Thursday, November 11, 2010

ပြီးပါပြီ ။

တနင်္ဂနွေနေ့ အထိစောင့်ခဲ့တယ် ။
ပုဂ္ဂိုလ်ရေးအရ ဂုဏ်ရှိန်ကြီးမားတဲ့ ရေညှိကပ်သလိပ် တွေကမ်းကိုကပ်လာခဲ့ကြတယ် ။
စ ၊ ကား ၊ ပုံ အရ သူမဟာ မားမားဝင့်ဝင့်နဲ့  ဥရောပတိုက်ကို မြေပုံပေါ်ကနေ ဖယ်လိုက်တယ် ။
ဒီမှာ မီးမလာဖူး မီးလိုပူတယ် ။
ရော့ ... အင့် ဆိုပြီး လွယ်လွယ်အလကားစိုက်သွားတဲ့ ဓါးတွေကို ပြန်ဆွဲမနှုတ်ချင်တော့တဲ့ရောဂါဟာ
မိန်းမ ဗိုက်နား ကပ်ပြီး သူ့ အသံ သူပြန်နားထောင်တယ် ။
ထွီ ... ဆိုတဲ့အစဟာ မျိုးရိုးဗီဇ အရ သူ့ လက်သည်းများအားဆွဲဆန့် ပြီး
ဇင်ဘာဘွေမှာ ကြီးထွားလာခဲ့ကြောင်း သူမိန်းမယူခဲ့ကြောင်း သူ့ အသံကောင်းကြောင်း
မဟုတ်မမှန်တာဘာမှမလုပ်ကြောင်း လုပ်ကောင်းလုပ်ချင်ခဲ့ကြောင်း ... စသဖြင့်
မြေပေါ်မှာ တိုက်တာအိုးအိမ်အသေးစားလေးတွေကအစ 
ဟို ... မိန်းမ စီးသွားတဲ့ ငါ့ကမ္ဘာကြီးအထိ အသံမမြည်ခဲ့ ။
ရှင့်မှာဘာရှိလဲ ။
ငါ့မှာ ပစ္စည်းရှိပါတယ် ။
သေစမ်း သေစမ်း လက်ညှိုးနဲ့ ထိုးသတ်ပစ်လိုက်မယ် သေစမ်း သေစမ်း ။
ဟားဟား တွေ့ လား ပုရွက်ဆိတ်နဲ့ လူတွေ အတူသေပြီ ။
ခေါင်း ကို/မှာ ဒက် ဒက် ဒက်
ဒီမှာ မင်းသုံးဖို့ နိုင်ငံခြားဖြစ် ပြည်တွင်းပစ္စည်းများ ။
ရင်သားကြီးထွားလာမှုဟာ သုံးကြိမ်မြောက်တွေ့ ဆုံမှု၏ စိုက်ပျိုးမှုအောင်မြင်ကြောင်း ။
အစီအစဉ်တကျ လွဲမှားမှုဟာ စကားလုံးတစ်လုံးမှအစပြု၍ လှုမှုဝန်းကျင်တစ်ခုလုံးအား သွေဖယ်စေနိုင် ။


"And truly I say to you, wherever the gospel to preached in the whole world, that also this
woman has done shall be spoken of in memory of her" (Jesus)

"A female Offspring, O king, may prove even noble than a male" (Buddha)

အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရန်
အမျိုးသမီးများအခွင့်အရေးတောင်း

ဆိုမှုဟာ ယနေ့ မှာ အရောင်းရဆုံး ကုန်ကြမ်းများဖြစ်၍
ယနေ့ အတွက်ဆိုတာ မနက်ဖြန်အတွက်မသေချာသလို
မသေချာခြင်းကလည်း သူ့ ကိုယ်သူတောင်မသေချာ ။
သူမထွက်သွားတယ် ။ ကိုယ်လည်းထွက်သွားခဲ့တယ်။
အတူတူထွက်သွားခဲ့တာပဲ ။ ဒါပေမယ့်မတူဘူး ။ မတူတဲ့နေရာ ကို/က ထွက်တာလား ။
မထွက်တဲ့နေရာက တူလား/မတူလား/တူ မလား/တူမ လား ။
တမူ တည်းထွက်တာကသာ တစ်မတ်လောက်ထူခဲ့ရင် တူ/မတူ အား
မတူရင် မတုနှင့်  မှ တုရင်မတူစေနဲ့ ။ မတူ့ တတူလောက်တုလို့ မတူဖူးဆိုသည်က
တစ်ကယ် တူသည်၊မတူသည် နှင့်ယခုဝါကျအား မတူစေ သည်က
သူမ အတုများ မတူမှန်း အတူတူ တုစဉ်ကအတိအကျ သူမ သိသည်/မသိသည် မှတဆင့်
Sex and Gender ၏အနက်ကွဲပြားပုံအား သူ မအား စေသည်အထိ
အတုနှင့်တုသည်မှာ မတူကြောင်း သူမ သဘောတူသည်အထိ တုခဲ့ကြသည် ။


(ခြောက်လခန့် ကြာပြီးသည့်နောက် ........)


ပြီးပါပြီ ။ ပြီးခါနီးပါပြီ ။ ဘယ်သောအခါမျှမပြီးတော့မဲ့ပြီးဆံ
ုးခြင်းတွေပါ ။ ပြီးတော့ မပြီးတော့ဘူး ။
ဘာကြောင့် ပြီးပါပြီ လို့ မင်းပြောရသလဲ ။ ပြီးမလို မပြီးမလိုမို့ ပါ ။
ဒါဆို မပြီးဘူး ။
ကဲ ... ပြီး ပြီ ။ ပြီး ပြီ ။
.....................
.................
.............
.........
.....
...
..
ပြီးပါပြီ ။



ရင်ခွင်ရှိန်း


No comments: