Saturday, January 8, 2011

PEM sKoOL PDF-Zine ကိစ္စနှင့် ပတ်သက်၍ . . .



၁။ အထက်ပါ PDF-Zine ပေါ်ထွက်ရေးကို ကျွန်တော်လုံးဝ ထောက်ခံပါတယ်။ ထောက်ခံရုံတင်မကပဲ အားပေးတဲ့ အနေနဲ့ အတွဲ(၁)၊ အမှတ်(၁)ရဲ့ဧည့်ကဗျာအယ်ဒီတာအဖြစ် ကျွန်တော့်ကို ဆောင်ရွက်စေတဲ့အတွက် ဂုဏ်ယူတာထက် တာဝန်ယူပါတယ် ဆိုတဲ့ စကားက ပိုမှန်မှာပါ။


၂။ စည်းမျဉ်းအရ ကျွန်တော့်လက်ထဲ ရောက်လာမယ့် ကဗျာတွေဟာ အဆိုပါ PDF-Zine ရဲ့ အယ်ဒီတာအဖွဲ့မှ တဆင့်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အဆိုပါ အယ်ဒီတာ အဖွဲ့ရဲ့ ရွေးချယ်မှုထဲကပဲ ကျွန်တော် ထပ်မံ(နောက်ဆုံး) ရွေးချယ်ရမှာ ဖြစ်ပါတယ်။


၃။ ကျွန်တော့် ကဗျာရွေးချယ်ရေးစံနဲ့ ပတ်သက်လို့ ပြောရရင်

(က)။     ။ကဗျာအမျိုးအစား ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။

(ခ)။       ။ ကောင်းကောင်းဆိုးဆိုး ကျွန်တော့်ကို LP ဘာသာစကားကဗျာနဲ့ တွဲမြင်ထားကြပေမယ့် LP ဟာလည်း ခေတ်ပေါ်ကဗျာလိုပဲ ကဗျာအမျိုးအစားတွေထဲက တစ်မျိုးသာ ဖြစ်တယ်လို့ ခံယူပါတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ ကဗျာဧည့်အယ်ဒီတာ ဖြစ်တဲ့အတွက် LP ကဗျာအမျိုးအစားတွေပဲ ကျွန်တော်ရွေးချယ်မှာပဲလို့ အတွေးမလွဲစေလိုပါ။

(ဂ)။       ။ ရွေးချယ်ပြီးသွားရင်လည်း ကျွန်တော့်ဘက်က ဘာကိုဘယ်လိုရွေးချယ်ကြောင်း အစီရင်ခံစာ သဘောမျိုးလေးပါ တတ်နိုင်သလောက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(ဃ)။     ။ လူအနေနဲ့ အစွဲအလမ်းရှိတဲ့ အလျောက် ကျွန်တော့်ရွေးချယ်မှုမှာ ကျွန်တော့်ကဗျာဗေဒ ကောက်ကြောင်း ရေးရေး ပါကောင်းပါမှာ ဖြစ်တယ်ဆိုတာ ကြိုတင်သတိပေးစေလိုပါတယ်။ ဒါပေမယ့် ဒီကောက်ကြောင်းဟာ ပေတံမဖြစ်စေရပါဘူး။
၎။ လက်ထဲရောက်လာတဲ့ ကဗျာတွေအပေါ်မူတည်ပြီးမှပဲ လက်တွေ့အလုပ်နဲ့ လက်တွေ့စကားတို့ကို လက်တွေ့ကျကျ သုံးသပ်ကြရမှာပဲလို့ ထင်ပါတယ်။                   

 ဇေယျာလင်း

No comments: