Friday, October 29, 2010

နေရေးထိုင်ရေး ကိစ္စ

ဒါတွေပြောရင် ဒေါတွေပါမယ်။သံကြိုးနဲ့  ဆွဲ ဆွဲ တင်ထားတဲ့
အံဆွဲထဲမှ နေထိုင်မှုများ
အများသုံးလေကို ရှူရတဲ့ အခါတိုင်း
ကျွန်တော်၏ သားဖြစ်သူ မောင်နေမြဲ
နေမကောင်းပါသဖြင့်....
စသည်....စသည်ဖြင့်...
အုပ်ထိန်းချင်ဟန်ဆောင်ပေးသူ မိတ်ဆွေ အပေါင်းအပါများ
စသည်....စသည်ဖြင့်...
ငယ်ငယ်ကဆို
အိမ်ပြန်နောက်ကျတိုင်း
အဖေက ဘောလုံးပွဲကြည့်ချင်ဟန်ဆောင်ပေးတယ်။
သော့အတုတွေ ရေပန်းစားမှုမှာ ဖျားနာ......
ထိလွယ်ရှလွယ် လောကဓံ နဲ့  ဒူးတင်ပေါင်တင်နေထိုင်ခြင်းမှာ
မနိုင်လို့  နှစ်ခါခွဲသယ်မိ....
ဒါကိုလီ....ဒီကိုလာ....
ဒါမျိုးကြီးတွေ ရောင်းနေတာ...
ဒါပဲဗျာ...
သူမ ပြောသလို ဟိုမိန်းမကြီးဆီလည်း
ဘုရားစူး....မသွားခဲ့ဖူးပါ...
ဒါမျိုးမကြောက်လို့  ရွာရိုးလျှောက်တယ် ဆိုပေမယ့်
အိပ်မက်က အိပ်မက်ကို အဓမ္မကျင့်တဲ့  ညတွေတိုင်း
လော်ဂရစ်သမ်ကြီး
ကျ.....ကျ.......ကွဲ....။ ။

နေမြဲ(၁၇၊၈၊၂၀၁၀)

No comments: