Sunday, January 9, 2011

PEM sKoOL Poetry pdf-Zine

ကျွန်တော်တို့ အနေနှင့် ကဗျာ နှင့် ကဗျာဆိုင်ရာ " PEM sKoOL Poetry pdf-Zine " ထုတ်ဝေမည်ဖြစ်ပါသဖြင့် မေတ္တာဖြင့် ကူညီလိုသော ကဗျာများ၊ ကဗျာဆိုင်ရာ ဆောင်းပါးများကို ကဗျာရွေးချယ်ရေး(အယ်ဒီတာ) pemzine@googlegroups.com အဖွဲ့သို့ ပေးပို့နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အဆိုပါ pdf-Zine ကို Online တွင်သာ လစဉ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ အနေနှင့်လည်း ငွေကြေးအရ အကျိုးတစ်စုံတစ်ရာ မျှော်မှန်းထားခြင်းမရှိသလို၊ စာမူရှင် များထံမှ...လည်း စာမူခ များကို အလှူခံကြောင်းပြောကြားအပ်ပါသည်။

အယ်ဒီတာ အဖွဲ့ - သိုးထိန်း (အန္တိမ)၊ ကြက်သွန်၊ တေလေ၊ လင်းရမ္မာ၊ နေည၊ ဇာတိ၊ လင်းနီညို၊ နေမြဲ

ကဗျာဏ္ဍ ဧည့် အယ်ဒီတာ - ဇေယျာလင်း

မှတ်ချက်။ ။
အယ်ဒီတာ အဖွဲ့ အနေနဲ့ ပြောရရင်
၁၊ ကဗျာအမျိုးအစား လူအမျိုးအစားခွဲခြားပြီး ရွေးချယ်ခြင်း/လက်ခံခြင်း မပြုကြောင်း အာမခံပါသည်
၂၊ လစဉ်ထုတ်ဝေရန်စီစဉ်သွားပါမည်
၃၊ ကဗျာကဏ္ဍဧည့်အယ်ဒီတာနေရာသည် ပုံသေမဟုတ်(လစဉ်အပြောင်းအလဲ ရှိမည်ဖြစ်သည်)
၎၊ ကဗျာနှင့် ကဗျာဆိုင်...ရာ ဟူ၍ ကဏ္ဍနှစ်ရပ်ပါရှိပါသည်
၅၊ ပေးပို့စာမူများ၏အောက်ခြေတွင် ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းဝန်ခံကတိ နှင့် ကလောင်အမည် ပါရှိရပါမည်
၆၊ ကဗျာများကို အကန့်အသတ်မရှိ လစဉ် 20 ရက်နေ့ နောက်ဆုံးထားပေးပို့ စေလိုပါသည်။
( ရက်အရမ်းကပ်သွားလွန်းမည်စိုး၍ ၁၅ ရက်မှ ၂၀ ရက်နေ့သို့ ပြောင်းရွှေ့အပ်ပါသည်)

No comments: