြည်ကြည်လင်လင်မြင်နေရသေးသမို့ ပြန်ကောက်တပ်လိုက်တာ
အကြည်ဆိုက်သွားတယ် အိုကေစိုပြေသွားတယ်
ကမ်းစပ်ဆီ သံဆူးကြိုးခွေတွေ အလိပ်လိုက် အလိပ်လိုက် ခုံးမောက်လှိုင်းကြွ
အဖြူရောင်လက်လက်ထ ဝေါခနဲ နီးလာလိုက် ဝေးသွားလိုက် ဖိတ်အင် ဖိတ်အောက်
တစ်လှည့်စီပြ ဦးစားပေးဖော်ပြရမည့် လုပ်ရိုးလုပ်စဉ်များအတွက် (ဥပမာ-ဇာတ်လမ်းအမည်၊
ဝတ္ထု၊ဇာတ်ညွှန်း၊ဒါရိုက်တာ၊အဓိကဇာတ်ဆောင်များ) တစ်ခုစီ တစ်ခုစီ စာတန်းထိုး
ထိုသို့ဖြင့် ရောက်ရာအရပ်ကနေ အားလုံးကို ကော်/ကလော်ဆဲ အားရအောင်ဆဲပြီးရင်
ဆဲသံအားလုံး
လက်ဖ၀ါးနှစ်ဖက်စလုံး လိုသလိုသုံး လောက်စာလုံးလုံးပြီး သဲနဲ့သာ ဗိုက်ထဲမျှောချပစ်
ကျောရိုးထဲ စိမ့်သွားတယ် နောက်ကျောမလုံတဲ့ ခံစားချက်မျိုးပဲ လူတွေနဲ့အတူတကွယှဉ်တွဲ
ဲနေထိုင်ရတာ ထင်သလောက်မလွယ်မှန်း မံမီနဲ့သွေးစုတ်ဖုတ်ကောင် ခုတော့သိပြီ
ဘာပဲလုပ်လုပ် ညဖက်စောစောပြန်ရမည် အို...ငါးကလေး ဘယ်ဆီဘယ်ဝယ်။ ။


လွန်းဆက်နိုးမြတ်
၁၄.၄.၁၁(သင်္ကြန်အကျနေ့)
ည၁၂း၀၀နာရီ

Monday, June 6, 2011

သွေးခြောက်ခြား လေခြောက်ခြား

ဘယ်လမ်းက သွားသွား ဟင့်အင်း ကိုပဲ ရောက်မယ့် ၊၊

မြေပုံလမ်းညွှန်တွေ လေထဲ လွင့်နေတယ် ၊၊

ဒါပေမယ့် ကျွန်မကလေထဲ လွင့်နေတဲ့ ၊၊

အနီရောင်တွေ နဲ့ ၊၊

အကြောင်းအမျိုးမျိုး တွန့်ကြေနေ ၊၊

ထဘီ ပါးပါးတစ်ထည်ဟာ (စိတ်) ချောက်ချား (သွေးလေ) ဖို့ ၊၊

ဆက်တင်တွေရောရောထွေးထွေး ၊၊

ချောင်ပိတ်ခိုင်းစေနေတယ် ၊၊ သွေးတွေ လေထဲလွင့်နေတယ် ၊၊

အဲ့ဒီနောက်ပိုင်း ငါ သွေးတွေကို ကြောက်နေတယ် ၊၊

ငွေ သား တွေ ငွေ သား တွေ ၊၊

သူတို့ ငါ့ကို ခိုင်းစေဖို့ လည်ပတ်နေတာ ၊၊

ချောင်းကြည့်ပေါက်အဖျားမှာ ၊၊

ပေးနိုင်သမျှ ခပ်များများ သွေး တွေ ၊၊

သူတို့မြင်တာနဲ့ ငါဟာ မူးမေ့ရတာနဲ့ ၊၊

ရူဆေးဘူးလေး ပြေးယူ ရတာနဲ့ ၊၊

ကျွန်မလေ(အ)ကြောင်းတိုက်ဆိုင်မှုရှိတိုင်း ၊၊

မလွမ်းတတ်တော့ခက်တယ် ၊၊

နံရံတွေ မှာ အပေါက်တွေမှာ အလင်းရောင်တွေမှာ စီးကျလာနေတာ သွေးတွေ ၊၊

ကဲကိုကဲတယ် ၊၊

မိန်းမတစ်ယောက်ရဲ့ ပုခုံးကို ဖက်မိခဲ့တုန်းက ငါခံစားခဲ့ရတာ သွေးတွေ ၊၊

ကီးခလုတ်တွေထိစမ်းရုံ ၊၊

အပြင်အဆင်တွေ ၊၊

ရိုးအီလာယုံလေး သွေးတွေ မရှိတော့ရင် ၊၊

ငါ့ကြောက်လန့်နေမှု ကို ဘာနဲ့ အာသာဖြေမလဲ ၊၊

အာသာ ဆိုတာ ခံစားမှုကို ကျော်ဖြတ်တာ ၊၊

မရှိတော့အောင် စွမ်းဆောင်တာ ၊၊

ဒါဟာလက်ညှိုးဖျားလေးတွေနဲ့ ၊၊

ဟုတ်ချင်တယ် ဟုတ်မယ် ၊၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ခင်ဗျားတို့ ၊၊

ဘာသာ ၊၊

သက်သက် ၊၊

ငှက်တွေး တွေးလေ ၊၊

ဖုန်များ ၊၊

လို့ ခင်ဗျားတို့ ပြောမယ် သွေးတွေ ၊၊

အပေါက်ပေါက်နေတဲ့ နံရံတွေ ၊၊

လိုက်ကြည့်ကြည့် ၊၊

ရှာကြည့်ကြည့် ၊၊

ချောင်းကြည့်ကြည့် ၊၊

လာကြည့်ကြည့် ၊၊

တနင်္ဂနွေဘ၀ ၊၊

အပြင်မှာ မိုးတွေရွာနေတယ် ၊၊

သွေးတွေ ၊၊

အဲဒါ ငါပေါ့ ၊၊

ရှင့်ကို သတိရမြဲ ရနေမယ် ၊၊

ကမ္ဘာအပြင်ဘက်က သွေးတွေ ၊၊

သူတစ်ပါး ဂြိုလ်က ချမ်းသာတဲ့ ဂြိုလ်သားတွေ ၊၊

ကမ္ဘာကိုလက်ထပ်ချင်တယ်ဆိုတာဟာ ၊၊

မထူးဆန်းတော့ဘူး ၊၊

တယ်လီဖုန်းထဲက စကားသံတွေဟာ ထူးဆန်းတယ် ၊၊

သွေးတွေ ၊၊

ငါ့ကို ဆွေးမြည့်လေးလံစေတာ ၊၊ ထူးဆန်းတယ် ၊၊

နေမျိုးဝတ္ထုထဲက မိန်းမ ငါ့ကို ဖုန်းဆက်နေတာ ၊၊

ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ ၊၊

တကယ်တော့ အဲ့ဒါဟာ သွေးတွေ ၊၊

ရှင် ကျွန်မကို လေ ၊၊

ကျွန်မအတွက်သွေး ၊၊

ရှင်ယုံကြည်မှုတော်တော်များများဟာ ၊၊

ကျွန်မဆီက ဆီး ၀မ်း သွေး လေ တွေ ၊၊

ရှင်လိုချင်တာတွေ ၊၊

ရုပ်ရှင်ရိုက်ခံထိပြီး ၊၊

ကျွန်မပေးခဲ့တယ် ၊၊

ထူးချွန်ဆုတွေ ရပြီး ၊၊

ဒါဟာ ရှင်နဲ့ ကျွန်မနဲ့ ပါ ၊၊

ခိုးကူးစာမိပြီး ၊၊

ခုလည်း ရှင်လိုချင်တာတွေရှိရင် ၊၊

စီဒီမျက်နှာပြင်ပေါ်မှာ တီဗွီပေါ်မှာ လိမ်ညာပြီး လျှံကျ ၊၊

အထီးကျန်ခြင်း ၊၊

သွေးတွေ ၊၊

ငါးဖမ်းသမား ၊၊

ဒစ်ဂျစ်တယ် သွေးတွေ ၊၊

ငါ မက်မောတဲ့ ချောကလက်တွေ အပေါ်က သွေးတွေ ၊၊

သွေးတွေ ဆိုတာ ဘာလဲ လို့ ငါ့ကို လာမမေးနဲ့ ၊၊

သူငယ်ချင်းမင်းပိုက်ဆံတွေ ၊၊

သူများတွေလည်း ပြောကုန်ကြပြီ အဲဒါ သွေးတွေ ၊၊

နင်လည်း နင့်ဟာနင် တွေးလေ ၊၊

အားအားယားယား ၊၊

သွေးလေ ခြောက်ခြားပြီး အဲဒါ သွေးတွေ လို့တော့ ၊၊

ဘယ်ကောင် ဘယ်မျှ မှ အော်မနေဘူး အဲဒါ သွေးတွေ ၊၊

သော့ခတ်ထားခံနေရဆဲ ၊၊

ကလေးရေ ၊၊

အိမ်နဲ့ဝေးစေမယ့်စိတ်ကူးတွေနဲ့ လူးလှိမ့်နေတာဟာ ၊၊

မနေ့က သွေးတွေကို download လုပ်မိလိုက်တယ် ၊၊

လာမပြောနဲ့ အဲဒါ သူ့ သွေးတွေ မဟုတ်ဘူး ၊၊

ငါတို့ သွေးပြန်ကြောက အပေါစားရပ်ကွက်သွေးတွေ ၊၊

အမှန်တော့ သွေးတွေ ဆိုတာ ဆန်းတဲ့ ကိစ္စ တစ်ခုမှ မဟုတ်တာ ၊၊

သွေးတွေ ကုန်သွားတော့ ၊၊

ငါ ဟာ သွေးမရှိတဲ့ ကောင် ၊၊

ငါတို့ရဲ့ အကောင်းစား ကဗျာတွေကို လက်ခံ နိုင်မယ့် ၊၊

သွေးတွေ ခင်ဗျားဆီကနေ ဖောက်ထုတ်ပစ်လိုက်တော့ ၊၊

ကဗျာတစ်ပုဒ်ကို ခံစားချက်မရှိဘဲ ရေးနေနိုင်မဲ့ သွေးတွေ ၊၊

ခင်ဗျား ဖောက်ထုတ် ပစ်လိုက်တော့ ၊၊

အဲဒါဟာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ကဗျာဆရာတွေ ရဲ့၊၊

မလုံလောက်သေးဘူးဟာ သော့ခတ်ထားခံနေရဆဲ ၊၊

ဓမ္မတာ သွေးတွေ ၊၊

သွေးတွေ ဆိုတာ မရှိတော့တဲ့ နောက်ပိုင်းမှာ ၊၊

ငါ ဟာ ဆေးလိပ်ကို ချောင်းဆိုးသွေးပါ အောင် ၊၊

သောက်ဦးမယ် ၊၊

ပြီးရင် လယ်ကွင်းတွေကိုထွက် ၊၊

စပါးတွေကို သွေးသွင်းပြီး စိုက်ပျိုး ၊၊

အဲဒီလို စရိုက်မျိုး ကို မွေးလာအောင် ၊၊

အမွေပေး ခဲ့တာ လည်း အဲဒီ သွေးတွေ ၊၊

အာပလာ သွေးတွေ၊ ဈေးကြီးတဲ့ သွေးတွေ၊ ဓနရှင်ပေါက်စသွေးတွေ၊ ကွန်မြူနစ်သွေးတွေ၊ ၊၊

ငါသွေးမသား သွေးတွေ ၊၊

လက်ဖ၀ါးထဲမှာ စီဆင်းနေတာ ၊၊

ချောင်းလို မြောင်းလို စီဆင်းအိုင်ထွန်းနေတာ ၊၊

ငှက်တွေအော်နေတာ ၊၊

ဂျပန်ပြည်ရဲ့ နာမည်အကြီးဆုံး ဟမ်းဖုန်းမှာ အသုံးအဆောင်ပစ္စည်းဖြစ်နေတဲ့ ၊၊

အဲဒီ သွေးတွေ ၊၊

လယ်ကွင်းတွေပေါ်မှာ နွားလှည်းကိုစီး ၊၊

အေးအေးဆေးဆေးလမ်း ၊၊

စီးကျသွေးတွေ ၊၊

တော်ဝင်နွယ်သွေးလို့အမည်ရတဲ့ ဂျာဗားဂိမ်းတစ်ခုကို ထိုင်ဆော့နေတော့တာ ၊၊

သွေးဆိုတာ လူတွေကို အစုလိုက်အပုံလိုက်သတ်မှမဟုတ်ဘူး ၊၊

ဒီအတိုင်းလည်း ကိုယ်တွေထဲမှာ ၊၊

မလုံလောက်သေးဘူးဟာ သော့ခတ်ထားခံနေရဆဲ ၊၊

အားအားယားယားစီဆင်းနေတာပဲ အဲဒီအသံတွေကိုသွင်းထားပြီး ၊၊

ခင်ဗျားကို ခင်ဗျား ပြန်လည်လွမ်းဆွတ်လို့ ၊၊

နာမည်ကြီး death-metal သီချင်းတွေထဲက ပေါတောတော သွေးတွေ ၊၊

သူ လာရပ်ကြည့်တော့ အနီရောင်ထဘီမှာ ၊၊

ခံစားမှုကိုယ်တိုင်က မခံစားနိုင်တော့ ၊၊

ငါ့သွေးတွေ ၊၊

ပြီးတော့ ငါတို့ မှိန်လျော့နေတဲ့ မီးအိမ်ရဲ့ သွေးတွေနဲ့ ၊၊

အလင်းရောင်အောက်မှာ လှဲအိပ်ခဲ့ကြ၊ ၊၊

ပြီးတော့ မင်းရဲ့ အောက်နှုတ်ခမ်းကို သွေးတွေနဲ့ ၊၊

အရောင်လဲ့နေတဲ့ မီးအရည် တစ်ခု လိုတွေ့ခဲ့ရ ၊၊

ငါမင်းကိုကြည့်လိုက်တယ် ၊၊

သွေးတွေနဲ့ ၊၊

ပြီးတော့ ငါစပြောတယ် “ မင်းဟာ ဘုရားသခင်ပဲ၊ ၊၊

ပြီးတော့ သွေးတွေနဲ့ ၊၊

ငါလည်း ဘုရားသခင်ပဲ ၊၊

ငါတို့ တိမ်မဲမဲတွေပေါ်က ငါတို့ အိပ်ရာပေါ်မှာ လှဲအိပ်နေကြ . . . . သွေးတွေနဲ့ ၊၊

အဲဒါ ၊၊ ဦးခေါင်းရဲ့ ပန်းရောင် စုတ်ချက် အတို ဆွဲသားချက်တွေ ၊၊

Love in Blood Time by Sharon Olds ၊၊

စာကြောင်းတွေ မြင်နေရယုံနဲ့ ကျွန်မဟာမပြည့်စုံနိုင် ၊၊

ထားလိုက်တော့ အဲဒါ သွေးတွေ ၊၊

မိုးထဲမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

နှင်းထဲမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

အရုဏ်ဦးမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

သွေးတွေနဲ့ ၊၊

ခုန်ချလိုက်တယ် ၊၊

မဟုတ်ဘူးလို့ ခင်ဗျားတို့ပဲ ၊၊ သွေးတွေနဲ့ ၊၊

ထားချင်ရာမှာ ထားလိုက်တော့ ၊၊ သွေးတွေနဲ့ ၊၊

တွေဝေနေ လိုက်တော့ ၊၊

ရောရောထွေးထွေး ၊၊ သွေးတွေနဲ့ ၊၊

ရှင် ကျွန်မကို သွေးတွေနဲ့ ၊၊

တစ်ဆုံးပြီးတစ်ဆုံး ရေးထွင်းနေတုန်း ၊၊

သွေးတွေနဲ့ ၊၊

စိတ်နံရံမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

ဖွားကနဲဖွားကနဲ လွင့်တက်လာပုံ ၊၊

သိုးထိန်း(အန္တိမ) ဇာတိ၊ လင်းနီညို

[May 4, 2011]

Friday, May 27, 2011

ဘာသာစကား ကဗျာတစ်ပုဒ်

Je suis un poème.

Én egy verset.

Aku sebuah puisi.

Ek is 'n gedig.

Unë jam një poemë.

Poema bat naiz.

Я верш.

Аз съм едно стихотворение.

Jo sóc un poema.

Ja sam pjesmu.

Já jsem báseň.

Jeg er et digt.

Ik ben een gedicht.

Olen luuletus.

Ako ay isang tula.

Olen runon.

Eu son un poema.

Ich bin ein Gedicht.

Είμαι ένα ποίημα.

Mwen se yon powèm.

Ég er ljóð.

Tá mé dán.

Io sono una poesia.

Ego carmine.

Es esmu dzejoli.

Aš eilėraštį.

Јас сум една песна.

I am a poeżija.

Jeg er et dikt.

Jestem wiersz.

Eu sou um poema.

Sunt un poem.

Я стихотворение.

Ја сам песму.

Ja som báseň.

Jaz sem pesem.

Yo soy un poema.

Jag är en dikt.

Ben bir şiir duyuyorum.

Я вірш.

Yr wyf yn gerdd.

ngar har kabyar 1pote pot.

Rap etop at rayb ak rah wan ayk.



-Zárti-

Thursday, May 26, 2011

Now Availble အပေါက်ကြီး

ငယ်ငယ်တုန်းက ရည်းစားနဲ့ ချိန်းတွေ့တဲ့ သိမှုကိစ္စဟာ နေရာမှာ အပေါက်ကြီးဖြစ်နေတယ်
အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ နှင်းဆီတစ်ပွင့် စားပွဲပေါ်မှာ
အဆင်သင့်ဝမ်းလျားမှောက်လို့
မှတ်ထား ဒါ(သေဖို့)နောက်ဆုံး အခွင့်အရေး နောက်ဘယ်တော့မှ ထပ်မရှင်ချင်တော့နဲ့
ဟာလာဟင်းလင်းပန်းအိုး ကြမ်းပြင်တစ်လျှောက် မလှုပ်မယှက်ပိုးဟပ်အရွယ်စုံများ
ပိုးလိုးပက်လက်
အပေါက်ကြီးထဲ ရင်သားသုံးမွှာရှိတဲ့ မိန်းမတစ်ယောက်ပုံ ခဲတံနဲ့
ပုံကြမ်းကောက်လိုက်တယ်
အသွေးအသားများယားယံကာစအရွယ် နံရံတွေကို လက်သည်းချွန်ချွန်တွေသုံးပြီး အားပါးတရ
ကုတ်ခြစ်ပစ်ရမယ့်အစား အသာအယာပွတ်သပ်နေတာမြင်ရတော့
တစ်ခုခုမှားယွင်းနေပြီလို့ အတွေးထဲ
စကားလုံးတွေ အစိုက်ခံရ ဟာလာဟင်းလင်းအပေါက်ကြီးထဲ အနမ်းတစ်ပွင့်ပျိုးတယ်
အချိန်မရွေး စီးကရက်မီးခိုးငွေ့တွေ မွှန်လာနိုင်သလို ဟိုဖက် ဒီဖက်
ထုတ်ချင်းပေါက်လောက်အောင်
ထူပိန်းပိန်းအရောင်သုံးထားတာ ဦးထုပ်လျှာက လေတိုးတော့ ဖပ်လပ်ဖပ်လပ်နဲ့
ငရုတ်သီးစပ်နေတယ်
မြင်လို့လည်းမကောင်း ဘာတစ်ခုမှ ဆက်စပ်ယူလို့လည်း မရတော့ဘူး အင်နာဂျီကို
ချွေတာရကောင်းမှန်း
မကောင်းမှန်း မကောင်းတကောင်းမှန်း မကောင်းမကောင်းမှန်း
ကောင်းကောင်းမှန်း မှန်းတတ်လာတယ် ငယ်ရည်စား
ရေးပြီးသားပုံပြန်ဖျက်ပြီး လိပ်တစ်ကောင်ပုံနဲ့ အပေါက်ကြီးကို ဖာကြည့်တယ် အာပလာပဲ
ငယ်ဘ၀အရိပ်တွေဟာ အဲဒီ့ ထူပိန်းပိန်းအပေါက်ကြီးထဲ မကြာခဏ သိမှုခြေတစ်ဖက်ကျွံကျွံကျ
တစ်ဦးတစ်ယောက်ထံ ရည်ရွယ်ချက်ရှိရှိနဲ့
တရားဝင်ထောက်ခံပြောဆိုမှုမှန်သမျှလား မှားသမျှလား
ဝေခွဲမရပါလား အယ်လ်ဆိုင်းဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီဇီ
သြော် ကန်ဂျာနယ်လစ်တွေပြောပါတယ် အကော်အဖွကောင်းချက်များ
သာကေတ(၁၀)ရပ်ကွက်အမှိုက်ပုံက အခြေအနေမဲ့ကောင်လေးတွေထက်သာတယ်
သမ္မတတောင်ဖြစ်နေပြီ မွေးစာရင်း ကွဲပြားဖို့ အရေးတကြီး ခွင်ကျယ်နေကြ
အီဖေကိုတို့များ ငယ်ဘ၀နောက်ကြောင်းနေရာအပေါက်ကြီးထဲ ကွမ်းတံတွေး
ထွေးလိုထွေး
သေးကော့ပန်း လိုပန်း ပြီးသွားရင် ကျောပြင်လေးအသာတွန့်ပြီး ဖလူးဖလန်းနဲ့
တဆတ်ဆတ်တောင်ခါလိုက်သေး တစ်စက်စက် တစ်စက်စက် နောက်ဆုံးတစ်စက်
ကုန်သည်ထိအောင် မင်းနှုတ်ခမ်းလေးချိုနေဦးမှာပါကွယ်
စံပယ် ခရေ နှင်းဆီ ဒေါန မြတ်လေး ကံ့ကော် ပိတောက် ဆိတ်ဖလူးနဲ့ တရုတ်စကား ကုလားစကား
အင်္ဂလိပ်စကားတွေ အချစ်ဦးနောက်မြီး သီတွဲပေးခဲ့တဲ့ နှောင်းအတိတ်အပေါက်ကြီးဟာ
ငယ်ရုပ်ဖမ်းမရလို့ ပြန်လွှတ်ပေးလိုက်ရတာ မွေးနေ့တိုင်း အင်္ဂါထောင့်မှာ သက်စေ့ပါပဲ
ဆုကြေးငွေ ဘယ်လောက်ထုတ်ထုတ် သူ့နည်းသူ့ဟန်နဲ့တော့ (
ပါကစ္စတန်ကိုပဲပုခုံးဖက်တဲ့နည်းလား)
ချောင်ကလောင်ထက်သာတဲ့ တစ်နေရာမှာ အသက်စေ့သလောက်နေထိုင်သွားနိုင်ပါသည်
ငကန်းဘင်လာဒင်သေတော့ ငစွေဘင်လာဒင်လာဦးမည် ပုံထဲကအတိုင်းဆို
မျက်လုံးတွေအပေါက်ကြီးဖြစ်သွားပြီ စတီဖင်ကင်းရေးတဲ့
ဟောလီးဝုဒ်မူဗွီဇာတ်ဝင်ခန်းတစ်ခု
ထောင်ဖောက်ထွင်းရာမှာ အသုံးပြုတဲ့ သစ်သားလက်ကိုင်တူတစ်လက်ကို
အကျဉ်းသားက သမ္မာကျမ်းစာထဲ အပေါက်ဖောက်ပြီးဖွက်ထားခဲ့တယ်
(ဘုရားသခင်ကောင်းချီးပေးပါစေ အာမင်) မိုးဦးမကျတကျ တွင်းပေါက်ထဲက
ပုရစ်သံတစီစီကြားနေဆဲမှာ
ကြားနေနိုင်ငံများအနေဖြင့် အားထုတ်လုပ်ဆောင်မှုတွေရဲ့ ဦးတည်ချက်တိုင်းဟာ
နိုင်ငံတကာအပေါက်အပြဲတွေကို အသားလွတ်အချောင်
ချုပ်သီမပေးလိုသောကြောင့်ပဲလား အချက်အလက်တွေအရ ၂၀၀၂ခုနှစ်တုန်းက
စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ပြင်သစ်ပိုင်ရေနံတင်သင်္ဘောတစ်စင်း
အကြမ်းဖက်ခံရမှုဖြစ်ရပ်မှာ
သင်္ဘောနံဘေးအပေါက်တစ်ခုဖြစ်သွား ဖြစ်သွား ဖြစ်သွား သက္ကရာဇ်တွေသာကြီးရင့်လာတယ်
မျှော်လင့်ချက်ဖားတစ်ကောင်ပြီးတစ်ကောင် အစပြုခုန်ခုန်ထွက်ကျနေတတ်တဲ့ ဒီမြေဒီရေဟာ
ခင်ဗျားတို့ ကျွန်တော်တို့အတွက် ကံကြမ္မာအိတ်ပေါက်များဖြစ်နေမလား။ ။


လွန်းဆက်နိုးမြတ်
၂၆.၅.၁၁
မနက်၀၁း၃၅နာရီ

Wednesday, May 25, 2011

စိတ္တဇ လိုဂို

ငါဟာ တစ်ကမ္ဘာကြီးလုံးမှာမှ
ဖုန်မှုန့်လေး တစ်မှုန်ကို ယုံကြည်သူပေါ့ ၊၊
ထပ် ပြော မယ် ၊၊
တောကြောင်တွေမှာ အစွယ်ရှိမှန်း
မသိသူ (ကျော်သွားတဲ့အစိတ်အပိုင်းတွေဟာ ရုန်းကန်နေကြ)
ဟာ ငါပေါ့ ၊၊
ပြီးတော့ ငါ နားထောင်တယ် ၊၊
ငါ နားထောင်နေတယ် မကြားသလိုနေပေးပါ ငါ့ကို ၊၊
ငါ့ ခန္ဓာကိုယ်ပြုပြင်စားရိတ်နဲ့
လည်ပတ်တဲ့ စားရိတ်နဲ့
ဖျောက်ဖျက်ပစ်မယ့် စားရိတ်နဲ့
ငါ့ဆီက | ငါ့ကို | ရိတ် ပစ် ပါ ၊၊ | မပြောခင် ၊၊
ငါ့ ရှင်သန်မှု ဟာ သိန်း သန်း ချီ တန် နေတယ် ၊၊
ဆက်ပြောမယ် ၊၊
တကယ်တမ်း ငါပိုင်ဆိုင်တာ
ဒိန်ခဲလေးတစ်တုံးပါ ၊၊
မီးရထားလမ်းပေါ် ပြေးလွှားနေတဲ့
သက်ရှည်ကြွက်ကြီးတွေ ခိုးယူမသွားခင်
ငါ ပိုင်ဆိုင်နိုင်ခဲ့တဲ့
ဒိန်ခဲလေးတစ်တုံးပေါ့ ၊၊
ဆက်ပြီး ငါနားစွင့်တယ် ၊၊
ဒီကမ္ဘာကြီးပေါ်ပဲ မှောက်ကျခဲ့တဲ့
ချက်ပြုတ်မထားတဲ့ နွားနို့တစ်ခွက်ဟာ
ငါ့မှာရှိပြီး ပျက်နေတဲ့
နားစည်ကို တကျွိကျွိဖြစ်စေတယ် ၊၊
အဲ့ဒါ ငါကြားရတဲ့ စကားမပီတဲ့ရေဒီယို (သတ္တိမကြွတာကံကောင်း)
ကြီးပေါ့ ၊၊
ငါ့ကို ကြားရလား ၊၊
ငါ ထုတ်လွှင့်နေတယ် ၊၊
ငါ ညွှန်းဆိုနေတာ စစ်ပွဲတွေအကြောင်းပေါ့ ၊၊
စစ် ဆိုတာ တကယ်မရှိဘူး ၊၊
ငါ့ကို သေချာနားထောင် ၊၊
ဘာမှ သေချာမှုမှ အာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဘာမှ ဘာသေချာမှုမှ ဘာအာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဝင်တိုက်ကြတာ ၊၊
ရှဲ | | | | | | | | |
ဘယ်လောကမှာမှ နေရာလွတ်ဆိုတာ မရှိဘူး ၊၊
ငါ့ကို ကြားရလား ၊၊
အဲ့ဒါ စက်ရုပ်သံပေါက်နေတဲ့ ရေဒီယိုရဲ့
စပီကာကြီးပေါ့ ၊၊
ဒါပေမယ့် ငါဟာ ငြိမ်းချမ်းသူ တစ်ဦးပေါ့ ၊၊
ငါ ပိုင်တဲ့ ဒိန်ခဲကြီး မပျောက်ရှခင် ၊၊
ငါ့ လျှာပေါ် ဝန်ထုပ်ဝန်ပိုးတွေ တွန်းမတင်ကြခင် ၊၊
ငါ့ဆန္ဒတွေ ရှိရှိသမျှ စစ်ပွဲတွေအပေါ် မထုတ်ပြခင် ၊၊
ငါ့လျှာတွေ ဒိန်ခဲကြိုက်တဲ့ ဆန္ဒ
မဖြစ်ပေါ်ခင် ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ဘယ်သူမှ ကျော်မသွားခင်က
ရုန်းကန်နေတဲ့ ဖုန်မှုန့်တွေရဲ့ အစိတ်အပိုင်းတွေ ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ငါဟာ တာဝန်ကျေခွင့်မရသေးတဲ့
မြေမြှပ်မိုင်းဗုံးတစ်လုံးပဲ ၊၊
ငါ့ကို
မြန် မြန် နင်း ကြ ပါ တော့ ၊၊ ၊၊

ဇာတိ
May 2011

Wednesday, May 11, 2011

ကဗျာ နဲ့ မာဖလာ


ကဗျာနဲ့ မာဖလာဟာ ဈေးထဲမှာအမှတ်မထင်တွေ့ခိုက်

ညည်း နေကောင်းလား ပုံစံဆန်းသစ်ရဲ့လား

မိန်းမအချင်းချင်းစကားမကုန်ခဲ့ကြ။

လေးနှစ်ခန့်ကြာသောအခါ ကဗျာမှာ ကိုယ်ဝန်လေးရှိလာပြီး

မာဖလာက ဖခင်မရှိဘဲသားမွေးခဲ့တယ်။

ကဗျာနဲ့ မာဖလာနဲ့တွေ့စအချိန်တွေတုန်းက

၁၆နှစ် ၁၇နှစ်နှစ် မရိုးတို့မရွတ  မြီးကောင်ပေါက်

အရွယ် အရူးအမူး ခူးဆွတ်စားချင်စိတ်ကအရမ်းများ

ပြီး ဘယ်သူလိင်ကိစ္စနဲ့ မလွတ်ကင်းနိုင်

ပြန်တွေ့ကြတော့ အကြီးကြီးနဲ့စောက်ကျိုးနည်း ပြောင်းလဲ

ဖန်တီးမှုမျိုး ထပ်မံတွေ့ဆုံကြ မှတ်မိကြရဲ့လား

story တစ်ခုလုံးမှာ ပြဿနာတွေတစ်ချိန်လုံးလှိမ့်တက်

နေပြီး တစ်ကိုယ်ရေအာသာဖြေတာမျိုး tempo ကို

လျှော့ချပစ်လိုက်တာ Nolan ရဲ့ကိုင်တွယ်နိုင်နင်းပုံ

မျိုးနဲ့ ကဗျာနဲ့မာဖလာကို သွေးဆောင်ဖျားယောင်းတယ်

အရက်နာကျနေလား မိခင်စိတ်ရှိရဲ့လား

သန္ဓေတားဆေးတွေ အလွန်အကျွံသုံးစွဲအပြီး

တင်ပါးဆုံရောင်ရမ်းမှုတွေခေတ်စားလာ

ရာသီဥတုနဲ့ မစပ်ဟပ်တာတွေ သွားလာ

စားသောက် ပုံမှန်သွေးဆင်းရက်ထဲ

ကဗျာရဲ့ လှုပ်ရှားရတဲ့ဘ၀နဲ့

မာဖလာရဲ့ လင်ယူသားမွေး အပျော့ဆွဲ

စိမ်းစိမ်းကားကား ရောဂါတက်ပုံမျိုးနဲ့

မတူတဲ့ လိင်ဆက်ဆံမှုအာရုံပုံရိပ်ဟာ

ပြသနာတစ်ခုလုံးရဲ့ စိတ်ကိုပြောင်းလဲသွားစေတတ်ခြင်း

ဖြစ်လေတယ်။


[ပန်းချီ]

Monday, May 9, 2011

ကော်ဖီဖြတ်ခြင်းလေ့ကျင့်ခန်း

ဘယ်နှစ်နာရီရှိပြီလား။ မအိပ်ကြသေးဘူးလဲ။
တီဗွီထဲလည်း ကြေငြာ ဘေဘုတ်လည်းထောင် အထူးဘတ်စ်ကားတွေပေါ်လည်း
ထုတ်လွှင့်။ ဆိုကြ လည်ချောင်းကိုတောင် ချွတ်ဆိုကြ နင့်အမေကလွှားထဲမှပဲ။
တံတွေးထွေးသံဟာ နောက်ဖေးလမ်းကြားထဲ ကန့်လန့်ခံပြီး တင်နေတယ်။ မီးရောင်လို
အမှိုက်လို။ စပွန်ဆာဆိုတာကလည်း ဆိတ်ကွယ်ရာမရှိလို့ ဆင်ကွယ်ရာရှာရတဲ့ ဓာတ်ပြုမှု။
ဘာနဲ့စားမလဲ ဆရာ ငါးနဲ့လား ခြောက်ဒဿမသုံညတစ်နဲ့လား ဒါမှမဟုတ် ဆူနာမီနဲ့လား။
နောက်ဆုံးပေါ်တွေးခေါ်မြော်မြင်ေ

ရးကျမ်းဆို ခြကသိပ်ကြိုက်။ သစ်ခွပန်းလေးလည်း
ရင်တစ်ခြမ်းတုန်နေတယ်။ ကျောသားရင်သားခွဲခြားမရတာဆိုလို့ ကြက်ဥနဲ့ဘဲဥပဲရှိထင်။
ကဲပါ ရှက်မနေပါနဲ့ ကိုယ်ပေါ်ရှိတဲ့ အ၀တ်အစားအကုန် ထိုးသာဟောင်ပြစမ်းပါ။ ဂလုဂလု
ဂလု။ ခင်ဗျားအာဘော်က ပုတ်စော်နည်းနည်းနံ။ လောလောဆယ် ခင်ဗျားလက်ဝါးကြီး
အုပ်ဖို့ခက်နေသေးရင် ကျွန်တော့်လက်ဝါးကြီးခဏယူသုံးလေ။ စောက်ရမ်းများတဲ့
ပုရွက်ဆိတ်တွေ တစ်ကိုယ်လုံးကို ဖုံးအုပ်ပစ်တော့မယ့်အတိုင်း တရွရွ။
ချောက်ကမ်းပါးရဲ့
တံစက်မြိတ်လေ တစ်လျှိုလုံးကို တိုးလှုပ်လွင့်နော့မယ့်အတိုင်း တမမ။ ဇွန်းဆိုဒ်စုံ
ခရင်းဆိုဒ်စုံ  မတ်ရပ်အနေအထားနဲ့ ခွန်းကြီးခွန်းငယ်ထဲ ရေနွေးများများ
နို့ဆီများများ
လောင်းသွန်ချ။ ကပ်ကြေးတစ်ကိုက်စာအကွာကနေ အဲဒီ့အနံကို ရရုံနဲ့ အဲဒီ့အမျိုးအစားမှန်း
တန်းနေအောင် မှန်တယ်။ ရယ်ဒီမိတ်ဘ၀ ရယ်ဒီမိတ်အလှ ရယ်ဒီမိတ်အက စောက်ရေးထဲ
ကာရန်တွေက တစ်မှောင့်။  ဆွဲဖြဲဖို့အတွက် ဖြတ်ရာလေးပေးထားတယ်။ ကန်စွန်းရွက်လို
သင်ပါ။ သင်မပါဘဲနဲ့တော့ ကျွန်ုပ်လည်း ကြက်သွန်လို အနွှာမခံနိုင်။
ဒီရက်ပိုင်း ထမင်းစား
ပြီးတိုင်း စိတ်ထိခိုက်နေရဦးမှာပဲ။ အထုပ်သစ် ဒီဇိုင်းသစ် အခွံမာ
အခေါက်ထူ။ ရေနွေးတစ်
ခွန်းရဖို့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ အပူစွမ်းအင် ဘယ်ဂလောက် အာပေါက်အောင် ပြောရ
ဆိုရမလဲ။ ဆိုကြ ကြေငြာစာသားအတိုင်း ထပ်ဆိုကြ။ မဖြစ်ချေဘူး။ ကာမီကာဇီနည်းနဲ့ပဲ
အခန်း(၁)ကို စဖွင့်ရတော့မယ်။ ညညအိပ်မပျော်မှာ ကြောက်သူ။           ။


လွန်းဆက်နိုးမြတ်
၂၁.၄.၁၁
နေ့လည် ၀၁း၃၀နာရီ
kamikaze

Monday, April 25, 2011

H e L L o

ကျွန်တော့် မျက်ကြည်လွှာပေါ်က သံတိုင်တံဆိပ်ရဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားလည်လား ၊၊ မမ ခင်ဗျားကို သောကြာနေ့ ညဘက်တိုင်း ဖုန်းခေါ်ဖြစ်တယ် ၊၊ ကျွန်တော့်ဆီက ထွက်ပြေးဖို့ပဲ ခင်ဗျား အသုံးပြုနေတဲ့ ခင်ဗျားမျက်လုံးတွေ ၊ ခင်ဗျားခြေထောက်တွေ ၊ ခင်ဗျား တတ်ကျွမ်းတဲ့ မှော်ဘုရင်မအက်တင် တွေ ၊၊ လျှပ်စီးတွေ လက်တဲ့အခါတိုင်း ကျွန်တော်သတိအရမိဆုံး ခင်ဗျားရဲ့ ဝင်ငွေကောင်းတဲ့ မျက်တောင်အတုတွေ ၊၊ ခင်ဗျားရဲ့ မျက်ရည်စီးကျလာပုံကအစ ကဗျာဆန်တယ် ဆိုတဲ့ သူတို့တွေရဲ့ အသုံးအနှုန်းကိုတော့ ကျွန်တော် သုတ်သင် ပစ်ချင်မိတုန်းပဲ ၊၊ အနုပညာဟာ ခင်ဗျားရဲ့ ဝမ်းနည်းငိုကြွေးနေပုံလား ၊၊ အနုပညာ ဟာ ခင်ဗျားရဲ့ ရဲရင့်တဲ့ မျက်နှာထားလား ၊၊ အနုပညာဟာ ခင်ဗျားရဲ့ အချိန်မအားလပ်မှု လား ၊၊ အနုပညာဟာ ခင်ဗျားရနေတဲ့ ရိုသေလေးစားခံရမှု လား ၊၊ အနုပညာဟာ ခင်ဗျားကို လိုအပ်နေတဲ့ လက်ထပ်လက်စွပ်တွေလား ၊၊ ခင်ဗျားဆီ ဖုန်းခေါ်တိုင်း ခင်ဗျားမရှိဘူး ၊၊ နံရံတွေဟာ ခင်ဗျားအကြောင်း ကျွန်တော်ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ၊၊ ငွေစက္ကူတွေအပေါ်အမှာ မိန်းမတစ်ယောက်ရဲ့ မျက်တောင်မွှေးတွေကို ရိုက်နှိပ်ဖို့ ဘယ်သူစိတ်ကူးလဲ ၊၊ ခင်ဗျားဟာ အနုပညာပဲ ၊၊ ခင်ဗျားဟာ အပြစ်မဖြစ်အောင်လိမ်လည်ထားတဲ့ မျက်လှည့်ပြကွက်တစ်ခုပဲ ၊၊ အဲ့ဒီညက ခင်ဗျားမွေးနေ့မှာ ကြယ်နှစ်ဆယ့်ရှစ်ပွင့်တိတိ တပြိုင်ထဲကြွေရင် ဘယ်လိုအရူးတွေက ဘယ်လိုဆုတွေ တောင်းမလဲ စိတ်ကူးကြည့်တယ် ၊၊ အခုချိန် ဘေးနားမှာ သူတစ်ပါးရှိနေဖို့ ဆန္ဒရှိတာဟာ ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်ဖို့ ပဲ သင့်တော်သလား ၊၊ အခုချိန် ခင်ဗျားရဲ့ ဟန်ဆောင်မှု မှာ သူတို့ ပျော်နေမှာ ၊၊ ဝမ်းနည်းနေမှာ ၊၊ အစုလိုက် အပြုံလိုက် ခင်ဗျားကို ငေးနေမှာ ၊၊ ခင်ဗျား ဟာ အနုပညာပါပဲ ၊၊ ဖုန်းကိုင်ပါ မမရယ် ၊၊ ခင်ဗျားအတွက် စိုက်ထားတဲ့ နှင်းဆီပင်ဟာ ရုပ်ရှင်ထဲကလို မရှင်သန်ကြောင်းပြောတဲ့အခါ ခင်ဗျား ရယ်မောစေချင်လို့ ၊၊ ကျွန်တော် စိတ်မကောင်းတာ တစ်ခုက လူကြိုက်များလေ့ရှိတဲ့ လွမ်းစရာကိစ္စတွေကို ခင်ဗျားဟာ တိတ်တခိုး ဟားတိုက်ပစ်လေ့ရှိတာ ကျွန်တော် သိနေတာပဲ ၊၊ ကျွန်တော်ဟာ မင်းသမီးတစ်ယောက် ရဲ့ ချစ်သူဖြစ်ခဲ့ဖူးပါတယ် လို့ ပြောတဲ့အခါ သူတို့ရှေ့မှာ ကြယ်ကြွေရင်ဆုတောင်းတဲ့ အရူးဟာ ကျွန်တော်ဘာလို့ ဖြစ်သွားတာလဲ ၊၊ “ယုံကြည်မှု ဟာ ရူးနှမ်းခြင်းပဲ’’ ၊၊ မျက်တောင်အဖွင့်အပိတ်တွေ နဲ့ ခင်ဗျားရဲ့ စကားပြောခန်းတွေ ကို တအားသတိရတာပဲ ၊၊ တဆိတ်လောက် ဖုန်းကိုင်ပါလား မမ ၊၊ ကျွန်တော် ရှင်းပြတာကို ဘာလို့ ရုပ်ရှင်ထဲကလို နားမထောင်ပဲ နေနေရတာလဲ ၊၊ မမ လက်ခံလိုက်တဲ့ လက်ထပ်လက်စွပ်ဟာ ဘယ်သူလဲ၊၊ မှိန်သွားတဲ့ အလင်းရောင်ဟာ ရိုလာကိုစတာကြီး ကြောင့်ပဲ ၊၊ ဓာတ်ကြိုးတွေဟာ သေနေတဲ့ မြွေတွေ ၊၊ သရဲငကြောက်တွေ ကျွန်တော့်ကို အုပ်စုဖွဲ့ခြောက်လှန့်လွှတ်လိုက်ကြ ၊၊ အငွေ့ကို စားသုံးနေတာ ကျွန်တော်ဟာ ဒုက္ခနဲ့ တည့်တည့်က နတ်သားပဲ ၊၊ လူတွေ လောင်နေတဲ့ မီးကို အော်ဟစ်ရယ်မောနေကြ ၊၊ ရင်ထဲက မီးတောင်လေး ပေါက်သွားပြီ ၊၊ လက်ကောက်ဝတ် ဟာ လှီးဖြတ်ချင်စရာ အကောင်းဆုံး အစိတ်အပိုင်း တစ်ခုလား ၊၊ ရိုလာကိုစတာ ဟာ ပေါကြောင်ကြောင်ကြီး ပဲ ၊၊ ကျွန်တော် ဆက်နေတဲ့ ဖုန်းကို ဒီတစ်ကြိမ် အသိအမှတ်ပြုပါ မမ ၊၊ ခင်ဗျား ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်တော် သောက်ချင်တယ် ၊၊ သောကြာနေ့ ၊၊ ခင်ဗျားဟာ မက်မောဖို့ကောင်းတယ် ၊၊ ခင်ဗျားဟာ သိပ်လှတယ် ၊၊ ခင်ဗျားဟာ အနုပညာပဲ မမ ၊၊ လက်ထဲက ဆေးပေါ့လိပ်ဟာ မောင်းချဓားဖြစ်သွားတယ် ၊၊ ကမ္ဘာပေါ်က သတို့သမီးဝတ်စုံတွေကို ဘယ်သူမုန်းတီးလဲ ၊၊ ခင်ဗျားမှာ ရဲရင့်တဲ့ သွေးတွေ ရှိနေလို့လဲ ခင်ဗျား သိပ်လှနေတာပဲ ၊၊ ဖုန်း

ကိုင်

ပါ

တော့

မမ ရယ် ၊၊ ခင်ဗျား ဟာ ဘယ်တော့မှ ၊၊ ဖုန်းကိုင်ပါ မမ ၊၊ သေမသွားနိုင်တဲ့ . . . . ၊၊ ဖုန်းကိုင်ပါ မမ ၊၊ စုန်းမတစ်ယောက် မဟုတ်လား ၊၊ ဟ ယ် လို ၊၊ ဖုန်း

ကိုင်

ပါ

မမ ၊၊ ပန်းချီကားတွေဟာ အပေါ်က သံတိုင်ထပ်ထားပြီး ကြည့်မှ ပိုလှတာ ၊၊ သိလား မမ ၊၊ ဖုန်း ကိုင် ပါ ၊၊ ဟယ် လို ၊၊ ၊၊



ဇာတိ

ညွှန်း ၊၊ ၊၊ မောင်သိန်းဇော် ( ဒုက္ခနဲ့ တည့်တည့်က နတ်သား )

Thursday, April 21, 2011

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’

‘တစ်ခုသော သင်္ကြန်အခါ ဆီသို့ . . .’ 
 
လာလာလေ လိုက်ကြည့်တော့
ကိုယ့်အကြိုက် သူ့အထာ
နှစ်ဆန်းခါ ပိတောက်ရှားချိန်မို့
ကစားတာ DJ-G နဲ့
ပီပေသည် UG Show လိုပ
တိုးဆင့်၍ ဖြစ်ခဲ့တာ။

… … လာဟေ့ ရှာဟေ့
စပီကာ တအုန်းအုန်းနဲ့၊ တရုံးရုံးခုန်ကြ
ဘယ်ရှော်တီပါလိမ့်
ကိတ်လိုက်တဲ့ အိုးပန်းချီ၊ အချိုးကလည်း ပီပနဲ့
ပီသူက ကြည်ကြ၊ အ သူက ထလာ
ကားကြီးလဲပါသဟေ့
ကားပေါ်က စော်ချော၊ အသွေးရော အသား
နှုတ်ဖျားမှာ လော်ရယ်နှုတ်ခမ်းနီက
တဖျမ်းဖျမ်း ရေတွေစင်
နှစ်ကိုယ်တွဲ ဟိုတယ်ထဲ ဝင်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း။

ဇယားမရှင်းသူကိုဖြင့်
နားခြင်း ဟာ သမ္ဘာအထာပါတဲ့
အထာတူ သည်လူမျိုးမှာလ
အကျိုးလို တူတူလိုက်ပါ့
ခွေလှိမ့်သူ မောင်လူဆန်းရယ်နဲ့
လန်းလိုက်မိပါ။

. . . နှစ်သစ်ကုးတဲ့ တန်ခူးအခါမှာ
ပန်းတွေက တစွေစွေ၊ စမ်းရေက တရွှဲရွှဲ
အလွဲတွေက တဆင့်ဆင့်၊ ဆွဲလို့သာ ကျင့်ရော့
အရွယ်သင့် အရွယ်ငယ်
ရှော်တီတွေ လွယ်လိုက်ကြ။ . . .

ဘယ်မြေမှာ ပူစီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့
စိတ်ဇော ထန် တဏှာမှာဖြင့်
ကင်မရာ ကရုထားသူမို့
လွှားလိုက်ကြ ခြုံတာဝါ
အခါက နှစ်ဆန်း။

. . . လ ကလဲ ရွှင်လန်း
ပွင့်ဟောင်း ကျကြွေ၊ ပွင့်ဖတ်ကယ် ဝေ
သုတ်ဖြူးလေ ဖြန်းပြန်တော့
ပန်း ပြန်တာပေါ့။ . . .

ဥသြငယ် သာ
ပင်မြင့်မှာ သံပြာပြာ နဲ့ သင်္ကြန်ခါ သူလေ မညှင်းတော့
ပသို့ပင် ဆိုပါစေလေ
မလေးမောင် သည်ရင်တွင်းဆီသို့
ပျော်ခြင်းငှာ သူဝင်လာ၍
လူနေရာမရွေး ဂူရွှေး၍သာပ
အောင်းမွေ့ နှစ်ဆန်း။ . . .




လင်းရမ္မာ 
မှတ်ချက်။ ။ဆရာဇော်ဂျီ၏ တစ်ခုသော သင်္ကြန်အခါ  ကဗျာအား ပြန်လည်ခံစားရေးဖွဲ့ ပါသည် ။

Monday, April 18, 2011

ပြီးဆုံးသွားတယ်ပေါ့

သက်ပြင်းတွေ ခဏခဏ ချတယ် ။
စာလုံးပေါင်းမှားနေတဲ့မိန်းမ ။ 
ကျနော် မရောက်ဖူးတဲ့နေရာမှာ ခဏခဏ လှတယ် ။

အေးချမ်း

Friday, April 8, 2011

ဘေဘီ တော်ကီ

ဘေဘီ မင်းဟာ တော်ကီ ကိုကို့ကို သိပ်ချစ်တယ် အရမ်းချစ်တယ် အများကြီး အများကြီး
ချစ်တယ် ပြီးတော့လည်း မင်း ငါ့ကို အမြဲမေ့လို့ ကျူရှင်က ကောင်လေးအကြောင်း တသသ
ပြောလို့ မင်းဟာ တော်ကီ ရာသီဥတုသိပ်အေးတယ် ကျန်းမာရေးဂရုစိုက်ကိုကို မင်းက ပြောပြော
ဆိုဆို မျက်နှာချင်းဆိုင်စားပွဲက ကောင်လေးနဲ့ အရှုံးမပေးစတမ်းအကြည့်ပြိုင်ေ
နတယ် အလား
ကား ဘေဘီ မနက်ဖြန်ရုပ်ရှင်ကြည့်မယ်ကိုကို ရှစ်နာရီလာခဲ့
နောက်နေ့မနက်ရောက်တော့ ဆယ်နာ
ရီခွဲမှ မင်းပေါ်လာ ဘေဘီကတော့ တော်ကီပဲ ဘာဖြစ်လို့ သူများသွားတဲ့နောက်လိုက်ရတာလဲ
ဘာဖြစ်လို့ဘေဘီ့နောက်လိုက်မလာ
ရတာလဲ ဘေဘီငိုလိုက်မှာနော် တော်တော်ဘေဘီ တော်ကီဆက်
မပစ်နဲ့ အင်္ကျီံတစ်ထည်လောက်လိုချင်တယ် ဖိနပ်အသစ်တစ်ရံလည်းလိုချင်တယ်ကိ
ုကို တော်ကီတော်
တော်ကောင်း ဘေဘီ့မှာသာ ဟမ်းဖုန်းတစ်လုံးရှိရင် ကိုကို့ဆီ အမြဲဆက်မယ်နော် တကယ်တမ်း
ဖုန်းလေးကိုင်ရတော့ တခြားကောင်ဆီဆက်ထားတဲ့ အကြိမ်တွေက အများကြီး ဘေဘီ ဘေဘီ
တော်ကီတုန်းပဲ ပြောဘေဘီ ခုဘယ်ရောက်နေသလဲ ကမ္ဘာအေးဂမုန်းပွင့်မှာကိုကို
အမှန်က မင်းဟာ
သာကေတကပ်ပီတယ်လ်မှာ ကိုကိုရယ် စိတ်ဆိုတာ ဘယ်အစိုးရမှာတုန်း တစ်ခါတစ်ခါတော့လည်း
ကစားတာပေါ့ ရတယ်ဘေဘီ ကြက်ဖလိုပြောရရင် ကစားတာတော့ ကစားတာပေါ့ ကစားရင်း
ကစားရင်း များလာတော့ တော်ပြီကိုကို ဘေဘီစိတ်ကောက်လိုက်မှာနော် ဘေဘီက ကိုကို့ကို
ချစ်လို့ စတာ ဘေဘီ ဘေဘီ တော်ကီလေးဘေဘီ မင်းအီးမေးလ်အကောင့်ထဲမှာလည်း ငါမသိတဲ့
ဂျလေပီမေးလ်တွေက ပွစာတက်လို့ အားအားယားယား ဘာတွေကို စိတ်ပူနေရတာလဲ ကိုကိုရယ်
ဘေဘီအိမ်ပဲတန်းပြန်မှာပါ တော်ကီဘေဘီ ငါ့ဆီကအပြန် အိမ်မရောက်ဘဲ တခြားရောက်ရောက်
သွားတတ်တာ ဘာဇာတ်လမ်းလဲ ပြောဘေဘီ ထုံးစံအတိုင်း နောက်နေ့ဆိုရင် ငါ့ရင်ခွင်ထဲ
တိုးဝင်ချွဲပစ် မင်းပြောဦးမယ် ကိုကို့ကို သိပ်ချစ်တယ် အရမ်းချစ်တယ်
အများကြီး အများကြီး
ချစ်တယ် နေပစေတော့ ဘေဘီ တော်သင့်ပြီဘေဘီ မင်းဟာ တော်ကီ။           ။

လွန်းဆက်နိုးမြတ်

၂၂.၁၂.၁၀

Tuesday, April 5, 2011

ခင်ဗျားက ရောဂါတွေအထပ်ထပ်နဲ့ ကျွန်တော့်ကို မျိုးပွားနေတယ်

လူကြီးလူကောင်းအရေခွံတွေ အရည်ညှစ်ပစ်လိုက် ။ ပီကေ ကိုထွေးထုတ်လိုက် ။

ခေတ်ရှေ့ကို ထွက်ရပ်လိုက် ။ ခင်ဗျားရော ကျနော်ရော ဘာမှ မရှိဘူး ။

ခင်ဗျားကိုယ်ခင်ဗျား သန့်စင်ဆေးကြောလိုက်တာ ပိုကောင်းမယ် ။

google ဟာ မိန်းမတယောက်ကို သတိမရတော့ဘူး ။

ကိုယ်က တညအိပ်သွားရမယ့် ခရီးမှာ ပျက်စီးသွားနိုင်တဲ့ လူငယ်တယောက် ။

မော်ဒယ်အောက်နေတဲ့ ပစ္စည်းတွေထက် ပိုကြွေမွလွယ်တယ် ။

မီးချောင်း တွေ စစ်ဖြစ်ကုန်ပြီ ။ ခင်ဗျားသိလား ။ မူလီ တွေ ရစ်နေကြတယ် ။

ကဗျာဆိုတာ အရှေ့တောင်အာရှ နဲ့ အာဖရိက တလွှား လူသုံးများသော စကား ဖြစ်ကြောင်း ISO 009541236 တံဆိပ်ရိုက် ။

I love poem လို့ သုံးကြိမ်ရွတ်ဆို အောင်ပွဲခံကြတယ် ။

အပေါ်ယံဆက်ဆံမှုတွေကို ရွံရှာသောအားဖြင့် ၁ မိနစ် ဆဲဆိုအော်ဟစ်ကြမယ် ။

ငါ့ကို အဆိပ်ခတ်တယ် ။ ငါ့ကို အနီရောင်တွေ လာဆိုးတယ် ။

နှစ်ဖက်ကြည့်မှန်ထဲက ဘာအဓိပ္ပယ်မှ ထွက်မလာဘူး ။ သူမက ငှက်ပဲ ပျံသွားတယ် ။

အရေးကြီးပြီဆို ဖျက်ဆီးပစ်ခံလိုက်ရသော ခရိုမိုဇုန်းတွေ ။

ရှော့ပဲ … ။ ယားယံကိုက်ခဲမှုဝေဒနာတွေက ရှော့ဖြစ်နေတယ် ။

application list ထဲမှ လူတစုကို တွေ့ရှိနေရတယ် ။

စိတ်ထွက်ပေါက်တွေမရှိဘူး ။ စိတ်ထွက်ပေါက်တွေ သေသွားပြီ ။

လွှင့်ပစ်ခံထားရတဲ့ ရောင်ရမ်းခြင်းတွေ ကိုယ့်ကို လာပွတ်သပ်နေတယ် ။

တစုံတခုကို ခင်ဗျား တွေ့လိုက်ပြီဆိုပါစို့ ။

ခင်ဗျားထွက်သွားတော့မယ် ။ ကျနော်နေခဲ့ရတော့မယ် ။

ဆေးထိုးအပ် ထဲမှာ လှောင်ပိတ်နေတဲ့ အသက်သွေးကြောတွေ….. ရှင်းရှင်းပြောရရင် နာတယ် ။

မလိုအပ်ဘူး ထင်ရင် ကဗျာ နဲ့ မဆက်ဆံသင့်ဘူး ။ လိင် မဆက်ဆံသင့်ဘူး ။

ခင်ဗျား ကူးစက်ခံရတာ ရောဂါပိုးမဟုတ်ဘူး ။ ခင်ဗျား ကူးစက်ခံရတာ အကြမ်းဖက်မှုတွေပဲ ။

ပွင့်လင်းမှု က သော့အပိုတချောင်း ။ ခင်ဗျားလည်း မသုံးဖြစ်တာကြာပြီ ထင်တယ် ။

ခင်ဗျားဟာ မကောင်းဆိုးဝါဖြစ်နေပြီ ကီးဘုတ်ပေါ်က လက်ချောင်းတွေ ဖြတ်လိုက်သင့်ပြီ ။

၂၀၁၁ မှာ တွေဝေမှုက ကျနော် အများဆုံးစားဖြစ်တဲ့ သစ်သီးပဲ ။

စကားပြောဖို့ ထရော်မာတွေကို အရင်ရှင်းထုတ်နေရတယ် ။ မြိုချနေရတယ် ။

ခင်ဗျား အရင်ဆုံးသွားရောက်လေ့လာသင့်တာ emotion ထွက်ပြေးမှုဟာ စိတ္တဇ ပဲ ဆိုတဲ့ ကိုယ်ကျင့်တရား ။

စိတ်ပိုင်းဆိုင်ရာလက်ထပ်မှုဟာ စာချုပ်စာတမ်းနဲ့တော့ မဟုတ်ဘူး ။

ကြွက်သတ်ဆေးတွေ သုံးစွဲတက်နေပြီလား ။ ရေခဲတွေကို ရိုက်ခွဲပြီး ထောင့်ချိုးတွေရဲ့ ပုံသေနည်းအသစ်တွေ ထုတ်နေလား ။

ခင်ဗျားရဲ့ DNA ကို password ပေးပြီး ကျနော့်ကို အဲ့ဒီ password ပြောပြထားသင့်တယ် ။

ကျနော်က ကဗျာဆရာတယောက် ။ ကျနော် မလုပ်နိုင်တာတွေ အများကြီးပဲ ။

ကိုယ်တိုင် မသိတဲ့ ဗီဇ တခုကို ဘာနဲ့ပေါင်းစပ်မျိုးပွားချင်နေတာလဲ ။

လူတယောက်ကို Over Memory System တပ်ဆင်ပြီး ဘုရားသခင် လုပ်ခိုင်းလိုက်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား မီးရှို့ပါ ။ ကျနော့်ကဗျာတွေ မီးရှို့ပါ ။ ပျော်ရွင်ခြင်း ပါတီ ပွဲတွေကို မီးရှို့ပါ ။ ဂြိုလ်ကြီး ကိုးလုံးကို မီးရှို့ပါ ။

ကိုယ့်ကိုကိုယ် ပေါင် (၁၉) သန်းတန်တယ်လို့ သတ်မှတ်ပါ ။ အသက်အာမခံ လုပ်ထားပါ ။ ပါပါရာဇီတွေကို ရှောင်ပါ ။

ခင်ဗျားကိုယ်ခင်ဗျား ဆက်သွယ်လို့ ရသေးလား ။ ခင်ဗျားက ကျွန်စနစ်ကို ကျေနပ်အားရနေမယ်ထင်တယ် ။

ကျနော့်ကြောင်လေး တကယ်သေသွားပြီ ။ မေးခွန်းတွေ တခုမှ မရှိဘူး ။ အဖြေတွေ ။

အေးချမ်း