Thursday, November 11, 2010

ဒုက္ခမှအကြီးအကျယ်

ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတာ ဗိုလ် ကျား သေနတ်ပစ် ကို ပြောတာလား ၊
ကတ်တီးကတ်ဖဲ့ ရွက်ကြမ်းရေကျို ဖြစ်တည်မှု
စောင်းပါးရိပ်ခြည် ဆိုတာ သူ့ မျက်ဝန်းမှ မျက်ရည်စတွေ စိုလို့  ဆိုလို့ 
စကားသံဖြစ် အင်္ဂါနှစ်မျိုးအနက် မလှုပ်ရှားနိုင်တဲ့ အသံကို
ကျွန်တော်ကြိုက်တယ် မေမေ ၊ အားးးကောင်းလိုက်တာ
ဆိုတာမျိုး ပိုင်တဲ့  သူ့ မျက်ဝန်းက မျက်ရည်စတွေ
ကျွန်တော်ပိုင်ဆိုင်ချင်တယ် တဆင့်ကြားခံလာတဲ့  စကားသံဖြစ်
မျက်ရည်တွေကိုတော့  သံသယရှိ ၊ ကတ္တား က ကံ ကို ပြုသည် ၊ လုပ်သည်
ဖြစ်သောကြောင့် ချစ်သော ကံမလေး ရေ။ ညကဟောင်းလောင်းပေါက် လှလို့  ၊
တခါတလေ အရာရာနားငြီးတယ် ၊ without စောက်ဂရုပဲ ၊
Omae oshiri mou mitakoto nai desho !
Ore wa menko dake hoshi daro !

ဆယ့်ခြောက်နှစ်နဲ့  လင်ကိုယူ
သုံးလနဲ့  ဗိုက်ပူ
ကလေးမွေးတော့ အမွှာပူး
ကျွန်တော်မလုပ်ကျွေးနိုင်ဘူး ။
ရထားအမှီပြေးရတဲ့ ခြေလှမ်းတွေက အရေးကြီးသလောက်ပိုမြန်တယ် ၊
အရည်အချင်းဆိုတာက အထက်တန်းစားလို့  သတ်မှတ်ထားတဲ့
လူ့ ဘောင်နဲ့ လိုက်လျောညီထွေဖြစ်မှုလား ၊
ဒို့ ကတော့ ဇာတ်တူသားမစားဘူးကွဲ့  ၊ အဖြစ်ပြောတာ ၊
လေးဖက်တင်လို့  ဆေးဖက်ဝင်သွားသလိုမျိုး
မဟုတ်လား ၊ ဘာရယ်မဟုတ်ပါဘူး အလုပ်မရှိလို့  သန်းရှာလိုက်တာပါ ၊
လှစေချင်လို့ နိုင်လွန်ဆင်
လင်လိုချင်အောင် လုပ်တဲ့ မိဘ။
အန်စရာရှားလို့  တစ်ဘဝလုံးစားခဲ့ သမျှ
ကြက် ကောက် ကောက် ပြီး ခွေး အန် အန် သွား ၊
အမယ်.....ဒုက္ခမှအကြီးအကျယ် ၊
အမှိုက်ကောက်သမားဆိုပေမယ့် ပြည်သူပိုင်
ပစ္စည်းကျရောက်သက်ဆင်းမှု အားလုံးကောက်ယူပိုင်ဆိုင်ခွင့်
ရှိ /
မရှိ /
မ / ရှိ / တ / ရှိ /.............................။           ။

နေမြဲ(၁၂၊၁၁၊၂၀၁၀)

No comments: