အကျယ်အဝန်း - အသက်နှစ်ဆယ်ကျော်
နယ်နိမိတ် - ဗလာ
ပါဝင်သည့် ပစ္စည်များ - မအောင်မြင်သော ဒုက္ခများ
စိတ္တဇနာမ်
အပုပ်နံ့
အပေါစား ချဉ်ဆီများ
လူငယ်စိတ်
ဆဲရေး တိုင်းထွာချက်များ
အဝတ်အစား လေးငါးထည်
လုံအောင်ဖုံးထားတဲ့ ရမ္မက်များ
ပါဝင်သည့် ပစ္စည်းများ
ထင်ရှားသည့် အမှတ်အသား - လက်ခလယ်
ထုတ်ဝေသည့် နေ့စွဲ - ၂၄.၇.၁၉၈၆
အရည်အချင်း - ကဗျာရေးသည်
မာတိကာ - အသက် ဝ မှ ၅ အထိ
ကလေး
အသက် ၅ မှ ၁ဝ အထိ
ကလေး
အသက် ၁ဝ မှ ၂၄ အထိ
နှာဘူး
အလုပ်အကိုင် - ပြည်သူ
ပရိသတ်
သား
အစ်ကို
မောင်
ရန်သူ
ချစ်သူ
ဆရာ
အသုံးပြုပုံ - မျက်စိမှိတ်ထားပါ ၊၊
အရောမဝင်ပါနှင့် ၊၊
စီစဉ်သူ - ဘုရားသခင်
ထုတ်ဝေသူ - အဖေနဲ့အမေ
သတိပြုရန် - အသက်(၁၈)နှစ်မပြည့်သေးသူများ
မဆဲရ ၊၊
အသုံးဝင်ပုံ - စနစ်တကျလွှင့်ပစ်ပါ ၊၊
အကြောင်းအရာ - ကဗျာ
ဇာတိ (ကဗျာရေးသည်)
No comments:
Post a Comment