Thursday, October 14, 2010

ဟုတ်လား


အခုမှ အသံကိုကြားတဲ့အချိန်
အသား မကျန်တော့ဘူး
ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ရှုခင်းအသစ်တွေဟာ
လူမရောက်ဖူးတဲ့ နေရာမှာ ရှိတယ်
မ ရှိ ဘူး
ငြင်းခုံမှုတွေ ရှိတယ်
မရှိဘူး
မေးခွန်းတွေကို လိုက်ရှာတာဟာ
အရူးတွေလုပ်တဲ့ အလုပ်ပဲ
အမှန်က မေးခွန်းတွေကပဲ
ငါတို့ကို လိုက်ရှာသင့်တာပေါ့ ၊၊ ဟုတ်လား? ၊၊
မေးခွန်းတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါမှမဟုတ် မေးခွန်းမေးသူတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါဖြင့် မေးခွန်းဖြေသူတွေဟာ ရူးနေတာပေါ့
ဟုတ်လား
ဒါနဲ့ဒါဆိုဘာလို့ဘာဖြစ်လို့ဘာကြောင့် ဘာလဲဘယ်လဲ
ဟုတ်လား
မဟုတ်ဘူး ဆိုတာ ဟုတ်လား
မေးခွန်း အတိုင်း
အဖြေ အတိုင်း
ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ
အဲ့ဒါ ခက်တာပေါ့
ဒီလောက် လွယ်တာကို
ဖြစ်လာရင်ရော ဘယ်လိုလုပ်မလဲ
ရှာပါ ဒီနေရာမှာ ဖွက်ထားတာလေးတစ်ခု ရှိပါတယ်
လျှို့ဝှက်ချက်တွေဟာ ကောလဟာလတွေကြောင့်
ဒဏ္ဍာရီ ဖြစ်သွားကြရတယ်
အဲ့ဒါတွေ ခက်နေတာပေါ့
ခင်ဗျားကို မေးစရာရှိတယ်
ဟုတ်လား
ဒါပေမယ့် ဘာမေးရမှန်းမသိဘူး
ဟုတ်လား
မေးစရာလဲရှိတယ်  ဘာမေးရမှန်းလဲမသိဘူး
ဆိုမှတော့
ခင်ဗျားကို ရစ်နေတာပေါ့ဗျ ဒါလေးတောင်မသိဘူးလား
ဟုတ်လား
ဒါဆိုလဲ ခင်ဗျားဘာသာ ခင်ဗျားလိုက်ရှာ
ကျုပ် လက်ကျန်ဆေးပေါ့လိပ်လေးတော့ လာ လာမရှိုက်နဲ့
အခုမှ ဟုတ်လား အသံကိုကြားတဲ့အချိန် ဟုတ်လား
အသား ဟုတ်လား မကျန်တော့ဘူး ဟုတ်လား ၊၊ ၊၊

                                                                        ဇာတိ

No comments: