Sunday, October 10, 2010

နင်နဲ့ငါပဲ သုံးလိုက်တယ် ယူရီကို

            အမှန်တကယ်တမ်းက ငါ ဆေးလိပ်မီးရောင်ကို နည်းနည်းကြောက်လာလို့ မျက်စိ မှိတ်ထားလိုက်တာ၊၊ သူတို့ ကိုယ် သူတို့ သတ်သေသွားတဲ့ မီးရောင်တွေ ၊၊ ငါနဲ့ အမှောင်ဟာ ပွင့်ပွင့်လင်းလင်း ၊၊ ကြားလား အသံတွေ သေသွားတဲ့ မီးရောင်အတွက် ငိုနေတဲ့ အသံတွေ ၊၊ အဲ့ဒါ အဆုံးပဲ ၊၊ အမှောင် .. ဆုံး ၊၊ တကယ်က မီးရောင်တွေ မရှိဘူး ၊၊ အသံတွေ လဲ မရှိပါဘူး ၊၊ ငါ စိတ်ထင်လို့ ၊၊ ထင် နေ တာ ၊၊ အလွမ်းဟာတကယ်ကိုမရှိဘူး ၊၊ ဆိုပါ စို့ ငါက နင့်ကို လွမ်းတယ် ဆိုပါစို့ ၊၊ ‘ငွေစက္ကူတွေပေါ် ချစ်တဲ့ မျက်တောင်မွှေးလေး ကြွေကျသွား .. တို့တွေ လွယ်လွယ်ကူကူပဲ လွဲခဲ့တယ်’  အဲ့ဒီလို အမှောင်ထဲမှာစာလုံးပေါင်းရွေရွတ်သီချင်းဆိုငိုကြွေးပြတ်တောက် နေ ရမလား၊၊ မီးရောင်တွေ ဖွင့်ပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်ရမလား ၊၊ ကိုယ့်ကိုကိုယ် မသတ်သေရဲလို့ သူတို့ ကိုယ်သူတို့ သတ်သေနေတဲ့ မီးရောင်တွေကို ထိုင်ငေးနေရမလား ၊၊ အလင်းနဲ့ အမှောင်ဟာ ပွင့်ပွင့်လင်းလင်း ၊၊ မကြားရဘူး မှတ်လား အသံတွေ ငြိမ်းချမ်းရေးရသွားတဲ့ မီးရောင်နဲ့ အမှောင်တွေ ရယ်မောပေးကြမယ့် အသံတွေ ၊၊ အဲ့ဒါ အဆုံးပဲ ၊၊ အလင်း…ဆုံး ၊၊ အကျယ်ဆုံး ၊၊ တကယ်က မီးရောင်တွေ ရှိတယ် ၊၊ အသံတွေလဲရှိတယ် ၊၊ အသံနဲ့ အလင်း ကျရောက်နိုင်တဲ့ အကွာအဝေးမှာ နင်မရှိတာ ၊၊ ဆိုပါစို့ နင်က ငါ့ကို လွမ်းတယ်ဆိုပါစို့ ၊၊ အလွမ်းဟာ တကယ်ရှိတယ် ယူရီကို ၊၊ နင်စိတ်ထင်လို့ ၊၊ ထင် နေ တာ ၊၊ အမှန်တကယ်က ငါ ဆေးလိပ်မီးရောင် ကို တော်တော်များများ အထိ ကြောက်လာလို့ မျက်စိမှိတ်ထားလိုက်တာ ၊၊  ၊၊
            ဒါဆို ဒီအသုံးမကျတဲ့ ဒီငါ့မျက်လုံးတွေကို ဘယ်နားမှာ သွားသုံးရမလဲ..၊၊ အလန့်တကြား! ၊၊ ဆင်းရဲသား ကြီးသည် သနားစရာ မျက်လုံးလေးတွေကို မြစ်ထဲမျှောလိုက်ပြီးတဲ့အခါ မျက်လုံးလေးတွေမြစ်ထဲမျောပါသွားပြီး ရေချိုးနေတဲ့ သူဌေးကြီးဟာ မျက်လုံးလေးတွေကို မြင်တွေ့ပြီး အမွေစား အမွေခံ အဖြစ် မွေးစားလိုက်တဲ့အခါ မျက်လုံးလေးဟာ ချမ်းသာသွားပြီး အသက်ကြီးလာတော့ သူ့ရဲ့ချစ်သူလေးကို ရှာဖွေတွေ့ဆုံလက်ထပ်ခွင့် တောင်းပြီး မျက်လုံးလေးတို့ ချစ်သူနှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်ကြပါလေရောပေါ့ကွယ် ၊၊ အလန့်တကြား! ၊၊ အဓိပ္ပာယ်တွေထဲမှာ ပုံပြင်မရှိဘူး ၊၊ အလန့်တကြား! ၊၊ အရာရာဟာ ကျွန်ုပ်တို့အား အသိမပေးပဲ ပြောင်းလဲ နေပါတယ် ၊၊ မိမိတို့ရဲ့ စိတ် ၊ ခန္ဓာကိုယ် အစိတ်အပိုင်း ၊ လူမှုပတ်ဝန်းကျင် ၊ ဆန့်ကျင်ဘက်လိင် ၊ ယုံကြည်မှု တို့အား လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ထားပါမှ မိမိတို့ရဲ့ ဘဝနေထိုင်မှုလေး အပျောက်အရှ မရှိအောင် ရွှေ့လျားနိုင်မှာ ဖြစ်ပါတယ် ၊၊ အလန့်တကြား! ၊၊ ‘ဇွပ်’ အဲ့ဒီ ဇွပ်ဟာ သူ့ကိုယ်သူ ဘာအဓိပ္ပာယ်မှန်းမသိလို့ သတ်သေပစ်လိုက်တဲ့ ‘ဇွပ်’ ပဲ ၊၊ အလန့်တကြား! ၊၊ ‘ဟာ’ ဒီဟာကတော့ ဘယ်လိုအမူအယာနဲ့ ‘ဟာ’ ရင် လူမြင်ကောင်းစတိုင်လ်ကျ မလဲ သိချင်လို့ ဝင် ‘ဟာ’ သွားတဲ့ ဟာ ပဲ ၊၊ အလန့်တကြား! ၊၊ ငါ့ ရဲ့ ဘယ်ဘက် မျက်လုံးက ငါ့ရဲ့ ညာဘက်မျက်လုံးကို လိင်တူချင်း ဆက်ဆံချင်နေတယ် ၊၊ အလန့်တကြား! ၊၊ ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ၊၊ ဟာ! အလန့်တကြား သေသွားပြီလား ၊၊ ငါ မမြင်ရတော့ဘူး ၊၊ ဒီတော့ ဒီအသုံးမကျတဲ့ ဒီငါ့မျက်လုံးတွေကို ဘယ်နားမှာ သွားလွှင့်ပစ်ရမလဲ ၊၊
            ငါ့ကို ဘယ်မှာ လွှင့်ပစ်ဖို့ကိုတော့ နင်ကောင်းကောင်းသိခဲ့မှာပေါ့ ၊ယူရီကို ၊၊နင်…ကောင်း…မကောင်း.. သိခဲ့မှာပေါ့ ၊၊ ချစ်ခြင်းမေတ္တာဆိုတာ အာဒံရဲ့ ပထမတစ်သုတ် ၊၊ ဒုတိယနှစ်သုတ် ၊၊ တတိယသုံးသုတ်၊၊ ပထမ ဒုတိယ တတိယ (The Ants) ၊၊ ပန်းသီးတွေ ဘယ်နှကြိမ်ကြွေခဲ့ ၊၊ပန်းပွင့်တွေ … ကြယ်တွေ ၊၊ ငါ မမြင်ရတော့ဘူး ၊၊ အလန့်တကြားကြီး မသေဘူးလား ၊၊ တော်ပြီ … နင့်အကြောင်း ဆက်မရေးတော့ဘူး ယူရီကို ၊၊
            ဘာ           မှ          မ          မြင်        ရ          တော့                 ဘူး
            ဟာ !
            အ         လ         န့်          တ         ကြား
            ‘ဇွပ်’  ‘ဇွပ်’  ‘ဇွပ်’   ‘ဇွပ်’   ‘ဇွပ်’
အမှန် တကယ် တမ်းက ငါ ဆေးလိပ်မီးရောင်ကို
ကြောက်ကြောက်လာလို့
မျက် စိမှိတ်ထားလိုက်တာ ၊၊    ၊၊

                                                                        ဇာတိ ( ခေတ်အဆက်ဆက် :P )

No comments: