Saturday, November 27, 2010

ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ

ငါမအိုသေးဘူး၊အိုးမသေ သေဘူး။

ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်

လူပျိုဖြစ်လာပြီ

စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး

အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်

ဒီကားနစ်ကားစဉ်းစားထားတယ်။ု

စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။

ငါးဖယ်ကို သုံးထပ်က

မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်

လှေခါးနားက ဝယ်တယ်။

လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်

ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ

ကိုယ့်ခြေရာနဲ့ ကိုယ်

revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်

Subliminal Message ကို သုံးပြီး ပြောတာ များတယ်

ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး

ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်

နိဒါန်းဆိုရင် အစ

နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ

ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ

(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)

တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။



ညီဇံလှ

4 comments:

khin oo may said...

ဟယ် တယ်ဆိုးတဲ့တစ်ယောက်ပါလား

ကိုဇော် said...

အဟီး... ရောက်လာကြောင်း ရေးခဲ့ဦးမှပဲ။

ညိမ်းနိုင် said...

အစ်မ ခဥမ ဆီကလာတာ..။သဘောကျတယ်ဗျိုး..။
ရောက်ရှိကြောင်းသတင်းပို့ခဲ့ပြီနော်...။ကျားဖင်နှိုက်တဲ့
အထဲမပါတော့ဘူးပေါ့..း)

PhyoPhyo said...

မမkom ဆီကရောက်လာတာ၊ ကြိုက်ပလိုက်တယ်