Wednesday, October 13, 2010

ပစ်မှတ်ဟာ ကိုယ့်ဆီရောက်နေ ။ ။

ကြားဖူးနားဝအချစ်ကို
ကန့် လန့် ကာကြားကနေ
ဆေးလိပ်ပြာခွက်ထဲထိုးချလိုက်သလို ။


အပျိုဖော်ဝင်စမိန်းမတစ်ယောက်
ဘရာစီယာပျောက်သလို
လက်ညှိုးက ရေရေရာရာမရှိခဲ့
ကွေးလိုက်တယ်
ပစ်ချလိုက်တယ် ။


ခါသွားတယ်
သူမ
ဆတ်ဆတ်ကိုခါသွားတယ် ။


ဒုက္ခက ကာလာ ပေါင်းစုံနဲ့ သူမ ကိုပွေ့ သွားတယ် ။
ဒါက တစ်ယောက် ရဲ့လျှာပေါ်မှာ
တစ်ယောက် ရဲ့နာကြင်ခြင်းတွေကို အရသာတွေ့ မိချိန်ပေါ့ ။


အိပ်ဆေးပြားတွေ ကြမ်းပြင်ပေါ်ဝရုန်းသုန်းကားခုန်ဆင်းသွား ...
နံရံတွေက အစွယ်တဖွေးဖွေးနဲ့ အမဲပြန်လိုက်ကြ
မီးဖွားတွေ က အသက်ရှင်ရပ်တည်မှုခွက်ထဲအလုအယက်ခုန်ဝင်ကြ
နောက်ဆုံး ...............သူမ ဓမ္မတာ မလာတော့ဖူး ဆိုတဲ့ သတင်းက
ကိုယ့်ကို တောက်ချလိုက်တယ် ။


ရင်ခွင်ရှိန်း

No comments: