Saturday, October 9, 2010

မြန်မြန်ကျော်လိုက်၊ဒီကိစ္စအရေးကြီးတယ်


မည်သူ့ ကိုမှ ဂရုမစိုက်ခြင်းသည် မည်သူ့ ကိုထိခိုက်နိုင်ပါသနည်း၊
အဖေက ညာလက်မှာ ဆေးပေါ့လိပ် ဘယ်လက်မှာ လေဒီဂါဂါးကိုကိုင်ဆွဲ
လကလည်း ပြည့်လို့ ကိုမပြီးနိုင်သေးဘူး၊
အေးဘုံကတော့ ခန်းစံ ဝန်ကြီးချုပ်ဖြစ်တဲ့ ကိစ္စနဲ့  ပတ်သက်ပြီး သူ့ အကြော်တွေ မကုန်မှာကြောက်နေရဲ့ 
မတတ်နိုင်ပါ၊ကျွန်တော် ကြိုးစားပန်းစား အပျင်းကြီးပါသည်၊
လက်ထဲမှာလည်း နာရီအကောင်းစားကြီးနဲ့ ၊ဟုတ်ကဲ့ ၊
Hi Tea ကိုကျေးဇူးမတင်ပါ၊ကိုယ်လက်ကောက်ဝတ်ကိုယ်သာ ကျေးဇူးတင်ပါသည်၊
ညကတော့ လိင်စိတ်မကုန်တာလွဲရင် ကျန်တာအေးဆေးပဲ၊
မှားယွင်းမှု၊ဒုက္ခ၊ဆုတောင်းစာ၊တိုးလျှိုးသံ၊
" ကိုယ်ဖြစ်ကိုယ်ခံ၊ ဘုရားသခင်က အချဉ်မဟုတ်ဘူး " စာတမ်း ကျွန်တော့်ကျောမှာ မိတ်ဖြစ်ဆွေဖြစ် ဝင်ရေးသွားနိုင်ပါသည်၊
" သွားလိုက်ပါဦးမယ် " ပြောခဲ့ရဲ့ သားနဲ့  ကျွန်တော် အိမ်ပြန်ခဲ့ပါသည်၊
အမေဂုဏ်ယူဖို့  ကျွန်တော်ရည်းစားရှစ်ယောက် ထားခဲ့ဖူးပါသည်၊
ကျွန်တော်ဂုဏ်ယူရန် ညီလေး ခဏခဏရန်ဖြစ်ပါသည်၊
အမြင်စောင်းခြင်းတွင် ပါးစပ်၊စကားလုံး၊မဲ့ ရွဲ့ မှု ထက် လက်သီး၊ခွေးခြေခုံ၊အုတ်နီခဲ ကအသုံးဝင်ကြောင်း၊
နစ်ဇမ် ဘုရင်ကြီးကို အားမကျ၍ ကာမေသုမိစ္ဆာစရဏကံကို အကျယ်အကျယ် မပြောလိုပါ၊
သတ္တဝါတိုင်း စစ်ကားကြိုက်သော်လည်း စစ်ဖြစ်သည်ကို မုန်းနိုင်ကြပါစေ၊အိမ်မှာရေစစ် မရှိတော့ပါ၊
ကျွန်တော်ချစ်သော ဦးမဲ့သည် " တာမဂျီး၊ဒွေးအုနုံ " ဟု မကြာခဏ ချစ်ဖွယ်သော စကားကိုဆိုတတ်သေး၏၊
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်၊
ဘာဖြစ်ပါသလဲ၊ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သောကြောင့် ဆေးလိပ်သောက်ပါသည်၊
ပြသနာကို ကျသလောက်ရှင်းနိုင်ပါက ကြိုက်သလောက်ဆဲနိုင်ပါသည်၊
ကျွန်တော် အနည်းငယ် ယဉ်ကျေးပြခဲ့(ပါ)သည်၊
အခုမှစ၍ လွှမ်းမိုးမှုကင်းကင်း ရိုင်းပါတော့မည်၊
ရိုင်းတော့မည်၊ရိုင်းမည်၊ရိုင်းပါမယ်၊ရိုင်းမယ်၊ရိုင်းမယ်ကွာ၊
ရကောက်ကို လုံးကြီးတင် တစ်ချောင်းငင် ' င ' သတ် ဝစ္စနှစ်လုံးပေါက်ခြင်းထက်
ခွေးမသား ဟု ပြောခြင်းက ပိုရိုင်းပါသည်၊

ခင်ဗျား လူမှုဆက်ဆံရေးထက် လိင်မှုဆက်ဆံရေးကို ပိုကြိုက်သည်ဟု ဝန်ခံပါ၊
မိန်းမလျာ၏ ရင်သားကို ကိုင်တွယ်ခဲ့သည့် လင်အန်းဇီကွမ် အမည်ရှိ တရုတ်အရာရှိ ရာထူးချခံရပါသည်၊
အစွန်းလွတ်ခြင်းသည် ကိစ္စတိုင်းမကောင်း၊အခြောက်ဖြစ်တတ်သည်၊
" အရမ်း " ဟူသော စကားလုံးသည် " စောက် " နဲ့ တွဲမှ ပိုလှလာလေသည်၊
ကာလနာအနုပညာအား ဆဲရေးချင်သော်လည်း ကာလတိုင်းနာကျင်နေသောကြောင့်
ကျွန်တော် အနုပညာကိုချစ်ပါသည်၊အနုပညာလုပ်(စား)ကြသူများကိုလည်းချစ်ပါသည်၊
ယနေ့ ခေတ်မော်ဒယ်များ လှပပါပေ၏၊
အထက်ပါ၊အောက်ပါ၊အရှေ့ ပါ၊အနောက်ပါ၊တောင်ပါ၊မြောက်ပါ၊

ပါချင်တာပါသည့် သေချင်းဆိုးပြသနာများအား ဘုရားရှင် မဖြေရှင်းခင် ဒီစာရွကို " ဗြိ " ကနဲ မြည်အောင်လှန်လိုက်ပါ၊
ပြောသာပြောရတယ်၊ အဲဒီ မသာမလေး အတွက်ဆို ကျွန်တော် ဖွယ်ဖွယ်ရာရာ ရူးသွပ်နေကျ။ ။

နေမြဲ(၁၇၊၉၊၂ဝ၁ဝ)

No comments: