Thursday, October 14, 2010

လူတိုင်း လူတိုင်း ၊ နေရာတိုင်း နေရာတိုင်း

လူတိုင်းလူတိုင်းဟာ အသီးသီးရဲ့အိမ်တိုင်းအိမ်တိုင်းကိုဝင်သွားကြပြီး

ဘ၀ရဲ့မလုံခြုံမှုတွေကို ခြိုးခြံစွာစားသုံးကြတယ်။

လမ်းတိုင်းလမ်းတိုင်းဟာ မြို့တိုင်းမြို့တိုင်းမှာ ရှည်လျားစွာ
အိပ်စက်နေကြပြီး

ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အသက်ရှုသံကို တိုးတိုးတိတ်တိတ် နားစွင့်နေကြတယ်။

လူတိုင်းလူတိုင်းရဲ့ အိမ်မက်တွေတိုင်းမှာ အော့အန်ပြီးစ မိန်းမပျိုတစ်ယောက်ရယ်၊

ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့ အလင်းရောင်တစ်ချို့ရယ်၊ဒါဟာ အိပ်မက်

ပြီးစ၊ အသားချင်းပူးကပ်ပြီးနွေးထွေးနေတော့ ရောက်ရှိရာအပိုဒ်ကို

သတိမေ့နေကြတယ်။

အမှောင်ရောက်လာတော့

ညတိုင်းညတိုင်းဟာ ပြဒါးတိုင်ထဲကို တိုးဝင်သွားကြပြီး

ခုတ်ဖြတ်ထားစ အသားတစ်ရဲ့ပူနွေးထည်ဝါမှုမျိုးနဲ့

နေ့တိုင်းနေ့တိုင်းမှာ မိုးကုပ်စက်ဝိုင်းကြီးနောက်ဘက်မှာ

ပျောက်ကွယ်သွားသူနဲ့ မပျောက်ကွယ်သွားသူနဲ့

လူတိုင်းလူတိုင်းရဲ့ စိတ်အခြေခံက ပြဌါန်းပြီးသား

တစ်စုံတစ်ရာသောနက်ရှိုင်းမှုကိုစောင့်စားနေရတာကလွဲပြီး

အရေးကြီးတဲ့ ကိစ္စတိုင်း ကိစ္စတိုင်း ။ ။



ပန်းချီ
(လွန်ခဲ့တဲ့ 6 လလောက်ကရန်ကုန်-မန္တလေး အဝေးပြေးကားပေါ်တွင်ရေးသည်။)

No comments: