Monday, October 18, 2010

ပရော်ဖက်ရှင်နယ် ဒိန်ခဲ

အပျော့အပြဲ နမူနာပုံစံနဲ့ ပရော်ဖက်ရှင်နယ်ဒိန်ခဲကို

စူးစမ်းမိလျက်သား ခင်ဗျားနှုန်းကို လျှော့ချပါ ဆိုလာ

တွေးတွေးအိပ်အိပ် ဇယားချ နေ့စဉ်စားသုံးရေး ပိုလာ

ဝက်ဝံတွေလို ဒိန်ခဲလျက် အဆာဖြည့် အစာရေစာ

ပြည့်တင်းဗိုက်ကားကြီးကို ရိုးမြေကျထက်ပိုဆန်ကာ

ရာသီဥတု ရေအတက်အကျနဲ့ အဖိုးအခပေးရပုံချင်း

ပိုပရော်ဖက်ရှင်နယ် ဗိုက်သားလှ အဆီချ ရွေးစားသုံး

တာ အမြီးလေး အမြည်းလေး စားပြီး ဒိန်ခဲကို လက်မှတ်နဲ့

ဝယ် လေးငါးကျပ်ခွံ့ပေးရတယ် သမားရိုးကျ အပန်းဖြေ

အပန်းပြေ စိတ္တဇဥယျာဉ်မှာ ဘီယာလေးမှာပြီး ဒိန်ခဲ

စား ဒိန်ခဲအစား အခြားအမယ်ပြောင်းမှာ တော့မှာ

အဆီတ၀င်းဝင်း မျက်နှာကိုလိမ်းခြယ် ဆံသ ပရော်ဖက်ရှင်နယ်

ချန်နယ်မှာ ပြသတဲ့ စားဖိုမှုးပရိုဂရမ်ကြည့် အဆီလေး

ဝေ့တက်လာတာ ပိန်နည်းကိုသိ ပိန်နည်းစာအုပ်ထဲက

အစားအသောက် ကျန်းမာရေးနှင့်ညီညွတ် သွေးသား

စိတ်ရောဂါကုထုံးတွေနဲ့ ဆက်စပ်ပြီး အပြောအဆို ဒိန်ခဲ

လောဘနဲ့ခံစားရတာ ဘ၀ကို ပရော်ဖက်ရှင်နယ် သိစိတ်နဲ့

ပေါင်ချိန်ကိုလျှော့ချခြင်းအမှု ပေါင်ချိန်စက်ကိုတက်ခွစီး

ဒိန်ခဲတစ်ပွဲ နှစ်ဖတ် သုံးဖတ် ရယ်စရာမောစရာအနေနဲ့ အပျော်

အပါး ပွဲလမ်း အရူးအမူးကခုန် ပရော်ဖက်ရှင်နယ် လူလည်

မြန်မာပီပီ မြုံ့တာ မြုံတာ


ပန်းချီ

No comments: