Thursday, October 14, 2010

ဟေး ! မလုပ်နဲ့

မင့်ပစ္စည်းလေးကို ကိုင်တွယ်ခွင့်ရရင်

ကျလိ ကျလိ မိုးလင်းငှက်တွေလို ဖြစ်၏ ဖြစ်၏

ရေသောက်မြစ်ကို တွေ့ရှိတယ် မင့်ကျောပြင်မှာလား ?

နတ္ထိ ယစ်မူးစရာ ပလက်စတစ်ကြိုးတစ်ချောင်းက လွဲလို့

ဘော်ဒီစပရေးသုံးထားလား ခေတ်မီလှပစွာ

ငါမင်းကို အနမ်းချင်ဆုံးနေရာက ပါဒမလွတ်ဖြစ်နေတာ

အရူးအမူးဖြစ်ရရဲ့ မင့်နှုတ်ခမ်းက
မင့် hair style နဲ့ကွယ်ဝှက်နေတာ

နောက်ထပ်သိမ်းပိုက်ခွင့်ရရင် ငါ မင့်ပစ္စည်းကို

ခိုးသားတစ်ယောက်လို ပြစ်မှားနေမှာ

sexy အကျဆုံးလိုင်းက ငါ့ကိုပြန်နှောင့်ယှက်ပြီ

ဒီမှတ်တိုင်မှာ ငါဆင်းရမှာလား ? ဘေဘီ

မင်းအလိုရှိရင်ကော sex pistol တစ်လက်လောက်

မင့်ကိုယ်မင်း ပစ်သတ်ရဲလား ? ဒီအကွက်တွေ

မင်းရွှေ့တာများပြီ ဒီဆော်နဲ့ထပ်ဆုံဖို့ရာ

ငါတို့ပြန်မှတ်မိ မှတ်တိုင်တွေကျော်ခဲ့မိ ။ ။

ပန်းချီ
(မနေ့ကရေး ဒီကနေ့တင်)

No comments: