Saturday, October 16, 2010

ဝင်ကမ္ဘာလူလား?လိုင်းလား?

လိုင်းဆွဲအားကောင်းသည် တစ်လိုင်းနဲ့တစ်လိုင်း

ညနေခင်းရှာသလို အလှည့်အပြောင်းကို

ခိုးကြည့် တို့ထိ ဒီကိုပြန်လာဖို့ ညွှန်းခဲ့တယ်

အရူးမီးဝိုင်း ငါတို့ကဗျာတွေ အုပ်မိဖို့

အကျေအလည် ခြေကန်ပြီးမှချတဲ့

ဆုံးဖြတ်ချက်တွေ ချတဲ့အသွေးအသား

အဆင်အကွက်တွေ အိုးအိုးရမ်းရမ်းဘဲ

သုံးဖို့ ကံက ကတ္တားကိုပြန်ဆွဲယူဖို့

လိုင်းတွေပုံအောနေတဲ့ ခေတ်ကြီးမှာ

ကိုယ်တွေနဲ့ အဆင်ပြေမယ့်လိုင်းကို

ရွေးချယ်သုံးစွဲကြည့်ပါ စာသားအရ

မူးမိုက်သွားရစေ ပြန်လည်တင်ဆက်ပြသ

ပါဒ အကျပ်အတည်းထဲ ဇွတ်ငေးကြည့်

နေစဉ် အပြစ်များ လိုင်းစီပုံ


ပန်းချီ
အူးပိတ် ဆီမှ ပထမ ပါဒ ရသည်။

No comments: