Tuesday, October 19, 2010

အ / အန် မရပ် သေးဘူး

ဝါးနေတယ်ဟာ မမြင်ရ အနည်းငယ်မြင်ရ ထက် အသံတွေနည်းနည်းတော့ဆူတယ်
အဲ့ဒီနေရာမှာ အပေါက်ကြီးတစ်ခု အထဲ ခုန်ချသွားတဲ့ အရာတွေ အထဲ ခုန်တက်လာ
မျက်လုံးကိုမဖွင့်ချင်တော့လောက်အောင် မှိတ်ထားချင်နေတယ်
မျက်လုံး ဟာ မျက်လုံးကို ပြန်မွေးစားထား ပြီး မြင်နေရတာဟာ မျက်လုံးကိုပိတ်ထားလို့ 
မျက်လုံးပြင်ပကို ထွက်မသွားပဲ မျက်ခွံအတွင်းသားဟာ အာရုံရဲ့သိမှုနဲ့  မိတ်လိုက်နေတယ်
အိမ်မက် မက်နေတယ်လို့  ထင်ရအောင် အိမ်မက်ထဲက ရုန်းထွက်လို့ မရသေးဘူး
အိမ်မက် ဟာ အိမ်မက် နဲ့ နှစ်ပူးတွဲတွဲ ဖြစ်နေတယ် ခွာမရ ခွပ်မရ ချွတ်မရ သေး
ဒါ အိမ်မက်နဲ့ ရေးတဲ့ ကဗျာ ( ပြောင်ချော်ပစ်ချွဲမလုပ်ရ )
မျက်ခွံဟာ မျက်စိနဲ့  စီးချင်းတွေ့ တဲ့အချိန်မှာ အသံတစ်ချို့ ထက်ပိုပြီး ကြားတယ်
ဝရုန်းသုန်းကား ရေးရမယ်ဆိုရင် အောက်ဖော်ပြပါဆိုပြီး ရေးချင်လာတယ်
အပေါ်မှာမဖော်ပြချင်လို့  တိတ်တိတ်ပုန်းချင်လို့ 
အို ကျွန်မ ပစ္စည်းတော့ ကွဲ ပါ ပြီ ....... (ကြားသံ/နာသံ)
ဒီနေရာမှာ လွပ်လပ်ခွင့်ရှိတယ် ခင်ဗျားစိတ်နဲ့ သာ နှိုင်းဆတွေးဖို့ ပြောချင်တယ်ဗျာ
ပြီး နောက်တစ်ကြောင်း အိမ်မက်ကို ပြန်ရောက်သွားတယ်
မြို့ ပေါ်မှာရှိတယ် ကျွန်တော် ကျွန်မ သက်ရှိ သက်မဲ့ အို ဟင် ဟယ် တော့
လမ်းပေါ်မှာရှိတယ် ဒက် ဒက် နှစ်ချက် ပစ်သံ
ဒုတိယ စာကြောင်းရဲ့ အပေါက်ကြီးထဲ ခုန်ချလိုက်တော့ မီးဆလိုက်တွေကိုယ်ပေါ်ကျလာ
ရန်ကုန်မြို့ ပေါ်လမ်းတွေလိုပဲ အဲ့မှာလည်း လမ်းဘေးဈေးသည် နဲ့ ဘာနဲ့ စည်လို့  ကားလို့ 
ခပ်ချောချောမိန်းမတစ်ယောက် ကျွန်တော့်ကိုပြေးဖက်တော့မှ ကင်မရာမန်းတစ်ချို့ ဟာ
လက်နက်ကိုယ်စီနဲ့ ကျွန်တော့်ကို ၀ိုင်းရိုက်ကြတယ်
ဓာတ်ပုံတောင် အရိုက်မခံဘူးတဲ့ကောင်ကို ရှက်တာ ပေါ့ လို့  (မုသားရော)
ဒါနဲ့ ဒစ်စကိုလိုက် တွေထပ်ဖွင့်ချလိုက်တော့ ကျွန်တော်က လကမ္ဘာ ပေါ်ကိုရောက်နှင့်နေပြီ
ကောင်းတာက လူနံ့ တွေ မရှိဘူး ၀ိလစ်စလစ်တွေ မရှိဘူး တိရိစ္ဆာန်မျက်လုံးတွေနဲ့  ကင်းတယ်
ဆိုးတာက လေမရှိဘူး ။ ခဏနေတော့ကျွန်တော် အန်ချပစ်လိုက်တယ်
လေနုကြမ်းတွေပွတ်အဆွဲမှာ အရက်တွေမူးလို့ 
ဒီလောက်အလုပ်နဲ့ လက်မပြတ်တာတောင် ဘယ်အချိန်ကအရက်သောက်မိတာလည်း စဉ်းစားတော့
မနေ့ ညက တေလေ လည်းပါတယ် ကျွန်တော် အန် နေတုန်း
ကျွန်တော့် ညီမလေးတံခါးခေါက်သံ မကြားရ ကြားရ အချိန်ထိ ကျွန်တော် အ အန်မရပ် သေးဘူး
အိမ်မက်တွေထဲ အန် ကဗျာတွေထဲ အန် ကျွန်တော်လည်း အန် ငါလည်း အန်
ခင်ဗျားဖတ်နေတာလည်း အန် ဖတ်တွေပဲ။

No comments: