Friday, November 12, 2010

သူမကိုဗဟိုပြု၍.......

God is dead.
အိုဇုန်းလွှာပေါက်သွားပြီ
NASA အဖွဲ့အစည်းက သူမ မျက်ရည်ကြောင့် အိုဇုန်းလွှာပေါက်ကြောင်း စွပ်စွဲကြသည်
ကျနော် နဲ့ သူမ စကားများသည့်ကိစ္စနှင့်ပတ်သတ်ပြီ


တာလီဘန်စစ်သွေးကြွတွေနဲ့ကန်တပ်
သားတချို့ အဓိကရုန်းဖြစ်ပွား....
ဗင်းဆင့်ဗင်ဂိုးက သူမကို အလွန်ချစ်မြတ်နိုးပြီး
သူမက ကျနော့်ကို အလွန်ချစ်မြတ်နိုးသည်။
ဟစ်တလာ နဲ့ နပိုလီယံ တို့သည် သူမကြောင့်စစ်ဘုရင်တွေဖြစ်လာခဲ့
ကျ....
၂၀ ရာစု နဲ့ ၂၁ ရာစုတိုရဲ့အမေများနေ့ကို သူမ ပိုင်တယ်
ဗလာစာအုပ်ပေါ်က ပန်းပွင့်များမှာ ၀တ်ဆံ မရှိပါ
မနေ့က ၀တ်ခဲ့မိသော တီရှပ်တွင် သူမ နှုတ်ခမ်းနီ စွန်းပေခဲ့သေးလား....
ဖိနပ် နဲ့ ခြေထောက်ကြားဆက်ဆံရေးအခြေအနေကို ကုလသမဂ္ဂတွင် ဆွေးနွေးရဦးမည်
ကျနော်သည် ကျနော်မဟုတ်သော သူမကို ချစ်ပါသည်
ထို့ကြောင့် ....ဘင်္ဂလားပင်လယ်အော်သည် ယခုနှစ်တွင် မုန်တိုင်းပိုမိုဖြစ်ထွန်းခဲ့
သည်
ဖုန်းနံပါတ်ပေါင်းများစွာသည် သူမရဲ့ည၀တ်အိပ်အင်္ကျီ ဖြစ်ခဲ့သလား....။
သူမ တရားစွဲဆိုလိုက်သော နယူတန်၏နိယာမကို
လူများနှင့်တိရစ္ဆာန်များ ၀ိုင်းဝန်းရှုံ့ချနေကျသည်
ယနေ့ (၈)နာရီသတင်းအစီအစဉ်မှာ အတ်ဒီဆင်၏မီးလုံးသည် သူမဖြစ်သည်ဟု အတည်ပြုခဲ့....
သူမထံတွင် မော်ဒန်ပန်းချီကားများစွာရှိသည် ။ထို့ကြောင့် သူမသည် အနုပညာနှင့်ပတ်သတ်သော ဆုပေါင်းများစွာ ရရှိခဲ့သည်
ပြင်သစ်နိုင်ငံ၏ယဉ်ကျေးမှုများ
သည် သူမ၏နှုတ်ထွက်စကားများဖြစ်သည်
သူမနှုတ်ခမ်းများသည် ဂရင်းနစ်စံချိန်များစွာနှင့် ပတ်သတ်မှုရှိသည်
နေသည်သူမကိုဗဟိုပြု၍လှည့်ပတ်နေေ
သာကြောင့် သူမပြုံးသောအချိန်များတွင် ကမ္ဘာအရပ်ရပ်တွင် ပန်းများတပြိုင်နက်ဖူးပွင့်ကျသည်
သူမသည် ကျနော့်ကို ချစ်မြတ်နိုးသောကြောင့်
ကျနော်ရေးသောဒီကဗျာကိုသူမ အသံထွက်ဖတ်လိမ့်မည်
ထိုအခါ...
ဒီကဗျာသည် ၂၀၁၀၏အကောင်းဆုံးကဗျာဖြစ်သွာြး
ပီး
သူမသည် ၈၃၆ ခါမြောက် နိုဗယ်ဆုကို လက်ခံ ရရှိသွားပါမည်...။


အေးချမ်း....

No comments: