Thursday, October 14, 2010

ဘ ဝ က ခင် ဗျား ကို သတ် ဖို့ အ ကြိမ် ကြိမ် ကြိုး ပမ်း ကျုပ် ကို သတ် ဖို့

ဘ ဝ က ခင် ဗျား ကို သတ် ဖို့ အ ကြိမ် ကြိမ် ကြိုး ပမ်း ကျုပ် ကို သတ် ဖို့

ရွှေဖိနပ်ကို တော်ဖို့လဲ ခင်ဗျား၊ကျုပ်တို့မှာ ရွှေခြေထောက် မရှိ ၊၊
စကားပြောရ တာ နိမိတ်မကောင်းဘူး ၊၊ နိမိတ် မကောင်းရင် ကောင်းအောင်
ကြိုးစားပေါ့ ဆိုတဲ့ စကားပဲ ပြောမယ့်သူ ၊၊ တစ်ပါး ယောင်္ကျား မိန်းမ ငါ ၊၊
….မတား၊၊ ပေါင်မုန့် လဲ မရှိ ကိတ်မုန့်လဲ မရှိ ၊၊ ရေ မရှိ ၊၊ ရေခမ်း ၊၊
ရေနည်းငါး ၊၊ ရေအကျိုးဆယ်ပါး ၊၊ ရိုက်ချင်တဲ့ မျက်နှာတွေ ၊၊ ဓာတ်ပုံဆရာ
နောက် တစ်ကောက်ကောက်လိုက် ၊၊ လိုက် လိုက် ၊၊ ငွေနောက် လိုက် ၊၊ ရေ နောက်
လိုက် ၊၊ လုပ် ပါ ၊၊ ကြည့် ကျက် လုပ် ၊၊ သွား! လိုက် လိုက် ဆရာ မလုပ်နဲ့
၊၊ တပည့်လုပ်လိုက်မှာပေါ့ ၊၊ တစ်နေ့ တစ်နေ့ တစ်ချောင်းပြီး တစ်ချောင်း
စုပ် စုပ် နေ ရတယ် ၊၊ သူဟာ ချိုချဉ် မြည်းသူ ၊၊ မဟုတ်ဘူး ၊၊ သူတို့ဟာ
သွေးစုပ်ဖုတ်ကောင် ၊၊ တစ်ည တစ်ည ချောင်းချောင်းပြီး စုပ် စုပ် နေတာ
လည်ကုပ်တွေ ကို ၊၊ မလည်ရင် ကုပ်နေလိုက် ၊၊ ချောင်ထဲမှာ ကုတ်ကုတ်နေတော့တာ
လိုချင်တာ မရချိန်ဆို ပြာဖြစ်ဖို့ ၊၊ ခင်ဗျား သစ်ပင်တွေကို ချစ်ပါ ၊၊ သူ
သစ်ရွက်တွေကို ချစ်တယ် ၊၊ သူ ပတ်ဝန်းကျင်ကို စောင့်ရှောက်တယ် ၊၊ နွေဦး
ဆို သစ်ရွက်တွေကို မီးရှို့ပေးတယ် ၊၊ မီးရှို့မပေးရင် လူသေကောင်တွေဟာ
မြစ်ထဲ မျောသွားမှာပေါ့ ၊၊ သူတို့ ဘယ်တုန်းက သေသွားတာလဲ ၊၊ ဟို
သွေးစုပ်ဖုတ်ကောင် လက်ချက်လား ၊၊ သူ့တို့ကို ချိုချဉ်တွေဖက်လှည့်ပြီးပဲ
စုပ်ခိုင်း ကြည့်ပါလား ၊၊ သွေးစုပ်ဖုတ်ကောင် တွေ ကို တရားချဖို့ တော့
နည်းနည်းတော့ လက်ဝင်တာပေါ့ ၊၊ စုပ် ပါ စုပ်ပါ စုပ်ကြည့်ပါ ၊၊ ဟော အခု
သူတို့ဟာ ချိုချဉ် မြည်း သူ ၊၊ သူတို့ ဘာလို့ ပြန်ပြန်ရှင် လာတာလဲ ၊၊
ဆာလောင်မှု ကြောင့်လား ၊၊ ဟန်နာဟီလ်တန် မှာ ပေါင်မုန့်အကြီးကြီး ရှိလား ၊၊
ဆက်ရှ်ရှာဂရေး မှာ ပေါင်မုန့်အကြီးကြီး ရှိလား၊၊ မိုးဟေကို မှာ
ပေါင်မုန့်အကြီးကြီးရှိလား ၊၊ ပေါင်မုန့်မရှိရင် ကိတ်မုန့် စားပေါ့ ၊၊
မယ်ရီအင်တွိုင်းနက် မှာ ပေါင်မုန့် အကြီးကြီးရှိလား ၊၊ ဆာလောင်မှု ဟာ
ပေါင်မုန့် မလုပ်တတ်ဘူး ၊၊ ကိတ်မုန့် မလုပ်တတ်ဘူး ၊၊ ဆာလောင်မှု မှာ
အလုပ်လုပ် ဖို့ လက်တွေပဲရှိတယ် ၊၊ လက်တော့ဝင်တယ် ၊၊ စုပ်ပါ စုပ်ပါ ၊၊
ချိုချဉ်မြည်းသူ ရယ် ၊၊ မလုပ်ချင်လဲ လုပ်၊၊ မစုပ်ချင်လဲစုပ်၊၊ ဒါဟာ
အလုပ်ပဲ ၊၊ ဒါဟာ ဘဝပေးပဲ ၊၊ ဒီမှာ ပြောစရာတစ်ခု ရှိလာတာက ဘဝပေး ဆိုတော့
ခင်ဗျား တစ်ခုခု ရ ထားတယ်၊၊ ခင်ဗျားကို လူ့အဖွဲ့အစည်းက လက်ခံတယ်၊၊
ခင်ဗျား လူ့အဖွဲ့အစည်းကို ချစ်တယ်၊၊ ချစ်လာတယ် ၊၊ ကမ္ဘာ့မြေသားကို
ချစ်လာတယ် ၊၊ လေပူတွေတိုက်ခတ် ခံ အပြီး လေနုအေးအေး လေးတွေကို ချစ်လာတယ်
၊၊ သစ်ပင်တွေကို ချစ်လာတယ် ၊၊ အဲ့ဒီမှာ အတ္တ က ခင်ဗျားကို ကိုယ်လုံးတီး
နဲ့ မြူဆွယ်တော့တာပဲ ၊၊ ဒါနဲ့ .. ခင်ဗျား သွေးစုပ်ဖုတ်ကောင်တွေကို
ချစ်လား ၊၊ သွေးစုပ်ဖုတ်ကောင်တွေ ဟာ လူ တွေကို ကို ချစ်တယ် ၊၊ သူတို့
မသတီရင် ခင်ဗျားတို့ကို လက်ဖျားနဲ့တောင် တို့ ပါ့မလား ၊၊စုပ်တယ် ၊၊ စုပ်
.. တယ်၊၊ စုပ်နေကြတယ် ၊၊ ဒါဟာ ဘဝပေးပဲ ၊၊ စုပ်ပါ ၊၊ စုပ် .. ပါ ၊၊
ကျုပ်၊ခင်ဗျားတို့ မှာ ရွှေခြေထောက်မရှိ ရွှေဖိနပ်ကို တော်ရအောင် ၊၊ ၊၊
                                                                       
ဇာတိ

No comments: