Thursday, June 30, 2011

ချောကလက်တွေဟာ ငါ့ကို လုပ်ကြံ

ငါ တအားခံစားနေရတာပဲ ၊၊
ငါ့ ချီးတွေဟာ ငါ့ခန္ဓာကိုယ်
အစိတ်အပိုင်းများလားလို့ အရင်
ငါ ဘယ်တော့မှ မတွေးမိခဲ့ပါဘူး၊၊
အား! ၊၊ ငါ့ရဲ့ မူလခံစားမှုတွေဟာ
ဘယ်ရောက်သွားကြတာလဲ ၊၊
ငါ့ရဲ့ ငတ်ပြတ်နေရတဲ့
အခိုက်အတန့်ကို
ငါပြန်လိုချင်တယ် ၊၊
အဲ့ဒီမှာ ငါ့ဝမ်းဗိုက် လစ်ဟာနေမှုဟာ
အခု ဒီလောက် မခံစားခဲ့ရပါဘူး ၊၊
အား ! အား ! အား ! ၊၊
ငါဟာ ငါ့ရဲ့ လက်ကောက်ဝတ်ကို
ဓားနဲ့လှီးပြီး သတ်သေလိုက်ရင်တောင်မှ
လက်ကောက်ဝတ်ရဲ့ သွေးတစိမ့်စိမ့်ဟာ
အခု ဒီခံစားမှုကြီး ရဲ့
နာကျင်မှုကို ကျော်ဖြတ်နိုင်ပါ့မလား ၊၊
ဒီကြားထဲ ငါဟာ
ငါ့အမေကို ကျေးဇူးနေမိတယ် ၊၊
ချစ်သူတွေကြားမှာ
သိပ်ကိုကျော်ကြားနေတဲ့
အဲ့ဒီစောက်ချောကလက်တွေ ၊၊
ငါဘယ်တော့မှ
မစားတော့ဘူး ၊၊
ငါ့ချီးတွေဟာ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းများလားလို့
ငါတွေးနေတယ် ၊၊
ငါ တအားခံစားနေရတယ်ကွာ ၊၊
ဒါပေမယ့်
ငါ့မျိုးရိုးထဲမှာ
ချီးမညှစ်နိုင်လို့ ချီးတစ်ပြီး သေသွားတဲ့မသာ
တစ်ယောက်မှ မပါဘူး ၊၊
ငါ ရ အောင် ကြိုး စား မှာ ၊၊
ယုံ ၊၊ ၊၊ ၊၊ ၊၊

ဇာတိ
ညွှန်း - www.myspace.com/isetmyfriendsonfire

No comments: