Wednesday, November 10, 2010

လိုအပ်တာရှိမလား အပြသက်သက်မရှိပါ

တစ်ည မြေနီကုန်းပန်းခြံထဲဝင်ပြီး

see-saw  ဝင်ကစားမိတယ်

တစ်ချို့နေရာအစိတ်အပိုင်းတွေက

နိမ့်မြင့် လောကဓံချိန်းကြိုးကြီးတွေနဲ့

အစာအိမ်ကို ဘားဆွဲသလိုလှုပ်ရမ်းပြီး

ပျော်ရွှင်မှုကိုရှာရတယ်ဗျာ

အဆက်ပြတ်မှုတွေဆီ အဆက်မပျက်သွားရပြီး

စောက်ကြောင်းမရှိတဲ့ ပရမ်းပတာဖြစ်မှုတွေကို

ပေါ့ပါးပိုးမွှားများ နင်းကန်အန်ချ

သောကရောက်စရာ မြေနီကုန်းဟာ အရမ်းယဉ်ကျေးတဲ့

မြို့လား ကမ္ဘာကြီးကို ခဏပြန်စဉ်းစားကြည့်

အထင်ကြီးလေးစားမှု အပြန်အလှန်ရှိတဲ့ပတဝန်းကျင်

နဲ့ လူနဲ့ အပြန်အလှန်မေးခွန်းထုတ်ပုံမျိုးရှိ

နာမည်ကြီး billboard တွေဆီက တစ်ချိန်လုံး

မီးပွိုင့်မှာရပ်စောင့် ကြာသွားရင် ဝမ်းနည်းစရာ

ဝင်လာ နေကာမျက်မှန်နဲ့ ကိုယ့်သဘောထားကို

ပုန်းကွယ်ထားရ ဝေဝါးတံလျှပ်တွေ နေပူလာတိုင်း

မြေနီကုန်းကိုဘဲ လာလိုက်ပါလား သွားမယ်ဆိုရင်

ခွဲခွာနှုတ်ဆက်ပြီး taxi တစ်စီး လက်တား

ပြီး အပြောဇာတ်ကြောင်းကိုရပ်နားလိုက်တယ်

 

 

ပန်းချီ

 

No comments: