Wednesday, October 13, 2010

ဆက်တင်

မဆီမဆိုင်တွေချည်း လှိမ့်တွေ့နေရတော့
ဘ၀က ဘာကို ဘာဂလိုတိုတို ဆိုတယ် ဆယ်တို မိုးကျရွှေကိုယ်
ရေစိုကြီးနဲ့ ယုဝတီ တစ်ဆိတ်ဟိုင်းကြီးကို
ဤမိန်းမ ထိုမိန်းမကို တွေ့ချင်လိုက်တာကြာလို့ ကြာဖက်ဆောင်းလို့
ချောင်းကြည့်လို့ သည်ပုံကြီးနဲ့တော့ (တကယ်)အတည်
စက်နာရီငါးခါ (ဒင်-ဒင်-ဒင်-ဒင်-ဒင်) တခွန်းတလေ
ပြောခါစမို့ အို-မောင့် အို-ခင့်
ဗျိုဗျို ဗျာတွေ ဘာညာ မပါစေပဲနဲ့ လာသာလာပါ
သာသာ မသာသာ ရေရှည် ချက်ချင်း ချက်ချင်း ချက်ချင်း
လက်ငင်း ဇကွဲ၁ ကိုစောင့်နေလိုက်တော့
ကျွှဲကော်မျက်မှန် ဦးထုပ်ဆောင်းပြီး အပျင်းပြေစရာငယ်
လူလယ်ခေါင်ပေါ့ ရင်လှုပ် တင်လှုပ် ဖင်လှုပ်ပြီး မစွတ်စို၂
ဗိုက်ပေါ် ချက်ပေါ် အလံကြီးထူပြီး ငါးခူ ငါးခူ ဟူ ဟူ
မိုးနတ်သူ ဆန်းသလိုလို ဇမ္ဗူမတူ -ဒူ - ဟူ - ဟူ
စိတ်ထဲရှိတာ ရှာရှာဖွေဖွေ ပေါ်ပြူလာဖြစ်တဲ့
ဘလူး ဘလက် နက်ပြာ၊ ၀ိုင်အိုလက် ၃၀ ကျပ်စီ
သနပ်ခါး၊ ချယ်ရီ၊ စေ့စေ့ကြည့်မှ
မချိတရိနဲ့ ငိုတာတို့ အပျိုရေစစ်သူ ဟိုဟာ
တစ်ခုထဲစီ နှုတ်ခမ်းဆိုး ပန်းဆီ၊ အလှရည်တို့
အရမ်း ရုပ်ဆိုးတယ် ဂျိဂျေဂျိ ညတိုင်းမထတမ်း
ခြင်ထောင်ပျို တမင်ချပါလို့ တို့ စက်ရာမှာမက်စရာ
နှစ်ကိုယ်ခွဲ မျက်တောင်စင်းစင်းလေးတို့ ဟုတ်ကပြီ-
ဟုတ်ကပြီ တနင်္ဂနွေအပတ်တောင် မနားတော့ဘူး
အောရိုက် နမ်းစမ်းပါ အချစ်သစ်နဲ့တွေ့ခိုက်
အပျိုပေါက်ကြီးကို ရှေ့ကိုတစ်မျိုး နောက်ကိုတစ်မျိုး
ဧည့်သည်လို လင်သားလို့ သူကဆို တစ်ခုလပ် အပါးလွန်တယ်
ကြာရှုတွေအပေး တစိမ့်စိမ့်ကြွ တဖိမ့်ဖိမ့်ထ
တရှိန်းရှိန်းကြွပြီး ကိုကို မမ ဖေဖေ မေမေများ-
ငါး - ငါး - ငါး၊ ငါး - ငါး - ငါး (မေးရိုက်သံ)

၁ ဇကွဲ = “ဇယ်” အတိုကောက်။ မိန်းကလေး၊ရည်းစား (ဘန်းစကား)
၂ မစွတ်စို = ရှေးက မင်းသမီးမယင်းတော်တို့ခေတ်က နာမည်ကြီးဇာတ်အပျိုတော်။

ပန်းချီ

No comments: