Sunday, October 10, 2010

“ ကဗျာသူ အတွက် ကဗျာသား ကွယ်လွန်စွာ ရှင်သန်ခြင်း ”


“ မောင် ဇာတိ ”
အသက် “၂၃”  ( ခေတ္တ )
( ဖေဖော်ဝါရီ - ဖေဖော်ဝါရီ )
ညံ့ဖျင်းမှု

( မိမိကိုယ်ကို မိမိ အရှင်လတ်လတ်
မြေမြုပ်ပစ်ရုံနှင့် အရှင်လတ်လတ်သေဆုံးနိုင်လေသည်
 အထင်ရှိမှု ရောဂါ နှင့် ကွယ်လွန်စွာ ရှင်သန်သည် ၊၊ )

“ သေတမ်းစာ ”

တရားနဲ့တောင်မှ
ဖြေလို့မရခဲ့ဘူး
ငါ့ကို ……
ငရဲအကြီးကြီး ချပစ်ပါကွယ် ၊၊

“ ရှင်တမ်းစာ ”

မိမိကိုယ်ကို
ဥယျာဉ် ဟု ထင်မှတ်နေသော
နှင်းဆီ ရင်ကွဲ တစ်ပွင့်
အဟောင်းအတိုင်း ပွင့်လျက်ရှိသည် ၊၊

“ ကဗျာတစ်ရွက် ရဲ့ နေဝင်နေထွက်ခေတ် ”

နားလည်ပါတယ်
နားလဲ မလည်ဘူး
ဒီ ဝတ်ရုံကို ခြုံလိုက်ရုံနဲ့
ငါတို့ သူစိမ်းတွေဖြစ်သွားစေ
ငါတို့ ရန်သူတွေဖြစ်သွားစေရောလား
မနေ့ကအထိ နားလည်တယ်
မနေ့ကအထိ နားမလည်ဘူး
ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့ သူစိမ်းတွေလိုဖြစ်ဖို့
ငါတို့ ရန်သူတွေလိုဖြစ်ဖို့
ဒီဝတ်ရုံကို ခြုံခဲ့တယ်….
စိမ်း
စေ
လို
စိမ်း
ခဲ့
ပါ
တယ်
ကောင်းရာမွန်ရာရောက်ပါစေတော့ကွယ်…၊၊        ၊၊

No comments: