Wednesday, October 20, 2010

ကမ္ဘာ့ ကဗျာ ချစ်စရာ့လက်များ လတ်လတ်ထ FEPB ကမ်းခြေဟာ လှလို့  / ပလို့ 

Click  >>>>> to Friday Endings Poetry Beach ?
Access Denied (policy_denied)
212.93.193.90 ------------ 443
Enter ဖုန်း .......... Endings >>>> ဖုန်း
ကျွန်တော် login လိုက်တယ် dashboard ဖုန်တွေအလိမ်းလိမ်းတက်လို့ 
Refresh လိုက်တဲ့အချိန် Friday Ending ဟာ သန့် စင်သွားတယ်
ကျွန်တော် ကဗျာရေးဖို့  New Post လိုက်တယ် ။ တကယ်က ကျွန်တော် ကဗျာဆရာမဟုတ်ဘူး။
ကဗျာဆရာ ဖြစ်ရင်ပိုကောင်းမယ်လို့ ထင်လို့  ဒါပေမယ့် မဟုတ်ဘူး ။
ကဲ ကျွန်တော်တို့  ကဗျာစရေးကြစို့ ......
ကဗျာ ဟာ ကဗျာဖြစ်သွားတယ် မဖြစ်ချင်ဖြစ်ချင်နဲ့ ကို ဖြစ်သွားခဲ့တာ
Lable မှာ ကျွန်တော့်နာမည်ကို ရေးရတာ သတ်မှတ်ချက်တစ်ခုလို့ မသတ်မှတ်ပဲ
အများနည်းတူ ကွဲပြားသွားအောင်လို့  ဘာပဲဖြစ်ဖြစ် ရေးလိုက်တယ်
စက္ကန့် ပိုင်းလောက် ကြာတော့ နေမြဲ က လက်ခုပ်ထတီးတယ် (သူတီးနေကြအသံမျိုးနဲ့ )
အဲ့ဒါက ဒီကဗျာ့ အရင်က ကဗျာတွေကို ဆိုလို တာပါ
ဒီကဗျာမှာ အပြီးမှာနားစွင့်တယ် သူ တီး မ တီး ပေါ့ .....
ဘာလို့ လည်းဆိုတော့ ဒီကဗျာမှာ Friday Endings Poetry Beach ဆိုတာပါ နေတယ်။
ကျွန်တော် logout လိုက်တယ် ။
Next Teb မှာ Conceptual တွေအကြောင်းကို ဘာရယ်မဟုတ်ပဲ ဖွင့်ထားမိတယ်
ကျွန်တော်သတိမထားမိလိုက်ဘူး ဘာလို့ လည်းဆိုတော့ ကျွန်တော် ပညာမတတ်ဘူး
ကျွန်တော် ယုတ္တိတွေ အကြောင်း လူ့ ယဉ်ကျေးမှုတွေအကြောင်း မဖတ်ဖူးဘူး
ဟုတ်ပါ့ .... ကျွန်တော်က မရင့်ကျက်သေးတဲ့ကောင်ပဲ ။ နောက်တော့
ကျွန်တော် ဖတ်လက်စ Anne Boyer ကိုပြန်ထောက်တယ် အဲ့ဒီနေရာမှာ
ပြည်ကြီးငါးဝှေးစေ့ နဲ့ လင်းပိုင်စောက်ဖုတ် ဆိုတာရယ်ကပဲ ကျွန်တော့်ကိုဆွဲဆောင်တာ
ခဏနေတော့ ကဗျာဖတ်ချင်ယောင် ဆောင်လိုက်တယ်
အမှန်က ကိုယ့်အနာကိုယ်ဆေးနေတာ ပုတ်ပွနေတဲ့ အတ္တကိုချွတ်နေတာ
မြို့ တော်ရဲ့လက်တွေထဲက ပြည်သူတွေရဲ့ ခံစားချက်အမှန်တွေကို ကဗျာအဖြစ်နဲ့ 
Publish ပစ်တင်ဖို့ ကျွန်တော်တို့ လက်တွေမှာပဲ ခလုတ်တွေ ရှိနေခဲ့တယ်
ဟော ဟိုမှာ FEPB ဟာ ပင်လယ်ဂဏာန်းတွေ ကြား ပျော်မြူးလို့ 
ဒုစရိုက်ကောင်တွေအတွက်လည်း သူ့ မှာ လေနီကြမ်းတွေ ရှိနေတယ်လေ
ကဗျာတွေဟာ ရှင်သန်ဖို့  သူ့ ကမ်းခြေလေးကိုပဲ ပွတ်တိုက်သွားနေကြတယ်
ကျွန်တော် ပြန် login လိုက်တယ် ။ Friday Endings Poetry Beach ရှိနေတုန်းပဲ ။
တစ်နေ့ ကမ္ဘာ့ ကဗျာ သမိုင်းထဲမှာ Friday Endings ကိုတွေ့ လိုက်ရတယ်။
" ကမ္ဘာ့ ကဗျာ ချစ်စရာ့လက်များ လတ်လတ်ထ FEPB ကမ်းခြေဟာ လှလို့  / ပလို့ " ဆိုတဲ့ခေါင်းစဉ်နဲ့ ။


မှီး = ကြိုက်လွန်းသွားတဲ့ Anne Boyer ၏ "Why I Am Not A Flarfist" ကဗျာ၏ကျောရိုးနှင့် အချို့ 
သောစကားလုံးများ အားပြန်လည်မွေးစား ၍ (မတုတစ်တူ) ကော်ပီရိုက်သည်။
Link = http://artvoice.com/issues/v7n12/introducing_flarf

1 comment:

ဇာတိ said...

နေမြဲ က လက်ခုပ်ဘယ်လိုတီးလဲ ..ပြည်ကြီးငါးဝှေးစေ့ စားချင်လို့လား လင်းပိုင်..... ကျင်းထဲကို သူခုန်ချပြုတ်ကျသွားပြီ